← Chapters

လွတ်မြောက်ခြင်း နယ်ပယ် ဖြိုခွင်းခြင်း၏ လျှို့ဝှက်ချက်၊ ကောင်းကင်ဂူသို့ တက်လှမ်းသော ကောင်းချီးမြေ!_၂

Vol. 15 Ch. 204

လွတ်မြောက်ခြင်း နယ်ပယ် ဖြိုခွင်းခြင်း၏ လျှို့ဝှက်ချက်၊ ကောင်းကင်ဂူသို့ တက်လှမ်းသော ကောင်းချီးမြေ!_၂

Vol. 15 Ch. 204

ပြောပြီးသည်နှင့် နျိုရော်လီသည် စုရှင်း၏ နဖူးကို လက်ညှိုးဖြင့် ထောက်လိုက်သည်။

စူရှင်းသည် မူလစွမ်းအားနှင့် ပတ်သက်သော ကျင့်ကြံမှုအား နားလည်ခြင်း မှတ်ဥာဏ် အနည်းငယ်နှင့် နတ်စွမ်းအင်တစ်ခု… ကာကွယ်ရေး ဂန်ချီကို ခံစားလိုက်ရသည်။

“အင်း... ကာကွယ်‌ရေး ဂန်ချီဆိုတာ မူလစွမ်းအားကို သုံးပြီး ကိုယ်ခန္ဓာကို ကာကွယ်တာပဲ။ နတ်စွမ်းအင်ကို အထောက်အကူပြုအနေနဲ့ သုံးလိုက်ရင် ဘာမှ ထိုးဖောက်လို့ မရတော့ဘူး!”

စုရှင်း၏ မျက်နှာသည် ဝမ်းသာအားရ ဖြစ်သွားသည်။ ဤကာကွယ်ရေး ဂန်ချီသည် တကယ့်ကို နတ်စွမ်းအင်ပင်!

နတ်စွမ်းအင်နှင့် တတိယအဆင့် ကျင့်ကြံမှု အတွေ့အကြုံတို့ကို ရရှိပြီးနောက် စုရှင်းက မေးမြန်းလိုက်သည်။

“သခင်ကြီး၊ တတိယအဆင့် မူလစွမ်းအားကို ကျွမ်းကျင်ပြီးရင် လွတ်မြောက်ခြင်း ဖြိုခွင်းနယ်ပယ်ကို ဘယ်လို တက်လှမ်းရမလဲခင်ဗျာ။”

နျိုရော်လီသည် သက်ပြင်းတစ်ချက် ဖွဖွချကာ ပြောလိုက်သည်။

“ခက်တယ်၊ ခက်တယ်၊ ခက်တယ်! မူလစွမ်းအားကို အစွမ်းကုန် တွန်းထုတ်ရမယ်။ ပြီးရင် ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်ကြံသူတွေရဲ့ သန်မာတဲ့ ကိုယ်ခန္ဓာနဲ့ ပေါင်းစပ်ပြီး အစွန်းရောက်တဲ့ နေရာတစ်ခုမှာ ရပ်တည်ကာ ထိုးဖောက်မှသာ လွတ်မြောက်ခြင်း ဖြိုခွင်းနယ်ပယ်ကို ရောက်နိုင်မယ်!”

“ဒါပေမယ့် နတ်ဘုရား အင်အားနယ်ပယ် ကျင့်ကြံသူ ရာပေါင်းများစွာထဲမှာ လွတ်မြောက်ခြင်း ဖြိုခွင်းနယ်ပယ် ရောက်တဲ့သူ တစ်ဦးနှစ်ဦးတောင် မရှိဘူး!”

“တစ်ချက်လေး လွဲသွားတာနဲ့ အသက် ဆုံးရှုံးရမှာ။ ဖြစ်နိုင်သမျှ ကြိုတင်ပြင်ဆင်မှု အားလုံး လုပ်မှသာ အခွင့်အရေး ရနိုင်မယ်!”

“ဒါ့အပြင် လွတ်မြောက်ခြင်း ဖြိုခွင်းအဆင့် ကျင့်ကြံသူတွေကလည်း အဆင့်သတ်မှတ်ချက် ရှိတယ်။ အစွန်းရောက်တဲ့ နေရာက ပိုပြီး အန္တရာယ်များလေ၊ လွတ်မြောက်ခြင်း ဖြိုခွင်းနယ်ပယ်ကို တက်လှမ်းပြီးနောက် ရုပ်ခန္ဓာရဲ့ အားအင် မြှင့်တင်မှုက ပိုပြီး သန်မာလေပဲ!”

“ဒါက ကံကြမ္မာကို ဆန့်ကျင်တာနဲ့တူတယ်။ ဒီအကြောင်းကြောင့်ပဲ ခန္ဓာကိုယ် ကျင့်ကြံသူတွေက အရမ်း ရှားပါးနေရတာ!”

ဤစကားကို ကြားလိုက်ရသည့်အခါ စုရှင်း မျက်မှောင် အနည်းငယ် ကြုတ်သွားသည်။ နျိုရော်လီသည် ခက်ခဲကြောင်းချည်း ဆက်တိုက် ပြောနေသည်…

ဒီလို အစွမ်းထက်တဲ့ ကျင့်ကြံသူ တစ်ယောက်ကတောင် ခက်ခဲတယ်လို့ ပြောနေရင်… လွတ်မြောက်ခြင်း ဖြိုခွင်းနယ်ပယ်ကို ထိုးဖောက်ဖို့က တကယ်ပဲ ဒီလောက် ခက်ခဲတာလား?

ထို့ကြောင့် စုရှင်းက မေးလိုက်သည်။

“သခင်ကြီး၊ အစွန်းရောက်တဲ့ နေရာဆိုတာ ဘာကို ဆိုလိုတာလဲခင်ဗျာ။”

နျိုရော်လီက ရှင်းပြလိုက်သည်။

“အစွန်းရောက်တဲ့ နေရာတွေက အများကြီးပဲ။ ဥပမာ- ပင်လယ်အောက် မိုင်ထောင်ချီ အနက်မှာ ကိုယ်ခန္ဓာပေါ်ကို ကြီးမားတဲ့ ဖိအားတွေ သက်ရောက်နေတာမျိုးပေါ့။ အဲဒီ ပင်လယ်နက်ထဲမှာ ရက်အနည်းငယ် ကြာအောင် ခံနိုင်ရည်ရှိရင် လွတ်မြောက်ခြင်း ဖြိုခွင်းနယ်ပယ်ကို ရောက်နိုင်တယ်။”

“ဒါမှမဟုတ် နိုးထခြင်းနေ့ရဲ့ ပထမဆုံး နွေဦးမိုးကြိုးရဲ့ နှစ်ခြင်း ခံယူတာမျိုးလည်း ရှိသေးတယ်။ အဲဒီမှာ မိုးကြိုးစွမ်းအားက အဆုံးမရှိဘူး။ လှည့်စားမှုတွေ အားလုံးကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိတယ်။ မိုးကြိုးဒဏ် ကိုးချက်ကို ခံနိုင်ရည်ရှိရင် မိုးကြိုးစွမ်းအင်နဲ့ ကိုယ်ခန္ဓာကို ကျင့်ကြံ ပြုပြင်နိုင်ရုံမက လွတ်မြောက်ခြင်း ဖြိုခွင်းနယ်ပယ်ကို တက်လှမ်းနိုင်မယ်။ ဒါတင်မက ရုပ်ခန္ဓာကိုတောင် ပြန်လည် ပုံသွင်းနိုင်ပြီး မိုးကြိုးစွမ်းအား အဖိုးတန် အပိုင်းအစကိုပါ ရရှိနိုင်မယ်!”

နျိုရော်လီက ဖြည်းဖြည်းချင်း ရှင်းပြသည်။

စုရှင်း နားထောင်ရင်း စဉ်းစားလိုက်သည်။ နျိုရော်လီ ဆိုလိုသည့် အဓိပ္ပာယ်ကို သူ အကြမ်းဖျင်း နားလည်သွားသည်။

ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်ကြံသူများသည် ကံကြမ္မာကို ဆန့်ကျင်ပြီး ကိုယ်ခန္ဓာကို သန်မာစေရန် ကျင့်ကြံကာ အသက်စွမ်းအားနှင့် သွေးကို အားဖြည့်ပေးသည်။

ခန္ဓာကိုယ် ကျင့်ကြံခြင်း၏ ကန့်သတ်ချက်များကို ကျော်လွှားရန်အတွက် အလွန် အန္တရာယ်များသည့် ပတ်ဝန်းကျင်များတွင် အသက်ရှင် ရပ်တည်နိုင်ဖို့ရန် လိုအပ်သည်။

ပင်လယ်နက်အောက် အနက်ဆုံး နေရာဖြစ်စေ၊ မိုးကြိုးကိုးချက်အား ခံနိုင်ရည်ရှိရန် လုပ်ဆောင်ခြင်းပင်ဖြစ်စေ၊ ယင်းတို့ အားလုံးသည် မိမိ၏ ကန့်သတ်ချက်ကို ကျော်လွှားခြင်းပင် ဖြစ်သည်။

ထိုမျဉ်းအား ကျော်လွှားနိုင်လျှင် လွတ်မြောက်ခြင်း ဖြိုခွင်းနယ်ပယ်သို့ ရောက်ရှိပေလိမ့်မည်။

ကျော်လွှားနိုင်ခြင်း မရှိလျှင်မူ အသက်သေဆုံးရုံသာ ရှိသည်!

ထို့ကြောင့် အန္တရာယ်များသည့် နေရာများအား လွတ်လပ်စွာ ရွေးချယ်နိုင်သည်။ ပို၍ အန္တရာယ်များ‌လေလေ၊ တိုးတက်မှုကား ကြီးမားလေလေ ဖြစ်သည်!

လွတ်မြောက်ခြင်း ဖြိုခွင်းနယ်ပယ်၏ လျှို့ဝှက်ချက်များအား နားလည်ပြီးနောက် စုရှင်းသည် သူ၏ စိတ်လှုပ်ရှားမှုအား ထိန်းချုပ်ကာ နျိုရော်လီအား ဦးညွှတ်၍ ပြောလိုက်သည်။

“သခင်ကြီး ကျေးဇူးတင်ပါတယ်!”

နျိုရော်လီက အနည်းငယ် ပင်ပန်းနေဟန်ဖြင့် ခေါင်းအသာညိတ်ပြသည်။

“တပည့်ကောင်း၊ သွား! ဦးလေးတော် ရှန်းနန်ကို အရင်သွားရှာ!”

ထိုစကားကို ကြားသည့်အခါ စုရှင်းသည် ဝမ်းသာအားရ မျက်နှာနှင့် ခန်းမဆောင်ကြီးမှ ထွက်ခွာသွားသည်။

“ဒီ လောထျန်းဂိုဏ်းက တကယ် ရတနာသိုက်ပဲ!”

“နတ်စွမ်းအင်တစ်ခုကို ဒီလောက် လွယ်လွယ်ကူကူ နားလည် သဘောပေါက်သွားတာလား? ဟေး ဟေး... ကျင့်ကြံဖို့တော့ လိုသေးပေမယ့်… ဒီနတ်စွမ်းအင် တစ်ခုတည်းကိုပဲ မှတ်ဉာဏ် သွင်းတာမပါရင် ရက်ပေါင်းများစွာ ကြာအောင် လေ့လာရမှာ!”

“နောက်ပြီး ဒီတတိယအဆင့် မူလစွမ်းအား ကျင့်ကြံမှုရဲ့ နားလည်ခြင်း မှတ်ဉာဏ်တွေက တကယ်ပဲ တန်ဖိုးမဖြတ်နိုင်ဘူး!”

“လွတ်မြောက်ခြင်း ဖြိုခွင်းနယ်ပယ်ကိုတော့ နားလည်လာပြီ... ဒါပေမဲ့ အလျင်စလို လုပ်လို့မရဘူး။ အရင်ဆုံး မူလစွမ်းအားကို တတိယအဆင့်အထိ မြှင့်တင်ရဦးမယ်!”

စုရှင်းသည် ပြုံးလိုက်သည်။ သူသည် နျိုရော်လီအား အနည်းငယ် ချစ်ခင်လာခဲ့သည်။

မှတ်ဉာဏ် သွင်းပေးခြင်းသည် ကျင့်ကြံသူ၏ နတ်အာရုံအား ဝန်ပိစေကာ လွတ်လွယ်ကူကူ လုပ်ဆောင်နိုင်သည့် အရာ မဟုတ်ကြောင်း သိထားသင့်သည်။ စုရှင်း မှတ်ညာဏ်သွင်းခြင်း အနည်းငယ်ကို ရရှိခဲ့ခြင်းသည် ကံကောင်းခြင်း ဖြစ်သည်။

စုရှင်းသည် ပေါ့ပါးသော ခြေလှမ်းများနှင့် နောက်တောင်ဘက်ကို လျှောက်သွားသည်။

ဦးလေးတော် ရှန်းနန်အား လောထျန်း ညီလာခံဆီ ခေါ်ဆောင်သွားပြီးနောက် စုရှင်းသည် အဆင့်မြင့် မူလစွမ်းအားဆိုင်ရာ အသိပညာများကို သင်ယူဖို့ရန် အတွက် ရင်းနှီးပြီးသား ကျမ်းစာဆောင်ကို ရောက်ရှိလာသည်။

အကြီးအကဲ နျိုရော်လီသည် သူ့အား နတ်စွမ်းအင်နှင့် မူလစွမ်းအား ထုတ်လွှင့်ခြင်းဆိုင်ရာ နားလည်ခြင်း မှတ်ဉာဏ်များကို ပေးခဲ့သည်။ သို့သော်လည်း စုရှင်းအနေနှင့် ထိုအဆင့်မြင့် အသိပညာများကို ဆက်လက် လေ့လာဖို့ရန် လိုအပ်နေသေးသည်။

မဟာပညာဉာဏ် အခြေအနေ၏ အကူအညီနှင့် စုရှင်းသည် ကျမ်းစာဆောင်တွင် နာရီနှစ်ဆယ်ကျော်ကြာ နေထိုင်ခဲ့သည်။

မြှုပ်နှံသရုပ်ပြခြင်း ပြီးဆုံးချိန်တွင် စုရှင်း၏ သတိသည် တကယ့်ကမ္ဘာဆီ ပြန်လည် ရောက်ရှိလာသည်။

လက်တွေ့ဘဝဆီ ပြန်ရောက်လာချိန်တွင် စုရှင်းသည် မတားဆီးနိုင်ဘဲ နှုတ်ခမ်းဖျားများ ကွေးညွှတ်သွားသည်။

“ဒီမြှုပ်နှံသရုပ်ပြခြင်းက အကျိုးအမြတ် အများကြီး ရခဲ့တယ်!”

“တတိယအဆင့် မူလစွမ်းအား နားလည်ခြင်း မှတ်ဉာဏ်တွေကို သင်ယူခဲ့ရုံသာမက နတ်စွမ်းအင် တစ်ခုကိုပါ အလကား ရခဲ့တယ်!”

သူသည် ပျော်ရွှင်ကာ လန်းဆန်းနေခဲ့သည်။ ထို့နောက် စုရှင်းသည် သရုပ်ပြခြင်း ဖန်သားပြင်အား ပြုံးရွှင်စွာ ကြည့်လိုက်သည်။

[လောထျန်း ညီလာခံ ပုံရိပ်ယောင်ကမ္ဘာမှ လွတ်မြောက်ခြင်း ဖြိုခွင်းနယ်ပယ်၏ လျှို့ဝှက်ချက်များကို ရရှိပြီးနောက် သင်သည် မူလစွမ်းအားကို ကျင့်ကြံရန် ဦးစားပေး စီစဉ်ခဲ့သည်။]

[သို့သော် ထိုမတိုင်မီ ဆေးလုံးများ ရရှိရန် အတွက် ဆင်းသက်ဂိုဏ်းသို့ ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့သည်။]

[ရွှမ်ချင်းမြို့တွင် ခွေးကောင်ကျုံးအား လိုက်ရှာရင်း ရက်ပေါင်းများစွာ ကုန်ဆုံးခဲ့သည်။]

[မသမာသော အပေးအယူအချို့ ပြုလုပ်ပြီးနောက် သင်သည် ဆင်းသက်ဂိုဏ်းသို့ အောင်မြင်စွာ ဝင်ရောက်ခဲ့သည်။]

[သင်သည် ခွေးကောင်ကျုံးနှင့် ညီအစ်ကိုများအဖြစ် ဟန်ဆောင်ရန် မမေ့ခဲ့ပါ။ ထိုအချိန်တွင် သင်သည် လောရွှေရင်နှင့် ချိတ်ဆက်မိပြီး သူမ၏ ယုံကြည်မှုကို ရရှိထားပြီ ဖြစ်သည်။]

[လောရွှေရင်၏ အကူအညီဖြင့် သင်သည် အဖိုးတန် နတ်ဆေးပင် များစွာကို ရရှိခဲ့သည်။]

[နောက်ရက်များတွင် သင်သည် သင်၏ လုပ်ငန်း တာဝန်များကို အာရုံစိုက် လုပ်ကိုင်ခဲ့သည်။]

[ဝိညာဉ် စုဆောင်းပန်း မျိုးစေ့ငါးရာကို ဝိညာဉ်စိုက်ခင်း ကောင်းချီးမြေတွင် စိုက်ပျိုးခဲ့သည်။ မျိုးစေ့ အရေအတွက် များပြားသောကြောင့် နေ့စဉ် လေးနာရီစီ အချိန်ပေး၍ လယ်ကွက်ကို ပြုစုစောင့်ရှောက်ခြင်း၊ ရေလောင်းခြင်းနှင့် ဝိညာဉ်စွမ်းအင်ကို အားပေးခြင်းတို့ကို ပြုလုပ်ကာ ရင့်မှည့်အောင် လုပ်ဆောင်ခဲ့သည်။]

[ထို့နောက် သင်သည် နေ့စဉ် လေးနာရီကြာ ကျင့်ကြံခြင်းဖြင့် သင်၏ ချီသန့်စင်ခြင အဆင့်ကို လုံ့လဝီရိယရှိရှိ မြှင့်တင်ခဲ့သည်။]

[ကျန်ရှိသော လေးနာရီအား ဆေးလုံးများ ဖော်စပ်ခြင်းဖြင့် ရှားနိုင်ငံ စစ်တပ်ထဲသို့ ဝင်ရောက်နိုင်ရန် ပြင်ဆင်ခဲ့သည်။]

[သင်သည် သင်၏ နေ့စဉ် အချိန်ဇယားတိုင်းကို အသေးစိတ် စီစဉ်ခဲ့သည်။ အနားယူရန် အချိန်ပင် မချန်ခဲ့ပါ။]

ဤအရာကို မြင်လိုက်ရသောအခါ စုရှင်းသည် နှုတ်ခမ်းဆူမိကာ တီးတိုးရေရွတ်လိုက်သည်။

…

All Chapters