← Chapters

သူ့ကို နောက်ဆုံး အကြိမ် လာတွေ့လှည့်

Vol. 122 Ch. 1822

သူ့ကို နောက်ဆုံး အကြိမ် လာတွေ့လှည့်

Vol. 122 Ch. 1822

အချိန်က ရေအသွင် စီးဆင်းနေလျက် ရှီပြီး မျက်ရည်စက် ဘယ်လောက်များများကို ကျီချင်းရန် ငိုကြွေးခဲ့ပြီးပြီလဲ ၊ သို့မဟုတ် သူမ၏ ရင်ထဲ ခံစားချက်တို့ ဘယ်လောက်တောင် ရှုပ်ထွေးနေခဲ့ရလဲဆိုတာကို မည်သူကမျှ မသိနိုင်ခဲ့ချေ။

ညအချိန်။

ကျိုးဟိုင်၏ လမ်းတစ်လျှောက် မီးအလင်းရောင်တို့ တောက်ပလာပြီး လမ်းသွားလမ်းလာတို့ကလည်း အတွေးကိုယ်စီနှင့် အလျင်စလို သွားလာ လှုပ်ရှားနေလျက် ရှိသည်။

လူသားတို့၏ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုနှင့် အမုန်းတရားတို့က အချင်းချင်း ပေါင်းကူးမထားသဖြင့် ဤအဆောက်အဦးထဲ အထီးကျန်နေသည့် စိတ်ဝိဉာဏ် တစ်ခု ရှိနေသည်ကို မည်သူကမျှ သတိမထားမိကြချေ။

ဒေါက် ဒေါက် ဒေါက် …

သူမ အလုပ်ပြန်လုပ်တော့မည့် အချိန်မှာပဲ ရုံးခန်းတံခါးခေါက်သံ ထွက်ပေါ်လာသည်။

“ မစ်ကျီရှင့် … စစ်တပ်အရာရှိ နှစ်ယောက် ရှင့်ကို လာရှာပါတယ်….”

“ စစ်တပ်အရာရှိ ဟုတ်လား …”

ကျီချင်းရန် တဒင်္ဂမျှ ကြက်သေသေသွားခဲ့သည်။ ထို အသိုင်းအဝိုင်းနှင့် သူမ ဘယ်တုန်းကမျှ ထိတွေ့ခဲ့ဖူးခြင်း မရှိရာ အဘယ်ကြောင့် သူမကို လာရှာနေရသနည်း။

“ ဝင်ခဲ့ …”

ရုံးခန်း တံခါး ပွင့်လာခဲ့ပြီး အတွင်းရေးမှူးက စစ်ဝတ်ယူနီဖောင်း အရာရှိ နှစ်ဦးနှင့်အတူ အထဲသို့ ရောက်လာသည်။

ကျီချင်းရန် အလျင်အမြန် မတ်တပ်ရပ်၍ ၎င်းတို့နှစ်ယောက်အား ဆိုဖာပေါ်သို့ ထိုင်ရန် ပျူငှာလိုက်သည်။

“ ကျုပ်တို့ မထိုင်တော့ပါဘူး …” တစ်ယောက်က ပြောလိုက်ပြီး “ မိန်းကလေးက ကျီချင်းရန်လား ဆိုတာ ကျုပ်တို့ အတည်ပြုပါရစေ …”

“ ကျွန်မပါပဲ …”

“ ကျုပ်တို့က ကျိုးဟိုင် မြို့စောင့်တပ်ကပါ … ကျုပ်တို့ ဒီနေ့ ဒီရောက်လာတာ မိန်းကလေးကျီကို အသိပေးစရာ ရှိလို့ပါ ….” ယူနီဖောင်းနှင့် အမျိုးသားတစ်ဦးက ပြောလိုက်ပြီး “ လူကြီးမင်းလင်းက အခု ရန်ကျင်း ရောက်နေပါတယ်… သူက မိန်းကလေးကျီကို လာတွေ့စေချင်နေတယ်…”

“ သူက ကျွန်မကို လာတွေ့စေချင်နေတယ် ဟုတ်လား …”

ကျီချင်းရန်၏ ရင်ဘက်ကြီးတစ်ခုလုံး ဗြောင်းဆန်သွားခဲ့၏။ လင်းရီ ဆိုသည့် ထိုနာမည်က သူမ၏ စိတ်ခံစားချက်များအဖို့တော့ တားမြစ်အရာပင်။ သူမရှေ့တွင် မည်သူကမျှ ထိုနာမည် လာပြော၍ မရပေ။

“ ဟုတ်တယ်… မိန်းကလေး လိုက်လာခဲ့နိုင်မယ်လို့ မျှော်လင့်ပါတယ်….”

ကျီချင်းရန် သူမ၏ ခေါင်းအား အသာ ခါရမ်းလိုက်၏။ “ ကျွန်မ တခြား လုပ်စရာ ကိစ္စတွေ ရှိသေးတယ်… အဲ့အကြောင်းတွေ အခု မပြောကြစို့ … ကျွန်မမှာ သွားဖို့ အချိန်မရှိဘူး ….”

နှစ်ယောက်မှာ တစ်ယောက်ကိုယ်တစ်ယောက် လှမ်းကြည့်မိလိုက်ကြ၏။ သူတို့ ရရှိထားသည့် သတင်းအချက်အလက်တွေ အတိုင်းဆိုရင် ကျီချင်းရန် ဆိုသူက လူကြီးမင်းလင်း၏ ချစ်သူပင်။

အကယ်၍ သူမက ဘာစကားမျှ မဆိုဘူး ဆိုလျှင်ပင် ယခုလို အေးတိအေးစက် သွေးအေးသည့် စကားတို့ကိုတော့ မဆိုသင့်ဘူး မဟုတ်လော။

“ ကျုပ်တို့ လက်ခံရရှိတဲ့ အမိန့်က မိန်းကလေးကျီကို ရန်ကျင်း ခေါ်လာခဲ့ဖို့ပါပဲ … တခြားတော့ … ကျုပ်တို့လည်း မသိဘူး … မိန်းကလေးကို ဒီထက်ပိုရှင်းပြရအောင်လည်း ကျုပ်တို့ မတတ်နိုင်ဘူး …”

ကျီချင်းရန်သည် ခေါင်းအား ထပ်မံခါရမ်းလိုက်သည်။

“ စိတ်မရှိပါနဲ့ … ကျွန်မမှာ လုပ်စရာ ကိစ္စတွေ အများကြီး ရှိတယ်… အဲ့ကို ခုချက်ချင်း လိုက်သွားပေးဖို့ ဆိုတာ မဖြစ်နိုင်ဘူး … ပြီးတော့ ကျွန်မတို့နှစ်ယောက်က လမ်းခွဲပြီးသွားပြီ … နောက်ဆို သူနဲ့ ပတ်သက်တဲ့ ကိစ္စတွေ ကျွန်မဆီ လာမရှာပါနဲ့တော့ ….”

“ လမ်းခွဲလိုက်ပြီ ………”

အဆိုပါ သတင်းကို ကြားတော့ အတွင်းရေးမှူး မိန်းကလေးနှင့် အရာရှိ နှစ်ဦးမှာ အလွန်အမင်း အံ့အားသင့်သွားခဲ့ကြသည်။

ဤသည်က သူတို့ မျှော်လင့်မထားခဲ့သည့် တစ်စုံတစ်ရာပင်။

“ ကောင်းပြီလေ… မိန်းကလေးက လိုက်မလာခဲ့ချင်ဘူးဆိုတော့ ကျုပ်တို့လည်း အတင်းအကြပ် မလုပ်တော့ပါဘူး … နှောင့်ယှက်မိတဲ့အတွက် စိတ်မရှိပါနဲ့ …”

“ ရပါတယ် .. ရှင်တို့ နှစ်ယောက်လည်း ပင်ပန်းသွားရပြီ …”

လောကဝတ် စကားတစ်ချို့ ပြောပြီးနောက် အတွင်းရေးမှူး မိန်းကလေးမှ သူတို့နှစ်ယောက်ကို အပြင်သို့ လိုက်ပို့ပေးလိုက်သည်။

ချောင်ရန် အုပ်စု အဆောက်အဦး၏ အောက်ဘက်တွင်တော့ အဖြူရောင်နောက်ခံ ၊ အမည်းရောင် စာလုံးတို့ ရေးသားထားသည့် လမ်းကြမ်းမောင်း ယာဉ်တစ်စင်း ထိုးရပ်ထားသည်။ ကောင်းချုံမှာ ခရီးသည်ထိုင်ခုံတွင် ထိုင်နေပြီး မျက်မှောင်နှစ်ခုအား နာကျင်စွာ ခံစားနေရသည့် အမူအရာဖြင့် စိုးရိမ်ကြောင့်ကြစွာ ပွတ်သပ်နေလျက် ရှိသည်။

မူလတုန်းက သူ ကိုယ်တိုင် လိုက်ပါသွားခဲ့ချင်သော်လည်း အဆုံး၌ ကားထဲမှာပဲ ကျန်နေရစ်ခဲ့ဖို့ ဆုံးဖြတ်လိုက်၏။

သူနှင့် မိုဟုန်ရှန်းက ကျီချင်းရန်ကို ကာကွယ်ပေးဖို့ တာဝန်ယူထားသည်မှာ အချိန်အတော်ကြာပြီ ဖြစ်ပြီး လင်းရီ သူမအား မည်မျှ တန်ဖိုးထားသည်ကို သူတို့တွေ အသိဆုံးပင်။

သို့သော် လင်းရီ မတော်တဆ ဖြစ်ပြီးနောက် သူတို့မှာ ကျီချင်းရန်နှင့် မျက်နှာချင်းဆိုင်ဖို့ မျက်နှာ မရှိတော့ချေ။ ထို့ကြောင့် သူ၏ ရဲဘော်နှစ်ယောက်ကိုသာ စေလွှတ်လိုက်၏။

ထိုအချိန်တွင် သူ့ ရဲဘော်နှစ်ဦးက အဆောက်အဦးထဲက ထွက်လာပြီး ကားထဲ ပြန်ရောက်လာသည်။

“ သူ ရုံးခန်းထဲမှာ မရှိဘူးလား …”

နှစ်ယောက်တည်း သပ်သပ် ပြန်ထွက်လာသည်ကို မြင်တော့ ကောင်းချုံး လှမ်းမေးလိုက်၏။

“ ဥက္ကဌကျီက ကုမ္ပဏီမှာ ရှိတယ်… ဒါပေမယ့် သူက မလိုက်ခဲ့ချင်ဘူး …”

“ ဟင် … သူက မသွားချင်ဘူး ဟုတ်လား …”

ကောင်းချုံတွင် တစ်တော့ သုံးတတ်သည့် အလေ့ မရှိပေ။ ထို့ပြင် ကိစ္စရပ်က လျန်မိသားစု၏ လျင်လျင်မြန်မြန်နှင့် ဖိနှိပ်ခြင်းကို ခံလိုက်ရသဖြင့် လင်းရီနှင့် လျန်ရူရွှယ်တို့၏ ဆက်ဆံရေး ဖော်ထုတ်ခံလိုက်ရပြီဆိုတာကို သူ မသိသေးချေ။

“ ဥက္ကဌကျီ ပြောတာ သူတို့နှစ်ယောက်က လမ်းခွဲပြီးပြီတဲ့ … ဒီကိစ္စ သူနဲ့ မဆိုင်တော့ဘူး .. သူ မသွားချင်ဘူးတဲ့ …”

“ လမ်းခွဲလိုက်ပြီ ……”

ထိုသတင်းကို ကြားတော့ ကောင်းချုံမှာ နေရာ၌ ကြက်သေသေနေမိတော့၏။

ဤသို့ ဖြစ်လာလိမ့်မည်လို့ သူ ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့ချေ။

“ မင်းတို့ကောင်တွေကလည်း မဖြောင်းဖျဘူးလားကွ ….”

“ ကြိုးစားတာပဲ .. ဒါပေမယ့် ဘယ်လိုမှ စိတ်မပါတဲ့ ပုံစံနဲ့ဆိုတော့ ကျုပ်တို့လည်း ဘယ်တတ်နိုင်မှာ ….”

“ ကောင်းပြီ.. သူတို့က လမ်းခွဲပြီးပြီဆိုတော့ ဘာမှ ပြောစရာ မလိုတော့ဘူး …”

“ အစ်ကိုကောင်း … ညစာကို ကျုပ်တို့တွေ တပ်ပြန်စားမလား .. ဒါမှမဟုတ် အပြင်မှာပဲ စားကြမလား …”

“ ဘယ်မှာမှ မစားဘူး … ငါ့ကို လေဆိပ်သာ လိုက်ပို့ပေး … ငါ ရန်ကျင်း သွားမယ်….”

“ အိုကေ …”

ရုံးခန်းထဲ၌ ၊ ကျီချင်းရန်သည် ပြတင်းပေါက်ဘေးနား၌ မတ်တပ်ရပ်နေသည်။ အောက်ရှိ ကားတို့က ပုရွက်ဆိတ်လေးများသဖွယ် သေးငယ်လွန်းလှ၏။

ဤမျှမြင့်သည့် တည်နေရာမှ အောက်ရှိ လူတို့အား မည်သူမည်ဝါ ဖြစ်ကြောင်း ဝေဖန်ပိုင်းခြားဖို့ ဆိုသည်မှာ မဖြစ်နိုင်ပေ။

သို့သော် အရာရှိ နှစ်ဦး ထွက်သွားပြီးကတည်းက ကျီချင်းရန်သည် ထိုနေရာ၌ တစ်ချိန်လုံး မတ်တပ်ရပ်နေခဲ့၏။

သူမ ဘာကို ကြည့်နေလဲဆိုတာတော့ မည်သူမျှ မသိကြချေ။

စိတ်ကုန်ငြီးငွေ့သွားဟန်ဖြင့် …. ကျီချင်းရန်သည် ဆိုဖာပေါ်သို့ ခေါင်းငိုက်စိုက် ချလိုက် ထိုင်လိုက်သည်။ သူမ၏ ရှည်လျားသည့် ဆံနွယ်တို့က လှပသည့် မျက်နှာတစ်ဝိုက်ကို ဖုံးလွှမ်းထားလေသည်။

သူမ၏ နာကျင်မှုများနှင့် အတွင်းဘက်ခြမ်းရှိ ကသောင်းကနင်း စစ်ပွဲတို့က သူမ တောင့်မခံနိုင်တော့သည့် အဆင့်တစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်၏။

သူမ အနားဝန်းကျင်ရှိ လေထုသည်ပင် ပေါင်သောင်းများစွာ အလေးချိန်စီးနေသကဲ့သို့ အသက်ကလေး ရှူရှိုက်ဖို့ကို ခက်ခဲနေစေပြီး မောဟိုက်လာစေတော့၏။

ညဉ့်နက်လာသည်နှင့်အမျှ ၊ အမှောင်ထုကလည်း ကျိုးဟိုင် တစ်မြို့လုံးအနှံ့သို့ ဖုံးလွှမ်းလာသည်။

အင်တိုက်အားတိုက်နှင့် ပြောင်းလဲနေသည့် မြို့ပြကြီးမှာ ထိုအချိန်ရောက်သည်နှင့် အရောင်စုံပြီး မြူးကြွဖို့ကောင်းသည့် သူ၏ ဘက်ခြမ်းကို ဖွင့်ဟလာသည်။

ငယ်ရွယ်နုပျိုသည့် ရှက်ကိုးရှက်ကန်း မိန်းကလေး တစ်ယောက်က သူမ၏ အင်နိုးစန့်သွင်ပြင်ကို ပြည်ဖုံးကားချပြီးသည့်နောက် ဆွဲဆောင်မှုရှိပြီး လှပကြော့ရှင်းသည့် အမျိုးသမီး တစ်ယောက်၏ သွင်ပြင်သို့ ပြောင်းလဲလာသကဲ့သို့ပင်။

ရယ်မောသံများ ၊ ပျော်ရွှင်သံများကြား၌ မြို့ပြကြီးက လူတိုင်းကို ဖန်တီးထားသည့် ပျော်ရွှင်မှုတို့ဖြင့် မွေ့လျော်စေသည်။

သို့သော် ဤအထဲ မည်သည်ကမျှ ကျီချင်းရန်နှင့် သက်ဆိုင်ခြင်း မရှိခဲ့ချေ။

အထီးကျန်ဆန်မှု၊ ကူကယ်ရာမဲ့မှုက လှပသော ညချမ်းတစ်ည၏ ပုံပန်းချီ ကားချပ်အတွင်း၌ သူမကိုယ်သူမ ခွဲထုတ်ခံထားရသည်ဟု ခံစားနေခဲ့ရ၏။

သူမ … ဤကမ္ဘာလောကကြီးတစ်ခုလုံးထဲကနေ ကွဲထွက်နေသည်ဟု ခံစားနေရသည်။

ချောင်ရန် အုပ်စု အဆောက်အဦးအတွင်းရှိ မီးအလင်းရောင်တို့ တဖြည်းဖြည်း မှိန်သွားခဲ့ပြီး နောက်ကျသည့် အချိန်အထိ ကုမ္ပဏီ၌ အလုပ်ဆင်းသည့် ဝန်ထမ်းများလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်သွားခဲ့ကြသည်။

နောက်ဆုံး၌ ထိပ်ဆုံးလွှာရှိ မီးအလင်းရောင် တစ်ခုသာလျှင် ရစ်ခဲ့လေသည်။

ဒေါက် ဒေါက် ဒေါက် …

ရုံးခန်းတံခါးခေါက်သံနှင့်အတူ အတွင်းရေးမှူး၏ အသံက ကပ်လျက် ပါလာခဲ့၏။

“ ဥက္ကဌကျီရှင့် .. ည ရှစ်နာရီ ကျော်နေပြီ … ရှင် အချိန်ပို ဆင်းနေတာလား …”

“ ပြီးအောင် အဆုံးသတ်ဖို့ စာရွက်စာတမ်း သုံးလေးခုလောက် ကျန်နေသေးလို့ ပြီးမှပဲ ပြန်လိုက်တော့မယ်…”

“ ဒါပေမယ့် ည ရှစ်နာရီ ကျော်နေပြီလေ… တစ်နေ့လုံးလည်း ဘာမှ မစားထားဘူး … ဒီအတိုင်း ဆက်သွားနေရင် ခန္ဓာကိုယ်က တောင့်ခံနိုင်မှာ မဟုတ်ဘူးနော်…”

“ ငါ့ကို စိတ်မပူနဲ့ … နောက်ကျနေပြီကို နင်လည်း ပြန်နှင့်တော့ …”

“ ဥက္ကဌကျီ .. ကျွန်မ ရှင့်ဖို့ တစ်ခုခု ဝယ်လာခဲ့ပေးတယ်… ဒီ တံခါးဝနား ထားခဲ့ပေးတယ်နော်… စားလိုက်ဦး … အဆာခံမနေနဲ့ …”

ကျီချင်းရန် တုံ့ပြန်လာခြင်း မရှိပေ။ ယခု အချိန်၌ သူမ စကားလေးတစ်ခွန်းပင် ပြန်ပြောလိုစိတ်တို့ ကုန်ခမ်းနေခဲ့၏။

သူမ ခေတ္တခဏ ….. တစ်ယောက်တည်း နေလိုသည်။

အတွင်းရေးမှူးမှာ စိတ်အတွင်း၌သာ သက်ပြင်းချလိုက်သည်။ သူမ ကျီချင်းရန်ဘေးနား ရှိနေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီး ဖြစ်သော်လည်း ယခုလို ပုံစံမျိုးဖြစ်နေသည်ကို မြင်တွေ့ရသည်ကတော့ ပထမဆုံး အကြိမ်ပင်။

သို့သော် သူမတွင် ရွေးချယ်စရာ မရှိပေ။ ဖြစ်ပျက်ခဲ့ပြီးသည့် အရာများအားလုံး ကျေညက်သည်အထိ ဖြည်းဖြည်းချင်း အချိန်ပေးပြီး ချေဖျက်ဖို့လိုသည်။ မည်သူကမျှ ကူညီပေးနိုင်မှာ မဟုတ်ချေ။

ကလင် ကလင် ကလင် …

ဆိတ်သုဉ်းမှုက ကြီးစိုးနေပြီး အချိန်တို့ မည်မျှကြာအောင် ကုန်ဆုံးသွားခဲ့မှန်း မသိသည့်နောက်တွင် ဖုန်းသံတစ်ခုက တိတ်ဆိတ်နေသည့် ရုံးခန်းထံ ပျံ့လွင့်လာသည်။

ဧရာမ အနက်ရောင် ပိတ်ကားလိုက်ကာကြီးမှာ သတိပေးခြင်း အလျဉ်းကင်းစွာဖြင့် စုတ်ဖြဲခံလိုက်ရသည့်နှယ် ကျီချင်းရန်ကို လက်တွေ့ အစစ်အမှန် ကမ္ဘာကြီးသို့ တစ်မဟုတ်ချင်း ပြန်လည် ရောက်ရှိလာစေတော့သည်။

သူမ ရင်မဆိုင်လိုသည့် ကမ္ဘာကြီး တစ်ခုကိုပင်။

ဖုန်းနံပါတ်ကို မြင်တော့ ဟော်ယွမ်ယွမ်၏ နံပါတ်ဖြစ်သည်ကို သတိထားမိလိုက်သည်။

သူမ မျက်နှာကို လက်နှစ်ဖက်သို့ ဖုံးအုပ်ထားပြီး ဖုန်းခေါ်ဆိုလာမှုကို ငြင်းပယ်လိုက်သည်။

ယခုအချိန်၌ သူမ စကားလည်း မပြောချင်သလို ဘာစကားသံကိုမှ နားထောင်လိုစိတ် ရှိမနေပေ။ ယုတ်စွ အဆုံး လေတိုးသံကိုပင် မကြားလိုခဲ့ချေ။ သူမ တိတ်တိတ်ဆိတ်ဆိတ်လေးသာ နေလိုခဲ့၏။

ထိုသို့သော နည်းလမ်းမျိုးဖြင့် ကမ္ဘာကြီးကနေ လွတ်မြောက်လိုနေသည်။

ရှည်လျားသည့် ညတာက သူမကို အတိတ်၏ မရေမတွက်နိုင်သည့် မှတ်ဉာဏ်များဆီ အမြဲတမ်း ပြန်လည် တမ်းတ အမှတ်ရစေသည်။ သူမ ပြန်လည်း မသွားဝံ့သလို ထပ်ပြီးတော့မှလည်း မတွေးတောဝံ့ခဲ့ချေ။

သူမ ထွက်ပြေးဖို့သာ တတ်နိုင်သည်။

သို့သော် ဖုန်းကို ငြင်းပယ်ပြီးသည့် အချိန်မှာပဲ ဖုန်းသံက နောက်တစ်ကြိမ် မြည်ဟည်းလာခဲ့၏။

ဤတစ်ကြိမ်တွင်တော့ ကျီချင်းရန် ငြင်းပယ်မနေတော့ဘဲ ဖုန်းကိုင်လိုက်သည်။

သို့သော် ဟော်ယွမ်ယွမ်၏ ငိုကြွေး ဝမ်းနည်းသံကို ဦးစွာ ကြားလိုက်ရလေသည်။

“ အစ်မကျီ ……..”

ဟော်ယွမ်ယွမ်သည် နှာတရှုံ့ရှုံ့နှင့် ကောင်းကင်ကြီး ပြုတ်ကျလာသကဲ့သို့ ထိန်းချုပ်မရနိုင်စွာ ငိုကြွေးနေလျက် ရှိသည်။

ကျီချင်းရန် ထိတ်ထိတ်ပျာပျာဖြစ်သွားခဲ့၏။ ဟော်ယွမ်ယွမ် အဘယ်ကြောင့် ယခုလို ဖြစ်နေလဲဆိုတာကို သူမ နားမလည်ချေ။

“ ဘာဖြစ်တာလဲ … နင် ဘာလို့ ငိုနေတာလဲ …”

“ အစ်မ … နင် ရန်ကျင်းကို လာခဲ့ဖို့ လိုတယ်….”

ဟော်ယွမ်ယွမ်က ပို၍ ကျယ်လောင်စွာ ငိုကြွေးလိုက်ပြီး “ လာပြီး သူ့ကို နောက်ဆုံးတစ်ခေါက် လာကြည့်လှည့် ….”

All Chapters