← Chapters

အကြွင်းမဲ့ အရည်အသွေး

Vol. 129 Ch. 1777

အကြွင်းမဲ့ အရည်အသွေး

Vol. 129 Ch. 1777

အပြာရောင်အလင်းနှင့် ထိပ်တိုက်တွေ့သော မြူသည် တိုက်ရိုက်ပျက်စီးသွား၏။ ပုံရိပ်ယောင်ပါးစပ်မှာလည်း ပြန်ပျောက်ကွယ်သွားသည်။

ရှေ့ဖြစ်ဟောသူ၏မျက်နှာမှာ ဖြူရောနေ၏။ သူ့မျက်လုံးထဲ၌ မယုံကြည်နိုင်မှုတို့ ပြည့်နေသည်။ သူက အကွာအဝေးတစ်ခုထံ တုန်လှုပ်စွာ လှမ်းကြည့်သည်။ သူက အဖြူရောင်ဝတ်စုံဖြင့် ဝမ်လင်း နီးကပ်လာသည်ကို တွေ့မြင်သည်။

ဝမ်လင်း၏လက်ထဲ၌လည်း သံလိုက်အိမ်မြှောင်တစ်ဝက် ရှိနေသည်။

ထိုသံလိုက်အိမ်မြှောင်က သာမန်ပင်။ မည်သည့်အော်ရာမှ ရှိမနေပေ။ သို့သော် ရှေ့ဖြစ်ဟောသူက ၎င်းကို တွေ့မြင်သည့်အခါ သူ့စိတ်နှလုံးမှာ တုန်ခါပြီး သူ့မျက်လုံးထဲရှိ တုန်လှုပ်မှုက ကြောက်ရွှံ့မှုအဖြစ်သို့ ပြောင်းသွားသည်။

“ဒါ…ဒါ မဖြစ်နိုင်ဘူး။ မင်း ငါ့ရဲ့ မူလခန္ဓာကိုယ်ကို ရှာမတွေ့နိုင်ဘူး။ မင်း…မင်း ငါ့မူလခန္ဓာကိုယ်ကို ရှာတွေ့တော့ရော ဘာဖြစ်သေးသလဲ။ ငါဟာ ကိုးဆယ့်ကိုးကြိမ် နိုးထလာခဲ့ပြီး ဖြစ်တယ်။ငါဟာ ကောင်းကင်ဘုံတာအိုပဲ…”  ရှေ့ဖြစ်ဟောသူက ဝမ်လင်းကို စိုက်ကြည့်ကာ ကောင်းကင်ထက်သို့ လက်ညွှန်လိုက်၏။

“ကောင်းကင်ဘုံခန္ဓာကိုယ်တစ်ခု၊ လောကရဲ့ ကိစ္စရပ်အားလုံး…ငါ့ရှိ ပြန်လာခဲ့…”

ရှေ့ဖြစ်ဟောသူက မာန်သွင်း၏။ သူ့ပတ်လည်ရှိ မြူထုသည် တဝီဝီစတင် လည်ပတ်ကာ ပျံသန်းထွက်လာသည်။ ဟင်းလင်းပြင်ကိုယ်တိုင်သည်ပင် တုန်ယင်ကာ ဧရာမပါးစပ်ကြီးတစ်ခု ပေါ်လာသည်။

ထိုပါးစပ်ကြီးက ဝေဝါးလှ၏။ သို့သော် ၎င်းက ချက်ခြင်း ဝါးမြိုခြင်းခံရ၏။

သို့ပေမည့် ထိုသို့ ဝါးမြိုခြင်း ခံရခါနီး၌ ယင်းပါးစပ်ကြီးမှာ ထူးခြားစွာ တုန်ရီကာ ပျက်စီး၏။ ၎င်းသည် ဒီကြယ်အဖွဲ့အစည်းထံမှ လွင့်ပါးပျောက်ကွယ်သည်။

“သင်က ထိုအဖြစ်က ရှေ့ဖြစ်ဟောသူ၏အမူအရာကို ထပ်မံ၍ ပြောင်းလဲသွားစေသည်။

“ဒါဟာ သင့်ရဲ့ ကိုးဆယ့်ကိုးကြိမ်မြောက်နိုးထခြင်းလို့ တကယ်ပဲ ထင်နေတာလား…”  ဝမ်လင်းသည် နီးကပ်လာပြီး သူ၏အသံက အေးစက်သည်။

ရှေ့ဖြစ်ဟောသူက ငြိမ်သက်စွာ စဉ်းစားနေ၏။ ထို့နောက် သူက ဝမ်လင်းကို စိုက်ကြည့်လျက် သူ့မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် ပေါ်လာသည်။ သူက ဝမ်လင်းထံသို့ တုံ့နှေးမနေဘဲ တိုးဝင်လာတော့သည်။

“ငါ့ကိုယ်ပွားသုံးထောင်ဟာ ပေါင်းစပ်ပြီးခဲ့ပြီ။ ငါဟာ အပြည့်အဝ နိုးထခြင်း မရှိသေးရင်တောင် ကောင်းကင်ဘုံတာအိုရဲ့ အော်ရာ ပိုင်ဆိုင်ထားခဲ့ပြီ။ ငါ့ရှေ့မှာ မင်းဟာ ပုရွတ်ဆိတ်တစ်ကောင်ပဲ။ မင်းဟ ခုနစ်ရောင်စုံရဲ့ စိတ်ဝိညာဉ်လည်း မဟုတ်ဘူး။ မင်းမှာ ငါ့မူလခန္ဓာကိုယ် ရှိနေရင်တောင် ငါ မင်းကို ချက်ခြင်း သတ်ပစ်နိုင်တယ်…”

ရှေ့ဖြစ်ဟောသူက အရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲ၍ ဝမ်လင်းထံ နီးကပ်လာသည်။ သို့ပေမည့် သည်အခိုက်တွင် သူ့ရှေ့၌ အပြာရောင်အလင်းတစ်ခု လင်းလက်ကာ တာအိုသခင်အိပ်မက်ပြာ လှမ်းထွက်လာသည်။ အိပ်မက်ပြာက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ ရှေ့ဖြစ်ဟောသူထံ ရိုက်ခတ်လိုက်သည်။

ရှေ့ဖြစ်ဟောသူ၏အမူအရာက ကြမ်းကြုတ်နေ၏။ တာအိုသခင်အိပ်မက်ပြာက တိုက်ခိုက်လိုက်သည့်အခိုက်တွင် သူက မာန်သွင်းကာ အော်ဟစ်လိုက်သည်။

“မင်းဟာလည်း ကောင်းကင်ဘုံတာအိုကြောင့် ဖြစ်ပေါ်လာတဲ့ သက်ရှိပဲ။ မင်းက ငါ့ကို တားဆီးဝံ့လား…”  ရှေ့ဖြစ်ဟောသူက တာအိုသခင်အိပ်မက်ပြာကို တစ်စက်လေးမှ ဂရုမစိုက်ပေ။ သူက ညာလက်ကို ဝေ့ယမ်းကာ တာအိုသခင်အိပ်မက်ပြာနှင့် ထိပ်တိုက်တွေ့စေသည်။

ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်၏။ တာအိုသခင်အိပ်မက်ပြာ၏အမူအရာက ပြောင်းလဲသွားပြီး သူက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။ ရှေ့ဖြစ်ဟောသူ၏ အမူအရာမှာ သုန်မှုန်နေ၏။ သူက တစ်စက်လေးမှ နောက်မဆုတ်သွားပေ။ သူက ဝမ်လင်းထံသို့ ပို၍ မြန်ဆန်စွာ တိုးဝင်လာပြီး ခုချိန်၌ သူသည် ဝမ်လင်းနှင့် ပေတစ်ရာအတွင်းသို့ ရောက်လာသည်။

ဝမ်လင်း၏အမူအရာမှာ တည်ငြိမ်နေ၏။ သူက ရှေ့ဖြစ်ဟောသူထံသို့ အထင်သေးဟန်ဖြင့် လှမ်းကြည့်သည်။ ရှေ့ဖြစ်ဟောသူ နီးကပ်လာစဉ် ဝမ်လင်းက တိုးညင်းစွာပြောလိုက်၏။

“ငါ့ခန္ဓာကိုယ်ဟာ ငါ့အပိုင်ပဲ ဖြစ်နေတုန်းပဲ။ တာအို လွင့်ပျောက်သွားစေ…”

ရှေ့ဖြစ်ဟောသူက ဝမ်လင်းနှင့် ပေကိုးဆယ်သို့ ရောက်လာသည့်အခါတွင် သူသည် တုန်ယင်သွားကာ သူ့ရင်ဘက်ပေါ်၌ စာလုံးတစ်လုံး လင်းလက်သွားသည်။ ထိုစာလုံးထံမှ လှိုင်းဂယက်များ လွင့်ပျံ့ကာ ရှေ့ဖြစ်ဟောသူ၏တကိုယ်လုံးကို ဖုံးလွှမ်းသွားသည်။

သည်လှိုင်းဂယက်များကြား၌ သူ့ခန္ဓာကိုယ်တွင်းရှိ ဝမ်လင်းထံမှ ယူဆောင် သိမ်းပိုက်ထားသော တာအိုနားလည်မှုဉာဏ်အလင်းအားလုံးသည် လွင့်ပြယ် ပျောက်ကွယ်သွားသည်။ တာအိုနားလည်မှု မရှိသည်နှင့် အနှစ်သာရများ ဆက်၍ ရှိလေတော့မည် မဟုတ်ပေ။

သူ၏ဘယ်မျက်လုံးထဲရှိ မီးအနှစ်သာရသည် ပျက်စီးသွားသည်။ သူ့ညာမျက်လုံးထဲရှိ မိုးကြိုးအနှစ်သာရမှာလည်း တစစီ ဖြစ်သွားသည်။ သူ့မျက်ခုံးနှစ်ခုကြားရှိ သတ်ဖြတ်ခြင်း၊ သေခြင်းရှင်ခြင်း၊ကံမ္မ၊ အမှန်အမှားအနှစ်သာရအားလုံးသည် လွင့်ပါး ပျောက်ကွယ်သွားတော့သည်။ သူ့မျက်လုံးများထဲရှိ သွေးစင်းကြောင်းများထဲမှ အတားအဆီးအနှစ်သာရလည်း ပျောက်ကွယ်သည်။

အချိန်တခဏအတွင်း ရှေ့ဖြစ်ဟောသူ၏ ခန္ဓာကိုယ်တွင်း၌ ဝမ်လင်းထံမှ ယူဆောင်ထားသော အနှစ်သာရများ လုံးဝ မရှိတော့ပေ။ အနှစ်သာရခုနစ်ခုသည် လေဟာနယ်အတွင်း ပျောက်ကွယ်သွားသည်။

ရှေ့ဖြစ်ဟောသူသည် မင်သက်ကာ သူ့မျက်လုံးထဲ၌ ကြောက်လန်မှု ပေါ်လာ၏။ သူက သည်လိုအရာမျိုး ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားမိပေ။ ပြီးခဲ့သောနိုးထခြင်များတွင်လည်း အခုလိုအရာမျိုး လုံးဝ မဖြစ်ခဲ့ဖူးချေ။

ဝမ်လင်းသည် ရှေ့ဖြစ်ဟောသူကို တည်ငြိမ်စွာ ကြည့်၍ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “မူလစိတ်ဝိညာဉ် တစစီ ပြန့်ကြဲသွားစေ…”

ဝမ်လင်းသည် ထိုသို့ ပြောနေရင်း ရှေ့ဖြစ်ဟောသူကိုယ်ပွားစိတ်ဝိညာဉ်သုံးထောင်နှင့် ပေါင်းစပ်ထားသော သူ့ကိုယ်ပွားမူလစိတ်ဝိညာဉ်သည် မှိန်ဖျော့ကာ လွင့်ပြယ်ပျောက်ကွယ်သည်။ မူလစိတ်ဝိညာဉ်မရှိသည့် ကျင့်ကြံသူတစ်ယောက်သည် သေမျိုးတစ်ယောက်နှင့် အတူတူပင်။

ရှေ့ဖြစ်ဟောသူစိတ်ဝိညာဉ်သုံးထောင်၏ ပေါင်းစပ်မှုနှင့် သိမ်းပိုက်မှုကို သေမျိုးတစ်ယောက်၏ ခန္ဓာကိုယ်က မည်သို့ ခုခံနိုင်ပါ့မည်နည်း။ ဝမ်လင်းကိုယ်ပွား၏မူလစိတ်ဝိညာဉ်က ပျောက်ကွယ်သွားသည့်နောက် ရှေ့ဖြစ်ဟောသူခန္ဓာကိုယ်ထံမှ တစီစီအသံများ ထွက်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်သည် တုန်ယင်ကာ ပျက်စီးတော့မည့် အရိပ်အယောင်များ ပြသသည်။

ရှေ့ဖြစ်ဟောသူ၏ မျက်လုံးထဲရှိ ကြောက်ရွှံ့မှုသည် အကန့်အသတ်သို့ ရောက်လာခဲ့သည်။ သူက ကောင်းကင်နှင့်မြေကြီးတို့ကို လှည့်ဖြားကြံစည်ခဲ့ပြီး ဖြစ်၏။ အချိန်ကိုပင် သူ အကြံအစည်ချမှတ်ခဲ့ပြီးပင်။ သို့ပေမည့် သူသည် ဝမ်လင်းနှင့် ပတ်သတ်၍ အကြံအစည်တွင် ဒုတိယအကြိမ် မှားခဲ့ပြန်ပြီ။

သူက ဝမ်လင်းသည် သူ့မူလခန္ဓာကိုယ်ကို ရှာတွေ့နိုင်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။ သူက ဝမ်လင်းသည် သူ့ကိုယ်ပွားကိုယ်သူ ထိန်းချုပ်နိုင်နေအုံးမည်ဟု မထင်ထားမိခဲ့ပေ။ ဤသည်မှာ သူ့စိတ်ထဲ၌ မဖြစ်နိုင်သည့်အရာပင်။ သူက သည်ခန္ဓာကိုယ်ကို လုံးဝ သိမ်းပိုက်ပြီး ဖြစ်သည်။ ခုချိန်၌ သည်လိုမျိုးဘာကြောင့် ဖြစ်လာသည်ကို သူ နားမလည်နိုင် ဖြစ်နေရ၏။

“ဝမ်လင်းက ဒီခန္ဓာကိုယ်ကို ဘာကြောင့် ထိန်းချုပ်နိုင်နေသေးတာလဲ။ ဝမ်လင်းက သူ့တာအိုနဲ့ မူလစိတ်ဝိညာဉ်ကို ပြန့်ကြဲပျောက်ကွယ်အောင် ဘာကြောင့် လုပ်နိုင်နေရတာလဲ…”

ရှေ့ဖြစ်ဟောသူက ကြောက်ရွှံ့ကာ စိတ်ရှုပ်ထွေးနေစဉ် ဝမ်လင်း၏ တတိယမြောက်စကားကို ကြားလိုက်ရသည်။

“စိတ်ဝိညာဉ် သေလိုက်တော့…”

ထိုသို့ ပြောပြီးနောက် ရှေ့ဖြစ်ဟောသူ၏ခန္ဓာကိုယ်သည် အပြင်းအထန် တုန်ခါသည်။ သူက သူ့ကိုယ်ပွားစိတ်ဝိညာဉ်သုံးထောင်နှင့် ပေါင်းစပ်ထားသော ဝမ်လင်း၏စိတ်ဝိညာဉ်သည် ရုတ်တရက် လွင့်ပျောက်သွားသည်ကို ခံစားမိလိုက်သည်။

ထိုစိတ်ဝိညာဉ်သုံးထောင်ပေါင်းစပ်မှုက ပြီးပြည့်စုံနေပြီ ဖြစ်၍ ခွဲထွက်နိုင်လိမ့်မည် မဟုတ်ပေ။ သို့ပေမည့် ဝမ်လင်း၏စိတ်ဝိညာဉ် ပျောက်ကွယ်သွားသည့်အခါ ထိုပြီးပြည့်စုံမှုက ပျက်စီးသွား၏။ ရှေ့ဖြစ်ဟောသူ၏ ခန္ဓာကိုယ်မှာ ပျက်စီး၍ ကျန်သည့် စိတ်ဝိညာဉ်(၂၉၉၉)ခုမှာလည်း တဟုန်ထိုး ပေါက်ကွဲထွက်သည်။

“မဖြစ်နိုင်ဘူး…ဒါက မဖြစ်နိုင်ဘူး။ ဘာကြောင့် ဒီလို ဖြစ်ရတာလဲ။ မင်းက ဒီခန္ဓာကိုယ်ကို ခုထိ ထိန်းချုပ်နိုင်နေတုန်းလား။ ဒါဟာ ဒီလောကရဲ့ စည်းမျဉ်းတွေနဲ့ မကိုက်ညီဘူး။ ငါဟာ ကောင်းကင်ဘုံတာအိုပဲ။ ငါဟာ စည်းမျဉ်းတွေကို ချမှတ်တာ။ ငါ သိမ်းပိုက်ခဲ့တဲ့ ခန္ဓာကိုယ်အားလုံးဟာ ငါ့အပိုင်ပဲ…”

“ငါ မင်းရဲ့ မှတ်ဉာဏ်တွေကိုလည်း သိထားတယ်။ မင်းက သုံးဘဝမန္တာန်ကို အသုံးပြုနိုင်ရင်တောင် ဒီလိုလုပ်နိုင်စွမ်း မရှိသင့်ဘူး။ မင်း အကြိမ်တစ်ထောင်လောက် သေဆုံးခဲ့ရင်တောင် ငါ သေရအုံးမှာ မဟုတ်ဘူး။ မင်း…မင်းက ဘယ်သူလဲ…”

ရှေ့ဖြစ်ဟောသူ၏ ပြန့်ကြဲသွားသော ကိုယ်ပွားစိတ်ဝိညာဉ်သုံးထောင်သည် မြူများအဖြစ်သို့ ပြောင်းလဲ၏။ ထိုမြူထဲ၌ ရှေ့ဖြစ်ဟောသူ အကြိမ်ကိုးဆယ်ကျော်နိုးထခြင်း၌ သူ ဝါးမြိုခဲ့သော ခန္ဓာကိုယ်များ ပါဝင်သည်။

သူတို့အားလုံးက သံပြိုင်အော်ဟစ်လိုက်ကြ၏။

“မင်းက ဘယ်သူလဲ။ မင်းဟာ ခုနစ်ရောင်စုံရဲ့ စိတ်ဝိညာဉ်သုံးခု၊ အစိတ်အပိုင်းခုနစ်ခုလည်း မဟုတ်ဘူး။ မင်းဟာ ငါ့လှိုဏ်ဂူလောကရဲ့ ဖန်ဆင်းခံ သေမျိုးတစ်ယောက်သာ ဖြစ်တယ်။ မင်း ဒီလို မလုပ်နိုင်ဘူး။ ငါ ဒါကို ယုံကြည်ဖို့ ငြင်းဆန်တယ်…”

“မင်းဟာ ကောင်းကင်ဘုံတာအိုရဲ့ အစိတ်အပိုင်းလေးတစ်ခုပဲ။ ဒါပေမဲ့ ငါကတော့ ကောင်းကင်ဘုံတာအိုရဲ့ အရှင်သခင် ဖြစ်တယ်…”   ဝမ်လင်းသည် သံပြိုင်အော်ဟစ်လိုက်သော စိတ်ဝိညာဉ်(၂၉၉၉)ခုကို ကြည့်သည်။ ထိုစိတ်ဝိညာဉ်များသည် နာကျင်မှု၊မယုံကြည်နိုင်မှုတို့နှင့်အတူ ရူးသွပ်စိတ်ရှုပ်ထွေးခြင်းတို့ ပြည့်နှက်နေသည်။

သူ ထိုသို့ ပြောလိုက်သည့်နောက် ဝမ်လင်းက သူ့ဘယ်လက်ကို မြှောက်ကာ သူ့မျက်ခုံးနှစ်ခုကြားသို့ ညွှန်၏။ ရှေးဟောင်းနတ်ဘုရားကြယ်များ ပျောက်ကွယ်ကာ ဝဲကတော့တစ်ခု အစားထိုး ဝင်ရောက်သည်။ သည်ဝဲကတော့က ရှေးအော်ရာကို ပေးစွမ်း၏။ သူ့လက်ကို နှဖူးထံမှ ဖယ်ခွာလိုက်သည့်နောက် အလင်းတန်းတစ်ခုအဖြစ် ထိုးထွက်သည်။ ထိုအလင်းက ချက်ခြင်း ပြန့်ကားကြီးမားကာ ဧရာမသားရဲတစ်ကောင် ဖြစ်လာသည်။

မြေနိမ့်သားရဲ။

မြေနိမ့်သားရဲ ပေါ်လာသည့်အခါ ၎င်းက နှေးကွေးလေးလံသည့်ပုံ ပေါ်သည်။ လူအနည်းငယ်သာ ဘေးပတ်လည်တွင် ရှိနေသဖြင့် ၎င်းက သိပ်ကြောက်ရွှံ့နေခြင်း မရှိတော့ပေ။ မက ဘေးပတ်လည်သို့ ကြည့်လိုက်ရာ ရှေ့ဖြစ်ဟောသူ စိတ်ဝိညာဉ်(၂၉၉၉)ခုဖြင့် ဖန်တီးထားသော မြူထုကို တွေ့မြင်သည်။ ထိုမြူက ၎င်းကို စွဲဆောင်လေသည့်အလား ၎င်း၏ပါးစပ်ကို ဖွင့်ဟလာသည်။ ၎င်းက ထိုစိတ်ဝိညာဉ်များသည် အလွန်အရသာ ရှိလိမ့်မည်ဟု တွေးတောနေရင်း သွားရည်ကျလာသည့် ထင်ရသည်။

“ကောင်းကင်ဘုံတာအိုရဲ့ သခင်လား။ မြေနိမ့်သားရဲ…ဒါဟာ မြေနိမ့်သားရဲပဲ။ ဒီသားရဲဟာ ငါ့ရှိကနေ ကွဲထွက်သွားခဲ့တဲ့ တခြားမြူအစုအဝေးကနေ ဖြစ်ပေါ်လာခဲ့တာများလား…”  ရှေ့ဖြစ်ဟောသူ စိတ်ဝိညာဉ်များသည် မြေနိမ့်သားရဲကို တုန်လှုပ်စွာကြည့်သည်။

သူက မြေနိမ့်သားရဲကို ကောင်းကောင်းသိပေသည်။ သို့သော် သူ့ခန္ဓာကိုယ်မှာ လျန်တောက်ဖေကြောင့် ကွဲထွက်သွားခဲ့ရပေ၏။ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ကြာမြင့်လာသည့်အခါ သူက သူ့တခြားအစိတ်အပိုင်းနှင့် ချိတ်ဆက်မှုကို ဆုံးရှုံးသွားခဲ့ပြီးပင်။ မဟုတ်ပါက သူသည် ပြန်လည်မွေးဖွားခြင်းကိုထိန်းချုပ်နိုင်ဖို့ ကိုးဆယ့်ကိုးကြိမ်နိုးထရန် လိုအပ်လိမ့်မည် မဟုတ်ပေ။

“ဒီကစားပွဲက ပြီးသွားပြီ…ရှေ့ဖြစ်ဟောသူ…”  ဝမ်လင်းက ဖြည်းဖြည်းချင်း ပြောလိုက်၏။ ထို့နောက် သူက သူ့လက်ထဲရှိ သံလိုက်အိမ်မြှောင်တစ်ဝက်ကို ပင့်မြှောက်လိုက်သည်။ သူက ၎င်းကို မြေနိမ့်သားရဲ၏ ပါးစပ်ထဲသို့ တိုက်ရိုက် ပစ်သွင်းလိုက်သည်။

ရှေ့ဖြစ်ဟောသူ၏ စိတ်ဝိညာဉ်များသည် တုန်ယင်ကာ အကြောက်အကန် အော်ဟစ်ကုန်သည်။ ယင်းတို့က ပြန့်ကြဲလျက် မတူညီသောအရပ်မျက်နှာ(၂၉၉၉)ခုသို့ ထွက်ပြေးလေသည်။

တာအိုသခင်အိပ်မက်ပြာနှင့်တခြားလူများသည် နောက်သို့ လိုက်လံလို၏။ သို့သော် ဝမ်လင်းက သူတို့ကို တားဆီးထားသည်။ ဝမ်လင်းက မြေနိမ့်သွားရဲ ၎င်း၏ပါးစပ်ကြီးဖြင့် ဝါးနေသည်ကို ကြည့်နေ၏။ အချိန်အတန်ကြာပြီးနောက် ၎င်း၏ စိတ်ရှုပ်ထွေးဟန် အမူအရာ ပျောက်ကွယ်ကာ ကြမ်းကြုတ်သောဟန်ပန်အစားထိုး ဝင်ရောက်လာ၏။

“သူတို့ကို ဝါးမြိုလိုက်။ ခုကစပြီး မင်းဟာ ပြီးပြည့်စုံလာလိမ့်မယ်…”   ဝမ်လင်းက ပင်ပန်းနေဟန်ပေါ်ကာ သူက မြေနိမ့်သားရဲ၏ကျောပေါ်၌ ထိုင်ချလိုက်သည်။

မြေနိမ့်သားရဲသည် ရုတ်တရက် ပါးစပ်ဟလာကာ ရှေ့သို့ ဦးတည်သည်။ ၎င်း ပါးစပ်ဟလိုက်သည်နှင့် စိတ်ဝိညာဉ်(၂၉၉၉)ခုမှာ စုပ်အားတစ်ခု၏ ခြုံလွှမ်းခြင်း ခံရသည်။ ယင်းစိတ်ဝိညာဉ်များအားလုံးသည် အကြောက်အကန်အော်ဟစ်နေစဉ်မှာပင် မြေနိမ့်သားရဲ၏ ဧရာမပါးစပ်ကြီးထဲ စုပ်ယူခြင်း ခံလိုက်ရသည်။

“စီနီယာအိပ်မက်ပြာ၊ချင်းလင်နဲ့ အရှင်ဟုန်ရှန်တို့ ငါ့ကျင့်ကြံသူကိုယ်ပွားကို ပြန်ဖွဲ့စည်းဖို့ လိုအပ်တယ်။ ဒါ့ကြောင့် ငါ သင်တို့နဲ့အတူ ကောင်းကင်ဘုံနယ်မြေသစ်ဆီ မပြန်နိုင်သေးဘူး။ ငါ ငါ့ကိစ္စကို ဖြေရှင်းပြီးတာနဲ့ သင်တို့ကို ကောင်းကင်ဘုံနယ်မြေမှာ လာတွေ့မယ်။ စီနီယာအစ်ကိုချင်းရွှေကို ငါ ပြန်ရောက်လာရင် သူ့အကူအညီ လိုလိမ့်မယ်လို့ ပြောလိုက်ပါ…”

ဝမ်လင်းသည် ထိုသုံးယောက်ထံ လက်နှစ်ဖက်ဆုပ်ကာ နှုတ်ဆက်လိုက်သည်။ သူက ပို၍ပင် ပင်ပန်းလာသည့်ပုံ ပေါ်သည်။ သူက မြေနိမ့်သားရဲပေါ်တွင် ထိုင်လျက် အကွာအဝေးတစ်ခုထံ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေသည်။

မြေနိမ့်သားရဲ၏မျက်လုံးတို့၌ လုံးဝ ကြမ်းကြုတ်ရက်စက်မှု ပြည့်နေ၏။ ၎င်းက လျန်တောက်ဖေကို ဝါးမြိုခဲ့ချိန်က အကြည့်မျိုး ပိုင်ဆိုင်နေကာ ခုချိန်၌ အလွန်ကြောက်မက်ဖွယ် ကောင်းနေ၏။

မြေနိမ့်သားရဲ တည်ရှိမှုနှင့်ဆို ဝမ်လင်းသည် သည်လှိုဏ်ဂူလောကရှိ မည်သူ့ကိုမျှ ထပ်မံ ကြောက်လန့်နေစရာ မလိုတော့ပေ။ သူက သည်အခိုက်၌ အကြွင်းမဲ့အုပ်စိုးနိုင်မှုအတွက် အရည်အသွေးကို ရရှိပိုင်ဆိုင်လာခဲ့လေပြီ။

All Chapters