လွတ်မြောက်ခြင်း ဖြိုခွင်းနယ်ပယ်၏ လျှို့ဝှက်ချက်၊ ကောင်းကင်ဂူသို့ တက်လှမ်းသော ကောင်းချီးမြေ! _၃
Vol. 15 Ch. 205
“ဟာကွာ၊ နောက်ဆုံး စာကြောင်းက…သရုပ်ပြစက်က ငါ့လို လှောင်လိုက်တာလား?”
“စဉ်းစားကြည့်ရင် သူများတွေက အသည်းထဲ အသည်းပေါက်တာ၊ ငါကျတော့ အသည်းထဲ လူပေါက်တာ။”
စုရှင်းသည် အသာ ခေါင်းခါယမ်းရင်း နောက်ပြောင်လိုက်သည်။ သူသာ သရုပ်ပြခြင်း၌ ကြိုးကြိုးစားစား မလုပ်ဆောင်လျှင်… တကယ့် လက်တွေ့တွင် ပိုပြီး ပင်ပန်းရမည် မဟုတ်ပါလား?
တစ်ကိုယ်တော် ညည်းတွားပြီးနောက် စုရှင်း၏ မျက်လုံးများသည် သရုပ်ပြခြင်း ဖန်သားပြင်ဆီသို့ ပြန်ရောက်သွားသည်။
[တတိယနှစ်တွင် သင်စိုက်ပျိုးခဲ့သော ပထမဆုံးအသုတ် ဝိညာဉ်စုဆောင်းပန်းများ ရင့်မှည့်လာသည်။ သင်သည် ဝိညာဉ်စုဆောင်းပန်း ငါးရာကို ရိတ်သိမ်းခဲ့ပြီး မျိုးစေ့အသစ် ရှစ်ရာကို ရရှိခဲ့သည်။]
[သင်သည် ဝိညာဉ်စုဆောင်းပန်း မျိုးစေ့ အသစ်များကို စိုက်ပျိုးခဲ့ပြီး နှစ်နှစ်အကြာတွင် ရိတ်သိမ်းရန် ပြင်ဆင်ခဲ့သည်။]
[ထိုနှစ်တွင်ပင် သင်သည် အချိန်တန်ပြီဟု ခံစားရပြီး ဆင်းသက်ဂိုဏ်းမှ ခွဲထွက်ရန် ဆုံးဖြတ်ခဲ့သည်။]
[ထို့နောက် သင်နှင့် လောရွှေရင်တို့သည် ရှားနိုင်ငံ စစ်တပ်သို့ ထွက်ပြေးခဲ့ကြသည်။ ထိုအချိန်တွင်း ခွေးကောင်ကျုံးမှာလည်း မထင်မှတ်ဘဲ ကပ်ဆိုးကြုံတွေ့ခဲ့ရပြီး ဆင်းသက်ဂိုဏ်း၏ လိုက်လံရှာဖွေခြင်းကို ခံခဲ့ရသည်။]
[စတုတ္ထနှစ်တွင် သင်သည် နေ့စဉ် ဆယ့်နှစ်နာရီ သုံးခြင်းသည် လုံးဝ မလုံလောက်ကြောင်း တွေ့ရှိခဲ့သည်။ ထို့ကြောင့် သင်၏ ကျင့်ကြံမှုကို ခေတ္တရပ်နားကာ ဆေးဖော်ခြင်းနှင့် ဝိညာဉ်စုဆောင်းပန်း စိုက်ပျိုးခြင်းကို အာရုံစိုက်ရန် ဆုံးဖြတ်ခဲ့သည်။]
[သင်သည် နေ့စဉ် လေးနာရီစီ ဝိညာဉ်စုဆောင်းပန်းများ စိုက်ပျိုးခြင်း အတွက် အချိန်ပေးခဲ့ပြီး ခြောက်နာရီစီ ဆေးလုံးများ ဖော်စပ်ခြင်း အတွက် အချိန်ပေးခဲ့သည်။]
[ပဉ္စမနှစ်တွင် သင်သည် ရင့်မှည့်သော ဝိညာဉ်စုဆောင်းပန်း ရှစ်ရာနှင့် မျိုးစေ့ တစ်ထောင်ကို ရိတ်သိမ်းခဲ့သည်။]
[သင်သည် စိုက်ပျိုးမှု အသစ်တစ်ကြိမ် စတင်ခဲ့သည်။]
[ဝိညာဉ်စိုက်ခင်း ကောင်းချီးမြေ အတွင်းရှိ ဝိညာဉ်စုဆောင်းပန်း အရေအတွက် တိုးလာသည်နှင့်အမျှ ဝိညာဉ်စွမ်းအင် ပိုမို ကြွယ်ဝလာခဲ့ပြီး သင်၏ ကျင့်ကြံမှုသည် ပိုမို ထိရောက်လာခဲ့သည်။]
[ထိုနှစ်တွင်ပင် သင်သည် ရှားနိုင်ငံ အတွက် လိုအပ်သော ဆေးလုံးနှစ်သောင်းကို နောက်ဆုံးတွင် အပြီးသတ် ဖော်စပ်နိုင်ခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ဤဆေးလုံး အသုတ်၏ သုံးပုံတစ်ပုံကျော်သည် အမြင့်မြတ်ဆုံး အဆင့် ဆေးလုံးများ ဖြစ်ခဲ့သည်။]
[သင်ကြောင့် ရှားနိုင်ငံသည် မဟာ မာစတာ အဆင့် ရှစ်သောင်း၊ ကောင်းကင်ဘုံ ဘုရင် ရှစ်ရာနှင့် စစ်ဧကရာဇ် ရှစ်ဆယ်တို့ကို ရရှိခဲ့သည်။]
[ဆဋ္ဌမနှစ်တွင် သင်သည် ဆေးလုံးများ ဖော်စပ်ခြင်းကို အနည်းငယ်ပင် လုပ်ဆောင်ကာ အချိန်အများစုကို ကျင့်ကြံခြင်းတွင် ကုန်ဆုံးခဲ့သည်။]
[နေ့စဉ် ဝိညာဉ်စုဆောင်းမြက် စိုက်ပျိုးခြင်းမှအပ ကျန်အချိန်များတွင် ချန်ချွန်း ကျင့်စဉ်ကို ကျင့်ကြံခဲ့ရာ သင်၏ ကျင့်ကြံမှုအဆင့်သည် တည်ငြိမ်စွာ တိုးတက်လာခဲ့သည်။]
[သတ္တမနှစ်တွင် သင် စိုက်ပျိုးခဲ့သော ဝိညာဉ်စုဆောင်းမြက် အပင်တစ်ထောင်သည် နောက်ဆုံးတွင် ရင့်မှည့်လာသည်။ မရင့်မှည့်သေးသော မျိုးစေ့ တစ်ထောင့်ငါးရာကို သင် ရရှိခဲ့သည်။]
[ဝိညာဉ်စိုက်ခင်း ကောင်းချီးမြေသည် ပြည့်နှက်လုနီးပါး ဖြစ်နေပြီဟု ခံစားရသောကြောင့် သင်သည် စိုက်ပျိုးခြင်းကို ရပ်ဆိုင်းပြီး ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ခဲ့သည်။]
[ဝိညာဉ်စုဆောင်းမြက် အပင် သုံးထောင်ကျော်တို့က ဝိညာဉ်စွမ်းအင်ကို ဖြည်းဖြည်းချင်း ထုတ်လွှတ်ပေးနေသောကြောင့် ဝိညာဉ်စိုက်ခင်း ကောင်းချီးမြေသည် ကြီးမားသော ပြောင်းလဲမှုများကို ကြုံတွေ့ခဲ့ရသည်။]
[ထူထပ်သော ဝိညာဉ်စွမ်းအင်သည် လေထဲတွင် အရည်အဖြစ်ပင် စုစည်းလုနီးပါး ဖြစ်နေသည်။ သင် အသက်ရှုလိုက်တိုင်း ကြွယ်ဝသော ဝိညာဉ်စွမ်းအင်များ ခန္ဓာကိုယ်ထဲ ဝင်ရောက်လာသည်ကို ခံစားရပြီး နုပျိုလန်းဆန်းမှုကို ခံစားခဲ့ရသည်။]
[ထိုအချိန်တွင် ဝိညာဉ်ပင်များ၏ ကြီးထွားနှုန်း သိသိသာသာ မြန်ဆန်လာသည်။ ယခင်က ငါးနှစ်ကြာမှ ရင့်မှည့်သော ဝိညာဉ်ပင်များသည် ယခုအခါ သုံးနှစ်သာ လိုအပ်တော့သည်။]
[ကောင်းချီးမြေရှိ ဝိညာဉ်ကြက်များလည်း ပိုမို သန်မာလာပြီး အမွေးများ ပိုမို ချောမွတ်လာသည်။ ဝိညာဉ် မြေတီကောင်များပင် တစ်ညတွင်း သိသိသာသာ ကြီးထွားလာပြီး မြေနဂါးအဖြစ် တဖြည်းဖြည်း ပြောင်းလဲ တိုးတက်လာသည်။]
[ကောင်းချီးမြေသည် ကောင်းကင်ဂူ အဖြစ် ပြောင်းလဲ တိုးတက်လာခြင်း ဖြစ်သည်ကို သင် သိလိုက်သည်။]
[အဋ္ဌမနှစ်တွင် သင်သည် စနစ်တကျ စတင် ကျင့်ကြံခဲ့သည်။]
[နေ့စဉ် ရှစ်နာရီကြာ ချန်ချွန်း ကျင့်စဉ်ကို ကျင့်ကြံကာ သင်၏ ချီ သန့်စင်ခြင်း ကျင့်ကြံမှု အဆင့်ကို မြှင့်တင်ခဲ့သည်။]
[ကျန်ရှိသော လေးနာရီကို မူလစွမ်းအား အား လေ့ကျင့်ခဲ့ပြီး မကြာမီ ရစ်ပတ်သော အဆင့်မှ အပြင် ထုတ်လွှတ်နိုင်သော အဆင့်သို့ တိုးတက်ရန် မျှော်လင့်ခဲ့သည်။]
[နဝမနှစ်တွင် သင်သည် မူလစွမ်းအားကို လေ့ကျင့်ခြင်းသည် သင်ထင်ထားသည်ထက် ပိုမို ခက်ခဲကြောင်း တွေ့ရှိခဲ့သည်။]
[နျိုရော်လီ ပေးခဲ့သော လေ့ကျင့်မှုဆိုင်ရာ နားလည်ခြင်း မှတ်ဉာဏ်များအရ အပြင် ထုတ်လွှတ်နိုင်သော အဆင့်သို့ ရောက်ရှိရန် မူလစွမ်းအားသည် ဦးစွာ ကိုယ်ခန္ဓာတစ်ခုလုံး ရစ်ပတ်နိုင်သည့် အဆင့်သို့ ရောက်ရှိရမည် ဖြစ်သည်။]
[ဆိုလိုသည်မှာ ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင် မမြင်ရသော အသက်စွမ်းအင် သံချပ်ကာ အလွှာတစ်ခု ဖန်တီးကာ ကပ်ထားခြင်း ဖြစ်သည်။ ဤသံချပ်ကာသည် ထိုးနှက်မှု အားလုံးနီးပါးကို ခံနိုင်ရည်ရှိသည်။ ၎င်း၏ ခွန်အားသည် မူလစွမ်းအား၏ ခွန်အားနှင့် တိုက်ရိုက် အချိုးကျသည်။]
[သင်၏ မူလစွမ်းအားသည် ရစ်ပတ်ခြင်း၏ ဒုတိယအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း အရေးကြီးသော အစိတ်အပိုင်း အနည်းငယ်ကိုသာ ဖုံးအုပ်နိုင်သေးသည်။ ကိုယ်ခန္ဓာ တစ်ခုလုံးကို ဖုံးအုပ်နိုင်ရန် သင်၏ မူလစွမ်းအားမှာ လုံးဝ မလုံလောက်သေးပါ။]
[မူလစွမ်းအား ကျင့်ကြံမှု တိုးတက်ခြင်း နှေးကွေးနေသော်လည်း ယခုနှစ်တွင် သင်၏ ချီသန့်စင်ခြင်း ကျင့်ကြံမှု အဆင့်သည် နတ်ဘုရားအသွင် ပြောင်းလဲခြင်း အဆင့်၏ ဒုတိယ အလွှာသို့ အောင်မြင်စွာ ရောက်ရှိခဲ့သည်။]
[ဒသမနှစ်တွင် သင်သည် နေ့စဉ် ကျင့်ကြံခြင်းကို ဆက်လက် လုပ်ဆောင်ခဲ့သည်။ သင်၏ ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်ကြံမှု အဆင့်သည် ပိုမို မြင့်မားလာခဲ့သော်လည်း မူလစွမ်းအား၏ တိုးတက်မှုမှာ နှေးကွေးနေဆဲ ဖြစ်သည်။]
စုရှင်းသည် ဤအခြေအနေကို မြင်သည့်အခါ သက်ပြင်း အသာချလိုက်သည်။
မူလစွမ်းအားကို ကျင့်ကြံဖို့ရန် ခက်ခဲကြောင်း သူ ကောင်းကောင်း သိသည်။ ကျင့်ကြံမှု အဆင့်ကို မြှင့်တင်ရင်းနှင့် မူလစွမ်းအားကိုပါ တစ်ပြိုင်နက် လေ့ကျင့်ခြင်းသည် ချီ သန့်စင်ခြင်း ကျင့်ကြံမှု တိုးတက်မှုကို အနည်းနှင့်အများ ထိခိုက်စေမှာ ဖြစ်သည်။
သို့သော် စုရှင်းတွင် ရွေးချယ်စရာ မရှိပါ။ မည်သို့ဆိုစေ လွတ်မြောက်ခြင်း ဖြိုခွင်းနယ်ပယ်သို့ ထိုးဖောက်ဖို့ရန် အတွက် မူလစွမ်းအားသည် အရေးကြီးသည်။
စုရှင်းသာ အသိဉာဏ် ပွင့်လင်းမှု တစ်ခုခုကို ရုတ်တရက် တွေ့ကြုံပြီး မူလစွမ်းအား၏ တတိယအဆင့်သို့ ရောက်သွားခဲ့လျှင် ယင်းသည် တကယ့်ကို ကြီးမားသည့် လာဘ်ကြီးတစ်ပါးပင် ဖြစ်လိမ့်မည်။
ထို့ကြောင့် စုရှင်းသည် လောင်းကြေးတစ်ခု ထပ်နေရသကဲ့သို့ ဖြစ်သည်။
သူ၏ အချိန်နှင့် ကြိုးစားအားထုတ်မှု အများစုကိုမှု ချီ သန့်စင်ခြင်း အဆင့်အား မြှင့်တင်ရာတွင်သာ အဓိကထား လုပ်ဆောင်နေဆဲ ဖြစ်သည်။
ထိုသို့တွေးရင်း စုရှင်း၏ အကြည့်များသည် သရုပ်ပြခြင်း ဖန်သားပြင်စီသို့ ပြန်လည် ရောက်ရှိသွားသည်။
[ကျင့်ကြံခြင်း၏ မအိပ်စက်နိုင်သော ညများထဲတွင် နှစ်နှစ်တာ အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားသည်။ ထိုနှစ်နှစ်တာ ကာလအတွင်း သင်သည် နတ်ဆိုး နှိမ်နင်းရေး စခန်းသို့ ဝင်ရောက်ရန် မရွေးချယ်ခဲ့ပါ။]
[သင်၏ ကျင့်ကြံမှုသည် ဝိညာဉ်စိုက်ခင်း ကောင်းချီးမြေ၌ ဖြစ်နေသောကြောင့် နတ်ဆိုး နှိမ်နင်းရေး စခန်းသို့ ဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ သင့်အတွက် ကြီးကြီးမားမား ကွာခြားမှု မရှိပါ။]
[ဆယ့်သုံးနှစ်မြောက်တွင် ကောင်းကင်ဂူ ကောင်းချီးမြေ၌ ကျင့်ကြံခြင်းသည် သင်၏ တိုးတက်မှုကို အမှန်တကယ် လျင်မြန်စွာ တွန်းအားပေးခဲ့သည်။ သင်၏ ကျင့်ကြံမှု အမြန်နှုန်းသည် ယခင်ကထက် နှစ်ဆ ပိုမို မြန်ဆန်လာသည်။ သင်၏ ချီကျင့်ကြံမှုအဆင့် တည်ငြိမ်စွာ တိုးတက်လာကာ နတ်ဘုရားအသွင် ပြောင်းလဲခြင်း အဆင့်၏ တတိယအလွှာသို့ တဖြည်းဖြည်း နီးကပ်လာခဲ့သည်။]
[တစ်ခုတည်းသော နောင်တမှာ သင်၏ မူလစွမ်းအား နားလည်မှု နှေးကွေးနေခြင်းပင် ဖြစ်သည်။ ယင်းသည် ရစ်ပတ်သော အဆင့်တွင်သာ ရှိနေဆဲ ဖြစ်သည်။ သို့သော် သင် ကျင့်ကြံလာသည်နှင့်အမျှ သင်၏ မူလစွမ်းအားဖြင့် ဖုံးအုပ်နိုင်သော ဧရိယာ တိုးလာခဲ့သည်။]
[တစ်ဆယ့်လေးနှစ်မြောက်သည် တစ်သမတ်တည်းသော ကျင့်ကြံခြင်းနှစ်ဖြစ်ပြီး နတ်ဘုရားအသွင် ပြောင်းလဲခြင်း အဆင့်၏ တတိယအလွှာသို့ သင် ထိုးဖောက်နိုင်ခြင်း မရှိခဲ့ပါ။]
[တစ်ဆယ့်ငါးနှစ်မြောက်တွင် နေသာသော နံနက်ခင်း တစ်ခု၌ သင်သည် ကြိုတင်နိမိတ်တစ်ခု ရခဲ့ပြီး နတ်ဘုရားအသွင် ပြောင်းလဲခြင်း အဆင့်၏ တတိယအလွှာသို့ သဘာဝအလျောက် ရောက်ရှိသွားခဲ့သည်။]
[တစ်ဆယ့်ခြောက်နှစ်မြောက်တွင် သင်သည် မူလစွမ်းအား ကျင့်ကြံခြင်းကို ခေတ္တရပ်နားခဲ့ပြီး အရေးကြီးသော ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။]
[သင်သည် “တရားဥပဒေ အဆုံးသတ်ခေတ်” ပုံရိပ်ယောင် ကမ္ဘာကို စူးစမ်းရန် ဆုံးဖြတ်ခဲ့သည်။]
[ယင်းပုံရိပ်ယောင် ကမ္ဘာသည် သင် အချိန် အတော်ကြာကတည်းက သိရှိခဲ့သော ကျင့်ကြံခြင်းဆိုင်ရာ ပုံရိပ်ယောင် ကမ္ဘာတစ်ခု ဖြစ်သည်။ တရားဝင် ထောက်လှမ်းရေး သတင်းများအရ ဤပုံရိပ်ယောင် ကမ္ဘာသည် ကျင့်ကြံခြင်း ကမ္ဘာ၏ နောက်ဆုံးကာလများကို နောက်ခံပြုထားပုံ ရသည်။ လူတစ်သောင်းတွင် ကျင့်ကြံသူ တစ်ဦးပင် တွေ့ဖို့ ခက်ခဲသည်ဟု ဆိုသည်။]
[သင်သည် ဤပုံရိပ်ယောင် ကမ္ဘာကို အချိန် အတော်ကြာကတည်းက စူးစမ်းလိုခဲ့သည်။ သို့သော်လည်း အင်အား မလုံလောက်ခြင်းကြောင့် အမြဲတစေ သတိထားတတ်သော သင်သည် လုံခြုံစွာ ကစားရန် ဆုံးဖြတ်ခဲ့သည်။]
[နောက်ပိုင်းတွင် ခွေးကောင်ကျုံးသည် ဤပုံရိပ်ယောင် ကမ္ဘာမှ လာကြောင်း သင် သိရှိခဲ့ရသောကြောင့် သင့်ကို ပို၍ပင် သတိကြီးလာစေခဲ့သည်။]
[သို့သော် ယခုအခါ သင်၏ ကျင့်ကြံမှု အဆင့်သည် နတ်ဘုရား အင်အားနယ်ပယ်၏ မဟာပြည့်စုံခြင်းသို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် ဤပုံရိပ်ယောင် ကမ္ဘာကို စူးစမ်းရန် သင့်တွင် ယုံကြည်မှု ရှိနေခဲ့သည်။]
[သင်၏ မှတ်ဉာဏ်ထဲရှိ နေရာ ညှိနှိုင်းချက်များ အတိုင်း ကျိုတိုမြို့ အပြင်ဘက်ရှိ ပုံရိပ်ယောင်ကမ္ဘာ အခြေစိုက်စခန်းသို့ ရောက်ရှိလာခဲ့သည်။သင်၏ မှတ်ပုံတင်ကို ပြသပြီးနောက် “ဥပဒေ အဆုံးသတ်ခေတ်” ပုံရိပ်ယောင် ကမ္ဘာထဲသို့ အောင်မြင်စွာ ဝင်ရောက်ခဲ့သည်။]
(မှတ်ချက်။ ဤပုံရိပ်ယောင် ကမ္ဘာ၏ အသေးစိတ် အချက်အလက်များကို အခန်း ၃၆ တွင် ဖတ်ရှုနိုင်ပါသည်။)
…