အခန်း (၂)
Vol. 1 Ch. 2
“ဟားဟားးဟားး ဘုရင်မချီယောင် မင်းအတွက် လမ်းဆုံးနေပြီ စိတ်လျှော့လိုက်ပါတော့”
ကျယ်လောင်တဲ့ ရယ်မောသံနဲ့အတူ သက်လတ် ပိုင်းအရွယ် အမျိုးသားတဦးက လူငယ်အရွယ် အမျိုးသားနှစ်ဦးနဲ့အတူ ထွက်ပေါ်လာတယ်။သူ တို့ရှေ့မှာတော့ အမျိုးသမီးတဦးက လေထဲရပ် နေပြီး ခန္ဓာကိုယ်တခုလုံးကို အနီရင့်ရင့်ဝတ်စုံနဲ့ ဖုံးလွှမ်းထားတယ်။ သူမက ဘုရင်မချီယောင်…
ချီပြည်နယ်ရဲ့ ပထမဆုံးဘုရင်မတပါးဖြစ်ပြီး ကျင့်ကြံဆင့်ကလည်း အင်မော်တယ်တဝက်အ ဆင့်ကိုရောက်နေတော့ အင်အားကြီးတယ်လို့အ ကြမ်းဖျဥ်းသက်မှတ်နိုင်ပေတယ်။ ချီပြည်နယ် ဆိုတာက တာ့ယန်းကမ္ဘာမှာရှိတဲ့ ပြည်နယ်ကြီး တခုဖြစ်ပြီး အလယ်အလတ်ဆင့် ပြည်နယ်တခု လည်းဖြစ်တယ်။
ချီယောင်ဆိုတာက ယခင်ချီဘုရင်ရဲ့ တဦးတည် သော သမီးဖြစ်ပြီး ချီဘုရင်လွန်ချိန်မှာတော့ ထ က်မြတ်ပြီးအရည်အချင်းရှိတဲ့ သူမကဘုရင်မ တပါးဖြစ်လာတယ်။ ချီပြည်နယ်ရဲ့အစောပိုင်း ကာလတွေမှာ ချီယောင်ရဲ့အားထုတ်မှုတွေက ချီပြည်နယ်ကို ဆွဲတင်နိုင်ခဲ့ပြီး အိမ်နီးချင်းပြည် နယ်တွေနဲ့ သင့်တင့်မျှတတဲ့ ဆက်ဆံရေးတခု တည်ထောင်နိုင်ခဲ့တယ်။
ဒါကပဲ ချီယောင်ရဲ့ အရည်အချင်းနဲ့ဉာဏ်ရည် ကိုသိမြင်နိုင်ပြီး ကြမ်းတမ်းရက်စက်တဲ့ ကျင့် ကြံရေးလောကကြီးထဲမှာ ချီယောင်ကမိန်းမတ ဦးဆိုပေမယ့် သန်းရာချီရှိတဲ့ ပြည်နယ်ကြီးကို ထိန်းချုပ်ထားနိုင်တာက အံ့အားစရာပါပဲ။
“အမတ်ကြီးလင်း နင်က ချီပြည်နယ်သားတွေရဲ့ မျက်နှာကိုမှမထောက် ရန်သူ့ပြည်နယ်တွေနဲ့ပူး ပေါင်းပြီး ငါ့ကိုလုပ်ကြံရဲတယ်ပေါ့”
ချီယောင်က ဒေါသတကြီး ပြောလိုက်တယ်။သူ မတကိုယ်လုံးမှာလည်း ဒဏ်ရာအပြည့်ဖြစ်နေခဲ့ ပြီးတဖက်လူများက သူမကိုတိုက်ခိုက်ဖို့ ၅ရက် တိုင်တိုင် အနောက်ကလိုက်ပါနေခဲ့ကြတယ်။
“မင်းလက်ထဲက ကျောက်စိမ်းပြားကိုပေးလိုက် ဒါဆိုမင်းကိုလွှတ်ပေးလိုက်မယ်”
အမတ်လင်းက ချီဘုရင်မကိုပြောတယ်။ သူတို့ လိုချင်တဲ့ကျောက်စိမ်းပြား ဆိုတာကချီပြည်န ယ်အုပ်ချုပ်ခွင့် ဘုရင့်အမိန့်ပြားဖြစ်ပြီးအထဲမှာ လေဟာနယ်နေရာလွတ်ခုနဲ့ ခေတ်အဆက်ဆက် ချီဘုရင်တွေရဲ့ထိပ်တန်း ရတနာတွေလည်းရှိနေ တယ်။ အဆိုပါအမိန့်ပြားသာရှိရင် ချီပြည်နယ် ကိုထိန်းချုပ်နိုင်တာကြောင့် အမတ်လင်းနဲ့သူ့ သားနှစ်ဦးက သူမကိုဖိအားပေးနေခဲ့တာဖြစ်တ ယ်။
“ဟမ့် နင်တို့အကြောင်းငါမသိတာမှ မဟုတ်ပဲ နင်တို့လိုချင်တဲ့အမိန့်ပြား ငါသေမှပဲရမယ်လာ ခဲ့စမ်း သစ္စာဖောက်တွေ”
သူမက ဒေါသတကြီးနဲ့ လက်ထဲကဓားကိုကျစ် ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး တိုက်ခိုက်ဖို့အ သင့်အနေထားပြင်လိုက်တယ်။ ရှေ့ဆက်ထွက် ပြေးဖို့ သူမမှာခွန်အားလုံးဝ မရှိတော့ဘူး။ လေ ထဲရပ်နေတာကပဲ သူမအတွက်ခက်ခဲနေပြီး သူ မအတွေးထဲမှာတော့ ထိုလူ၃ဦးအနားကပ်တာနဲ့ သူမကိုယ်သူမ ဖောက်ခွဲပစ်လိုက်မယ်လို့တွေး ထားတာဖြစ်တယ်။
“မမိုက်ချင်စမ်းပါနဲ့ ချီယောင် အဖေကမင်းကိုမ သတ်ချင်လို့ အခွင့်ရေးပေးနေတာ လိမ်လိမ်မာ မာနဲ့ ကျောက်စိမ်းအမိန့်ပြားကိုသာပေးလိုက် ငါ တို့နဲ့ပြန်လိုက်ပြီး ငါ့ညီကိုသာ လက်ထပ်လိုက်ရ င် မင်းအနေနဲ့အိမ်ရှေ့စံရဲ့မိဖုရားဆိုတဲ့ ဂုဏ်ပုဒ် တခုတော့ ရဦးမှာပါ”
အမတ်လင်းရဲ့ ဒုတိယသားကဖိအားပေးလာတ ယ်။ သူတိူ့လည်း အတော်လေးပင်ပန်းနေပြီးမူ လက အင်အားအများပြားနဲ့ ဝိုင်းဝန်းတိုက်ခိုက် ခဲ့ပေမယ့် အခုတော့သူတို့၃ဦးပဲ ကျန်တော့တ ယ်။
ထိုလူငယ်ရဲ့ စကားကိုကြားတော့ ချီယောင်ရဲ့ လှပတဲ့မျက်ခုံးတန်းလေးနှစ်ခု တွန့်ချိုးသွားတ ယ်။ ချီယောင်ဆိုတာက မြင့်မြတ်ပြီးကျက်သ ရေအပေါင်းနဲ့ ပြည့်စုံတဲ့ဘုရင်မတပါးပဲ။ သူမရဲ့ အလှတရားက ပြည်နယ်တွေ ဘုရင်တွေကြား ကျော်ကြားပြီး အလှနတ်ဘုရားမတပါးအနေနဲ့ ထင်ရှားသူဖြစ်တယ်။ ထိုလိုဘုရင်မတပါးက သစ္စာဖောက်တယောက်ကို လက်ထပ်ရမယ်တဲ့ လား။ သူမရဲ့ဖခင်အပါအဝင် ချီဘုရင်အဆက် ဆက်ကို သူမဘယ်လိုမျက်နှာပြရတော့မလဲ။
“တော်စမ်း နင်တို့ငါ့လက်ထဲက ကျောက်စိမ်း ပြားကို လိုချင်တယ်မဟုတ်လား အခုလာခဲ့”
သူမရဲ့စကားအဆုံးမှာပဲ အမတ်လင်းကလက်ဝါ ရိုက်ချက်တခုထုတ်ဖော်လိုက်တယ်။ ထိုလက်ဝါ ရိုက်ချက်က အမတ်လင်းရဲ့ခွန်အားအကုန်ပါဝင် နေပြီး ပြင်းထန်တဲ့လက်ဝါးရိုက်ချက်ကို ကာကွ ယ်ဖို့ချီယောင်က လက်ထဲကဓားကိုဝေ့ယမ်းလို က်တယ်။
ဝုန်း….
ဓားချက်က လက်ဝါးပုံရိပ်ကြီးကိုအပြည့်အဝ မကာကွယ်နိုင်ပဲ ရိုက်ချက်အများစုကသူမကို ထိသွားစေတယ်။
အင့်…..
နူးညံ့လှပတဲ့ပုံရိပ်လေးတခု လွင့်စင်သွားပြီးတ ဖက်မှာတော့ အမတ်လင်းရဲ့သားနှစ်ယောက်က ထိုပုံရိပ်အနောက်ကို လိုက်ပါလာပြီး ဓားချက် များဖြင့် အဆက်မပြတ်တိုက်ခိုက် လာတယ်။
“ငါဒီလိုနဲ့ အဆုံးသတ်ရမှာလား မဟုတ်ဘူး ငါ သေရင်သူတို့လို လူယုတ်မာတွေကိုအပါခေါ်သွာ ရမယ်”
ရင်ဘတ်ပေါ်ကနာကျင်မှုကို အံကြိတ်ခံရင်း တိုးဝင်လာတဲ့ ဓားချက်တွေကို စူးစိုက်ကြည့်လို က်တယ်။ ဓားချက်တွေက သေကွင်းသေကွက် တွေကိုချည်း ဦးတည်နေပြီးသူမအနေနဲ့ အညံ့ခံ လက်ထပ်လိုက်ရင်တောင် ထိုအမတ်ရဲ့ဒုတိယ သားက သူမအပေါ်ကောင်းကောင်းမွန်မွန်ဆက် ဆဲဖို့မရှိပါဘူး။ သူတို့လိုချင်တာက ချီပြည်နယ် ရဲ့ဘုရင့်ကျောက်စိမ်းအမိန့်ပြားသာ ဖြစ်တယ်။
လေထဲလွင့်စင်းနေရင်း ဓားချက်တွေကိုခုခံဖို့ ကြိုးစားတယ်။ ဒါပေမယ့် အသုံးမဝင်ခဲ့သူမ ထက်ကျင့်ကြံဆင့် နိမ့်ကျတဲ့မင်းသားနှစ်ပါးကို ရင်ဆိုင်ရတာတောင် ပြင်းထန်တဲ့ ဒဏ်ရာတွေ ကြောင့် သူမအနေနဲ့ ထိခိုက်နေရတုန်းပဲ။
အမတ်လင်းက သားနှစ်ဦးတိုက်ခိုက်နေတာကို ရပ်တန့်ကြည့်နေခဲ့ပြီး ချီဘုရင်မရဲ့အဆုံးသတ် မကြာမြင့်တော့ဘူးလို့ တွေးရင်းပြုံးနေခဲ့တယ် တကယ်လည်း ချီယောင့်အတွက်အချိန်မကျန် တော့ပါဘူး။ သူမအနားတိုးကပ်လာတဲ့မင်းသား နှစ်ပါးကိုကြည့်ရင်း လမ်းဆုံးသွားပြီးဆိုတာကို သူမသိလိုက်တယ်။
၅ရက်တာအတွင်းမှာလဲ သူမက ရန်သူရာနဲ့ချီ သတ်ဖြတ်ခဲ့တယ်မဟုတ်လား။
“ဒါ ငါ့ကံတရားပဲ ခမည်းတော် သမီးကိုခွင့်လွတ် ပေးပါ”
ချီယောင့်ရဲ့မျက်လုံးတွေက မှေးမှိတ်သွားတယ် ၅ရက်တိုင်တိုင် တောင့်ခံထားတဲ့စိတ်တွေကို အ ဆုံးထိလျှော့ချလိုက်ပြီး သူမရဲ့ပင်မဝိဉာဥ်ကို ဖောက်ခွဲဖို့ဆုံးဖြတ်လိုက်တယ်။ ထိုအရာက ကျ င့်ကြံသူတွေရဲ့ နောက်ဆုံးရွေးချယ်မှုဖြစ်ပြီး ပင် မဝိဉာဥ်ဖောက်ခွဲမှုက သူမကိုအဆုံးသတ်သွား စေမယ်ဆိုတာ သေချာပါတယ်။
“မကောင်းတော့ဘူး ခွေးမ. သူ့ကိုယ်သူဖောက်ခွဲ တော့မယ် အနောက်ကိုအမြန်ဆုတ်ကြ”
အမတ်လင်းက ချီယောင့်ရဲ့အသွင်ပြင်ကိုကြည့် ရင်း တစုံတရာကိုသိသွားပုံရပြီး ရှေ့ဆက်တိုး တိုက်ခိုက်နေတဲ့ သားနှစ်ဦးကိုနောက်ဆုတ်ခိုင်း လိုက်တယ်။ ဒါပေမဲ့ နောက်ကျသွားခဲ့လေပြီ။ ချီယောင်က ကျောက်စိမ်းအမိန့်ပြားကိုဆုပ်ကိုင် ထားခဲ့ပြီး လှပတဲ့နှုတ်ခမ်းထောင့်လေးများကို ညင်သာစွာတွန့်ကွေးလိုက်တယ် ပြီးနောက်..
ဝုန်း…..
ပေါက်ကွဲမှုက အထိတ်တလန့်နောက်ပြန်ဆုတ် ဖို့ကြိုးစားနေတဲ့ မင်းသားနှစ်ပါးကိုလွင့်စင်သွား စေပြီး ချီယောင်ရဲ့ဝိဉာဥ်အလင်းတန်းလေးက ကျောက်စိမ်းအမိန့်ပြားထဲ မသိလိုက်မသိဘာ သာတိုးဝင် ပျောက်ကွယ်သွားတယ်။
………………………………………………..