ဥပဒေ အဆုံးသတ်ခေတ် ပုံရိပ်ယောင် ကမ္ဘာထဲသို့ ဝင်ရောက်ခြင်း၊ ခွေးကောင် ကျုံးကို ထပ်မံ တိုက်ခိုက်ခြင်း! (5k)_၂
Vol. 15 Ch. 207
“ဟိုကောင်က လျှို့ဝှက်အေးဂျင့် လုပ်ရင်းနဲ့ ဒုတိယဂိုဏ်းချုပ် ဖြစ်သွားတယ်? နောက်ထပ် ဆယ်စုနှစ် အနည်းငယ်ထိ ဒီလို ဆက်သွားရင် သူဌေးကြီးတောင် ဖြစ်လာဦးမလား မသိဘူး!”
စုရှင်း ခေါင်းအနည်းငယ် ခါယမ်းလိုက်သည်။ သို့သော်လည်း ထိုကိုယ်ခံပညာ ကျင့်စဉ်တွင် ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဥ်၏ အစအနများ ပါဝင်နေသည်ကို တွေ့ရှိရသည်မှာ ဤပုံရိပ်ယောင် ကမ္ဘာတွင် ရှေးခေတ် ကျင့်ကြံသူများ၏ အမွေအနှစ်များ ပါဝင်နေကြောင်း စုရှင်း၏ ယုံကြည်ချက်ကို ပိုမို ခိုင်မာစေခဲ့သည်။
“ဝိညာဉ်စွမ်းအင်တွေ ပျောက်ကွယ်သွားတယ်၊ ချီကျင့်ကြံသူတွေ ကွယ်ပျောက်သွားတယ်… ဒါပေမဲ့ ကျင့်ကြံသူတွေ ချန်ထားခဲ့တဲ့ ရတနာတွေနဲ့ ကျဉ့်စဉ်တွေကိုတော့ ရှာတွေ့နိုင်ဦးမှာပဲ!”
ထိုကဲ့သို့ တွေးမိတော့ စုရှင်း၏ ရင်ထဲ အနည်းငယ် ပျော်ရွှင်သွားသည်။
ယင်းသည် ကျင့်ကြံခြင်း အမွေအနှစ်များ ပြည့်နှက်နေသည့် ကမ္ဘာပင်။ နှစ်ပေါင်းများစွာ ကြာလာပြီးနောက် အများကြီး ပျက်စီး ယိုယွင်းသွားခဲ့သော်လည်း ကျန်ရှိနေသည့် အရာများကပင် စုရှင်းအတွက် လုံလောက်သည်ထပ် ပိုနေပြီ ဖြစ်သည်။
ထိုအတွေးနှင့်အတူ စုရှင်းသည် သရုပ်ပြခြင်း ဖန်သားပြင်အား မျှော်လင့်တကြီး ကြည့်လိုက်သည်။
[သင် အကြိမ်ကြိမ် သုတေသန ပြုပြီးနောက် ဤသွေးပြန်ကြော ကျင့်စဉ်သည် ကိုယ်ခံပညာ နည်းစနစ်တစ်ခု လုံးဝ မဟုတ်ဘဲ၊ တကယ့်ကို ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်တစ်ခု ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။]
[အရိုး မာကျောခြင်း နယ်ပယ်သည် အမှန်တကယ်တော့ ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်ကြံသူ၏ ပထမအဆင့် ဖြစ်သော စင်ကြယ်ခြင်း အဆင့်ဖြစ်ပြီး၊ သွေးပြန်ကြောများကို ကျင့်ကြံကာ ရုပ်ခန္ဓာကို သန်မာစေခြင်း ဖြစ်သည်။]
[ဤကျင့်စဉ်တွင် အတွင်းအားကို မည်သို့ ထိန်းချုပ်၍ ရုပ်ခန္ဓာကို မြှင့်တင်ကာ နောက်ဆုံးတွင် မဖျက်ဆီးနိုင်သော အခြေအနေသို့ ရောက်အောင် လုပ်ဆောင်ပုံကို ဖော်ပြထားသည်။]
[ဤသွေးပြန်ကြော ကျင့်စဉ်၏ အဆင့်သည် မမြင့်မားလှပါ။ ပြီးပြည့်စုံအောင် ကျင့်ကြံနိုင်လျှင်ပင် ခွန်အားအရ အရိုး မာကျောခြင်း နယ်ပယ်နှင့် ညီမျှမည်ဟု ခန့်မှန်းရသည်။]
[သင့်ကို အံ့အားသင့်စေသည်မှာ ဤကျင့်စဉ်တွင် ဖော်ပြထားသော အတွင်းအားသည် သင်သိရှိထားသော မူလစွမ်းအားနှင့် အလွန် ဆင်တူနေခြင်းပင်။]
[ဤဆက်စပ်မှုကို စူးစမ်းရန် သင်သည် ပိုမို အဆင့်မြင့်သော ကျင့်စဉ် တစ်ခုကို ရှာဖွေလိုခဲ့သည်။]
[သို့သော် လျှို့ဝှက် ကိုယ်စားလှယ်က သင့်အား ပထမအဆင့်ထက် မြင့်မားသော ကိုယ်ခံပညာ နည်းစနစ်များ ရှိကြောင်း ကောလာဟလများ ရှိသည်ဟု ပြောပြသည်။ ၎င်းတို့ကို မွေးပြီး နှင့် မွေးရာပါ အဆင့်များအဖြစ် ကျင့်ကြံကြသည်ဟု ဆိုသည်။]
[သို့သော် ဤကိုယ်ခံပညာ အဆင့်နှစ်ခုသည် ရွှမ်ဟွမ်ဂိုဏ်း၏ ဂိုဏ်းချုပ်များကြားတွင်သာ ဆက်ခံခဲ့ခြင်း ဖြစ်ပြီး ဂိုဏ်းချုပ် ရာထူးသည် အမြဲတစေ အမွေဆက်ခံသည့်အတွက် သူ မရနိုင်ကြောင်း ပြောပြခဲ့သည်။]
[ပထမအဆင့်ထက် မြင့်မားသော ကိုယ်ခံပညာများကို မရရှိနိုင်ခြင်းက သင် အလွယ်တကူ လက်လျှော့မည်ဟု မဆိုလိုပါ။]
[ထို့ကြောင့် သင်သည် သင်၏ နတ်မျက်စိကို အသုံးပြု၍ အသွင်အပြင်ကို ပြောင်းလဲကာ ရွှမ်ဟွမ်ဂိုဏ်းထဲသို့ ခိုးဝင်ခဲ့သည်။]
[သင်သည် ဂိုဏ်းချုပ်၏ အခန်းရှိ လျှို့ဝှက် အခန်းငယ် တစ်ခုတွင် ဝှက်ထားသော မွေးပြီး ကိုယ်ခံပညာ ကျင့်စဉ် တစ်ခုကို အောင်မြင်စွာ ရှာဖွေတွေ့ရှိခဲ့သည်။]
[သို့သော်လည်း သင်သည် ရွှမ်ဟွမ် ဂိုဏ်းချုပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ သင်သည် သူ့ကို မသတ်ဘဲ သတိမေ့သွားအောင် လုပ်ခဲ့သည်။]
[ထို့နောက် သင်သည် ထို မွေးပြီး ကိုယ်ခံပညာ ကျင့်စဉ်ကို သင်၏ နေအိမ်သို့ ပြန်ယူလာခဲ့သည်။]
[ဂရုတစိုက် လေ့လာပြီးနောက် ဤကျင့်စဉ်သည် ခန္ဓာကိုယ် ကျင့်ကြံမှုကို ကူညီပေးနိုင်သော ဆေးဝါးတစ်မျိုးအဖြစ် မှတ်တမ်း တင်ထားပြီး အရိုး မာကျောခြင်း နယ်ပယ် အထိ ကျင့်ကြံနိုင်ကြောင်း သင် တွေ့ရှိခဲ့သည်။]
[သို့သော် ဤ မွေးပြီး ကိုယ်ခံပညာကျင့်စဉ် က သင့်ကို ကျေနပ်မှု မပေးနိုင်ခဲ့သည်မှာ ထင်ရှားသည်။ သင်သည် ပိုမိုမြင့်မားသော ကိုယ်ခံပညာ ကျင့်စဉ်ကို ရှာဖွေလိုခဲ့သည်။]
[ထို့ကြောင့် သင်သည် ရွှမ်ဟွမ်ဂိုဏ်းထဲသို့ ထပ်မံခိုးဝင်ခဲ့ပြီး အကျိုးအမြတ် ထပ်မံရရှိရန် မျှော်လင့်ခဲ့သည်။]
[မထင်မှတ်ဘဲ ယခုတစ်ကြိမ်တွင် ရွှမ်ဟွမ်ဂိုဏ်းသည် ပြင်ဆင်ထားပြီး ဖြစ်သည်။ ဂိုဏ်းချုပ် ရှိနေသည်သာမက ရွှမ်ဟွမ်ဂိုဏ်း၏ ဝှက်ထားသော မွေးရာပါ ကျွမ်းကျင်သူ တစ်ဦးပါ လှုပ်ရှားလာသည်။]
[သင့်ကို အံ့အားသင့်စေသည်မှာ ဤ မွေးရာပါ ကျွမ်းကျင်သူ သည် အမှန်တကယ် ချီကျင့်ကြံသူ တစ်ဦး ဖြစ်နေခြင်းပင်။ သူ၏ ချီကျင့်ကြံမှုသည် အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်တွင်သာ ရှိသော်လည်း သူ၏ ခန္ဓာကိုယ် ကျင့်ကြံမှုသည် မူလစစ်သည်တော် နယ်ပယ် ကျွမ်းကျင်သူနှင့် နှိုင်းယှဉ်နိုင်သည်။]
[သို့သော်လည်း ဤ မွေးရာပါ ကျွမ်းကျင်သူ ၏ ခွန်အားသည် အားအနည်းဆုံး စစ်ဘုရင် တစ်ဦးနှင့်သာ ညီမျှပြီး သင့်၏ ပြိုင်ဘက် မဖြစ်နိုင်ပါ။]
[ထို့ကြောင့် သင်သည် တစ်ဦးတည်း ရွှမ်ဟွမ်ဂိုဏ်းကို ဝိုင်းရံတိုက်ခိုက်ပြီး ထို မွေးရာပါ ကျွမ်းကျင်သူကို အရှင်ဖမ်းဆီးခဲ့သည်။]
[ထို့နောက် သင်၏ နတ်အာရုံဖြင့် သူ့ကို စစ်ဆေးမေးမြန်းခဲ့ရာ ဤ မွေးရာပါ ကျွမ်းကျင်သူ သည် ရွှမ်ဟွမ်ဂိုဏ်း၏ ယခင် ဂိုဏ်းချုပ်ဖြစ်ကြောင်း သိရှိရသည်။ သူ၏ ဝှက်ထားသော နေရာမှ ရတနာများစွာကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။]
[၎င်းတို့ထဲမှ တစ်ခုမှာ ရွှမ်ဟွမ်ဂိုဏ်း၏ အမွေ ဆက်ခံကျင့်စဉ် ဖြစ်သော မွေးရာပါ ကျင့်စဉ် ရွှမ်ဟွမ်ကျင့်စဉ် ဖြစ်သည်။]
[ရှေးဟောင်း ကျမ်းစာအုပ် များစွာတွင် နက်နဲသော ကိုယ်ခံပညာများကို မှတ်တမ်း တင်ထားပြီး အတွင်းအား အသုံးပြုပုံကို အသေးစိတ် ဖော်ပြထားသည်။ စစ်ဆေးကြည့်သောအခါ ၎င်းတို့သည် ခန္ဓာကိုယ် ကျင့်ကြံသူများ အသုံးပြုနိုင်သော နတ်ပညာများ ဖြစ်သည်ကို သင် တွေ့ရှိခဲ့သည်။]
[၎င်းတို့၏ အဆင့်သည် လောထျန်းဂိုဏ်းမှ အကြီးအကဲ နျိုရော်လီ ပေးခဲ့သော “ကာကွယ်ရေး ဂန်ချီ”ထက် အများကြီး နိမ့်ကျနေသော်လည်း ၎င်းတို့ကို အသုံးပြုနိုင်သည်။]
[ထို့အပြင် သင် ရှင်းရှင်းလင်းလင်း မမြင်ရသော ကျောက်စိမ်း အပိုင်းအစ တစ်ခုလည်း ရှိသေးသည်။]
[ဤကျောက်စိမ်း အပိုင်းအစသည် ကြီးမားသော လျှို့ဝှက်ချက် တစ်ခုကို ဖုံးကွယ်ထားနိုင်သည်ဟု သင့်ရဲ့ ပင်ကိုယ်စိတ်က ပြောပြနေသည်။]
[ထို့ကြောင့် သင်သည် ဤယခင်ဂိုဏ်းချုပ်အား ကျောက်စိမ်းဆွဲပြား၏ ရည်ရွယ်ချက်ကို မေးမြန်းခဲ့သည်။]
[ဂိုဏ်းချုပ်က တွန့်ဆုတ်နေသော်လည်း နောက်ဆုံးတွင် အဓိက သော့ချက်ကို ထုတ်ဖော်ပြောခဲ့သည်။]
[ထိုကဲ့သို့သော ကျောက်စိမ်း အပိုင်းအစသုံးခု စုစုပေါင်း ရှိကြောင်း ကောလာဟလရှိပြီး ထိုအပိုင်းအစ သုံးခုလုံးကို ရှာတွေ့ပါက ရှေးဟောင်း အမွေအနှစ် တစ်ခုကို ရှာဖွေတွေ့ရှိနိုင်ကြောင်း၊ ထိုအမွေအနှစ်တွင် ရှေးခေတ် ချီကျင့်ကြံသူများ၏ လျှို့ဝှက်ချက်များ ဝှက်ထားကြောင်း သူပြောပြသည်။]
[ကျောက်စိမ်း အပိုင်းအစ သုံးခုကို ကိုယ်ခံပညာ ဂိုဏ်းကြီးသုံးခုက ကိုင်ဆောင်ထားသည်။ သုံးခုလုံးကို စုစည်းရန် အတွက် ဂိုဏ်းသုံးခုလုံး ပေါင်းစည်းရမည် ဖြစ်သည်။]
[ဂိုဏ်းသုံးခုသည် နှစ်တစ်ထောင်ကြာအောင် မပေါင်းစည်းသေးသောကြောင့် ၎င်းတို့သည် ထိုအမွေအနှစ်ထဲသို့ တစ်ခါမျှ မဝင်ရောက်ဖူးသေးခြင်း ဖြစ်သည်။]
စုရှင်းသည် ဤနေရာအထိ ဖတ်ပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် မျက်နှာပေါ်တွင် ပြုံးစစအမူအရာ ပေါ်လာသည်။ ထို့နောက် တီးတိုးရေရွတ်လိုက်သည်။
“ဒီ နတ်ဘုရား ကိုယ်ခံပညာခေတ် ပုံရိပ်ယောင်ကမ္ဘာ ရဲ့ လျှို့ဝှက်ချက်က ဒီအမွေအနှစ်ထဲမှာ ပုန်းကွယ်နေတာ ဖြစ်နိုင်တယ်!”
စုရှင်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကော့ညွတ်သွားသည်။
“ဟဟ၊ အင်အားနဲ့ ဖိနှိပ်တာက ပျော်စရာကြီးပဲ! ဂိုဏ်းချုပ်ပဲဖြစ်ဖြစ်၊ မွေးရာပါ ကျွမ်းကျင်သူ ပဲဖြစ်ဖြစ်… လက်ဖဝါးတစ်ချက်ထဲနဲ့ ရိုက်ချပစ်မယ်!”
“နောက်ထပ် ငါလုပ်ရမှာက ကျောက်စိမ်း အပိုင်းအစ သုံးခုကို စနစ်တကျ စုဆောင်းဖို့ပဲ!”
ထိုသို့တွေးရင်း စုရှင်းသည် သရုပ်ပြခြင်း ဖန်သားပြင်ကို ကြည့်လိုက်သည်။
[ကျောက်စိမ်း အပိုင်းအစကို ရရှိပြီးနောက် သင်သည် ဖူရှန့်ဂိုဏ်းသို့ ထွက်ခွာခဲ့သည်။]
[ဖူရှန့်ဂိုဏ်းသည် ရွှမ်ဟွမ်ဂိုဏ်းမှ ကီလိုမီတာ ထောင်ပေါင်းများစွာ ဝေးသည်။ သင်သည် နေ့ရောညပါ ခရီးနှင်ကာ တစ်ရက်နှင့် တစ်ညအတွင်း ဖူရှန့်ဂိုဏ်း တည်ရှိရာမြို့သို့ ရောက်ရှိခဲ့သည်။]
[သင်သည် အသွင်အပြင်ကို ပြောင်းလဲကာ သင်၏ ရောင်ဝါကို ဖုံးကွယ်လိုက်သည်။ ည၏ အကူအညီဖြင့် ဖူရှန့်ဂိုဏ်း တည်နေရာသို့ ရောက်ရှိလာသည်။]
[သင်သည် ဖူရှန့်ဂိုဏ်းချုပ်ကို တစ်ချက်တည်းဖြင့် အနိုင်ယူခဲ့ပြီးနောက် ဖူရှန့်ဂိုဏ်းမှ ဝှက်ထားသော မွေးရာပါ ကျွမ်းကျင်သူ ကို ထွက်ပေါ်လာအောင် ဆွဲဆောင်ခဲ့သည်။]
[သင်သည် ဤ မွေးရာပါ ကျွမ်းကျင်သူကို အရှင် ဖမ်းဆီးနိုင်ခဲ့ပြီး သူ၏ သိုလှောင် မှော်ပစ္စည်းကို ရရှိခဲ့သည်။]
[သိုလှောင် မှော်ပစ္စည်းထဲတွင် သင်သည် ဖူရှန့်ကျင့်စဉ် အမည်ရှိ နတ်စွမ်းရည်တစ်ခု၊ အတွင်းအားကို အသုံးပြုသော ကိုယ်ခံပညာ များစွာနှင့် ထိုကျောက်စိမ်း အပိုင်းအစတို့ကို တွေ့ရှိခဲ့သည်။]
[အောင်မြင်ပြီးနောက် သင်သည် နောက်ဆုံးဂိုဏ်း ဖြစ်သော ချန်ချွန်းဂိုဏ်းသို့ အလျင်အမြန် ထွက်ခွာခဲ့သည်။]
[သို့သော် ချန်ချွန်းဂိုဏ်းနှင့် မိုင်ရာပေါင်းများစွာ ကွာဝေးသေးချိန်တွင် သင်သည် မိုင်တစ်သောင်း ခြေရာခံနည်း မှတစ်ဆင့် ရင်းနှီးသော ရောင်ဝါ တစ်ခုကို ခံစားမိခဲ့သည်။]
…