← Chapters

အခန်း (၅)

Vol. 1 Ch. 5

အခန်း (၅)

Vol. 1 Ch. 5

အချိန်အနည်းငယ် အပြန်အလှန်မိတ်ဆက်စ ကားဆိုပြီးချိန်မှာတော့ သူတို့သုံးဦးကြားဆက် ဆံရေးက အတော်အသင့်ချောမွေ့လာတယ်။ ပိုင်လင်းက ဖော်ရွေပြီးပွင့်လင်းတဲ့အကျင့်ရှိလို့ ယခင်လောက တက္ကသိုလ်ကျောင်းသားဘဝမှာ တည်းက အသိမိတ်ဆွေပေါများသူဖြစ်တယ်။

ဒါကပဲ မတူညီတဲ့လောကနှစ်ခုဖြစ်နေရင်တော င် ငယ်ရွယ်တဲ့အမျိုးသားတွေကြား ဆက်ဆံရေ ကိုပြေပြစ်စေပြီး ငယ်ကျွမ်းဆွေတွေလို ဖြစ်စေ တာမျိုးလို့ ပိုင်လင်းထင်တယ်။ နောက်ထပ်မိနစ် အနည်းငယ် အနားယူပြီးချိန်မှာတော့ ထျန်းနင် တို့နှစ်ယောက်နဲ့အတူ ပိုင်လင်းလည်းတောနဲ့အနီ ဆုံးနေရာက ချန်ဟယ်မြို့ကို ခရီးဆက်ကြတ ယ်။

ချန်ဟယ်မြို့ဆိုတာက ချန်မိသားစုရဲ့အကြီးဆုံး သခင်မလေး ချန်ဟယ်ကိုအစွဲပြုပြီး ဒေသခံ တွေကပေးထားတာလို့ ထျန်းနင်ကပြောတယ်။ မူလမြို့အမည်ကတော့ သင်းပျံ့ကောင်းကင်မြို့ ပါ။ ဒါက ချန်ပြည်နယ်ကြီးထဲမှာရှိတဲ့ မြို့ပေါင်း ၅၀၀ ကျော်ထဲမှာ အလယ်အလတ်တန်းစားမြို့ တမြို့ဖြစ်ပြီး ချန်မိသားစုရဲ့ ဘိုးဘေးဟောင်း တွေက ခေတ်အဆက်ဆက် မဟာချန်ဘုရင်ကို အလုပ်အကျွေးပြုခဲ့ရာကနေ လက်ရှိမြို့အမည် ပြောင်းလဲမှုကိုတောင် ချန်ဘုရင်က ဘာမှထုတ် မပြောသိကိုကြည့်ပြီး ချန်မိသားစုရဲ့ အရှိန်အ ဝါကို သိနိုင်သေးတယ်။

ချန်ဟယ်မြို့မှာ အင်အားစုကြီးလေးခုရှိထားတ ယ်။ ချန်ကုန်သွယ်ရေးအသင်း။ ကျားဖြူကုန် သွယ်ရေးအသင်း။ မြို့မကုန်သွယ်ရေးအသင်းနဲ့ ထန်း မိသားစုတို့ဖြစ်တယ်။ ဒီနေရာမှာပြောစ ရာရှိတာက ထိပ်တန်းအင်အားစုလေးခုမှာ ကုန် သွယ်ရေးကိုအင်အားစု၃ခုက ချုပ်ကိုင်ထားပြီး ထန်းမိသားစုကတော့ သတ္တုတွင်းနဲ့ ဂိုဏ်းဂဏ တွေကို လွှမ်းမိုးမှုရှိတယ်လို့ သိလာရတယ်။

တဆက်တည်း ထျန်းနင်ရဲ့ပြောပြချက်အရ ချန် ဟယ်မြို့မှာ အဆင့်၇ ကျင့်ကြံသူဆိုတာအနိမ့် ဆုံးဖြစ်ပြီး ချန်သခင်ကြီးရဲ့ ပထမသခင်မလေး က အဆင့်၅ နှောင်းပိုင်းကို အသက်၁၆နဲ့ရောက် နေတာဆိုတော့ မွန်းစတားဆန်တဲ့ ပါရမီရှင်မ လေးလို့ တမြို့လုံးကသက်မှတ်ထားသေးတယ် ဒုတိယသခင်မလေးက အသက်၁၂နှစ်နဲ့အဆင့် ၇ အစောပိုင်းကိုရောက်ခဲ့ပြီ။

“မင်းတို့ကကော အခုဘယ်အဆင့်မှာလဲ”

ပိုင်လင်းက သိလိုစွာနဲ့ မေးကြည့်တယ်။ ကျင့် ကြံဆင့်တွေကို အဆင့်၉ဆင့် သက်မှတ်ထားပြီး အဲ့ဒါက အင်မော်တယ်လမ်းကြောင်းရဲ့အစလို့ သက်မှတ်ကြတယ်။ အဆင့်၉ဆင့်နောက်ပိုင်း ကိုတော့ သိုင်းသခင် သိုင်းဘုရင် သိုင်းဧကရာဇ် သိုင်းအင်ပါယာနဲ့ သိုင်းဘိုးဘေးဆိုပြီး အဆင့် ကြီး၅ဆင့် ထပ်ခွဲထားတယ်။

မဟာချန်ပြည်နယ်ကြီးတခုလုံးမှာ သိုင်းသခင် အဆင့်ဆိုရင်ပဲ ဂိုဏ်းကြီးတခုထောင်နိုင်ပြီး သိုင်းဘုရင်နဲ့အထက်ကတော့ တကယ့်အင်အား ကြီးပညာရှင်တွေလို သက်မှတ်ထားကြတယ်။ နောက်ဆက်တွဲသိရတာက ထျန်းနင်နဲ့ထျန်းချင် တို့ကို အဖိုးအိုတဦးက အတူတကွမွေးစားခဲ့ပြီး အမည်ကိုလည်း ဆင်တူဖြစ်အောင်ပေးထားခဲ့ လို့ သူတို့နှစ်ဦးက သူငယ်ချင်းဆိုတာထက် ညီ အစ်ကိုတွေနဲ့ ပိုဆင်တူတယ်။

“ငါတို့နှစ်ယောက်စလုံး အဆင့်၇ နှောင်းပိုင်းပဲ”

ထျန်းချင်က ဝင်ပြောတယ်။ အသက်၁၈နှစ်နဲ့ အဆင့်၇ နှောင်းပိုင်း။ ဒါက ထိပ်တန်းအဆင့်မ ဟုတ်ရင်တောင် လက်ခံလို့ရတဲ့အရည်အချင်း ပါ။

“မင်းကကော.. မင်းရဲ့ကျင့်ကြံဆင့်ကို ငါမမြင် နိုင်ဘူး ငါတို့ထက်မြင့်တာလား”

ထျန်းနင်ရဲ့အမေးကို ပိုင်လင်းက ခေါင်းယမ်းပြ လိုက်တယ်။ သူက လောကကူးပြောင်းလာပေမဲ့ ကျင့်ကြံသူတောင်မဟုတ်ပါဘူး။ ဒါကပဲရက်စ က်တဲ့ လောကကြီးထဲရှင်သန်ဖို့ ပိုင်လင်းကိုအခ က်တွေ့စေတာဖြစ်တယ်။

“ငါက သာမန်လူပါ”

ပိုင်လင်းရဲ့လေသံက ဖျော့တော့သွားတယ်။အ ခြားသူတွေ သူ့နေရာမှာဆိုစနစ်တခုခုပါလာတ တ်တယ်လို့ စိတ်ကူးယဥ်ရှန်းရှတွေမှာ ဖတ်ဖူးပြီ သူကျဘာစနစ်မှပါမလာခဲ့ဘူး။ အမှတ်မထင် ကောက်ရခဲ့တဲ့ သံပြားလေးကြောင့်သာ ကူး ပြောင်းလာခဲ့ရတာမဟုတ်လား။

“ဒါနဲ့ ချန်ဟယ်မြို့ကိုဘာကိစနဲ့သွားမှာလဲ”

ပိုင်လင်းရဲ့အမေးကိုကြားတော့ ထျန်းနင်က

“ သေချာပေါက်အလုပ်ကြောင့်ပေါ့ ငါတို့အရွယ် လူငယ်တွေအတွက် မြို့တက်ပြီးကျင့်ကြံရေးအ ရင်းအမြစ်တွေရဖို့ ကြိုးစားတဲ့သဘောပဲ ဥပမာ ဂိုဏ်းတခုခုထဲဝင်မလား ဒါမှမဟုတ် ကုန်သွယ် ရေးအင်အားစုတခုခုမှာ အစောင့်လုပ်မလား ဒါ ကပဲနောင်မှာ အကာအကွယ်တခုရလာမှာလေ”

ထျန်းနင်ရဲ့စကားကို ထျန်းချင်ကလည်းခေါင်း ညိတ်ပြီး သဘောတူဟန်ပြတယ်။ ဆင်းရဲတဲ့လူ တန်းစားအတွက် ကျင့်ကြံရေးအရင်းအမြစ်က တကယ်ရှားပါးတယ်။ ကိုယ့တိုင်အသက်စွန့်မ ရှာရင်တသက်လုံး အဆင့်နိမ့်မှာရပ်တန့်သွားကြ ရမှာလေ။ ရည်မှန်းချက်ကြီးတဲ့ လူငယ်တွေအ တွက်ကတော့ အသက်ထက်စိတ်ကူးအိပ်မက် တွေကပို တန်ဖိုးကြီးတယ်။

“ငါကတော့ မြို့ရောက်ရင် သာမန်အလုပ်သမား ဘဝလေးနဲ့ ဖြတ်သန်းရမယ်တူပါရဲ့”

ဒါက ပိုင်လင်းတွေးထားတာပါ။ ထျန်းနင်တို့က ပိုင်လင်းမှာငွေမရှိတာကိုသိတော့ ချန်ဟယ်မြို့ ထိစရိတ်ခံခေါ်သွားမယ်လို့ ကတိပေးကြတယ်။ မြို့ရောက်ရင်တော့ ကိုယ့်လမ်းကိုလျှောက်ပေါ့ လေ။

နောက်ထပ်နာရီအနည်းငယ် စကားတပြောပြော နဲ့ ကုန်ဆုံးပြီးချိန်မှာပဲ မြင့်မားထည်ဝါတဲ့ချန်ဟ ယ်မြို့တံတိုင်းကြီးကို တွေ့လိုက်ရတယ်။ ၅မီ တာလောက်အမြင့်ရှိပြီး ဂိတ်တံခါးတွေမှာရှိတဲ့ အစောင့်တွေက ထန်းမိသားစုကဖြစ်ပြီး အဆင့် ၇ မှာရှိကြတယ်။ အဆင့်၇က အနိမ့်ဆုံးလိုဖြစ် နေတာ အမှန်ပဲကိုး။

ပိုင်လင်းက ထျန်းနင်တို့နဲ့အတူ မြို့ဝင်ကြေးအ ချို့ ဒကာခံခဲ့ရပြီးနောက် ကျယ်ဝန်းတဲ့မြို့လမ်း မကြီးအတိုင်း လျှောက်ဝင်လာတယ်။ ချန်ဟယ် မြို့မှာ သန်း၂၀ ကျော်ရှိတယ်ဆိုတာသိရတော့ ဒါက နိုင်ငံတနိုင်ငံစာနီးပါးတောင်ရှိတယ်လို့ သူ သတိပြုမိသွားတယ်။

မြို့မိန်းလမ်းမတလျှောက်ဝင်ရင်း လမ်းဘေးတ ဖက်စီက ဆိုင်ခန်းတွေကိုလေ့လာကြည့်တယ်။ အများစုက စားသောက်ဆိုင်ခန်းနဲ့ တည်းခိုခန်း တွေဖြစ်ပြီး ကျင့်ကြံရေးအတွက် ဆေးပင်နဲ့ဆေ လုံး ကျင့်ကြံရေးစာအုပ်ရောင်းချတဲ့ ဆိုင်ကြီး အချို့ကိုလည်း တွေ့ရတယ်။

မြို့ထဲမှာ သာမန်လူနဲ့ ကျင့်ကြံသူတွေရောထွေး နေပြီး အင်အားစုကြီး၄စုရဲ့ ထုတ်ပြန်ချက်အရ မြို့အတွင်းတိုက်ခိုက်လို့မရဘူး။ သာမန်လူအ ပေါ်ကျင့်ကြံမှု အသုံးချပြီး အနိုင်ကျင့်ခွင့်လုံးဝ မရှိဘူး။ ဒါကဥပဒေလားဆိုတော့ မဟုတ်ဘူး ခိုင်မာတဲ့စည်းမျဥ်းပဲ။ သိပ်တော့အာမခံချက်မ ရှိဘူးပေါ့လေ။

“သွားရအောင် အရင်ဆုံးတည်းခိုခန်းတခုရှာရမ ယ် မနက်ဖန်မှအနီးအနားဂိုဏ်းတခုခုက လူခေါ် တာကိုဝင်ဖြေရင်း ကံစမ်းကြတာပေါ့”

ထျန်းနင်ရဲ့စကားကို ထျန်းချင်ကသဘောတူတ ယ်။ သတိထားမိသလောက် ထျန်းနင်ကအများ အားဖြင့် စကားပိုပြောပြီးဦးဆောင်သွားတာမျာ တယ်လို့ ပိုင်လင်းသတိထားမိတယ်။

“မင်းအတွက် တခန်းငှားပေးမယ်လေ ရက်အ နည်းငယ်အတွင်း ဆိုင်တခုခုမှာအလုပ်ရလိုရ ငြားရှာကြည့်ပေါ့”

ထျန်းနင်က တိုက်တွန်းစကားဆိုတယ်။ သူတို့ မှာငွေအမြောက်အမြား ပါမလာဘူး။ ငွေတုံးအ နည်းငယ်သာရှိပြီး အပိုတယောက်ကိုရက်အ တော်ကြာ ထောက်ပံ့ဖို့ဆိုတာ ခက်ခဲမှန်းပိုင်လင် သိတယ်။

“၇ ရက်ပဲ ၇ရက်အတွင်း အလုပ်ရအောင်ရှာမယ် အခုကုန်ကျတာတွေကို နောင်တချိန်မှာသေချာ ပေါက်ငါပြန်ပေးမှာပါ”

ပိုင်လင်းရဲ့စကားကိုကြားတော့ ထျန်းနင်က သူ့ပုခုံးကို ခပ်ဖွဖွပုတ်ပြီး နှစ်သိမ့်တယ်။

“မလိုပါဘူးကွာ ငါတို့ကသူငယ်ချင်းတွေဖြစ်နေ ပြီပဲ ငါတို့သာဂိုဏ်းတခုခုကို ဝင်ရောက်နိုင်ခဲ့ရင် မင်းမှာဝင်ငွေမရှိရင်တောင် တင်ကျွေးထားနိုင် ပါတယ်ကွ”

“ဟုတ်တယ် ငါတို့ဂိုဏ်းတခုခုထဲမရောက်ခင်စပ် ကြားတော့ မင်းအတွက်ခက်ခဲလိမ့်မယ်”

ထျန်းချင်ကလည်း ဝင်ရောက်ပြောလာတယ်။ဒါ က လမ်းတလျှောက်လုံးမှာ ထျန်းချင်ပြောတဲ့အ ရှည်ဆုံးစာကြောင်းတခုပဲ။ မကြာခင်ပဲ စျေးအ နည်းငယ်ပေါတဲ့ တည်းခိုခန်းတခုကိုဝင်ရောက် လိုက်တယ်။ အခန်းငှားခက တညကိုကြေးပြား ၁၀၀ ဒီမြို့မှာ​တော့အသက်သာဆုံးလို့ ယူဆနိုင် ပြီး မိန်းလမ်းနဲ့နီးတာကြောင့် အမြဲလူပြည့်နေတ တ်တယ်လို့ တည်းခိုခန်းမန်နေဂျာက ဂုဏ်ဖော် ပြောဆိုနေသေးတယ်။

မဟာချန်ရဲ့ငွေကြေးစနစ်မှာ ကြေးပြား၁၀၀၀ ကိုငွေတုံးတတုံး ယူဆပြီးငွေဆ ၁၀၀၀ကိုရွှေတုံ တတုံးသက်မှတ်တယ်။ ရွှေတုံးကိုတော့ ထျန်းန င်တို့လည်း မမြင်ဖူးဘူးဆိုပဲ။ ငွေကြေးကျစ်လ စ်မှုရှိတယ်ထင်ရပေမယ့် လူတန်းစားကွာခြားမှု က အပေါ်ယံတချက်ကြည့်ရုံနဲ့ မြင်နိုင်တယ်။

သုံးယောက်စာအတွက် အခန်း၃ခန်းယူပြီးနော က် ကိုယ်စီအခန်းထဲဝင်သွားကြတယ်။ ပိုင်လင်း လည်း ကုတင်တလုံး စားပွဲတခုနဲ့ ရေချိုးခန်းတ ခုသာပါတဲ့ ပေနှစ်ဆယ်ပတ်လည်အခန်းကိုဝေ့ ကြည့်ရင်းသက်ပြင်းချလိုက်တယ်။

ကျင့်ကြံရေးလောကကို ကူးပြောင်းလာပြီးမ ကျင့်ကြံနိုင်ဘူးတဲ့လား။ဟာသပဲ။ ထွေရာလေး ပါးအတွေးတွေကို ဖယ်ထုတ်ရင်း ပါလာတဲ့ ကျောပိုးအိတ်ကို ကုတင်ပေါ်ပစ်တင်ပြီးအထဲက အဝတ်အစားအချို့ထုတ်လိုက်တယ်။ အဓိက အပေါ်ဝတ်အကျီနဲ့ စစ်တပ်သုံးဘောင်းဘီတိုပဲရှိ နေတာပါ။

ဟမ်… သံပြားက ဘယ်လိုလုပ်အိတ်ထဲရောက် နေတာလဲ။

အဝတ်အထည်တွေ ဓာတ်မီးတွေကိုဖယ်ထုတ် ရင်း သူ့ကိုလောကကူးပြောင်းစေတဲ့ သံပြားကို ပြန်တွေ့သွားတယ်။ သံပြားက လက်ဖဝါးအရွ ယ်မဟုတ်တော့ပဲ ကလေးလက်သီးဆုပ်အရွယ် ထိသေးငယ်နေပြီး ညိုညစ်ညစ်နဲ့မသန့်စင်တဲ့အ ရောင်မဟုတ်တော့ဘူး။

စိမ်းဖန့်ဖန့်အရောင်ပြပြီး ကျောက်စိမ်းတုံးတခု လို့ထင်ရစေတယ်။ ပိုင်လင်းလည်းအဝတ်အစာ တောင်မလဲနိုင်ပဲ သံပြားကိုသေချာယူကြည့်တ ယ်။ သံပြားထဲမှာ ထူးဆန်းတဲ့အရာတခုခုများရှိ လိုရှိငြား စစ်ဆေးနေရင်းသူ့အသိစိတ်ကအမှတ် မထင်သံပြားထဲရောက်သွားတယ်။

ဝှစ်…

ဟမ်…. လေဟာနယ်လား။အာကာသလား။ မှိန် ဖျော့ဖျော့အလင်းရောင်တွေနဲ့ မျက်စိတဆုံးဗ လာကွင်းပြင်ကြီးလိုဖြစ်နေတဲ့ လေဟာနယ်တခု ကိုတွေ့လိုက်ရတယ်။ တခုရှိတာက လေဟာနယ် ထဲမှာ ရုပ်အလောင်းတခုက လွင့်မျောနေတာပဲ။ ပိုင်လင်းလည်း ရုပ်အလောင်းကိုအာရုံစိုက်နေ ချိန် ရုပ်အလောင်းက သူ့ဆီလွင့်လာတယ်။

အနီးကပ်ကြည့်လိုက်တော့ အမျိုးသမီးရုပ်အ လောင်းတခု။ ရဲရဲနီနေတဲ့ အနီရောင်ပိုးဖဲဝတ်ရုံရှ ည်ကို ဝတ်ဆင်ထားပြီး ကျောက်စိမ်းခါးပတ်ကို ခါးမှာတင်းတင်းကြပ်ကြပ်စည်းထားလို့ သေး သွယ်တဲ့ခါးကို အတိုင်းသားမြင်နေရတယ်။

နောက်ပြီး မျက်စိအစုံကမှိတ်ထားပေမယ့်ဖြူနု တဲ့ အသားအရေနဲ့ ပန်စယောင်သမ်းနေတဲ့ပါးပြ င် နက်မှောင်သွယ်လျတဲ့ မျက်ခုံးအစုံ ဆံစတွေ က လေဟာနယ်ထဲမျောနေတာကို ကြည့်ရတာ ပန်းချီကားဆန်တယ်လို့တောင် တွေးမိစေတယ်

ဒါက ဘယ်လိုအလှတရားနဲ့မိန်းမလဲ။ ခန္ဓာကိုယ် တခုလုံးကိုရွှေရောင်အလင်းတခုက ဖုံးအုပ်ထား တော့ ဒါကလူတိုင်းမှာရှိတဲ့ ကိုယ်ရောင်ကိုယ်ဝါ ဖြစ်ရမယ်လို့ သူတွေးတယ်။ သူမက မြင့်မြတ် တဲ့အင်အားကြီးမိသားစုကလား ဒါမှမဟုတ် တော်ဝင်မျိုးနွယ်လား။

လှပနူးညံ့ပြီး ရဲရင့်ခက်ထန်ပုံရတဲ့မျက်နှာလေး ကိုငေးနေစဥ်မှာပဲ အမျိုးသမီးရဲ့မှိတ်ထားတဲ့မျ က်လုံးအစုံက ဖျတ်ခနဲပွင့်လာတယ်။

ဟ…

ပိုင်လင်း ထိတ်ခနဲဖြစ်သွားပြီး အနောက်ကိုဆု တ်လိုက်တယ်။ တခဏအကြာမှာ မျက်လုံးပွင့် လာတဲ့ အမျိုးသမီးဆီက တိုးညှင်းတဲ့စကားသံ တခုထွက်လာတယ်။

“နင်ရောက်လာပြီပဲ”

……………………………………………….

All Chapters