← Chapters

အခန်း (၃)

Vol. 1 Ch. 3

အခန်း (၃)

Vol. 1 Ch. 3

ပိုင်လင်းတယောက် ချောင်းထဲကျေနပ်စွာနဲ့ရေ ချိုးနေတယ်။ ချောင်းရေရဲ့အေးမြမှုကို ခန္ဓာကို ယ်ကို အေးမြသွားစေပြီး စိတ်ထဲနှောက်ကျိနေ တာကို ကြည်လင်စေတယ်။

အချိန်က ညနေစောင်းဆိုပေမယ့် နည်းပါးတဲ့ တပ်အင်အားကြောင့် ရဲဘော်အများစုကရေချိုး ဖို့ အချိန်မရကြဘူး။ ဒါကြောင့်ချောင်းထဲမှာပိုင် လင်းနဲ့အတူ အခြားရဲဘော်၃ဦးသာရှိပြီး ရှည် လျားတဲ့ချောင်းတလျှောက် မတူညီတဲ့နေရာ တွေမှာ ခွဲပြီးရေချိုးနေကြတာဖြစ်တယ်။ ထိုစဥ် ကောင်းကင်က အလင်းတန်းတခု ထိုးဆင်းလာ ပြီး အလင်းတန်းကျရာနေရာက ချောင်းရေစတ င်ရာ တောင်ကုန်းအမြင့်တနေရာကိုဖြစ်နေတယ်

ဘာလဲဟ ညနေစောင်းကြီး ကြယ်ကြွေနေတာ များလား။

ပိုင်လင်းလည်း အလင်းတန်းကိုမော့ကြည့်ပြီး တီးတိုးရေရွတ်လိုက်တယ်။ ထိုအဖြစ်အပျက် ကိုအခြားရဲဘော်တွေ သတိမထားမိလိုက်ကြပုံ ရတယ်။

“အလင်းတန်းကျသွားတာက ချောင်းအထက်ပို င်းလောက်ဖြစ်မယ် ကြယ်ဆိုတာကဥက္ကာခဲတ မျိုးဆိုတော့ ချောင်းအထက်ပိုင်စလောက်မှာ မီး လောင်သလိုအဖြစ်ပျက်တခုခုများ ဖြစ်မလား မသိ”

ပိုင်လင်းတ​ယောက် ​တောင်စဥ်ရေမရတွေးနေပြီ တခဏကြာမှာတော့ ထိုအဖြစ်ပျက်ကိုမေ့လျော့ သွားတယ်။ နာရီဝက်ခန့်စိတ်ကြိုက်ရေချိုးပြီး ချိန်မှာတော့ ယူနီဖောင်းအဟောင်းတွေကိုလျှော် ဖို့ ချောင်းအလယ်နားလောက်က ကျောက်တုံး ကြီးတခုနားသွားတယ်။ ပြီးတော့ ရေစိမ်ထားတဲ့ ယူနီဖောင်းတွေကို ကျောက်တုံးပေါ်တင်ပြီး ဆင် ချေးတုံးဆပ်ပြာနဲ့ ခပ်ကြမ်းကြမ်းပွတ်တိုက်ပြီး ပါလာတဲ့ အဝတ်လျှော်ဘရက်နဲ့ တိုက်တယ်။

ပိုင်လင်းက အနည်းငယ်ပျင်းရိတဲ့ လူငယ်လေး တယောက်ဖြစ်တယ်။ ယူနီ​ဖောင်းတွေကိုလျှော် ရမှာပျင်းလို့ သူများတွေလို အကြိမ်ရေများများ မလျှော်ပဲ အနံ့ထွက်လာမှပျင်းရိထုံထိုင်းစွာနဲ့ လျှော်လေ့ရှိတာကြောင့် သူ့ယူနီဖောင်းတွေက ချေးအလိမ်းလိမ်းတက်နေတာကို မြင်နိုင်တယ်။

ချီးပဲ ဘရက်နဲ့တောင်မနည်း တိုက်ချနေရတယ်

ပိုင်လင်းက ဘောင်းဘီခါးစပ်နေရာနဲ့ ခြေကျင်း ဝတ်နားကို ခပ်ကြမ်းကြမ်းဖိတိုက်ရင်း အဆက် မပြတ်ညည်းညူနေတယ်။ အကြောင်းရင်းက သူ့ရဲ့အဝတ်လျှော်ဖို့ ပျင်းရိမှုကြောင့်ဆိုပေမယ့် ညည်းညူမှုကိုတော့ မထုတ်သိမ်းထားပါဘူး။ အဆက်မပြတ်ညည်းညူးလိုက် ဘရက်နဲ့တိုက် လိုက် လုပ်ရင်း အချိန်ကနောက်ထပ်မိနစ်အနည် ငယ်ထပ်ကြာသွားတယ်။

အဆုံးမှာတော့ အဝတ်အစားနဲ့ယူနီဖောင်းတွေ ကို ရေဆေးလိုက်ပြီး ရေကိုခြောက်နေအောင် ညှစ်ချလိုက်တယ်။ အဝတ်တွေကိုရေညှစ်နေရ င်း ပြီးခဲ့တဲ့ နာရီဝက်ခန့်က ချောင်းအထက်ကို ကြွေဆင်းသွားတဲ့အလင်းတန်းတခု အကြောင်း တွေးလိုက်သေးတယ်။ ထိုအဖြစ်ပျက်ကကြယ် လိုဥက္ကာခဲတခုခုသာ ကြွေကျရိုးမှန်ရင် မီးလော င်ကျွမ်းမှုကြောင့် တပ်စခန်းတခုလုံးရုတ်ရုတ်သဲ သဲ ဖြစ်သွားစေမှာပါ။ အခုတော့ မထင်ထားရ လောက်အောင် ငြိမ်သက်နေတယ်။

ကြယ်ကြွေတာမဟုတ်ဘူးလား။ထားလိုက်တော့ ဒါက ငါ့ကိစ္စမဟုတ်ဘူး။ ပိုင်လင်းလည်း ရေညှ စ်ထားတဲ့ အဝတ်များကိုထားဖို့ ချောင်းအစပ်ကို ကူးရင်း မတော်တဆခြေထောက်ကို အရာတခု လာထိတယ်။ ဘာလဲဟ… ငါးတွတ်တာလား။

ချောင်းကတိမ်ပေမယ့် ကျောက်တုံးတွေကြား ထဲခိုအောင်းပြီး ရေစီးနဲ့ပါလာတတ်တဲ့ငါးအချို့ ရှိတတ်တာကြောင့် သူ့ခြေထောက်ကိုလာထိတာ က ငါးတကောင်ပဲဖြစ်မယ်လို့ တွေးတယ်။ ဒါ ကြောင့် အမှုမဲ့အမှတ်မဲ့ ရေအောက်ကခြေထော က်ကို ငုံ့ကြည်လိုက်တော့ လူကြီးလက်ဝါးအရွ ယ်သံပြားတခု ခြေထောက်ကိုထိပြီး ရပ်တန့်နေ တယ်။

ဘာလဲဟ သံပြားကရေထဲမြုပ်နေရမှာမဟုတ် လား။ ဘာလို့ရေထဲမျောနေတာလဲ သံပြားမဟု တ်ပဲ ကော်များဖြစ်နေလို့လား။ ထိုသို့တွေးရင်း ခြေထောက်နားကသံပြားကို ကောက်ယူလိုက်ချိ န်မှာတော့ သံပြားကကီလိုဝက်လောက်လေးနေ တာကို သတိထားမိသွားတယ်။

သံပြားပေါ်မှာ လက်ရာမြောက်တဲ့ ကနုတ်ပုံစံရှိ နေပြီး ထိုအရာက ငှက်တကောင်ပုံစံနဲ့တူတယ် သံပြားရဲ့တခြားတဖက်မှာတော့ အစင်းကြောင်း တွေ ရှိနေပြီးထိုအရာက မြေပုံတခုလိုဖြစ်နေ တာလို့ သူထင်တယ်။ ရေထဲမမြုပ်ပဲမျောနေတဲ့ သံပြားကို သူမှင်သက်သွားတယ်။

တခုခုပဲ ညကျကင်းချိန်ရောက်မှ ကင်းစောင့်ရင် လေ့လာရမယ်။ သံပြားရဲ့ပုံစံကလည်း ကြေးညိ ရောင်သန်းနေပြီး မွဲခြောက်ခြောက်ဖြစ်နေပေမဲ့ ပိုင်လင်းရဲ့စိတ်ထဲမှာတော့ သံပြားကထူးဆန်း နေတာကို ခံစားမိနေတာကြောင့် သံပြားကိုမလွှ တ်ပစ်တော့ပဲ ရေညှစ်ထားတဲ့အဝတ်တွေနဲ့အတူ လုံးထွေးပြီးယူဆောင်သွားတော့တယ်။

အချိန်က ညဆယ်နာရီခန့်…

ကင်းချိန်နီးလာတာကြောင့် ယူနီဖောင်းအပြည့် အစုံကိုဝတ်ပြီး လက်နက်ခဲယမ်းတွေနဲ့အတူ သံ ပြားကိုအိတ်ထဲထည့်ပြီး ထွက်လာလိုက်တယ်။ သူတာဝန်ကျတဲ့ကင်းက တပ်ရဲ့အရှေ့ဘက်ကင် စခန်းငယ်လေးဖြစ်ပြီး တဦးတည်းစောင့်ရတဲ့ နေရာလည်းဖြစ်တယ်။ ထိုကင်းကအခြားကင်း တွေထက်စာရင်တော့ အန္တရာယ်နည်းပါတယ်။

“ဟေ့ကောင် ငပိုင်ကင်းစောင့်ရင်း ငိုက်မနေနဲ့ဦး”

ရဲဘော်တဦးက တဲထဲကထွက်ဖို့ပြင်နေတဲ့ ပိုင် လင်းကိုလှမ်းနောက်တယ်။ စစ်ပွဲကြောင့်တပ်ထဲ ရောက်လာတဲ့ လူငယ်အချင်းချင်းရင်းနီးနေကြ ပြီး ယောက်ကျားတွေကြား အသက်အရွယ်ကွာ ဟမှုက ဆက်ဆံရေးကိုအနှောင့်ယှက်မဖြစ်စေ ပါဘူး။

“မင်းက ဒီညကင်းချိန်မရှိတော့ ပြောအားရှိနေ တာပေါ့ကွာ”

ပိုင်လင်းလည်း ထိုလူငယ်ကိုတုန့်ပြန်ရင်း တဲထဲ ကထွက်ပြီး တပ်ကြပ်ကြီးတဲကိုသွားလိုက်တယ် သူ့ကင်းချိန်အတွက် လက်မှတ်ထိုးပြီးစာရင်းပေ ဖို့ဖြစ်တယ်။ ညဆယ်နာရီဆိုပေမယ့် တပ်စခန်း က လှုပ်လှုပ်ရှားရှားဖြစ်နေတုန်းပဲ။

တပ်ကြပ်ကြီးတဲထဲက ပြန်ထွက်လာပြီး​နောက် သူတာဝန်ကျတဲ့ ကင်းကိုထွက်လာတယ်။ မိနစ် အနည်းငယ်ကြာချိန်မှာ ကင်းကိုရောက်လာပြီး ကင်းတဲ့ပတ်ပတ်လည်ကို စစ်ဆေးတယ်။ပြီး တော့ အထဲဝင်ပြီး ကျောပိုးအိတ်ကိုနေရာချတ ယ်။

သေနတ်ကို ကင်းတဲထောင့်မှာထောင်လိုက်ပြီး အကျီအိတ်ထဲက စီးကရက်ဗူးနဲ့မီးခြစ်ကိုထုတ် ပြီး သေနတ်နားချလိုက်တယ်။ အမှန်က ကင်း စောင့်ချိန်မှာ ဆေးလိပ်သောက်ခွင့်မရှိဘူး။ ဒါ ပေမယ့် ပိုင်လင်းကတော့ ရအောင်ခိုးသောက် တာပဲ။ လက်နက်ကြီးပတ်ခတ်ခံရမှု ရှိတတ်လို့ အရာရှိတွေက ကင်းသမားတွေကိုမီးစအရောင် လေးကအစ မပြစေချင်ပေမယ့် ပိုင်လင်းကမီး အရောင်မမြင်အောင် ကင်းတဲထောင့်နားကပ်ပြီ ဆေးလိပ်ခိုးသောက်လေ့ ရှိတယ်။

အဲ့ဒါက အထက်အရာရှိတွေမြင်ရင်တော့ အပြစ်ပေးခံရမှာပေါ့လေ။ ဒါပေမယ့်ဘယ်အ ရာရှိကမှ ညကင်းကိုအချိန်ပေးမစစ်ဘူး။ ခုချိန် လောက်ဆို နောက်တန်းကနေခေါ်ထားတဲ့သူတို့ ဇနီးတွေကို ဖက်အိပ်နေလောက်ပြီ။ အဲ့အချက် ကလည်း တရားမဝင်ဘူး။

ဒါပေမယ့် အကုန်လုံးကနားလည်မှုနဲ့ သွားနေကြ ပြီး အချိန်အများစုကို စစ်တိုက်နေရတဲ့ယောက် ကျားသားတွေအတွက် လိင်စ်တ်ကိုထိန်းချုပ်ဖို့ က အင်မတန်ခက်တာကို ပိုင်လင်းကိုယ်ချင်းစာ ပါတယ်။ မင်းတို့မိန်းမတွေခေါ်အိပ်တာကို ငါမ တိုင်သလို ငါဆေးလိပ်ခိုးသောက်တာကိုလည်း မင်းတို့မတိုင်ကြနဲ့ပေါ့ကွာ ဟုတ်ပြီလား။

……………………………………………….

All Chapters