← Chapters

ပြဿနာ လာရှာခြင်း

Vol. 122 Ch. 1829

ပြဿနာ လာရှာခြင်း

Vol. 122 Ch. 1829

မနက်ခင်း အရုဏ်တက် အချိန်။

ရန်ကျင်း၏ မနက်ခြောက်နာရီတွင် မြို့ထဲရှိ လူတော်တော်များများမှာ ကြက်အိပ်ကြက်နိုး နိုးထလာခဲ့ကြ၏။

အန်ကယ် ၊ အန်တီတို့ကလည်း မိမိတို့၏ ခြင်းကိုယ်စီဖြင့် ဈေးသို့ အသီးအရွက်၊ သားငါးများ ဝယ်ရန် ထွက်လာခဲ့ကြသည်။ လမ်းဘေးဝဲယာ နှစ်ဘက်နှစ်ချပ်ရှိ ပျံကျဈေးသည်များ၏ ရောင်းကုန်များအား ကိုင်ကြည့်လိုက် ၊ အောက်ချလိုက်ပြုရင်း ဈေးဆစ်နေခဲ့ကြ၏။

လူငယ်လေး တစ်ဦးမှာ လက်ထဲတွင်ဖုန်းကိုင်ထားရင်း လမ်းတစ်လျှောက် လွယ်အိတ်နှင့် ပြေးလွှားနေကာ ရောက်လာတော့မည့် ဘက်စ်ကားနှင့် မီးရထားကို လွတ်မသွားဖို့ ဆုတောင်းနေခဲ့သည်။

တချို့ကလေးများပင် ၎င်းတို့ မိဘများ၏ အတင်းအကြပ် အိပ်ရာထခိုင်းမှုအောက်၌ မျက်နှာသစ် သွားတိုက်ပြီး အင်္ဂလိပ်စာ မီးနင်းတစ်ချို့ကိုပင် အံနေကြချေပြီ။

အသစ်တစ်ရက်ဆိုသော်လည်း ကမ္ဘာကြီးက မနေ့တနေ့ကနှင့် များစွာ ပြောင်းလဲမသွားသကဲ့သို့ပင်။ လူတိုင်းက သူတို့ကိစ္စ သူတို့ အာရုံစိုက်နေကြပြီး အခြားသူများ၏ ပျော်ရွှင်မှု ၊ ဝမ်းနည်းမှုတို့က သူတို့နှင့် ဘာမျှ မသက်ဆိုင်ခဲ့ပေ။

ပြည်ထောင်စု ဆေးကောလိပ် ၂၂ လွှာရှိ တတိယမြောက် အတွင်းလူနာဌာနတွင်။

တစ်ချို့သော လူ အနည်းငယ်မှာတော့ ဤ အလွှာရှိ လူများက ညတာကို မည်သို့ ကုန်ဆုံးခဲ့ကြောင်း သိနေခဲ့ကြသည်။

လေထုမှာ တိတ်ဆိတ်နေပြီး ရပ်တန့်ခလုတ်ကို နှိပ်ထားသည့် DVD စက်တစ်ခုကဲ့သို့ပင်။

ထိုအခိုက်အတန့်တွင် မည်သည့် ငိုကြွေးသံကမျှ ထွက်မလာခဲ့ချေ။ မျက်ရည်တို့ကလည်း ခမ်းခြောက်သွားခဲ့သည်ဟန် တူသည်။

တစ်ချိန်တည်းတွင် လုပေချိန်နှင့် ကျန်သူများက အခြားသော လူနာခန်းထဲကနေပြီး ထွက်လာခဲ့ကြသည်။

ကျုံးဝေ့ တပ်ဖွဲ့ အသင်း သုံးသင်းရှိ ဒါဇင်ချီသည့် တပ်ဖွဲ့ဝင်များက ကော်ရစ်ဒါတွင် ရှိနေခဲ့ကြပြီး ရှေ့ဆက်ပေးလာမည့် အမိန့်အသစ်ကို စောင့်ဆိုင်းနေခဲ့ကြ၏။

လုပေချိန်မှာ နွမ်းနယ်နေဟန်ရပြီး လျိုဟုန်ကို ကြည့်လိုက်သည်။

“ နောက်ဆက်တွဲ ကိစ္စတွေကို မင်းပဲ ကြည့်စီစဉ်လိုက် …”

“ ကောင်းပြီ…”

လျိုဟုန်သည် လင်းကျင်ကျန့်နှင့် ကျောက်ချွမ်ဖူတို့ နှစ်ဦးကို သွားတွေ့လိုက်သည်။

သူတို့က လင်းရီ၏ အဖေရင်းနှင့် မွေးစား ဖခင်ပင်။

အသေးစိတ် အတိအကျကိုတော့ သူတို့ဆုံးဖြတ်ထားသည့်အတိုင်း လိုက်လုပ်ရုံသာ ရှိသည်။

တစ်ချိန်တည်းတွင် ဝူဖေးယွဲ့က ကျောက်ချွမ်ဖူနောက်တွင် ရပ်နေသည်။ ယခုလို တစ်စုံတစ်ရာ ဖြစ်ပျက်ပြီးသည့်နောက်တွင် သူသည်လည်း မတ်တပ်ရပ်၍ ကူညီပေးရမည် ဖြစ်၏။

“ အချိန်ကျတော့မယ်…. ဈာပနာကားက အဆင်သင့်ပဲ .. တခြား ဘာမှ မရှိတော့ဘူးဆိုရင် သူ့ကို ခေါ်သွားတော့မယ်…”

လင်းကျင်ကျန့်က ဖိတ်မန္တက ပြုသည့် လက်ဟန်အမူအရာကို လုပ်ပြလိုက်သည်။

“ လင်းရီက ခင်များတို့ လက်ထဲမှာ ကြီးပြင်းလာတာဆိုတော့ ခင်များတို့ ထုံးစံအတိုင်းပဲ ကျုပ်တို့ လုပ်မယ်…”

“ အဲ့လိုလုပ်လို့ ဘယ်ဖြစ်မှာ … မင်းက သူ့အဖေရင်းလေ … မင်းကိုယ်တိုင်လည်း ဒီရောက်နေမှတော့ ငါတို့က စွက်ဖက်လို့ ဘယ်လိုလုပ် သင့်မှာလဲ …”

“ ရတယ်.. ခင်များတို့က သူ့ကို နှစ်တွေ အကြာကြီး ပြုစုပျိုးထောင်လာခဲ့ပေးတာ ခင်များက ကျုပ်တို့ထက်ပိုပြီးမှ အရည်အချင်းပြည့်မီတယ်…”

ကျောက်ချွမ်ဖူ၏ မျက်နှာအမူအရာသည် ပူဆွေးမှု အပြည့်နှင့် ဖြစ်နေခဲ့ပြီး ဤကိစ္စတွင် ဆက်ပြီး နှိမ့်ချနေဖို့ အာရုံ ရှိမနေတော့ချေ။

“ ဒါဆိုလည်း ရိုးရိုးရှင်းရှင်းပဲ လုပ်ကြတာပေါ့ … သူ့ ရုပ်အလောင်းကို ဈာပနာခန်းမဆီ ပို့တဲ့အခါကျရင် ငါတို့ သူ့နောက်ကနေ လိုက်လို့ ရမယ်မလား … ငါတို့ …….”

ကျောက်ချွမ်ဖူ သူ၏ မျက်ရည်များအား သုတ်လိုက်ရင်း

“ ငါတို့ သူ့ကို နောက်ဆုံးတစ်ခေါက် လိုက်ပို့ပေးလို့ ရမယ်မလား ….”

“ ပြဿနာ မရှိဘူး .. ကျုပ် စီစဉ်လိုက်မယ်…”

လျိုဟုန်၏ ညွှန်ကြားမှုများအရ ကျုံးဝေ့တပ်ဖွဲ့ဝင်များသည် လင်းရီ၏ မိသားစုထံသို့ လျှောက်လှမ်းလာကြသည်။

၎င်းတို့အား နောက် ဘာဆက်လုပ်မည်ကို ပြောပြပြီးနောက် ခြေလှမ်းအသစ်အား စတင်ကြတော့၏။

သို့သော် ဤလုပ်ရပ်က ပါးလျသည့် ဆပ်ပြာပူပေါင်းအား ထိတို့လိုက်သည့်နှယ်

ကျီချင်းရန်၊ လျန်ရူရွှယ်၊ ချင်ရင်ယွဲ့၊ ဝမ်ချွေ့ပင်း၊ ကောင်နင်ယွဲ့နှင့် ကျန်သူများအားလုံးမှာ တစ်ကြိမ်ပြန်ပြီး မျက်ရည်မြိုင်လာခဲ့တော့သည်။

အကယ်၍ သူမတို့ကိုသာ ဖေးမ မပေးထားဘူးဆိုပါက ပြိုလဲကျသွားခဲ့ပြီမှာ အချိန်အတော်ကြာကတည်းကပင်။

ကြီးမားသည့် လူအုပ်ကြီးနှင့် လင်းရီ၏ အထောက်အထားကြောင့် တော်တော်များများ မလိုအပ်သည့် လုပ်ငန်းစဉ်များကို ကျော်ခွလိုက်တော့၏။

မနက် ခုနစ်နာရီ ဝန်းကျင်တွင် လင်းရီနှင့် ကျိုးလျန်တို့၏ ခန္ဓာကိုယ်များကို ကားထဲသို့ သယ်လာခဲ့ပြီး ဈာပနာခန်းမသို့ မောင်းနှင်လာခဲ့သည်။

ဒရိုင်ဘာအပြင် လင်းကျင်ကျန့် ၊ ချင်ရင်ယွဲ့၊ ကျောက်ချွမ်ဖူနှင့် ဝမ်ချွေ့ပင်းတို့လည်း ကားထဲ လိုက်ပါလာခဲ့ကြလေသည်။

သူတို့အကုန်လုံးက လင်းရီကို နောက်ဆုံးအကြိမ် လိုက်ပို့ပေးဖို့ ရည်ရွယ်ထားခဲ့ကြသည်။

ပိတ်စ အဖြူရောင်ဖြင့် ဖုံးအုပ်ထားသော်လည်း မည်သူကမျှ လှပ်မကြည့်ကြချေ။ အဘယ်ကြောင့်ဆိုသော် မည်သူကမျှ မကြည့်ဝံ့ကြသောကြောင့်ဖြစ်၏။

မနက် ရှစ်နာရီတွင် ကားက ဈာပနာခန်းမသို့ ရောက်လာခဲ့ပြီး စတုရန်း မီတာ ၃၀၀ ကျော် ကျယ်ဝန်းသည့် နှုတ်ဆက် ခန်းမ တစ်ခုလုံးက လူတို့ဖြင့် ပြည့်နှက်နေသည်။

သူတို့ အကုန်လုံးက ခန္ဓာကိုယ်ကို နောက်ဆုံးအကြိမ် အရိုအသေပြု၊ နှုတ်ဆက်ဖို့ ရောက်လာခဲ့ကြခြင်းပင်။

“ မင်း ဘာလို့ ဒီမှာ ထိုင်နေသေးတုန်းလဲ …”

ခန်းမ၏ ထောင့်တစ်နေရာနေ၌ လျန်ချွင်းရှောင်သည် နေကာမျက်မှန် ဝတ်ထားသည့် လင်းကျင်ကျန့်က အခန်း၏ ထောင့်တစ်နေရာ၌ ထိုင်နေသည်ကို မြင်တွေ့တော့ လှမ်းမေးလိုက်၏။

“ ဆူလွန်းတယ်… ခဏလောက် တိတ်တိတ်လေး နေချင်တယ်…”

လျန်ချွင်းရှောင်သည် ၎င်း၏ ပခုံးကို ပုတ်၍ သူ၏ မိတ်ဆွေဟောင်းကြီးအား ကြည့်လိုက်သည်။ သူ့တွင် ပြောစရာ စကားတို့ အရာများစွာ ရှိနေသည်။ သို့သော် အဆုံး၌ စကားလုံးတို့က လည်ချောင်းဝ၌သာ တစ်ဆို့နေခဲ့သည်။ သူ ပြောလိုက်သည့် အရာတစ်ခုကမျှ သင့်လျော်ခြင်း ရှိမှာ မဟုတ်ဟု ခံစားနေခဲ့ရ၏။

ဤ ဘက်စုံ အင်အားကြီးမားနေသည့် လူသည်လည်း သံမဏိနှင့် တည်ဆောက်ထားသည့် ခန္ဓာကိုယ် တစ်ခု မဟုတ်ပေ။ သူလည်း အသွေးနှင့် အသားနှင့်လူပင်။ သူ၏ နှလုံးသားက ယခုအခိုက်အတန့်၌ အခြားမည်သူတို့ထက်မဆို ပိုပြီး ပရမ်းပတာ ဆန်နေနိုင်သည်။

သို့သော် အခြားလူများကဲ့သို့ လဲပြိုချင်တိုင် လဲပြို၍ မဖြစ်ချေ။

တကယ်တော့ လင်းကျင်ကျန့်မှာ အတော်လေး သနားဖို့ကောင်းသည့် လူတစ်ယောက်ပင်။ လင်းရီကို မွေးပြီးသည့်အချိန်၌ နိုင်ငံထဲက အသက်လု ထွက်ပြေးရပြီး မွေးကင်းစ သားကလေးကို မိဘမဲ့ ဂေဟာ တစ်ခု၌ ပစ်ထားခဲ့ရသည်။ လင်းရီ ဆယ်ကျော်သက် အရွယ်သို့ ရောက်သည့် အချိန်တွင်လည်း သူ့မှာ နိုင်ငံရပ်ခြား၌ ခြေကုပ်ယူရန် ကြိုးပမ်းနေရင်း နားခွင့်လည်း မရှိသလို ၊ တွေ့ခွင့်လည်း မသာခဲ့ပေ။ လင်းရီ အရွယ်တစ်ခုသို့ရောက်၍ အောင်မြင်ချိန်၌ ကြည်နူးမိပြီး သူတို့တွေ သားအဖနှစ်ဦးလုံး အထွတ်အထိပ်ရောက်ချိန် ပြန်လည်ဆုံစည်းကြဖို့ မျှော်လင့်ထားခဲ့သော်လည်း လမ်းခုလတ်၌ သူ့သားက သူ့ထက်အရင် ထွက်သွားခဲ့ရလေသည်။

သားဖြစ်သူ၏ ဈာပနာကို တက်ရသည့် မိဘတစ်ဦး၏ ဝမ်းနည်းဖွယ်ကောင်းမှုက မည်သည့်အရာနှင့် တိုင်းတာနိုင်လိမ့်မည်နည်း။

ထိုအချန်တွင် အဝေးတစ်နေရာ တံခါးပေါက်မှနေ၍ အသံတစ်ခုက ပျံ့လွင့်လို့လာသည်။

“ ဒီလို အခမ်းအနားကြီး ရှိတာကို လူကို မဖိတ်ဘူးဆိုတော့ တော်တော် အကျင့်တန်တာပဲ…”

တစ်စုံတစ်ယောက် စကားပြောလိုက်သည့် အသံကို ကြားတော့ လူတိုင်း တံခါးဝသို့ လှမ်းကြည့်မိလိုက်ကြပြီး လူ ဆယ်ယောက်ကျော် အထဲသို့ ဝင်လာသည်ကို မြင်တွေ့လိုက်ရလေသည်။

သူတို့ အကုန်လုံးက အရောင် စူးစူး၊ တောက်တောက် အဝတ်များ ဝတ်စားထားခဲ့ကြပြီး ၎င်းတို့ မျက်နှာထက်တွင် ပူးဆွေးသောကဟူ၍ မြူတစ်မှုန်စာလေးပင် ရှိမနေကြချေ။

ဦးဆောင်လာသူကတော့ ယခင်က လင်းရီ၏ လက်ချက်ဖြင့် ကျင်ငယ်ထွက်ကျအောင် ရိုက်နှက်ခံခဲ့ရသည့် ကျောက်မိုပင်။

၎င်းအပြင် ကူချန်ချွမ် ၊ စွန်းချဲ့ နှင့် လုရွှမ်တို့လည်း နောက်မှ နီးကပ်လာစွာ လိုက်ပါလာခဲ့ကြ၏။

သူတို့ အနောက်ရှိ ဘော်ဒီဂတ်များ၏ လက်ထဲတွင် လွမ်းသူ့ပန်းခြင်းတို့ ကိုယ်စီ ကိုင်ထားကြပြီး လင်းရီ၏ ရုပ်အလောင်းရှေ့၌ အပြုံးလေးဖြင့် သွားချလိုက်ကြသည်။

၎င်းတို့၏ နောက်တွင် ကပ်လျက် လိုက်ပါလာသည်ကတော့ မိသားစုလေးခု၏ အကြီးအကဲများ ဖြစ်ကြ၏။

ကျောက်မို၏ ဖခင် ကျောက်ဟော်…၊ ကူချန်ချွမ်၏ ဖခင် ကူဖန့် …၊ လုရွှမ်၏ ဖခင် လုယွမ်လင် …၊ စွန်းချဲ့၏ ဖခင် စွန်းချွင်ချန်တို့ ကပ်လျက် လိုက်ပါလာခဲ့ကြသည်။

ထိုလူတစ်စု၏ ပေါ်ပေါက်လာမှုက နှုတ်ဆက်ခြင်း ခန်းမအတွင်းရှိ လေထု အခြေအနေကို ထူးဆန်းသွားစေသည်။

အဝါရောင်မြစ်ရေက ပင်လယ်ထဲ စီးဆင်းလာသည့်သဖွယ် ပင်လယ်ပြာကြီးထဲ၌ သိသာသည့် အဆင်းကွာဟမှုကို မြင်တွေ့နေရ၏။

ကျောက်မိုသည် လင်းရီ၏ ရုပ်အလောင်းရှိရာထံသို့ ရောက်လာခဲ့ပြီး လှုပ်ရှားမှု ကင်းမဲ့နေသည့် လင်းရီကို ကြည့်လိုက်သည်။ ထို့နောက် သူ ပြုံးလိုက်၏။

“ ကျွတ် ကျွတ် ကျွတ် လင်းရီ … အိုး လင်းရီ … မင်း ငါ့ကို တကယ် စိတ်ပျက်စေတာပဲကွာ … ဒီကမှ မင်းကို ရန်ငြိုးဟောင်းတွေ ပြန်ချေဖို့ စောင့်နေပါတယ်ဆိုမှ မင်းက သေသွားခဲ့ပြီ … ကောင်းကင်က အမြင်ရှိတယ်ဆိုတာ တကယ်မှန်တာပဲ .. အယုတ်တမာတွေက ငယ်ငယ်လေးနဲ့ သေသွားတတ်ကြတယ်တဲ့ … ကြည့်ရတာ ငါလည်း ဘုရား တရားလေး လုပ်ဦးမှနဲ့ တူပါတယ်… ဗုဒ္ဓကို ပူဇော်ပြီး ကောင်းမှုလေးတွေ များများ လုပ်ဦးမှပါ …” ကျောက်မိုက လှောင်ပြောင်ထေ့ငေါ့သည့် လေသံဖြင့် ပြောလိုက်သည်။

“ မင်း စောက်ပါးစပ်ကို ပိတ်ထားစမ်း …”

လျန်ကျင်းမင်သည် သူ့ဖုန်းဖြင့် ကျောက်မိုကို ကောက်ပေါက်လိုက်ပြီး “ မင်း နောက်တစ်ခွန်း ထပ်ဟရဲရင် မင်းကို သတ်မယ်… မယုံဘူးဆို စမ်းကြည့်လိုက် …”

တစ်ချိန်တည်းတွင် ချင်းဟန်နှင့် ကောင်းကျုံးယွမ်တို့လည်း ရှေ့သို့ တက်လာခဲ့ကြပြီး ကျောက်မိုနှင့် သူ့လူအုပ်စုကို လက်ညိုးထိုး၍ ချင်းဟန်မှ

“ ဒီက ထွက်သွားကြစမ်း … ဒီနေရာက မင်းတို့ကို မကြိုဆိုဘူး …”

ကျောက်မိုမှာ ဒေါသထွက်သွားဟန်ပင် မပြပေ။ သူက ချင်းဟန်နှင့် ကျန်သူများကို မထီမဲ့မြင် မျက်နှာအမူအရာဖြင့် ကြည့်၍ “ ချင်းဟန် … ငါတို့ကောင်တွေ ဒီနှစ်တွေ တစ်လျှောက် ထိပ်တိုက်ရော ၊ နောက်ကွယ်ကရော ယှဉ်ပြိုင်လာခဲ့ကြတယ်… မင်းကိုယ်မင်း ငါတို့နှစ်ယောက်က တကယ်ပဲ အဆင့်တူတွေလို့ ထင်နေလား … ငါက မင်းကို အဖက်မတန်လို့ မတုချင်ရုံပဲကွ …”

ကျောက်မိုသည် စီးကရက်တစ်လိပ်အား မီးထုတ်ညှိလိုက်ပြီး “ လင်းရီ ရှင်နေတုန်းကတော့ ငါ သတိထားသေးတယ်… အခု အဲ့ကောင်က သေပြီ … ငါ မင်းကို စောက်ဂရုစိုက်နေမယ်များ ထင်နေလား … စီးပွားရေး သမားက စီးပွားရေး သမားပါပဲ … ငါ့အတွက် … မင်းက နောက်မှပေါက်တဲ့ ရွှေကြာပဲ … မင်းခွန်အားတွေကို သိမ်းထားလိုက်…”

“ ဖက်ခ်ပဲ….”

ချင်းဟန်နှင့် ကျန်နှစ်ယောက်မှာ အားတောင့်အားနာတွေ ပြုမနေဘဲ အင်္ကျီလက် ပင့်တင်၍ ကျောက်မိုနှင့် တခြားသူများထံ ပြေးဝင်သွားခဲ့ကြတော့သည်။

ဝှစ် ..

သူ့ဘက်က အသာစီးရှိနေသဖြင့် ချင်းဟန်သည် ကျောက်မို၏ မျက်နှာကို လက်သီးဖြင့် ထိုးလိုက်၏။

ကျောက်မို နောက်သို့ လှမ်းအနည်းငယ် နောက်ဆုတ်သွားခဲ့ရပြီး နောက်လှန် လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။

သို့သော် ထိုအခိုက်အတန့်တွင် ကူချန်ချွမ်က ရှေ့သို့ ပြေးတက်လာပြီး ချင်းဟန်ကို ကန်ကျောက်လိုက်၏။

သူက ပရော်ဖက်ရှင်နယ် တစ်ဦးဖြစ်သည်မှာ သံသယ ရှိရန် မလိုပေ။ ချင်းဟန်နှင့် ကျန်နှစ်ဦးမှာ ၎င်း၏ ပြိုင်ဘက် လုံးဝ မဟုတ်ဘဲ တစ်ချက်တည်းဖြင့် နောက်သို့ လွင့်ကုန်ကြ၏။

လျန်ကျင်းမင်နှင့် ကောင်းကျုံးယွမ်လည်း အခြေအနေ မကောင်းလှပေ။ သူတို့တွေ လုရွှမ်နှင့် စွန်းချဲ့ကို မထိနိုင်သေးခင်မှာပဲ ကူချန်ချွမ်၏ လွင့်နေအောင် ပိတ်ကန်ခြင်းကို ခံလိုက်ရသည်။

“ အစ်ကိုချင် …”

ရှောင်ပင်းနှင့်‌ လော့ချီတို့ အပြေးလေး ရောက်လာပြီး သူတို့ သုံးယောက်ကို မတ်တပ်ရပ်နိုင်အောင် ဖေးမပေးလိုက်ကြ၏။

ရှောင်ပင်းသည် ထိုလေးယောက်ကိုကြည့်၍ “ ဒီနေ့က အရေးကြီးတဲ့ နေ့တစ်နေ့မို့ ရှင်တို့တွေ ပြဿနာ မရှာကြပါနဲ့ …”

“ မင်းကိုယ်မင်း ဘာထင်နေလဲ … ဟမ် .. ခွေးမ .. လစ်လိုက်စမ်း …”

ဖြန်း ..

ရှောင်ပင်း လက်မြောက်၍ ကျောက်မို၏ မျက်နှာကို ပါးဖြတ်ရိုက်လိုက်သည်။

All Chapters