← Chapters

ဘုရင်ဟောင်း နတ်ရွာစံပြီး မင်းလောင်းအသစ် မြှောက်ချိန်

Vol. 122 Ch. 1828

ဘုရင်ဟောင်း နတ်ရွာစံပြီး မင်းလောင်းအသစ် မြှောက်ချိန်

Vol. 122 Ch. 1828

“ သူတို့က မာမွန်း အဖွဲ့က ဆိုတာ မင်းသေချာလား …”

လင်းကျင်ကျန့်သည် ဆေးလိပ်ပြာအား တောက်ချလိုက်ရင်း အသံကိုနိမ့်ပြီး မေးလိုက်သည်။

“ ဟင့်အင်း .. ငါ ဒီတိုင်း ခံစားမိတာ …” စုန့်ကျင်းမင် ပြောလိုက်ပြီး “ ဒီကိစ္စမှာ လင်းရီက နိုင်ငံခြားသားတွေနဲ့ရော အမေရိကန်တွေနဲ့ရော တိုက်ခိုက်ခဲ့တာ မရှိဘူး … အချိန်အများစုမှာ ပြေးရင်း ၊ ပုန်းရင်းနဲ့ပဲ အချိန်ကုန်နေခဲ့တာ .. ပြီးတော့ သတ္တုရိုင်းက သူပြေးနေတုန်း ပျောက်သွားဖို့ အခွင့်အရေးလည်း များတယ်…”

“ အဲ့လိုမျိုး လုပ်ဖို့ဆိုရင် ရန်သူ့ဘက်ကို ကင်းထောက်နိုင်တဲ့ အတော်လေး မြင့်တဲ့ အစွမ်းအစတွေ လိုတယ်… ငါ သိထားတဲ့ လူတွေထဲမှာဆိုရင် ငါတို့အပါအဝင် ဒီလို စကေးမျိုး ရှိတဲ့လူတွေက လူငါးယောက်ထက် မပိုဘူး …”

Ace of heart က ပြောလိုက်သည်။

“ ဒါပေမယ့် မာမွန်းရဲ့ လူတွေမှာ အဲ့လို အစွမ်းအစမျိုး ရှိတယ်…”

Ace of Spades … နာမည်ရင်းက မီရာ ဖြစ်ပြီး ရွှေအိုရောင်ဆံပင် ၊ အပြာရောင် မျက်ဝန်း၊ ကြဉ်သွယ်သည့် ခါး ၊ ရှည်လျားသည့် ခြေသံတို့နှင့် ပေါက်ကွဲပစ်ချင်စရာ ကိုယ်လုံး ကိုယ်ပေါက်ကို ပိုင်ဆိုင်ထားသည့် အမျိုးသမီး တစ်ယောက်ပင်။ သူမ၏ မျက်ဝန်းတစ်စုံက လူကို ညှို့ငင် ဖမ်းစားနိုင်လောက်အောင် ဆွဲဆောင်မှု ရှိနေပြီး မာဘယ်ဘလက်ဝစ်ဒိုးကဲ့သို့လည်း အေးစက်စက် အရှိန်အဝါတို့အား ထုတ်လွှတ်နေလျက် ရှိလေသည်။ လင်းကျင်ကျန့်၏ အဖွဲ့အစည်းထဲ၌ သူမက ထောက်လှမ်းရေး ကွန်ယက်ကို ဆုပ်ကိုင်ထားသူ တစ်ယောက် ဖြစ်သည်။

“ သူတို့က မာမွန်းအဖွဲ့က မဟုတ်ရင်တောင် ငါတို့တွေ အထင်သေးလို့ မဖြစ်ဘူး …” Ace of Clubs(ညှင်းဖဲ) က ပြောလိုက်သည်။

Ace of Clubs … နာမည်က ဂေဆင်ဖြစ်ပြီး တောင်အာဖရိကမှ နှစ်မီတာနီးပါး အရပ်ရှည်သည့် လူမည်း အမျိုးသား တစ်ယောက်ပင်။ မီရာဘေးရှိ သူ၏ သွင်ပြင်မှာ တောင်အသေးလေး တစ်လုံးအသွင် ပေါက်နေသော်လည်း သတိကြီးသည့် စိတ်ဓာတ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ အေ - အဆင့် ရှိသူ တစ်ဦးဖြစ်ပြီး အဖွဲ့အစည်း၏ မစ်ရှင်များ၌ ရှေ့ကနေ သဲကြီးမဲကြီး တိုက်ခိုက်သူ တစ်ဦးလည်း ဖြစ်သည်။

“ ဒီမှာ အတော်လေး ထူးဆန်းတာ တစ်ခု ရှိတယ်… တကယ်လို့ မာမွန်း အဖွဲ့ကလူတွေ သူတို့ဆီက သတ္တုရိုင်း လုသွားတယ်ဆိုရင် သူတို့ နှစ်ယောက်ကို ဘာလို့ မသတ်သွားခဲ့တာလဲ …”

Ace of diamonds (ချွန်းဖဲ) က သူမ၏ အတွေးများကို ထုတ်ဖော်ပြောလိုက်သည်။

“ ဘယ်သူက ဓားပြတိုက်ပြီး လူမသတ်ရလောက်အောင် ကြင်နာနေကြမှာ …”

Ace of Diamonds …. နာမည်က မိုနီကာ ဖြစ်ပြီး သူမက မီရာ၏ ရုပ်ရည်ကိုယ်လုံးကိုယ်ပေါက်နှင့်တော့ ယှဉ်နိုင်စွမ်း မရှိချေ။ လူအုပ်ထဲတွင် သာမန် သွင်ပြင်မျိုးသာ ရှိနေပြီး ဖြတ်သွားဖြတ်လာလူတို့ အာရုံထဲ မှတ်မိနေလောက်မည့် ရုပ်လက္ခဏာမျိုး သူမတွင် ရှိမနေချေ။

သို့သော် သူမက ကမ္ဘာပေါ်ရှိ အထူးချွန်ဆုံးသော ခွဲစိတ်ဆရာဝန်များထဲက တစ်ဦးဖြစ်သည်။ သူမ၏ မှတ်ဉာဏ်က အတော်လေး အားကောင်းပြီး ဓာတ်ပုံ မှတ်ဉာဏ်ကို ပိုင်ဆိုင်ထားသည်ဟုပင် ဆိုနိုင်သည်။ သူမကလည်း အေ - အဆင့် ဖြစ်၏။

မိုနီကာ၏ ထင်ကြေးက တခြားသူများအား တစ်ဖန်ပြန်ပြီး ဝေဖန်သုံးသပ်ကြည့်သွားစေခဲ့သည်။ ထို နိုင်ငံခြားသား တစ်ယောက်ကမျှ လူကောင်းမဟုတ်သည်ကို သူတို့အားလုံး သိကြသည်။

အကယ်၍ သူတို့လက်ထဲတွင် အသက်တစ်ချို့ မရှိထားပြီးခဲ့ပါက သူတို့သည် ကစားပွဲကွင်းပြင်ထဲ၌ အလေးအနက် ထားရလောက်သည့် ကစားသမားအဖြစ် မှတ်ယူခံရမှာ မဟုတ်ချေ။

အထူးသဖြင့် ဘက်စ်သတ္တုရိုင်းကို ခိုးဝံ့ကြသည့် အဖွဲ့အစည်းများ ဖြစ်၏။ အဆိုပါ အဖွဲ့အစည်းများ အားလုံးက ရက်စက်ကြမ်းကြုတ်ပြီး အညှာတာမဲ့ကြသည်။ လူတစ်ယောက်မှ မသတ်ဘဲ သက်ညှာပေးသွားခဲ့သည်က အတော်လေး မဖြစ်နိုင်သည့် ကိစ္စရပ်ကြီးပင်။

ဤကိစ္စတွင် သံသယ ဝင်စရာအချက်တို့က အများအပြား ရှိနေပြီး လင်းကျင်ကျန့်နှင့် ကျန်သူများကို အခြေအနေအား အပြည့်အဝ ဆုပ်ကိုင်နိုင်အောင် ခက်ခဲနေစေတော့၏။

သို့သော် လင်းကျင်ကျန့်အဖို့တော့ … သတ္တုရိုင်းကို ခိုးယူသွားသည့်လူကလည်း ပြဿနာ မဟုတ်ပေ။

ဤကိစ္စ နောက်ကွယ်တွင် ပုန်းကွယ်နေသည့် လက်သည်တရားခံသာလျှင် အရေးပါသည်။

ဆေးရုံကို စောင့်ကြပ်နေကြသည့် လူများအားလုံးက တစ်ညလုံး နိုးကြားနေခဲ့ကြပြီး ဝမ်မိသားစုသည်လည်း ထို့အတူပင်။

ဝမ် သားအဖမှာ နှစ်ယောက်မှာ စာကြည့်ခန်းထဲ စုဝေး၍ သူတို့နှစ်ယောက်၏ မျက်လုံးများကတော့ ပြုံးရိပ်သန်းနေခဲ့ကြသည်။ စားပွဲပေါ်တွင် ဝိုင်နီတစ်လုံးလည်း ရှိသည်။ နှစ်ယောက်မှာ မကြာခဏဆိုသလို စကားပြောရင်း ခွက်ချင်း တိုက်နေခဲ့ကြလေသည်။

ထိုအချိန်တွင် အနက်ရောင် အော်ဒီ A8 တစ်စင်းက ဝမ်မိသားစု ဗီလာဝင်ပေါက်ဝ၌ ထိုးရပ်လာခဲ့ပြီး လီမီသည် သူ၏ အဝတ်အစားများအား သပ်ရပ်အောင် ပြုပြင်၍ စာကြည့်ခန်းထဲ ဝင်လာခဲ့၏။

“ သခင်ကြီး …”

“ ဆေးရုံမှာ အခြေအနေ ဘယ်လို ရှိလဲ …”

“ ချိတ်ပိတ်ထားတယ်… သူတို့လူတွေမှ မဟုတ်ရင် ဘယ်သူမှ အထဲဝင်လို့ မရဘူး …” လီမီ ပြောလိုက်ပြီး “ ဒါပေမယ့် လက်ရှိ အခြေအနေအတိုင်းဆိုရင် မနက်ဖြန် ဈာပနာပွဲ ကျင်းပလောက်တယ်…”

“ နောက်ဆုံးတော့ အချိန်ကျလာပြီပဲ …” ဝမ်ထင်ရှန်း ပြောလိုက်ပြီး “ နောက် ဘာတွေ ဆက်ဖြစ်မလဲဆိုတာ သေချာ စောင့်ကြည့်ထား … လုပေချိန် ဒီကိစ္စမှာ တခြား ဘာတွေ စီစဉ်ထားသေးလဲဆိုတာ ငါ သိချင်တယ်…”

“ နားလည်ပါပြီ…”

“ ပန်းခွေ နည်းနည်းလောက်လည်း ပြင်ပြီး မနက်ဖြန် ပို့ပေးလိုက်ဦး …” ဝမ်မြန် ပြောလိုက်သည်။ “ ဘာပဲပြောပြော မိတ်ဆွေဟောင်းတွေပဲလေ… အခု သူက ထွက်သွားခဲ့ပြီ ဆိုမှတော့ လေးစားမှု တစ်ချို့တော့ ပြပေးရမှာပေါ့ …”

“ မလုပ်နဲ့ ..” ဝမ်ထင်ရှန်း ပြောလိုက်ပြီး “ အဲ့လိုလုပ်လိုက်ရင် သံသယဖြစ်အောင် တမင်ဆွဲဆောင်သလို ဖြစ်သွားလိမ့်မယ်… ဘာမှ မလုပ်ဘဲ ဒီကိစ္စ မသိသလိုပဲ နေလိုက် … သူတို့ လုပ်ချင်တာ လုပ်ကြပါစေ … ဒါ ငါတို့ ဝမ်မိသားစုနဲ့ ဘာမှမဆိုင်ဘူး …”

“ သူ့ကို ကျွန်တော့်လက်နဲ့ ကိုယ်တိုင် မသတ်လိုက်ရတာ နှမြောဖို့ကောင်းတယ်… ပန်းခွေလေးတောင် ပို့ပေးလို့ မရဘူး …”

“ ဘယ်တတ်နိုင်မှာ … လင်းရီရဲ့ အဆင့်က တအား မြင့်တာကိုး … မင်းရဲ့ အန်ကယ်ချိန်သာ နောက်ကနေ အပို နှစ်ချက် မပစ်ခဲ့ဘူးဆိုရင် ဘာကပဲ သူ့ကို သတ်နိုင်မှာလဲ ဆိုတာ ဘယ်သူကသိမှာ …”

ဝမ်ထင်ရှန်းက အတော်လေး သတိကြီးသည့် လူစားမျိုးလို့ ဆိုရလိမ့်မည်။ သူက ဤကိစ္စကို ချို့ယွင်းချက် မရှိလုနီးပါး ပြီးပြည့်စုံစွာ ကိုင်တွယ်သွားခဲ့လေသည်။

သူ့အောက်ကလူများကိုလည်း ဘောင်ပြင်ပသို့ ကျရောက်စေမည့် မည်သည့်လုပ်ရပ်ကိုမျှ ပြုလုပ်ခွင့် မပေးဘဲ သူတို့ကိုယ်သူတို့ အကောင်းဆုံး ဖုံးကွယ်ထားခဲ့ကြသည်။

သို့သော် အစမှ အဆုံးထိတိုင်အောင် သူတို့တွေ တစ်ချက်ကိုတော့ လျစ်လျူရှုခဲ့မိကြ၏။

ဤကိစ္စတွင် အကြီးမားဆုံး ကိန်းရှင်က လင်းကျင်ကျန့်ပင်။ သူက ကျိုးကြောင်းဆီလျော်စွာ ပြုမူနေမည့်လူမဟုတ်ဘဲ စိတ်ထဲ သံသယ ရှိသည့် လူတိုင်းကို ချေမှုန်းပစ်မည့်လူဖြစ်သည်။

“ ထားပါ … သူသေသွားရင်ကိုပဲ ကျွန်တော်လည်း ကျေနပ်ပါတယ်… ကျန်တာတွေက ကိစ္စမရှိပါဘူး …” ဝမ်မြန် ပြောလိုက်ပြီး “ ဒါပေမယ့် ကျုပ် သူ့ကို ဒီလို လွယ်လွယ်နဲ့ ထွက်မသွားစေချင်ဘူး … သေသွားပြီးတာတောင် ဘာအေးချမ်းမှုမှ မရအောင် လုပ်ချင်တယ်…”

…….

ရန်ကျင်း ၊ ချင်မိသားစု။

အရုဏ်တက်တွင် ချင်မိသားစုခေါင်းဆောင် ချင်ရင်လုံသည် ကုတင်ပေါ်တွင် ထထိုင်လိုက်သည်။

လူက အသက်ကြီးလာသည်နှင့်အမျှ အိပ်ချိန်တို့က နည်းလာတတ်ပြီး မနက်ခင်း အစောကြီး နိုးနေတတ်ကြ၏။ ထို့ပြင် မနက်ခင်း စောစီး နိုးလာသည်နှင့် ဘောက်ဆင် လေ့ကျင့်သည့် အကျင့်တစ်ခုကို ပျိုးထောင်ထားခဲ့လေသည်။ ထို့ကြောင့် မနက်ခင်း လေးနာရီ အချိန် ၊ နေလုံး အရှေ့အရပ်မှ စတင် ထွက်ပေါ်လာချိန်၌ ချင်ရင်လုံ ထပြီး ဘောက်ဆင်လေ့ကျင်ကာ သူ၏ စကေးများအား ထက်မြိနေအောင် အမြဲသနေလျက် ရှိသည်။

ကလင် ကလင် ကလင် …

အဝတ်များ လဲပြီးသည့် အချိန်မှာပဲ ချင်ရင်လုံ၏ ဖုန်းသံ မြည်ဟည်းလာသည်။

သူ့လက်ထောက်က ဖုန်းခေါ်လာကြောင်း သတိထားမိလိုက်၏။

“ ဘာကိစ္စလဲ …”

ချင်ရင်လုံ အသံနိမ့်ပြီး မေးလိုက်သည်။ သူ မနက်ခင်းနိုးလာလို့ ဘောက်ဆင်လေ့ကျင့်မည့် လေ့ကျင့်ရေးကို နှောင့်ယှက်မည့် မည်သည့်ကိစ္စမျှ မလိုချင်ပေ။ အာရုံပျက်သွားမှာ စိုး၏။

“ ရန်ကျင်းမှာ မနေ့ညက ကိစ္စအကြီးကြီး ဖြစ်သွားခဲ့တယ် သခင်ကြီး … ကျုပ်တို့ ချင်မိသားစုနဲ့ ရန်ငြိုးရှိထားတဲ့ လင်းရီ သူ သေသွားပြီ …”

“ ဟင် …”

ချင်ရင်လုံ၏ အမူအရာမှာ ချက်ချင်း အေးခဲသွားခဲ့သည်။

“ မင်း ဘာပြောလိုက်တယ်… လင်းရီ သေသွားပြီ ဟုတ်လား …”

“ ဟုတ်တယ်…. စစ်တပ်ထဲက အထက်ကြီးပိုင်း တော်တော်များများလည်း ဒီကိစ္စ သိပြိးကြပြီ … ဒါပေမယ့် လုပေချိန်က လော့ဒေါင်းချထားတယ်…. ကျုပ်တောင် အခွင့်သာလို့ ကြားခဲ့ရတာ …”

“ သူ တကယ်ကြီး သေသွားပြီ …..”

ဤသတင်းက ချင်ရင်လုံဖို့ အတော်လေး မမျှော်လင့်ထားခဲ့သည့် အရာတစ်ခုဖြစ်၏။

သူ အနည်းငယ်ပင် ရှော့ခ်ရမိသွားခဲ့သည်။

ချင်ရင်လုံသည် လင်းရီ အကြောင်းကို အများအပြား သိရှိထားသည်။ လုပေချိန်နှင့် လျန်မိသားစု၏ အားကောင်းသည့် ကျောထောက်နောက်ခံ ပေးထားမှုဖြင့် လင်းရီသည် ဟွာရှအတွင်း၌ အားကောင်းသည့် မဏ္ဍိုင် ပုံရိပ်တစ်ခု ဖြစ်လာမည်မှာ သံသယ ရှိစရာပင် မလိုချေ။

သို့သော် ယခု အကြောင်းမဲ့ သေဆုံးသွားခဲ့သည့် လင်းရီ၏ သတင်းက သူ့နားထဲသို့ ရောက်ရှိလာသည်။ ဤသည်က အင်မတန် အံ့အားသင့်ဖို့ ကောင်းလွန်းလှ၏။

“ ပြီးတော့ကော … တခြား ဘာသတင်းကြားသေးလဲ …”

“ လောလောဆယ်တော့ မရှိသေးဘူး … အားလုံးကို ချိတ်ပိတ်ထားတယ်..” လက်ထောက်က ပြန်ပြောလိုက်သည်။

“ ဒါပေမယ့် ဈာပနာကိုတော့ ဒီနေ့ လုပ်ဖြစ်မယ် ထင်တယ်….”

“ ဟီးဟီး … သွားပြီး သူတို့ ဈာပနာကို ဘယ်မှာ ကျင်းပမလဲ စုံစမ်းလိုက် … ဘယ်လိုပဲဖြစ်ဖြစ် ပန်းခွေနည်းနည်းလောက်တော့ ပို့ပေးရမှာပေါ့ …”

“ ဟုတ်ကဲ့ …”

ချင်မိသားစုအပြင် ရန်ကျင်းရှိ ထင်ရှားကျော်ကြားသည့် အခြား မိသားစုကြီးများလည်း လင်းရီ၏ စွန့်လွှတ် အနစ်နာခံမှု အကြောင်းကို တဆင့်စကား တဆင့်နားဖြင့် အကုန် ကြားသိသွားခဲ့ကြသည်။

လုပေချိန်က သတင်းကို ပိတ်ဆို့ထားဖို့ အမိန့်ပေးထားသော်လည်း အရာအားလုံးကို ပိတ်ဆို့ထားဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။

ဩဇာလွှမ်းမိုးမှု ကြီးမားသည့် မိသားစုကြီးများ၏ သတင်းကွန်ရက်ဖြင့် သတင်းအစအန တစ်ချို့ ကြားမိကြမည်မှာ မလွဲမသွေပင်။

ကျောက်၊ ကူ၊ လုနှင့် စွန်းကဲ့သို့ ယခင် လင်းရီနှင့် အချင်းများ ပြဿနာ ဖြစ်ခဲ့ဖူးသည့် မိသားစု အကုန်လုံးလည်း ထိုသတင်းကို ကြားသိသွားခဲ့ကြသည်။

အချိန်တစ်ခုမျှကြာအောင် ရန်ကျင်းတွင် မုန်တိုင်းက အကြောင်းဖန်ရန် အစပျိုးလာနေပြီး လူတော်တော်များများမှာ သတင်းအချက်အလက်သစ်များကို မျက်ခြေမပြတ် နားစွံ့နေခဲ့ကြသည်။

တစ်ဖက်တွင် လူတော်တော်များက လင်းရီ၏ သတင်းကိုကြားတော့ သူတို့၏ လက်စားချေမှုမှာ ပြီးမြောက်သွားသကဲ့သို့ ခံစားလိုက်ရ၏။

အခြားတစ်ဖက်တွင်တော့ လင်းရီ၏ ဆုံးပါးသွားမှုက လင်းယွင်အုပ်စု၏ ကျဆင်းရာလမ်းကို ဦးတည်နေခဲ့စေလေသည်။

နှစ်တွေအကြာကြီး … သူတို့တွေအားလုံး လင်းယွင်အုပ်စု၏ ထင်ရာစိုင်း လက်ဝါးကြီးအုပ်မှုတို့ကို အသာငြိမ် ရပ်ကြည့်နေခဲ့ကြရသည်။ နှစ်နှစ်ဆိုသည့် အချိန်အတွင်းမှာပဲ ထိုတည်ထောင်စ ကုမ္ပဏီ အသစ်လေးက Semiconductor နယ်ပယ်၏ ဒိတ်ဒိတ်ကျဲ တစ်ပါး ဖြစ်လာခဲ့သည်။

သို့‌သော် သူတို့အုပ်စု၏ ဥက္ကဌ သေဆုံးခြင်းနှင့်အတူ အရာအားလုံးသည်လည်း ဝုန်းခနဲ၊ ခွမ်းခနဲ ထိုးကျသွားဖို့ရာသာ ရှိ၏။

ဤသည်က ဟွာရှ Semiconductor နယ်ပယ်အဖို့တော့ ဧရာမ အကျိုးသက်ရောက်မှုကြီးများအား ဖြစ်ပေါ်လာစေနိုင်သည်။

ဘုရင်ဟောင်းက နတ်ရွာစံသွားခဲ့ပြီး မင်းလောင်းအသစ် တင်မြှောက်ရန် အချိန်ကျလာခဲ့ပြီ ဖြစ်သည်။

ဤသည်က နောက်မှရောက်လာမည့် လှိုင်းသစ်တို့အဖို့ ဧရာမ အခွင့်အရေးကြီး တစ်ရပ်ဖြစ်၏။

လူတိုင်းမှာ စိတ်လှုပ်ရှားမှုကြောင့် မျက်တောင့်တို့ပင် ရဲရဲနီလာနေသည်။

All Chapters