← Chapters

အခန်း (၁)

Vol. 1 Ch. 1

အခန်း (၁)

Vol. 1 Ch. 1

ခရစ်နှစ် ၂၀၇၅

ကမ္ဘာကြီးက မငြိမ်းချမ်းမှုတွေနဲ့ပြည့်နေပြီး စစ် ပွဲတွေ ဖုံးလွှမ်းနေခဲ့တယ်။ နိုင်ငံတိုင်းကစစ်မျ က်နှာပြင်ဖြစ်နေပြီး ကမ္ဘာ့လူဦးရေတဝက်ခန့်က စစ်ပွဲကြောင့်ပျောက်ကွယ်သွားခဲ့ပြီး ကျန်ရှိနေ တဲ့လူတွေကလည်း စစ်ပွဲကိုကြံ့ကြံခံရင်ဆိုင်နေ ကြရတာပါပဲ။

အထူးသဖြင့် အင်အားကြီးနိုင်ငံများနဲ့မတူ အင် အားငယ်နိုင်ငံလေးများက စစ်ပွဲရဲ့အမြောက် စာဖြစ်သွားခဲ့ကြပြီး ငယ်ရွယ်တဲ့အရင်းအမြစ် တွေကလည်း ရှေ့တန်းစစ်မျက်နှာပြင်မှာ ကြယ် တွေလိုတဖြုတ်ဖြုတ် ကြွေဆင်းနေကြရတယ်။

ထိုအရာက အလွန်ဝမ်းနည်းဖွယ်ကောင်းပေမဲ့ လက်တွေ့မှာတော့ အမှန်တရားတခုပါပဲ။ မည် သူကမှ ကမ္ဘာဖျက်စစ်ပွဲမဖြစ်စေလိုပေမယ့် တ ကယ့်အဖြစ်ပျက်ကို ရင်ဆိုင်ရချိန်မှာတော့ လ က်သင့်ခံလိုက်ရုံကလွဲပြီး ရွေးချယ်စရာရှိမနေခဲ့ ဘူး။

ကမ္ဘာစစ်ဘယ်က စဖြစ်သလည်း။

လွန်ခဲ့တဲ့ နှစ်၂၀ လောက်က အင်အားကြီးနိုင်ငံ နှစ်ခုရဲ့ ကုန်သွယ်ရေးစစ်ပွဲကနေစတင်ခဲ့ပြီး မ ထင်မှတ်တဲ့အပြောင်းအလဲတွေ စတင်လာတယ် ကုန်သွယ်ရေးစစ်ပွဲဆိုတာက နိုင်ငံတွေကြားဆ က်ဆံမှုကို ပြဆိုပြီးကမ္ဘာ့အင်အားကြီးနိုင်ငံတွေ က အရင်းအမြစ်ဖြစ်စေ အခြေခံစားသောက် ကုန်ဖြစ်စေ စက်ပစ္စည်းနဲ့ ခေတ်မီကိရိယာကစ အရာအားလုံးကို ချုပ်ကိုင်နေခြင်းဖြစ်တယ်။

အရှေ့အာရှနဲ့ ဥရောပတဝှမ်း ဖြစ်ပေါ်နေတဲ့ဖိ အားတွေကစပြီး ကုန်သွယ်ရေးကြောင့် အချို့ နိုင်ငံတွေပြိုလဲခြင်းကို ဖြစ်စေတယ်။ နောက်ဆ က်တွဲအနေနဲ့ ထိုအချင်းအရာက စစ်ပွဲကိုသယ် ဆောင်လာလေသလား။

ပိုင်လင်းဆိုတဲ့ လူငယ်လေးတယောက်။

ထိုလူငယ်လေးက ပူပူနွေးနွေးဘွဲ့တခုရထားပြီး သာမန်ရုံးဝန်ထမ်းဘဝကို ကျင်လည်နေရင်း စစ် ပွဲကြီးက ဆွဲခေါ်သွားခဲ့တယ်။ ထိုအတွက်မိဘမဲ့ ကောင်လေးတယောက် စစ်မြေပြင်ကိုရောက် လာရတယ်ဆိုပါတော့။

“ပိုင်လင်း…. ညကျမင်းကင်းချိန်ရှိတယ်”

တပ်ကြပ်ကြီးရဲ့ စကားသံက အတွေးထဲမြောနေ တဲ့ပိုင်လင်းကို လှုပ်နိုးလိုက်တယ်။

“ဟုတ်ကဲ့.. ကျတော်သိထားပြီးပါပြီ”

“ကောင်းတယ် ငါတို့က ရှေ့တန်းစစ်မျက်နှာပြင် နဲ့နီးတော့ ကင်းချိန်ကအရေးကြီးတယ် မပေါ့ လျော့နဲ့ကောင်လေး”

တပ်ကြပ်ကြီးက ပိုင်လင်းကို အထူးသတိပေး ပြောဆိုလိုက်တယ်။ ပိုင်လင်းတို့တပ်စခန်းက နိုင်ငံစစ်မျက်နှာပြင်တခုရဲ့ ရှေ့တန်းစစ်မျက်နှာ ပြင်အနီးဆုံးမှာရှိပြီး ထောက်ပို့တပ်တခုဖြစ်ပေ မယ့် ရံဖန်ရံခါမှာ တဖက်ရန်သူတပ်တွေဘက်က လက်နက်ကြီးပစ်ခတ်မှုကို ကြုံရတာကြောင့် တပ်သားတွေက ကင်းချိန်မှာ သတိအပြည့်နဲ့ စောင့်ဆိုင်းကြရတာ ထုံးစံပင်။

ပိုင်လင်းက ခေါင်းညိတ်ပြလိုက်တော့ တပ်ကြပ် ကြီးလည်း ကျေနပ်စွာဖြင့် ထွက်ခွာသွားတယ်။ ရဲဘော်တွေအတွက် လူပျိုဆောင်ယာယီတဲအ တွင်းမှာတော့ ပိုင်လင်းတယောက် စစ်ပွဲကိုညည် ညူနေရင်း ညကင်းအတွက်လိုအပ်မယ်ထင်တဲ့ အရာတွေကို ပြင်ဆင်နေတယ်။

လက်နက်အပြည့်အစုံ ဝတ်ဆင်ပြီးညအတွက် မုန့်အနည်းငယ် ယူဆောင်ရမယ်။ ပြီးတော့ ကင် ချိန်က ညနက်တဲ့အတွက် စစ်တပ်သုံးခြုံစောင် တခုလည်း လိုသေးတယ်။ ပိုင်လင်းက လိုအပ် မယ်ထင်တဲ့ အသုံး​ဆောင်အားလုံး အိတ်ထဲထ ည့်ပြီးချိန်မှာတော့ ညနေစောင်းကို ရောက်သွား ခဲ့ပြီ။

ပိုင်လင်းလည်း ရေချိုးသန့်စင်ဖို့ စစ်တပ်သုံး ဘောင်းဘီတိုကိုပြောင်းလဲ ဝတ်ဆင်ပြီးတကိုယ် ရေသုံး သန့်စင်ပစ္စည်းများကိုထုတ်ယူပြီး စမ်း ချောင်းငယ်လေးဆီ ထွက်လာတယ်။ စစ်တပ် က ရဲဘော်တွေအတွက် ဆပ်ပြာ မျက်နှာသုတ်ပု ဝါကအစ ထောက်ပံ့ပေးထားပေမယ့် ထိုအရာ တွေက အလွန်အရည်အသွေးညံ့တဲ့ ပစ္စည်းတွေ ဖြစ်နေတတ်တယ်။

ဥပမာ မျက်နှာသုတ်ပုဝါရဲ့ မျက်နှာပြင်က ကြမ် တမ်းတဲ့ပုံစံရှိပြီး ကိုယ်တိုက်ဆပ်ပြာဆိုတာက လည်း အိမ်လုပ်ဆင်ချေးတုံးဆပ်ပြာလို အကြမ် ထည်ဆန်လွန်းပြီး ခန္ဓာကိုယ်ရဲ့နူးညံ့တဲ့မျက်နှာ ကိုတိုက်ဖို့ မသင့်တော်လှဘူး။ ဒါပေမယ့်သူ့မှာ ရွေးချယ်စရာမရှိချေ။ သင်တန်းကာလမှာသုံးခဲ့ တဲ့အတွက် မျက်နှာသစ်ဆပ်ပြားနဲ့ ကိုယ်တိုက် ဆပ်ပြာမွှေးတွေ ကုန်ခမ်းသွားတာကြောင့် ဒီလို စုတ်ပြတ်နေတဲ့ တပ်မတော်သုံးပစ္စည်းတွေသုံး နေရတာလို့ သူထင်တယ်။

ပိုင်လင်းတို့လို ရဲဘော်တွေအတွက် တောအတွင် ရေချိုးတဲ့ ချောင်းတခုရှိတယ်။ ရေက ကြည်လ င်ပြီး အနက်ကတော့ လူကြီးပေါင်ဝက်ထိနက် တော့ ရေကူးလို့မသင့်လျော်ပေမယ့် ရေချိုးဖို့ အတွက်လောက်ကတော့ အဆင်ပြေပါတယ်။ ပိုင်လင်းလည်း ပုခုံးပေါ် မျက်နှာသုတ်ပုဝါကြမ် ကိုတင်ပြီး လမ်းတလျှောက် စခန်းထဲကရဲဘော် အချို့ကို ယဥ်ကျေးစွာပဲ နှုတ်ဆက်စကားဆို ရင်း ထွက်လာတယ်။

ချောင်းကိုရောက်တော့ ချောင်းစပ်မှာပါလာတဲ့ ဆပ်ပြာကြမ်း သွားတိုက်တံနဲ့သွားတိုက်ဆေးတို့ ကို မျက်နှုသုတ်ပုဝါး ရေလဲအဝတ်နဲ့အတူချလို က်ပြီး ချောင်းထဲ ဖြေးလေးစွာဆင်းသွားတော့ တယ်။

အားး

“အေးတယ်ဟ..”

ချောင်းရေက ညသိပ်ထားတဲ့ကျောက်ဆည်ရေ လိုအေးစက်နေပြီး ချွေးပေါက်တွေကတဆင့် ခန္ဓာကိုယ်ကို ဖြတ်သန်းသွားချိန်မှာတော့နွမ်းန ယ်နေတဲ့စိတ်တွေ လန်းသွားတယ်။ စခန်းအတွ င်းရှိနေချိန်အများစုက ကင်းစောင့်လိုက် လက် နက်တွေစစ်ဆေးလိုက် ရိက္ခာနဲ့လက်နက်ထော က်ပို့အတွက် လိုက်ပါလိုက် စသဖြင့်ကုန်ဆုံးနေ ခဲ့ပြီး ပိုင်လင်းရဲ့အချိန်အများစုက အလွန်ရိုးရှင် နေခဲ့တယ်။

ရေထဲမှာပေါ်နေတဲ့ သူ့မျက်နှာကိုပြန်ငုံ့ကြည့်ရင် စစ်ပွဲတွေသာ မဖြစ်ခဲ့ရင် သူကလခစားဝန်ထမ်း လေးဘဝကို ဖြတ်သန်းပြီး ရည်းစားသနာလေး ထားရင်း လူငယ်ဘဝကိုဖြတ်သန်းနေရလောက် တယ်လို့ တွေးတယ်။ တက္ကသိုလ်တက်နေတဲ့အ ချိန်တလျှောက်လုံး ပိုင်လင်းရည်စားတယောက် ထားခဲ့ပေမယ့် တနှစ်မပြည့်တပြည့်လေးမှာပြ တ်စဲသွားရတယ်။ အဓိက ငွေမရှိတာပဲ။

မိဘမဲ့ လူငယ်လေးတယောက် မိဘတွေချန် ထားခဲ့တဲ့ အမွေတွေကိုဘဏ်ထဲထားရင်း ဘဏ် တိုးလေးနဲ့ ဖြတ်သန်းနေရတော့ သူဌေးသားတွေ လိုမသုံးဖြုန်းနိုင်ဘူးပေါ့လေ။ဒါကပဲပိုင်လင်းရဲ့ နေ့စဥ်ဘဝကို သာမန်ဆန်ဆန်ဖြစ်သွားစေတာ နေမှာပါ။

………………………………………………..

All Chapters