ခွေးကောင်ကျုံးအား သုတ်သင်ခြင်း၊ ကောင်းကင်အဆင့် လျှို့ဝှက်နည်းပညာကို နားလည် သဘောပေါက်ခြင်း။ (5000)
Vol. 15 Ch. 210
[ခွေးကောင်ကျုံးက သင့်အား တောင်းပန်လာခဲ့ရာ သင်သည် ကျင့်ကြံခြင်း လောကနှင့် မြင့်မြတ်သော ဘုံများ အကြောင်း မေးမြန်းခဲ့သည်။]
[ခွေးကောင်ကျုံးသည် ကောက်ကျစ်စဉ်းလဲသူပီပီ အမှန်တရား တစ်ဝက်၊ မုသားတစ်ဝက်သာ ပြောပြခဲ့သည်။]
[သူ့ထံမှ အသုံးဝင်သော သတင်း အချက်အလက်များကို မရနိုင်တော့ကြောင်း သင် သိသောအခါ သူ့ကို တစ်ခါတည်း သတ်ပစ်ခဲ့သည်။ ထို့နောက် သူ၏ ကြေမွနေသော သိုလှောင်မှော်ပစ္စည်း ထဲတွင် ကျန်ရှိနေသည်များကို စစ်ဆေးခဲ့သည်။]
[ကံမကောင်းစွာဖြင့် သိုလှောင်မှော်ပစ္စည်းမှာ ပျက်စီးသွားပြီး မှော်ဘဏ္ဍာများနှင့် ကျင့်ကြံခြင်း နည်းပညာ အများစုမှာလည်း ပျက်စီးကုန်ခဲ့သည်။]
[ကံကောင်းစွာပင် ရှစ်မြှောင့် ဗေဒင် နည်းပညာကို မှတ်တမ်း တင်ထားသော ကျောက်စိမ်းပြားမှာ တစ်စိတ်တစ်ပိုင်းသာ ပျက်စီးခဲ့ပြီး သင်သည် ကံကောင်းခြင်းနှင့် ကံဆိုးခြင်းများကို တွက်ချက်နိုင်သည့် ရှစ်မြှောင့် ဗေဒင်နည်းပညာ၏ ဒုတိယပိုင်းကို အောင်မြင်စွာ ရှာဖွေတွေ့ရှိခဲ့သည်။]
စုရှင်းသည် ဤအကြောင်းအရာများကို ဖတ်ရှုပြီးနောက် သရုပ်ပြခြင်း ဖန်သားပြင်မှ အကြည့်ကို လွှဲဖယ်ကာ သက်ပြင်းချလိုက်သည်။
“ဒီခွေးကောင်ကျုံးက တကယ်ကို ဒုက္ခပေးတာပဲ!”
“သူ့ရဲ့ ခွန်အားက ငါ့အောက် နိမ့်ပါးပေမဲ့ သူ့အသက်ကို ကယ်တင်ရာမှာ အရမ်းတော်တယ်။ ငါ သူ့ကို တစ်လလုံး လိုက်ဖမ်းပြီးမှပဲ သတ်နိုင်ခဲ့တယ်…”
“ဒီလို အသက်ကယ် နည်းပညာတွေကြောင့်ပဲ သူဟာ နှစ်ပေါင်း တစ်ထောင်ကျော် လိုက်လံခံနေရတာတောင် နတ်ဘုရား အသွင် ပြောင်းလဲခြင်း အဆင့် ကျင့်ကြံသူ ဖြစ်လာနိုင်တာကိုး!”
တစ်ချိန်တည်းမှာပင် စုရှင်းသည် ခွေးကောင်ကျုံးကြောင့် သိုလှောင်မှော်ပစ္စည်း ထပ်မံ ပျက်စီးသွားခဲ့ခြင်း အတွက် နှမြောတသ ဖြစ်မိသည်။
ခွေးကောင်ကျုံးသည် သူသေတော့မည်ကို သိရှိထားသည်ဖြစ်ရာ စုရှင်းအား ကျင့်ကြံသူလောကနှင့် ပတ်သက်သည့် အသုံးဝင်သော မည်သည့် သတင်းအချက်အလက်မျှ မပြောလိုသလို မည်သည့် မှော်ဘဏ္ဍာ တစ်ခုကိုမျှလည်း စုရှင်းအတွက် ထားခဲ့လိုခြင်း မရှိပေ။
ခွေးကောင်ကျုံး အသုံးပြုခဲ့ပြီး ဖျက်ဆီးခဲ့သော မှော်ဘဏ္ဍာများနှင့် နတ်ဘုရား ပညာရပ်များကို တွေးလိုက်မိသောအခါ စုရှင်း၏ ရင်ထဲတွင် သွေးပွက်ပွက်ဆူလာသလို ခံစားရသည်။
ခဏတာ စဉ်းစားပြီးနောက် စုရှင်းက တီးတိုးရေရွတ်လိုက်သည်။
“ငါ့ရဲ့ လက်ရှိခွန်အားနဲ့ ခွေးကောင်ကျုံးကို သတ်နိုင်ခဲ့ပေမဲ့ ချက်ချင်းတော့ မသတ်နိုင်ခဲ့ဘူး!”
“ဒီလိုဖြစ်ခဲ့လို့ပဲ ခွေးကောင်ကျုံး ထွက်ပြေးဖို့ အချိန်ရခဲ့တာ… သေခါနီးမှာတောင် မှော်ဘဏ္ဍာတွေကို ဖျက်ဆီးပစ်နိုင်ခဲ့တယ်!”
“ခွေးကောင်ကျုံးရဲ့ သိုလှောင်မှော်ပစ္စည်းထဲက ဘဏ္ဍာတွေကို အပြည့်အဝ ရယူချင်တယ်ဆိုရင်… သူ့ကို တုံ့ပြန်ဖို့ အခွင့်အရေးမပေးဘဲ တစ်ချက်တည်းနဲ့ သတ်နိုင်ရမယ်!”
စုရှင်းတစ်ယောက် သက်ပြင်းချကာ ခေါင်းကို အသာအယာ ခါယမ်းလိုက်သည်။
အသက်ရှင်သန်ရန် နည်းလမ်းများစွာ ပိုင်ဆိုင်ထားသည့် နတ်ဘုရား အသွင် ပြောင်းလဲခြင်း အဆင့် ကျင့်ကြံသူ တစ်ဦးအား ချက်ချင်း သတ်ဖြတ်ဖို့ဆိုသည်မှာ ဘယ်လိုလုပ် လွယ်ကူနိုင်ပါ့မလဲ?
စုရှင်း၏ ချီသန့်စင်ခြင်း ကျင့်ကြံခြင်းသည် နတ်ဘုရား အသွင်ပြောင်းလဲခြင်း၏ ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်သွားမည် ဆိုလျှင်တောင် ထိုကဲ့သို့ လုပ်နိုင်မည် မဟုတ်ပါ။
“ဖြစ်နိုင်ရင် လွတ်မြောက်ခြင်း ဖြိုခွင်းနယ်ပယ်ကို တိုးတက်ပြီးနောက်မှာ မြေဓားနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင်… သူ့ကို မထင်မှတ်ဘဲ တိုက်ခိုက်ပြီး ချက်ချင်း သတ်နိုင်မလား?”
စုရှင်း စဉ်းစားလိုက်သည်။
မူလက သူသည် ခွေးကောင်ကျုံးကို သတ်ဖြတ်၍ ဘဏ္ဍာများကို လုယူလိုခဲ့သည်။ သို့သော်လည်း ထိုသူက အလွန် ကောက်ကျစ် စဉ်းလဲသောကြောင့် သူ့အတွက် မည်သည့် ကောင်းကျိုးမျှ မချန်ထားခဲ့ပေ။
ထို့ကြောင့် ရေတိုအတွင်း ခွန်အား မတိုးတက်မီ ခွေးကောင်ကျုံးကို သတ်ဖြတ်ခြင်းသည် မည်သည့် အကျိုးကျေးဇူးမျှ ရရှိမည် မဟုတ်ပေ။
ဤသို့ တွေးမိသောအခါ စုရှင်းက တီးတိုးရေရွတ်လိုက်သည်။
“ဒါပေမဲ့… သိုလှောင်မှော်ပစ္စည်း ပေါက်ကွဲသွားပေမဲ့ ရှစ်မြှောင့် ဗေဒင်နည်းပညာရဲ့ ဒုတိယပိုင်းတော့ ကျန်ခဲ့တယ်။ ဒါကို လေ့လာသင့်တယ် ထင်လား?”
စုရှင်း၏ ရင်ထဲတွင် လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာသည်။
သူသည် ခွေးကောင်ကျုံး၏ ကိုယ်ပိုင် ကံကောင်းခြင်းနှင့် ကံဆိုးခြင်းများကို ဟောပြောနိုင်သည့် နည်းပညာကို ကြာမြင့်စွာကတည်းက လိုချင်တပ်မက်နေခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် အကြိမ်က ခွေးကောင်ကျုံးသည် ဒုတိယပိုင်းကို ဖျက်ဆီးပစ်ခဲ့သည်။ ယခုတစ်ကြိမ်တွင်မူ ဤကောင်းမွန်သော အခွင့်အရေးကို သူ လွဲချော်စေလိုခြင်း မရှိပေ။
“ရှစ်မြှောင့် ဗေဒင်နည်းပညာ… ငါ့ရဲ့ ကံဆိုးခြင်းကို ရှောင်ရှားပြီး ကံကောင်းခြင်းကို ရှာဖွေနိုင်တဲ့ စွမ်းရည်နဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် ငါဟာ ဘယ်သူမှ မယှဉ်နိုင်တဲ့သူ ဖြစ်မလာလောက်ဘူးလား?”
ဤအတွေးနှင့်အတူ စုရှင်းသည် သရုပ်ပြခြင်း ဖန်သားပြင်ကို ကြည့်လိုက်သည်။
[သင်သည် ခွေးကောင်ကျုံး၏ ကျိုးပဲ့နေသော မှော်ဘဏ္ဍာများကို စုဆောင်းခဲ့သည်။ ထို့နောက် နည်းပညာကို မှတ်တမ်း တင်ထားသော တစ်ဝက်တစ်ပျက် ကျိုးပဲ့နေသည့် ကျောက်စိမ်းပြားကို ထုတ်ယူကာ ဒဏ်ရာများကို ကုသရန် ဝိညာဉ်စိုက်ခင်း ကောင်းချီးမြေထဲသို့ ဝင်ရောက်ခဲ့သည်။]
[နောက်တစ်လ ကြာအောင် သင်သည် "မိုက်မဲမှု၌ ကြီးမြတ်သော ဉာဏ်ပညာ" စွမ်းရည်ကို အသုံးပြု၍ ဒဏ်ရာများကို ကုသနေစဉ် အသိဉာဏ်မဲ့သော အခြေအနေတွင် တည်ရှိနေခဲ့သည်။]
[တစ်လအကြာတွင် သင်၏ ဒဏ်ရာများသည် အများစု ပျောက်ကင်းသွားပြီ ဖြစ်ရာ သင်သည် ကျောက်စိမ်းပြားကို ထုတ်ယူ၍ ရှစ်မြှောင့် ဗေဒင်နည်းပညာ၏ ဒုတိယပိုင်းကို လေ့လာရန် ပြင်ဆင်ခဲ့သည်။]
စုရှင်းသည် ဤအချက်ကို မြင်သောအခါ ရင်ထဲ လှုပ်ရှားသွားပြီး တိတ်ဆိတ်စွာ ရေရွတ်လိုက်သည်။
“မြှုပ်နှံသရုပ်ပြခြင်း လုပ်ဆောင်ချက်ကို အသုံးပြုမယ်၊ ကြာချိန် ၇၂ နာရီ!”
[ဒင်! သင်သည် မြှုပ်နှံသရုပ်ပြခြင်း လုပ်ဆောင်ချက်ကို အောင်မြင်စွာ အသုံးပြုပြီးပါပြီ။ ကြာချိန် ၇၂ နာရီ၊ ကုန်ကျစရိတ် ၇.၂ သန်းမှတ်၊ ကျန်ရှိစွမ်းအင် ၄၈၅.၄၃ သန်းမှတ်။]
သရုပ်ပြစက်၏ အသိပေးသံ အဆုံးတွင် စုရှင်း၏ အမြင်အာရုံ ပြောင်းလဲသွားသည်။
မကြာမီပင် စရှင်းသည် သူ၏လက်ထဲတွင် အနည်းငယ် ကျိုးပဲ့နေသော ကျောက်စိမ်းပြားတစ်ချပ် ထပ်မံတွေ့ရှိလိုက်သည်။
သူသည် သူ၏ နတ်မျက်စိကို ကျောက်စိမ်းပြားထဲသို့ နှစ်မြုပ်လိုက်ရာ စာသား အကြောင်းအရာများကို မြင်တွေ့လိုက်ရသည်။
“တိုင်းပြည်တစ်ပြည်ရဲ့ ကံကြမ္မာကို နတ်ဘုရားတွေတောင် တွက်ချက်လို့ မရဘူး။ ဒါကြောင့် တာအိုအဘိုးကြီးက သူ့ဘဝရဲ့ အနှစ်သာရကို ဒုတိယပိုင်း၊ လူသား ကံကြမ္မာအခန်းမှာ မှတ်တမ်း တင်ထားခဲ့တယ်။”
“ကံကြမ္မာ၊ အချိန်အခါ၊ ကံတရား… ကံမပါတဲ့သူက ဆယ်စုနှစ်ချီ ရုန်းကန်ရလိမ့်မယ်။ ဒါပေမဲ့ ကံပါလာရင်တော့ ကြီးမြတ်တဲ့အဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်… ကျင့်ကြံသူတွေက သက်ရှည်ဖို့ ကောင်းကင်နဲ့ မြေကြီးနဲ့ အပြိုင်အဆိုင် ကြိုးစားရတယ်။ ကံကြမ္မာရဲ့ ဝန်ထုပ်ဝန်ပိုးကို ထမ်းထားရတယ်။”
“ကြီးမားတဲ့ စွမ်းရည်ရှိတဲ့သူတွေတောင် ကောင်းကင်နဲ့ တူတဲ့ သက်တမ်းရှိပေမဲ့ ဘေးအန္တရာယ်သုံးမျိုးနဲ့ ရောဂါခြောက်မျိုး၊ ကောင်းကင်နဲ့ လူသားတို့ရဲ့ ကပ်ကြီးငါးပါးကို ရင်ဆိုင်ရဦးမယ်။”
“ဒါပေမဲ့ ငါ့ရဲ့ ဗေဒင်နည်းပညာမှာ အောင်မြင်မှု အသေးစား ရရှိတဲ့သူတွေဟာ လူတစ်ဦးရဲ့ ကံကြမ္မာကို သိမြင်နိုင်မယ်၊ ကံဆိုးတာတွေကို ရှောင်ရှားနိုင်မယ်၊ ကောင်းကင်နဲ့ မြေကြီးရဲ့ ထိုးထွင်းဉာဏ်တွေကို ရရှိနိုင်မယ်…”
“…”
ကျောက်စိမ်းပြားထဲမှ စာသားများသည် ရှစ်မြှောင့် ဗေဒင်နည်းပညာ၏ ဒုတိယပိုင်း သက်သက်သာ ဖြစ်ပြီး စကားလုံးပေါင်း သုံးသောင်းခန့်ပင် ကျယ်ပြန့်သည်။
ထို့ပြင် စာသားများသည် အလွန်ရှုပ်ထွေးပြီး မှတ်မိရန် ခက်ခဲလှသည်။
အချိန် ကန့်သတ်ချက်ရှိသည်ကို သိသောကြောင့် စုရှင်းသည် "မိုက်မဲမှု၌ ကြီးမြတ်သော ဉာဏ်ပညာ" အခြေအနေ မြှင့်တင်မှုကို အလျင်အမြန် အသုံးပြုပြီး အလွတ် ကျက်မှတ်ခြင်းကို စတင်လိုက်သည်။
တစ်ရက်တာ အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားပြီး စူးရှင်းသည် လူသား ကံကြမ္မာအခန်း တစ်ခုလုံးကို စာလုံးတစ်လုံးမျှ မကျန်အောင် မှတ်မိသွားခဲ့သည်။
မြှုပ်နှံသရုပ်ပြခြင်း လုပ်ဆောင်ချက် အတွက် အချိန်နှစ်ရက် ကျန်ရှိသေးသည်ကို မြင်သောအခါ စုရှင်းသည် အချိန်မဖြုန်းတော့ပေ။ သူသည် "မိုက်မဲမှု၌ ကြီးမြတ်သော ဉာဏ်ပညာ" အခြေအနေမှ နားလည်သဘောပေါက်ခြင်း မြှင့်တင်မှုကို အသုံးပြု၍ ရှစ်မြှောင့် ဗေဒင်နည်းပညာကို နားလည် သဘောပေါက်ရန် စတင် ကြိုးစားခဲ့သည်။
တစ်ခဏအတွင်း နှစ်ရက် ကုန်ဆုံးသွားပြီး မြှုပ်နှံသရုပ်ပြခြင်း လုပ်ဆောင်ချက် အချိန်လည်း ကုန်ဆုံးသွားသည်။ စုရှင်းသည် လက်တွေ့ကမ္ဘာသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
လက်တွေ့ကမ္ဘာသို့ ပြန်ရောက်လာသောအခါ စုရှင်းသည် သူ၏စိတ်ထဲတွင် ရှစ်မြှောင့် ဗေဒင်နည်းပညာမှ ထူးခြားသော ထိုးထွင်းဉာဏ်များကို ခံစားမိပြီး အံ့ဩမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
“မယုံနိုင်စရာပဲ။ ဒီခွေးကောင်ကျုံးက ဘယ်လိုတောင် ကံကောင်းလို့ ဒီလို အဖိုးတန် ကျောက်စိမ်းပြား ကို ရခဲ့တာပါလိမ့်?”
“ဒီရှစ်မြှောင့် ဗေဒင်နည်းပညာက ရိုးရိုး နည်းပညာတစ်ခု မဟုတ်ဘူး… ဒါက တာအိုပညာရပ်များ အဆင့်နီးပါး ရှိမယ်ထင်တယ်!”
စုရှင်းက စိတ်ထဲကနေ အံ့ဩနေခဲ့သည်။ လောထျန်းအစည်းအဝေး သရုပ်ပြခြင်းထဲတွင် သူသည် ဦးလေး ရှန်းနန်နှင့် စကားပြောနေစဉ် ဤတာအိုပညာရပ်များ အကြောင်း ကြားဖူးခဲ့သည်။
ကျင့်ကြံသူ တစ်ဦးအနေဖြင့် မိမိ အသုံးပြုနိုင်သော နည်းလမ်းများတွင် အဆင့်အမျိုးမျိုး ရှိသည်။
သာမန် ချီသန့်စင်မှု ကျင့်ကြံသူများ၏ နည်းပညာများသည် အဓိကအားဖြင့် အမျိုးအစား သုံးမျိုးရှိသည်။ ၎င်းတို့မှာ နတ်ဘုရား ပညာရပ်များ၊ ပညာရပ်နှင့် နည်းပညာများနှင့် လျှို့ဝှက်နည်းပညာများ တို့ဖြစ်သည်။
အခြားအရာများနှင့် နှိုင်းယှဉ်လျှင် နတ်ဘုရား ပညာရပ်များသည် ပိုမိုအဖိုးတန်ပြီး အဓိက နတ်ဘုရား စွမ်းရည်များနှင့် အသေးစား နတ်ဘုရား စွမ်းရည်များ ဟူ၍ ခွဲခြားထားသည်။
အသေးစား နတ်ဘုရား စွမ်းရည်များသည် နှိုင်းယှဉ်ကြည့်လျှင် ပိုမို အတွေ့များသော်လည်း သာမန် ကျင့်ကြံသူများ လွယ်လွယ်ကူကူ သင်ယူနိုင်သည့်အရာ မဟုတ်ပေ။