အခန်း (၁၅)
Vol. 1 Ch. 15
“အဖေသမီးကို ဖိအားမပေးပါဘူး ဒါနဲ့ဒီတခေါ က်အသစ်ခေါ်ထားတဲ့ အစောင့်၅ဦးက အရည် အချင်းမဆိုးဘူးဆို”
ချန်ထန်းက သမီးဖြစ်သူစိတ်ခုသွားတာကိုသိလို့ စကားလမ်းကြောင်းပြောင်းလိုက်တယ်။
“ဟုတ်တယ် အသက်၂၀ မတိုင်ခင်အဆင့်၆ ရောက်နေတဲ့ ကျင့်ကြံသူနှစ်ဦးပါတယ် နောက် ပြီး အရည်အချင်းရှိတဲ့လူငယ်တဦးကောပဲ”
“ပိုင်လင်းဆိုတဲ့ လူငယ်လေးလား”
“အဖေကအကုန်သိနေတာလား”
“ဟားးး ဒီလုပ်ငန်းစုကြီးတခုလုံးက အဖေ့ရဲ့နား နဲ့မျက်စိတွေပဲလေ မသိပဲနေမလား ဒါနဒ့ငါ့သမီ လို အရမ်းဂျေးများတဲ့သခင်မလေးက အဲ့လူင ယ်အပေါ် တခုခုများမျှော်လင့်နေတာလား”
ချန်ထန်းက သမီးဖြစ်သူကို စနောက်သလိုနဲ့ မေးတယ်။ ချန်ရှင်းကလည်း သူမ အစ်မဖြစ်သူ အနေနဲ့ ဆန့်ကျင်ဘက်အမျိုးသားတဦးကို ချီး ကျူးတာပထမဆုံးကြားရတော့ အထူးအဆန်း ဖြစ်နေပြီး စပ်စုတဲ့သဘောနဲ့ ငေးကြည့်နေတယ်
“တခြားအတွေးမရှိပါဘူး သူကရက်ပိုင်းအတွင်း အဆင့်၇ ပြီးပြည့်စုံကနေ အဆင့်၆ကိုတက်သွား ပြီးတော့ သူလေ့ကျင့်တဲ့တိုက်ခိုက်ရေးပညာက ထူးဆန်းပြီးအရမ်းအားကောင်းတာကို သတိပြု မိရုံပါ”
ချန်ဟယ်ရဲ့မျက်နှာက ဖျတ်ခနဲနီသွားပြီး တဆ က်တည်း ပိုင်လင်းတယောက်ခြံဝန်းထဲလက်ဝှေ့ လေ့ကျင့်နေတဲ့မြင်ကွင်းကို သတိရသွားမိတယ် အများအားဖြင့် ခန္ဓာကိုယ်ကျင့်စဥ်တွေရှားပါး ပြီး လက်သီးတွေအပြင် ဒူးနဲ့ဦးခေါင်းတိုက်ချ ကိတွေပါသုံးနေတဲ့ တိုက်ခိုက်ရေးနည်းလမ်း တွေကသူမအတွက်တော့ အသစ်အဆန်းဖြစ် နေတယ်။
“တပတ်အတွင်း အဆင့်၇ ပြီးပြည့်စုံကနေ အဆ င့်၆ အစောပိုင်းကိုတက်သွားတာလား”
ချန်ထန်းက မယုံနိုင်ဟန်နဲ့မေးတယ်။ ပါရမီရှင် တွေက အဆင့်တက်မြန်တယ်ဆိုပေမယ့် အဆ င့်သေးတခုတက်ဖို့ လအချို့ကြာမြင့်နိုင်တာကို သတိပြုရမယ်။
“ဟုတ်တယ် သမီးသူ့ကိုစစ်ဆေးတုန်းက အဆင့် ၇ ပြီးပြည့်စုံမှာရှိနေတာ သေချာတယ် နောက်ခ ရီးမထွက်ခင် သတိထားလိုက်တော့အဆင့်၆အ စောပိုင်းကိုရောက်နေပြီ နောက်ပြီးသူ့ကိုယ်ကချီ ဓာတ်ကိုထိန်းချုပ်ထားတာက တကယ့်ပညာရှင် တဦးလို့တောင်ထင်မှတ်ရတယ်”
ချန်ဟယ်က သူမမြင်ထားတဲ့အကြောင်းတွေကို ပြောပြလိုက်တယ်။ ကျိဖေးနဲ့ရှန်ယုလို အဆင့်၆ တွေရှိပေမယ့် လူသစ်တွေထဲ သူမမျက်လုံးထဲဝ င်တာက ပိုင်လင်းပဲ။ အနေထိုင်တည်ငြိမ်ပြီး မျက်လုံးတွေက ကြည်လင်နေတာကိုသတိထား မိတယ်။
“ဟုတ်ပြီ သမီးသူ့ကိုစောင့်ကြည့်ထားလိုက် ဒါ ပေမယ့် သမီးသိထားရမှာက အဖေတို့ကခွန်အာ တခုတည်းကိုပဲ ကြည့်လို့မရဘူး သူ့ရဲ့စိတ်ဓာတ် နဲ့ခံယူချက်ကိုလည်း စောင့်ကြည့်ဖို့လိုတယ် အ ကုန်အဆင်ပြေတယ်ဆိုရင်တော့ သမီးရဲ့ကိုယ် ရေးသက်တော်စောင့်အနေနဲ့ အဖေလက်ခံပေး မယ် ဟုတ်ပြီလား”
“သမီး.. သမီးအတွက်ကျတော့ကော..”
ချန်ထန်းရဲ့စကားကို ချန်ရှင်းကဝင်ထောက်တ ယ်။ သူမလေးက အသက်၁၂ နှစ်ဆိုပေမယ့်က လေးစိတ်မကုန်သေးပဲ နေရာအများစုမှာအစ်မ ဖြစ်သူကို ပြိုင်ဆိုင်လေ့ရှိတယ်။
“ဟေ.. သမီးကကော သက်တော်စောင့်လိုချင် လို့လား”
“ဟွန့် အဖေက မမကိုပဲအကုန်လုပ်ပေးနေတာ လုံးဝမတရားဘူး”
“ဟားးးးး”
“ခိခိခိ…ခိခိခိ”
ချန်ထန်းနဲ့ ချန်ဟယ်တို့ ချစ်ရာကောင်းအောင် စိတ်ဆိုးဟန်ပြနေတဲ့ ချန်ရှင်းကိုကြည့်ပြီးသ ဘောကျစွာ ရယ်နေခဲ့တယ်။ ချန်ရှင်းလေးက ချန်ဟယ်ကုန်သွယ်ရေးတခုလုံးရဲ့ အသည်း ကျော်ဖြစ်ပြီး လင်းသခင်မကြီးရှိစဥ်ကဆိုရင် သူမလေးက ချန်ထန်းထက်တောင် ပိုအာဏာ ကြီးခဲ့တာပါ။
…………………………………………………