အခန်း (၄)
Vol. 1 Ch. 4
အချိန်ကညနက်ကို ကူးစပြုလာတယ်။ ပတ်ဝန်း ကျင်ကလည်း တောတွင်းဖြစ်နေတာမို့ အနည်း ငယ်အေးစိမ့်စိမ့် ဖြစ်လာစေပြီး ပိုးကောင်ငယ် များရံဖန်ရံခါ အော်သံတချို့ကလွဲပြီး အရာအား လုံးတိတ်ဆိတ်နေပုံက ခြောက်ခြားစရာကောင်း လွန်းတယ်လို့ ပိုင်လင်းထင်တယ်။
ဒါပေမယ့် တပ်ထဲဝင်ပြီး စစ်သားတယောက်ဖြ စ်လာပြီးနောက် တောတောင်ထဲသွားလာရတာ ညအချိန်တယောက်တည်း ကင်းစောင့်ရတာမျို က သူ့အတွက်မထူးဆန်းတော့ပါဘူး။
ဆိတ်ငြိမ်နေတဲ့ ပတ်ဝန်းကျင်အပြောင်းအလဲကို တစိမ့်စိမ့်ခံစားရင်း ညနေစောင်းက မတော်တ ဆကောက်ရ ထားတဲ့လက်ဖဝါးအရွယ် သံပြား ကိုထုတ်ကြည့်တယ်။ မျက်နှာပြင်တဖက်မှာဖီး နစ်ပုံရှိပြီး ဒါကလက်ရာမြောက်လွန်းတဲ့ ထုလုပ် ပုံကိုဖော်ပြနေတာလို့ သူတွေးတယ်။
တဖက်မှာတော့ သူမသိတဲ့လမ်းကြောင်းတွေပါ တဲ့ မျက်နှာပြင်ကြမ်းကြမ်းရှိတယ်။ ဒါကယေ ဘုယျအားဖြင့်ဆိုရင် မြေပုံတခုနဲ့တူတယ်။ ရတ နာမြေပူံတခုခုဆို အကောင်းဆုံးပဲ။ ဟက်….
မဆီမဆိုင်အတွေးတွေ ဝင်လာတော့ချက်ချင်း ဖယ်ထုတ်လိုက်ပြီး ထူးမခြားနားဟန်ရှိတဲ့သံပြာ ကို ကြမ်းပြင်ပေါ်ချတယ်။ ပြီးတော့သေနတ် ကျည်ဘောက်ကိုဖြုတ်ပြီး ကျည်အရေအတွက် အလုံအလောက်ရှိမရှိ စစ်ဆေးတယ်။ တပ်ထဲ မှာက ရဲဘော်တွေအတွက် လက်နက်ခဲယမ်းအ လုံလောက်ပေးထားတယ်ဆိုပေမယ့် တိုက်ပွဲမရှိ တာမျိုး ဒါမှမဟုတ် ပစ်ခတ်ရတာမျိုးမရှိရင် ရ ထားတဲ့ကျည်အရေတွက်ကို ထိန်းသိမ်းထားရ လေ့ရှိတယ်။
ဥပမာ ဒီတလအတွက်ရဲဘော်တဦးကို ကျည်အ တောင့်တရာ ဆိုပါတော့။ ဒါကတောတွင်းတခါ တရံအမဲလိုက်တာမျိုးကလွဲရင် ဘယ်သူကမှ ကျည်ဆံကိုမိုးပေါ်ထောင်ပစ်မနေဘူးလေ။ နော က်ပြီး ဒီရထားတဲ့ကျည်အရေတွက်ကိုလည်း လ စဥ်ပြန်အစီအရင်ခံနေရပြီး မလိုအပ်ပဲကျည်တ တောင့်လျော့တာက နောက်ဆက်တွဲဖြေရှင်းချ က်တွေ သိပ်များတယ်လို့ ပိုင်လင်းထင်တယ်။
ဒါကြောင့် သူကသူ့ကျည်တွေကို မည်သည့်အ တွက်နဲ့မှ မသုံးပဲသေချာသိမ်းတယ်။ ကျည်အ တောင့်၃၀ပါ ကျည်အိမ်၅ခုကိုအပြည့်ဖြည့်ထား ပြီး အရေးပေါ်ဖြစ်စဥ်တွေအတွက် အမြဲဆောင် ထားတာက သူ့အကျင့်လိုဖြစ်နေပြီ။ ကျည်အိမ် ကိုဆွဲထုတ်ပြီးတော့ လုံခြုံရေးခလုတ်ကိုဖွင့်လို က်တယ်။ ဖြုတ်ထားတဲ့ကျည်အိမ်ကို အကြည့် ရောက်ချိန်မှာ စိတ်ထဲတခုခုမှားနေသလိုခံစားရ တာကြောင့် ကျည်တွေကိုထုတ်ပြီးရေတွက်ကြ ည့်တော့ စုစုပေါင်း ၂၉တောင့်။ သိသာစွာပဲတစ် တောင့်လိုနေတာ်။
ဘာလဲဟ…။ သေနတ်ထဲမှာများ ကျည်ညှပ်နေ တာလား။ ထိုအရာမျိုးက တခါတလေကျည်အိ မ်တပ်ပြီး မောင်းတင်ချိန်မှာဖြစ်တတ်တယ်။ မ တော်တဆ ကျည်အိမ်ပြန်ဖြုတ်ခဲ့ရင်တောင် သေနတ်ကျည်တတောင့်က သေနတ်ထဲကျန်နေ ခဲ့တာမျိုးပေါ့။
ပိုင်လင်းလည်း သေနတ်မောင်းကို အမှုမဲ့အမှတ် မဲ့ဆွဲတင်လိုက်တယ်။
ချောက်..
အ…
ပုံမှန်မောင်းတင်တဲ့ ဖြစ်စဥ်ဆိုပေမယ့် ပေါ့လျော့ မှုကြောင့် ပိုင်လင်းရဲ့ဘက်ဘယ် လက်ဖနောင့် နားမှာ ထိခိုက်မှုဖြစ်သွားတယ်။ သံကိုယ်ထည် သေနတ်ရဲ့ မျက်နှာပြင်ကြမ်းကြမ်းက လက်ဖ ဝါးကို ဆွဲခွဲလိုက်သလို ဖြစ်သွားစေတာလေ။
ချီး…။
ထိုအချိန်မှာပဲ ပိုင်လင်းရဲ့လက်ဖဝါးကသွေးတ စက်က ကြမ်းပြင်ပေါ်ချထားတဲ့ သံပြားပေါ်ကျ သွားတယ်။
ဝှီး….
တိုးညှင်းတဲ့အသံတခု ထွက်ပေါ်လာပြီး အစင်း ကြောင်းတွေပါတဲ့ မျက်နှာပြင်ဘက်က အလင်း ရောင်တွေ ဖြာထွက်လာပြီး အနုမြူလိုစိမ်ဖန့်ဖန့် လေးဖြစ်နေတယ်။
ဘာဖြစ်တာလဲ… သွေးစက်နဲ့အသက်သွင်းနေ တာလား။ ပိုင်လင်းတယောက် အတွေးများနေ စဥ်မှာပဲ အလင်းရောင်က နှစ်မီတာပတ်လည် ကင်းတဲလေးတခုလုံးကို ဖြာထွက်ဖုံးလွှမ်းသွား စေပြီး ပိုင်လင်းလည်း စူးရှတဲ့အလင်းရောင် ကြောင့် မျက်လုံးအစုံကို အထိတ်တလန့်ပိတ်ပ စ်လိုက်ရတယ်။
ဝှစ်…..
တမိနစ်ခန့်အကြာ မျက်လုံးပြန်ဖွင့်လိုက်ချိန်မှာ တော့ နေ့အလင်းရောင်ကိုအရင်ဆုံး မြက်လိုက် ရပြီး ပတ်ဝန်းကျင်ကလည်း တောတွင်းနေရာ တခုဖြစ်နေတယ်။ ကွာခြားတာက ကင်းတဲက လိုညအချိန် မဟုတ်ဘဲ နေ့အလင်းရောင်ကိုသူ မြင်နေရတာပဲ။
ငါဘယ်ကိုရောက်သွားတာလဲ။ တောထဲမှာပဲရှိ နေတာလား။ ဒါမှမဟုတ် နေရာကူးပြောင်းတာ မျိုးလား။ စစ်သားတယောက်ရဲ့ သတိကဖျတ် ခနဲပေါ်လာပြီး ပတ်ဝန်းကျင်ကိုစေ့စေ့စပ်စပ် ကြည့်တယ်။ လက်ရှိနေရာက တောတွင်းတနေ ရာဆိုပေမယ့် တောစပ်နဲ့ပိုဆင်ပြီး သူ့မျက်နှာ ရှေ့ကိုက် တရာအကွာလောက်မှာ လှည်းလမ်း ကြောင်းတခု ရှိနေတယ်။
သေချာတာကတော့ လူတွေနေတဲ့နေရာပဲ။ တောစပ်လို့ ထင်ရတာက သစ်ပင်ကြီးတွေနည်း ပြီး ခပ်ကျဲကျဲဖြစ်နေတာကို သူသတိထားမိလို့ ပါ။ ဒါကစစ်ပွဲကြောင့် တနှစ်နီးပါးတောအောင်း ခဲ့ရတဲ့ စစ်သားဘဝကပေးတဲ့ အခြေခံဗဟုသု တတခုပေါ့လေ။
မိနစ်အနည်းငယ်အကြာမှာပဲ လက်ရှိပတ်ဝန်း ကျင်နဲ့ အသားကျသွားခဲ့ပြီး မြေပေါ်ငုံ့ကြည့် တော့ ဆေးလိပ်နဲ့မီးခြစ်ကအစ သေနတ်ကျည် အိမ်အဆုံး ကင်းတဲ့လေးထဲကသူပိုင်တဲ့အရာ တွေ အကုန်ရှိနေတာကိုတွေ့ရတယ်။ နေရာစိမ်း တခုရောက်သွားပေမယ့် အနည်းဆုံးတော့သူ့မှာ လက်နက်ခဲယမ်းရှိနေတော့ ကိုယ့်ကိုကိုယ်ကာ ကွယ်နိုင်တယ်။
သေနတ်ကိုကျောမှာလွယ်ပြီး ကျည်ကတ်တွေ ကို အီကွေ့မင့်ထဲနေရာတကျထည့်တယ်။ ပြီး တော့ ဆေးလိပ်ဗူးထဲက ဆေးလိပ်တလိပ်ထုတ် ပြီး မီးညှိ့လိုက်တယ်။ ဘယ်နေရာရောက်ရော က် အရင်ဆုံးလုပ်တာက ဆေးလိပ်ဖွာတာပဲ။ ဒါ ကသူ့ကိုစိတ်ငြိမ်စေပြီး လေးနက်တဲ့အတွေးတ ချို့ရစေတယ်။
လမ်းကြောင်းအတိုင်း သွားရင်အနီးနားကရွာတ ခုခုကိုရောက်မယ် ထင်တယ်။
ပိုင်လင်းတယောက် ဆေးလိပ်ဖွာရင်း လှည်းလ မ်းကြောင်းပေါ်တက်လိုက်တယ်။ မြေသားကညိ ညစ်ညစ်ဖြစ်နေပြီး ပုံစံက သီးပင်စားပင်စိုက်ပျို ဖို့အတွက် မသင့်လျော်လှဘူး။ ပိုင်လင်းရဲ့ပုံစံ က ယူနီဖောင်းနဲ့ဝတ်စုံအပြည့် စစ်သားတဦးပုံစံ ရှိနေပြီး လက်နက်ခဲယမ်းအလေးချိန်ကြောင့် လမ်းလျှောက်ရတာ အနည်းငယ်တော့နှေးကွေး နေတယ်။
သေနတ်တလက်။ ဓားမြှောင်တချောင်း။
ကျည်အိမ်၅ခု။ လက်ပစ်ဗုံး၂လုံး ပြီးတော့သူမ ထင်ထားတဲ့ အရာကတော့ သွေးစက်ကျသွား တဲ့သံပြားက သူ့အိတ်ထဲပြန်ရောက်နေတာပဲ။ ဒါ ကိုသူသတိမထားမိလိုက်ဘူး။ ကျောပေါ်ကအိ တ်ထဲမှာ တပ်မတော်သုံးအပေါ်ဝတ်အကျီနဲ့စာ အုပ်အနည်းငယ် ဓာတ်မီး ပြီးတော့ တကိုယ်ရေ သုံး သွားတိုက်ဆေးနဲ့ သွားပွတ်တံတို့ရှိနေတယ်
နာရီဝက်ခန့် လမ်းကြောင်းအတိုင်းလျှောက်ပြီး ချိန်မှာတော့ စကားသံအချို့ကြားလိုက်ရတယ် လေသံနဲ့ စကားအသွားအလာက ထူးဆန်းနေပြီ ပိုထုးဆန်းတာက အဓိပ္ပါယ်ကိုသူနားလည်နေခဲ့ တာပဲ။
သိပ်မကြာခင်မှာပင် စကားသံကြားရာနေရာကို နီးကပ်လာချိန်မှာတော့ လှည်းလမ်းကြောင်းရဲ့ လမ်းဘေးတဖက်မှာ အနားယူဟန်ရှိနေတဲ့လူ၂ ဦးကို တွေ့လိုက်ရတယ်။ ထိုလူတွေရဲ့ပုံစံကထူး ခြားတဲ့ ရှေးခတ်တရုတ်အဝတ်အစား ပုံစံတွေ ကြောင့် ပိုင်လင်းလည်း အချိန်အနည်းငယ်ဆွံ့ အသွားတယ်။
ဘာလဲ ရုပ်ရှင်ရိုက်နေတာလား။ ပတ်ဝန်းကျင် ကို သတိအပြည့်နဲ့ ကင်မရာမန်းတွေများရှိလိုရှိ ငြားရှာတော့ ဘယ်သူမှရှိမနေဘူး။ ဒါဆို….ဒါ ကမ္ဘာကူးပြောင်းတဲ့ ရှန်းရှတွေထဲကလို ဖြစ်စဥ် များလား။ သောက်ကျိုးနည်းပြီ။
ပိုင်လင်းတယောက် ထိုလူနှစ်ဦးနဲ့ မလှမ်းမကမ်း မှာရပ်ပြီး အတွေးများနေစဥ်မှာပဲ ထိုအထဲကလူ ငယ်တဦးက ပိုင်လင်းကိုစကားလှမ်းပြောတယ်
“ဟေ့ ညီကို ခရီးသွားပဲလား ဘယ်ကိုသွားဖို့လဲ”
သေချာပါတယ်။ ဘာသာစကားက တရုတ်ဘာ သာစကားဖြစ်ပြီး ခေတ်သစ်တရုတ်ဘာသာစ ကားထက်ပို ခက်ခဲမယ့်ပုံရှိတယ်။ ဒါပေမယ့်သူ နားလည်နေတယ်။
“ဟုတ်ကဲ့ ကျုပ်ကခရီးသွားပါ ဒီအနီးနားကရွာ တခုခုဆီသွားမလို့”
ပထမစကားလှမ်းပြောတဲ့လူငယ်က ပိုင်လင်းကို ခေါင်းညိတ်ပြချိန် ဘေးနားရှိဒုတိယလူငယ်က ပိုင်လင်းကိုစေ့စေ့စပ်စပ် ကြည့်နေတယ်။ အဆို ပါလူငယ်နှစ်ဦးပုံစံက အကြမ်းထည်ဆန်တဲ့အ ကျီတွေကို ဝတ်ဆင်ထားပေမယ့် တောင့်တင်း သန်မာတဲ့ ကိုယ်ဟန်တွေရှိကြတယ်။ ခါးမှာလဲ ဓားတလက် ချိတ်ထားသေးတယ်။
ဒါက သိုင်းသမားတွေရဲ့ သွင်ပြင်ပေါ့။ တကယ် ကြီးငါကမ္ဘာကူးပြောင်းလာတာပဲ။ ထိုစဥ် ဒုတိ ယလူငယ်က တင်းမာတဲ့လေသံနဲ့ ပြောလာတ ယ်။
“ဒီအနီးနားမှာ ဘာရွာမှမရှိဘူး”
“ဟမ့်.. ရွာမရှိဘူးလား”
ပိုင်လင်းလည်း စိတ်ရှုပ်ထွေးသွားတယ်။ သူတွ က်ဆတာပဲ မှားနေလို့များလား။
“သူ့ပုံစံကြည့်ရတာ လူကောင်းပါပဲ ထျန်းချင်ရ ငါတို့နဲ့အတူ သွားလို့ရလောက်ပါတယ်”
ပထမလူငယ်က ထျန်းချင်ဆိုတဲ့ ဒုတိယလူငယ် ကို ပြောလိုက်တယ်။ ဒုတိယလူငယ်ကမျက်မှေ ာက်ကြုတ်လိုက်ပြီး
“အခုချိန်အရာအားလုံး ရှုပ်ထွေးနေတာလူတိုင်း ကိုယုံကြည်လို့မရဘူး”
“ငါသိတယ် ဒါပေမယ့်မင်းသူ့ပုံစံကိုကြည့်လိုက် ကျင့်ကြံသူမဝုတ်ဘူး ထူးဆန်းတဲ့လက်နက်တွေ ကိုင်ပြီး အမဲလိုက်တဲ့ တောတွင်းလူမျိုးတခုက လာတာဖြစ်လိမ့်မယ် ငါတို့နှစ်ယောက်လုံးက အ ဆင့်၇ အစောပိုင်းတွေလေ ဘာကိုကြောက်နေရ မှာလဲ တခုခုဆိုရှင်းလိုက်ရုံပေါ့”
ပထမလူငယ်က ရှည်လျားစွာပြောလာပြီးတ ဆက်တည်း ပိုင်လင်းဘက်ကိုကြည့်ပြီးမေးလာ တယ်။
“ဒီကညီအကိုကို ဘယ်လိုခေါ်ရမလဲ ကျုပ်အမ ည်ကတော့ ထျန်းနင်ပါ ဒါက ကျုပ်သူငယ်ချင်း ထျန်းချင်”
ပိုင်လင်းတယောက် သူနဲ့ရွယ်တူခန့်သာရှိလော က်တဲ့ လူငယ်နှစ်ဦးကို ကြည့်ပြီးခေါင်းညိတ်ပြ လိုက်တယ်။
“ကျုပ်က ပိုင်လင်းပါ အခုမှတောနက်ထဲကထွ က်လာတာဆိုတော့ ဒီအနီးနားက လူနေရွာတွေ ကိုမသိလို့ ဒီကညီအကိုတွေ လမ်းညွှန်ပေးလို့ရ မလား”
ပိုင်လင်းရဲ့လေသံက တည်ငြိမ်ပြီး ကိုယ်ဟန်နဲ့ မျက်လုံးအကြည့်ကလည်း ရိုးစင်းတယ်။ ဒါက ပဲ သတိအပြည့်ဖြစ်နေတဲ့ ထျန်းချင်ကိုအနည်း ငယ်စိတ်သက်သာရသွားစေပုံ ရှိတယ်။
………………………………………………..