← Chapters

အခန်း (၆)

Vol. 1 Ch. 6

အခန်း (၆)

Vol. 1 Ch. 6

“မင်းဘယ်သူလဲ”

ပိုင်လင်းက သတိအပြည့်နဲ့ သူမကိုမေးတယ်။ ပိုင်လင်းရဲ့မေးခွန်းကို အမျိုးသမီးကလျစ်လျူ ရှုလိုက်ပြီး ဆတ်ခနဲထထိုင်တယ်။ သူ့အကြည့် တွေက စူးရှပြီးပိုင်လင်းကိုကြည့်နေတာက ဖော က်ထွင်းမြင်ရမတတ်ဖြစ်လာတော့ ပိုင်လင်းလဲ သူ့ခန္ဓာကိုယ်ကို အလိုအလျောက်ကြုံ့ထားမိတ ယ်။

“ကျင့်ကြံဆင့်တောင် မရှိသေးဘူး ဟမ့်”

သူမကစိတ်ပျက်သွားဟန်ဖြင့် သက်ပြင်းချလို က်တယ်။

“ငါ့ကိုဒီနေရာခေါ်လာတာမင်းလေ အခုငါဘာ ဆက်လုပ်ရမလဲ”

ပိုင်လင်းလည်း စိတ်ရှုပ်ထွေးနေတယ်။ ဒီအမျိုး သမီးက သံပြားကနေတဆင့် လောကကူးပြော င်းလာစေပြီးမှ သူ့ကိုအထင်သေးတဲ့ပုံစနဲ့ဆက် ဆံနေတယ်။ အမှန်ဆိုသူက သူ့ဘဝနဲ့သူသာယာ နေတာမဟုတ်လား။

“နင့်အသက်အရွယ်အရ နောက်ကျနေပြီဆိုပေမဲ့ ဖြတ်လမ်းအချို့တော့ရှိတယ်”

သူမက သူမပြောလိုရာကိုဆက်ပြောနေတုးပဲ။

“ဘာလဲ ငါကျင့်ကြံနိုင်တယ်လို့ ပြောတာလား”

“ဟုတ်တယ် ဒါပေမဲ့”

“ဒါပေမဲ့က ဘာလဲ”

ပိုင်လင်းလည်း သိလိုဇောနဲ့မေးတယ်။ ဟုတ်တ ယ်လေ ဒီလောကထဲရှင်သန်ချင်ရင် ကျင့်ကြံသူ ဖြစ်မှာရမယ်ဆိုတာကို ထျန်းနင်တို့စကားအရ သူသိထားပြီးပြီ။ သိပ်ကိုရက်စက်တဲ့လောကတ ခုမဟုတ်လား။ သေခြင်းရှင်ခြင်းက မျက်စိတ မှိတ်စာပဲ။

အမျိုးသမီးက သူမရဲ့မျက်လုံးအစုံကိုညင်သာ စွာမှိတ်လိုက်တယ်။ မိနစ်အနည်းငယ်ကြာချိန် မှာတော့ ပြန်ဖွင့်လိုက်ပြီး ပိုင်လင်းကိုစူးစိုက်ကြ ည့်လာတယ်။ ပြီးနောက်..

“နင့်ကို အချိန်ဆယ်နှစ်ပေးမယ် ဆယ်နှစ်အတွ င်း ငါလိုချင်တဲ့အဆင့်တခုကိုရောက်ရင် နင်ဘာ လုပ်ရမလဲ ငါပြောမယ် မှတ်ထား နင့်အတွက် ဆယ်နှစ်ပဲအချိန်ရှိတယ်”

ဆယ်နှစ်။ ပြီးတော့သူမလိုချင်တဲ့အဆင့်ဆိုတာ ကကောဘာလဲ။ ထားတော့ ဆယ်နှစ်နဲ့သူမလိုချ င်တာက အဆင့်၃ ၄ လောက်ဖြစ်မှာလို့သူတွေး တယ်။ ဒီလောကပါရမီရှင်တွေအနေနဲ့ ကောင်း မွန်တဲ့အထောက်ပံ့တွေရှိရင် ဆယ်စုနှစ်အနည်း ငယ်က ထိပ်တန်းကျင့်ကြံသူဖြစ်လာဖို့ လုံလော က်တယ်။

“ကောင်းပြီ ငါ့ကိုကျင့်ကြံနိုင်အောင်ကူညီပေး အချိန်ကျရင် နင့်ကိုပြန်ကူညီမယ်”

နောင်ခါလာနောင်ခါစျေး အရင်ဆုံးကျင့်ကြံနိုင် ဖို့ ပိုအရေးကြီးတယ်။

“ဒီဘုရင်မနာမည်က ချီယောင် အခုနင့်ကိုငါပိုင် ဆိုင်ထားတဲ့ ကျင့်ကြံဆင့်အချို့ပေးလိုက်မယ် လက်ရှိနင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာအရ အကုန်လုံးသ န့်စင်လို့မရဘူး ဒါကြောင့်ချိတ်ပိတ်စည်းအချို့ ထားပြီး စွမ်းအင်ကို ဖြေးဖြေးချင်းသန့်စင်ဖို့လို တယ်”

ဘုရင်မချီယောင် ဟုတ်လား။ ဒါဆိုသူမကဘုရ င်မတပါးပေါ့။ မြင့်မြတ်တဲ့ရောင်ဝါတွေဖုံးလွှမ် နေတာ မဆန်းပါဘူးလေ။ ပိုင်လင်းတယောက် အတွေးများနေစဥ်မှာပဲ ချီယောင်ကအလင်းလုံး တခု ထုတ်ပေးလာတယ်။ အလင်းလုံးကလက် သီးဆုပ်အရွယ်ရှိပြီး တဖြေးဖြေးနဲ့ သူ့ရင်ဘတ် တည့်တည့်ဆီ တိုးဝင်ပျောက်ကွယ်သွားတယ်။

“ဒါက အခြေခံကျင့်စဥ်နဲ့ ဓားကျင့်စဥ်ပဲ အခြေ ခံကျင့်စဥ်မှာ ချီစွမ်းအင်စုဆောင်းတာနဲ့ရုပ်ခန္ဓာ ကျင့်ကြံတဲ့နည်းဆိုပြီး ၂ခုပါတယ် နင့်ဘာသာ အချိန်ယူပြီးလေ့လာလိုက်တော့ နင်မှတ်ထားရ မှာက ဆယ်နှစ်ပဲဆယ်နှစ်ပြည့်လို့မှ ငါလိုချင်တဲ့ အဆင့်ကိုမရောက်ရင် နင့်အသက်ကိုပြန်ယူမယ် ငါပြောတာမမေ့နဲ့”

သူမရဲ့စကားသံက အမိန့်ဆန်တယ်။ ဒါပေမဲ့ ချိုမြတဲ့အသံကြောင့် လွန်ဆန်ဖို့ခဲယဥ်းတယ်လို့ ပိုင်လင်းထင်တယ်။

“ကောင်းပြီ”

ပိုင်လင်းဆီက စကားကိုကြားလိုက်ရတော့ချီ ယောင်က လက်ဝှေ့ယမ်းပြီး မောင်းထုတ်တယ်

“သွားတော့ ငါအနားယူတော့မယ် သေရေးရှင် ရေးကလွဲပြီး မနှောင့်ယှက်နဲ့”

ပိုင်လင်းလည်း ထိုစကားသံအဆုံးမှာ လေဟာန ယ်ထဲက အပြင်ကိုအလိုအလျောက်ပြန်ထွက် လာတယ်။ ထူးဆန်းတာတခုက သံပြားလေးက လက်မအရွယ်ဖြစ်သွားပြီး လက်စွပ်ပုံစံပြောင်း သွားတယ်။ ပိုင်လင်းလည်း လက်စွပ်ကိုယူပြီး သူ့လက်မှာစွပ်လိုက်တယ်။ ဒါက အထဲကိုဝင်ပြီ သူမနဲ့တွေ့ဖို့ အရေးကြီးပစ္စည်းပဲ။

ခနကြာတော့ ချီယောင်ပေးလိုက်တဲ့ ကျင့်စဥ် စာအုပ်၂ခုကို ထုတ်လိုက်တယ်။ အထဲမှာအခြေ ခံကျင့်စဥ်ဆိုပြီး ပါတယ်။ စိတ်ဝင်တစားနဲ့လေ့ လာနေရင်း အချို့အရာတွေက အင်မတန်ရိုးရှင် နေတာကြောင့် ချီယောင်ဂျင်းထည့်လိုက်တာလို့ အတွေးဝင်သွားတယ်။

မဟုတ်လောက်ပါဘူး။ ငါ့ပါရမီကမြင့်လွန်းတာ နေမှာပါ။အဟက်…။

ဓားကျင့်စဥ်စာအုပ်ကို အကြမ်းဖျဥ်းထပ်ကြည့် ပြီး ဘေးဖယ်ထားလိုက်တယ်။ ဓားကျင့်စဥ်မှာ ဓားကွက်၅ကွက်ပဲပါတယ်။ ရိုးစင်းလိုက်လေချ င်း။

အခြေခံကျင့်စဥ်ထဲမှာ လူ့ခန္ဓာကိုယ်ရဲ့သွေး ကြောစုံမှတ်နေရာတွေကို ဖော်ပြထားပြီးပတ်ဝ န်းကျင်ကချီဓာတ်စုတ်ယူတဲ့ နည်းကအစပါတ ယ်။ ဒါက ပညာရေးစနစ်မှာဆိုလက်ရေးလှရေး နည်းအတွက် လေးကြောင်းမျဥ်းစာအုပ်ချပေး ထားသလိုပဲ။

အဝတ်အစားတောင် အလဲအားပဲ ချက်ချင်းကု တင်ပေါ်တက်ပြီး တင်ပျဥ်ခွေထိုင်လိုက်တယ်။ ပြီးတော့ စာအုပ်ကိုရှေ့ချပြီး အထဲကညွှန်ပြတဲ့ အတိုင်း စတင်လေ့ကျင့်ကြည့်တယ်။

အစပထမပိုင်းက နည်းနည်းခက်ခဲနေတယ်။ချီ စွမ်းအင်ကိုစုပ်ယူလို့မရဘူး။ အချိန်အနည်းင ယ်ကြာပြီး​နေက်မှာတော့ ကိုယ်တွင်းသွေးကြော အမှတ်၇ခုက လင်းလာပြီး ချီစွမ်းအင်တွေက ချွေးပေါက်တွေကနေတဆင့် အထဲကိုတိုးဝင် လာတယ်။ ပြီးတော့ သွေးကြောစုံမှိတ်တွေကို ချိတ်ဆက်ပြီး စီးဆင်းသွားတယ်။

အေးမြတဲ့ခံစားချက်တခုက ခန္ဓာကိုယ်တခုလုံး သက်​တောင့်သက်သာ ဖြစ်လွန်းတာကြောင့်ထု တ်ညည်းမိမတက်ဖြစ်သွားတယ်။ ဒါကအစပိုင်း လေ့ကျင့်မှူဖြစ်တဲ့ ချီစွမ်းအင်ခံစားတဲ့အဆင့်ပဲ ရှိသေးတယ်။ သာမန်လူဆိုဒီလိုခံစားနိုင်ဖို့နာရီ အနည်းငယ်အချိန်ယူရပေမဲ့ ပိုင်လင်းကတော့မိ နစ်အနည်းငယ်ပဲ ကြာလိုက်တယ်။

အချိန်က တဖြေးဖြေး မှောင်ရီပျိုးချိန်ရောက် လာတဲ့အခါမှာတော့ ပထမသွေးကြောအမှတ် တခုက အလင်းရောင်ဖြာထွက်သွားပြီး တကိုယ် လုံးကအရိုးတွေ အက်ကွဲသွားသလို ခံစားရတ ယ်။ နာကျင်မှုက စက္ကန့်ပိုင်းဆိုပေမယ့် မေ့မရ စေတဲ့အထိပဲ။

ဒါက အဆင့်၉ အရိုးပြောင်းလဲတာလား။ လမ်း တောက်လျှောက်သူစပ်စုထားတော့ အဆင့်တွေ ရဲ့အချက်အချို့သိထားပြီလေ။ အဆင့်၉က အ ရိုးတွေကို သန့်စင်ပြီး အဆင့်၈က အရေပြားကို သန့်စင်တယ် အဆင့်၇ကတော့ သွေးကြောတွေ ပေါ့။ ဒါတွေက အခြေခံအဆင့်၃ဆင့်လို့သက် မှတ်ထားနိုင်ပြီး အဆင့်၆ ကစပြီး စစ်သည် တော်ဖြစ်လာတယ်လို့ ဆိုတယ်။

ထျန်းနင်တို့က အဆင့်၆နဲ့ နီးကပ်နေပြီ။ ချန်မိ သားစုပထမသခင်မလေးက အဆင့်၅ ဘယ် လောက်​တောင်မွန်းစတားဆန်လိုက်သလဲ။ ပိုင် လင်းမသိတာက အဆင့်၉ ဆိုတဲ့ အောက်ဆုံးအ ဆင့်ကိုရောက်ဖို့ သူက နာရီပိုင်းပဲ ကြာပြီးတဆ က်တည်းမှာပဲ ချီဓာတ်တွေက အလုံးအရင်းနဲ့ဆ က်တိုးနေတာကြောင့် အဆင့်၉ အစောပိုင်း အ လယ် နှောင်း ပြီးပြည့်စုံထိ ရောက်သွားခဲ့ပြီး ညနက်ချိန်မှာတော့ အဆင့်၈ကို ခုန်တက်သွားခဲ့ ပြီ။

နေ့တပိုင်းနဲ့ အဆင့်ကြီးတခုဖြတ်ကျော်တာမျိုး က ကြမ်းလွန်းတယ်။ ပိုင်လင်းတယောက်သတိ ပြန်ဝင်လာပြီး တင်ပျဥ်ခွေထိုင်ရာကနေ ထရပ် တယ်။ တကိုယ်လုံးမှာရှိတဲ့အရိုးတွေက သံလို မာကြောနေတယ်လို့ ခံစားရပြီး အဆင့်၈ကိုရော က်စပြုထားတော့ အရေပြားကစတင်ပြောင်းလဲ စပြုနေပြီ။

သိသာတာက အရေပြားချွေးပေါက်ကနေတဆ င့် အမဲရောင်အနံ့ဆိုးတဲ့ အရေတွေထွက်နေတာ ပဲ။

ရေချိုးမှဖြစ်တော့မယ်။ အနံ့ကဆိုးလိုက်တာ။ နေရတာ သက်တောင့်သက်သာ ရှိပေမယ့် အနံ့ ဆိုးကြောင့် စိတ်ထဲမသက်သာဖြစ်နေတယ်။

……………………………………………….

All Chapters