အခန်း (၇)
Vol. 1 Ch. 7
ရေချိုးပြီးချိန်မှာတော့ အတော်လေးလန်းဆန်း သွားသလိုခံစားလိုက်ရတယ်။ အရေပြားကိုလ က်သည်းနဲ့ အသာကုတ်ကြည့်တယ် သံပြားတခု ကိုကုတ်လိုက်ရတဲ့အတိုင်းပဲ။ ဒါကအဆင့်၈အ စောပိုင်းအဆင့်ရဲ့ အစွမ်းလား။
ပိုင်လင်းတယောက် ရေချိုးပြီးချိန်မှာတော့ သန် ခေါင်ချိန်ဖြစ်နေလေပြီ။ ဒါကြောင့် ကျောပိုးအိ တ်ထဲက ဘောင်းဘီတိုနဲ့လက်ပြတ်အကျီကိုထု တ်ဝတ်လိုက်ပြီး ကုတင်ပေါ်ပစ်လှဲချလိုက်တယ် မနက်ရောက်မှ ထျန်းနင်ဆီက ငွေစအချို့ချေး ပြီး အဝတ်အစားနည်းနည်းဝယ်ရမယ်လို့ တွေး တယ်။
သူ့ပုံစံကဒီလောကနဲ့ဆို ကွဲပြားနေတော့လူသတိ ထားစရာဖြစ်နေတယ်။ ပြီးတော့အတွေးတွေက တစတစများပြားလာပြီး လူလည်းအိပ်မောကျ သွားတော့တယ်။ ပိုင်လင်းမသိတာက အခြေခံ ကျင့်စဥ်မှာပါတဲ့ အသက်ရှုလေ့ကျင့်ခန်းကြောင့် သူအိပ်နေချိန်မှာတောင် ခန္ဓာကိုယ်ကချီဓာတ်ကို စုပ်ယူနေတာပါပဲ။
အိပ်ရာကနိုးတော့ နေအတော်မြင့်နေလေပြီ။ ည ကညနက်တဲ့အထိ လေ့ကျင့်ထားတဲ့အရှိန်ကော ခရီးပန်းလာတာကောပေါင်းပြီး အိပ်ပျော်သွားပုံ ရတယ်။
ဟူး… ကျင့်ကြံသူတယောက်ဖြစ်လာတော့ ရှေ့ လျှောက်ဘဝက ခက်ခဲကြမ်းတမ်းတော့မှာပဲ။
ထိုစဥ် အခန်းတံခါးခေါက်သံကြားလိုက်ရပြီး ထျန်းနင်ရဲ့အသံ ထွက်ပေါ်လာတယ်။
“ဟေ့ကောင် နိုးပြီလား ငါဝင်ခဲ့မယ်”
“အေး”
ထျန်းနင်က လက်ထဲမှာ အဝတ်ထည်အချို့ပိုက် ပြီးဝင်လာတယ်။ ပြီးတော့…
“ဒီ မှာမင်းအတွက် စျေးနည်းနည်းသက်သာတဲ့ အဝတ်နှစ်စုံဝယ်လာတယ် မြန်မြန်လဲပြီးအော က်ထပ်ဆင်းခဲ့ မနက်စာစားရအောင်”
ပိုင်လင်းက အဝတ်အစားတွေကိုကြည့်ပြီး စိတ် ထဲကျေးဇူးတင်မိသွားတယ်။ တဖက်သူက သူ လိုအပ်တာကိုသတိပြုမိပုံရတယ်။ ဒါကဒီလော ကကိုကူးပြောင်းချိန် ပထမဆုံးသူ့ရဲ့သူငယ်ချင်း တဦးဆီက အကူညီရတာပဲမဟုတ်လား။
“ကောင်းပြီ ခနစောင့်ငါဆင်းခဲမယ်”
“မကြာစေနဲ့နော် ငါမြို့ထဲသွားစရာရှိတယ်”
ထျန်းနင်က ပိုင်လင်းရဲ့ပုခုံးကိုပုတ်ပြီးထွက်ခွာ သွားတယ်။ သေချာတာက မြို့ထဲပတ်ပြီးဂိုဏ်း တခုခုကိုစုံစမ်းဖို့ပဲ ဖြစ်မယ်။ ပိုင်လင်းလည်း အ ဝတ်အစားမြန်မြန်လဲလိုက်တယ်။ အဝတ်စားက သူနဲ့အတော်ဖြစ်နေပြီး နဂိုကြွက်သားမရှိတဲ့ခန္ဓာ ကိုယ်က တညတည်းလေ့ကျင့်မှုနဲ့ တောင့်တင်း တဲ့ကိုယ်ဟန်ပေါ်လာတယ်။
အဝတ်အစားလဲပြီးတော့ ခပ်သွက်သွက်ပဲမနက် စာစားဖို့အောက်ထပ်ကို ဆင်းတယ်။ ထျန်းနင် တို့နှစ်ယောက်က မနက်စာစားရင်း ပိုင်လင်းဆ င်းလာတာမြင်တော့ ပြုံးပြီးနှုတ်ဆက်တယ်။
“ဒီလိုကျ လူကုန်ထံသခင်လေးနဲ့တောင်တူနေ ပါကောလားကွ”
ထျန်းနင်ရဲ့နောက်ပြောင်မှုက ပတ်ဝန်းကျင်ကို သတိပြုမိစေပြီး အကုန်လုံးရဲ့အကြည့်က ပိုင် လင်းဆီရောက်လာတယ်။ ထူထဲတဲ့မျက်ခုံး လေးထောင့်ကျကျမေးရိုးနဲ့ တည်ကြည်တဲ့မျက် ဝန်းအစုံကြောင့် တခမ်းတနားချောမောပုံမရပေ မဲ့ ခန့်ညားတဲ့အမျိုးသားတဦးလို့ မှတ်ယူနိုင်တ ယ်။ ထျန်းနင်ဝယ်ပေးထားတဲ့ဝတ်စုံက စျေးပေါ ပေမယ့် ပိုင်လင်းနဲ့လိုက်ဖက်နေတာကို တွေ့ရတ ယ်။
ထျန်းချင်ကတော့ မည်သည့်စကားမှမပြောပဲ ပိုင်လင်းကို ပြုံးပြီးခေါင်းညိတ်ပြတယ်။ ဒါက သူ့နှုတ်ဆက်နည်းပဲ။ စကားနည်းပြီးတည်ငြိမ် တာကြောင့် အစ်ကိုကြီးတယောက်လို့ ထင်ရစေ တယ်။
“မင်းတို့မြို့ထဲသွားမှာဆိုတော့ ငါ့အတွက်အလု ပ်အချို့စုံစမ်းပေးပါဦး ဘာဖြစ်ဖြစ်ရတယ်”
ပိုင်လင်းက မနက်စာကိုစားရင်း ပြောတယ်။ မ တူညီတဲ့လောကနှစ်ခုကြောင့် အစားအစာကွာ ခြားပေမယ့် ဗိုက်ထဲဆာလောင်မှုက အဲ့အချက် ကိုအပြည့်အဝဖုံးအုပ်သွားတယ်။
“မင်းမလိုက်ဘူးလား”
ထျန်းနင်က မေးတယ်။
“ဟင့်အင်း ငါနည်းနည်းနားဦးမယ် ငါကမင်းတို့ လို့ကျင့်ကြံသူမဟုတ်တော့ ခုထိပင်ပန်းသလိုခံ စားနေရတုန်းပဲ”
ပိုင်လင်းရဲ့စကားကို ထျန်းချင်က ခေါင်းညိတ် ပြီးလက်ခံဟန်ပြတယ်။ သူတိူ့မသိတာက ပိုင် လင်းကတံခါးပိတ်ပြီး ကျင့်ကြံချင်နေတာပဲ။သူ့ အတွက်အချိန်က အကန့်အသတ်ဖြစ်နေပြီး အ မြန်ဆုံးထိပ်သီးကျင့်ကြံသူတယောက်ဖြစ်ဖို့လို အပ်နေတယ် မဟုတ်လား။
မနက်စာစားပြီးတော့ ထျန်းနင်တို့က ခပ်သွက် သွက်ပဲ ထွက်ခွာသွားတယ်။ လမ်းမှာ ထျန်းနင် က ထျန်းချင်ကိုပြောတယ်။
“သူ့ပုံစံကြည့်ရတာ မနေ့ကမတူသလိုပဲ မင်းသ တိထားမိလား”
ထျန်းနင်ရဲ့အမေးကို ထျန်းချင်ကခေါင်းညိတ်ပြ ပြီး
“ဟုတ်တယ် သူ့ဆီကနေချီဓာတ်အချို့စိမ့်ထွက် နေတယ်လို့ ငါခံစားနေရတယ်”
နှစ်ဦးသား ပိုင်လင်းအကြောင်းဆွေးနွေးရင်းလူ ရှုပ်တဲ့လမ်းမကြီးပေါ် ရောက်သွားတော့တယ်။ ပိုင်လင်းကတော့ အခန်းထဲပြန်ပြီး ကုတင်ပေါ် တင်ပျဥ်ခွေထိုင်လိုက်တယ်။ ပြီးတော့ ကျင့်စဥ် ထဲကနည်းအတိုင်း စပြီးကျင့်ကြံတော့တယ်။
အသက်ရှုနည်းစနစ်နဲ့ ချီဓာတ်စုဆောင်းရုံဆိုပေ မယ့် အတော်လေးထိရောက်နေတာပဲ။ ဒါကဘ ယ်အဆင့်ကျင့်စဥ်များဖြစ်မလဲ။
ဒီလောကရဲ့ ကျင့်စဥ်တွေကို သာမန်အဆင့် အ လယ်အလတ်အဆင့် အဆင့်မြင့်အဆင့်နဲ့ ထိပ် တန်းအဆင့်ဆိုပြီး ၄ဆင့်ခွဲထားတယ်။ သူ့အထ က်မှာတော့ အင်မော်တယ်အဆင့်ပေါ့လေ။ ဒါ ကသူ့အထင် အင်မော်တယ်အဆင့်တော့မဟုတ် နိုင်လောက်ဘူးလို့ တွေးမိတယ်။အများဆုံးအ ဆင့်မြင့်ပေါ့။
အချိန်ကတဖြေးဖြေး နေ့တဝက်ကျိုးလာချိန်မှာ ကိုယ်တွင်းသွေးကြောစုံမှတ်ရဲ့ ဒုတိယအမှတ် လေးက လင်းလာတယ်။ အဆင့်၈ ပြီးပြည့်စုံကို မသိလိုက်မသိဘာသာ ကျော်ဖြတ်သွားပြီး သူ့ အတွက်အချိန်တရက်ပဲ ကြာလိုက်တာကိုသိလို က်ရတော့ မှင်သက်သွားတယ်။
ပါရမီကြောင့်လား မဟုတ်ဘူး။ သေချာပေါက် ကျင့်စဥ်ကြောင့်ပဲ။ အရေပြားကလည်း သံထည် တခုလိုမာကြောလာပြီး သာမန်ဓားတွေကထိုး ဖောက်လို့မရနိုင်တော့သလို ခံစားနေရတယ်။ နောက်တဆင့်က အဆင့်၇ သွေးကြောတွေပဲ။
ညနေစောင်းချိန်မှာ ထျန်းနင်ပေးခဲ့တဲ့ ကြေးပြာ အချို့သုံးပြီး ညစာကိုခပ်စောစောပဲစားလိုက်တ ယ်။ စိတ်ထဲကျင့်ကြံချင်စိတ်ကများနေပြီလေ။ အဆင့်၇ကို မြန်မြန်ဖြတ်သန်းပြီးမှသာ မြို့ထဲ ပတ်ကြည့်မယ်လို့ ဆုံးဖြတ်ထားတယ်။
အနိမ့်ဆုံးအဆင့်ကိုတောင် မရောက်ထားရင်သူ့ အတွက်အန္တရာယ်က လက်တကမ်းပဲ။နောက် ပြီး စစ်တပ်သုံးလက်နက်ခဲယမ်းတွေကို ဘယ် လိုသိမ်းဆည်းရမလဲ။ သိုလှောင်လက်စွပ်လိုအ ရာမျိုး ရှိနိုင်ပေမယ့် စျေးကြီးလောက်တယ်လို့ သူတွေးတယ်။
ငွေ… ငွေ… ငါ့မှာရှိတဲ့အကိုက်ခဲပျောက်ဆေးအ ချို့ထုတ်ရောင်းရမလား။ မဖြစ်နိုင်ဘူး။ ဒါတွေ ကခေတ်သစ်ဆေးဝါးတွေပဲ သူတို့ဝယ်မယ်မထ င်ဘူး။
စစ်တပ်မှာတုန်းက အသင့်ဆောင်ထားတဲ့အကို က်ခဲပျောက်ဆေးအချို့ ကျောပိုးအိတ်ထဲပါလာ ပေမယ့် အဲ့ဒါတွေက ဒီလောကနဲ့ဆိုအဆင်မ ပြေလောက်ဘူးလို့ သူတွေးမိတယ်။ ထုတ်ရော င်းလို့ရခဲ့ရင်တောင် သူတို့တွေဖော်စပ်နိုင်မယ်မ ထင်ဘူးလေ။
ထားလိုက်တော့ အဆင့်၇ကို မြန်မြန်ရောက်မှဖြ စ်မယ်။ ပြီးမှအပြင်ထွက်ပြီးငွေရဖို့နည်းလမ်းရှာ ကြည့်တာပေါ့။
ဒီလိုနဲ့ တရက်ကုန်ဆုံးသွားပြီး ပိုင်လင်းကလဲထုံ စံအတိုင်းညနက်တဲ့ထိ ကျင့်ကြံခဲ့တယ်။ ကျင့် ကြံမှုကအဆင့်၇ အစောပိုင်းကိုထိခတ်နေပြီ။မ နက်လောက်ဆို အဆင့်၇ အစောပိုင်းလောက် တော့ရောက်လောက်တယ်လို့ တွေးတယ်။
နောက်တနေ့မနက်ရောက်တော့ ထျန်းနင်တို့ဆီ က သတင်းကောင်းကြားရတယ်။ နှစ်ယောက်စ လုံး ဂိုဏ်းတခုဆီမှာဝင်ရောက်ခွင့်ရခဲ့ပြီ။ ဒါအ တွက် ထျန်းနင်က သူ့မှာရှိတဲ့ငွေတုံး၂တုံးထဲက တတုံးကိုထုတ်ပေးပြီး ဂိုဏ်းထဲမှာအဆင်ပြေရ င် သူ့ကိုခေါ်မယ်လို့ ကတိပေးတယ်။
“ရပါတယ်ကွ ငါလည်းမကြာခင်အလုပ်ရတော့ မှာဆိုတော့ ငါ့အတွက်မပူနဲ့ အချိန်ရရင်သာငါ့ ဆီလာလည်ကြပေါ့”
အလုပ်ရမယ်သာပြောတာ အလုပ်ကမရှာရသေ ဘူး။ ကျင့်ကြံနိုင်ပြီးဆိုတော့ ဂိုဏ်းတခုခုထဲဝင် လို့ရပြီလေ။ ဒါပေမယ့်ပိုင်လင်းက ဂိုဏ်းထက် စာရင် ကုန်သွယ်လုပ်ငန်းတခုခုထဲဝင်ပြီးအ စောင့်လုပ်ရင်း စီးပွားရေးတခုခုလုပ်မယ်လို့ အ တွေးရှိထားတယ်။ တဖက်မှာလည်းကြိုးကြိုး စားစားကျင့်ကြံရင်းပေါ့လေ။
“ကောင်းပြီ ဒါဆိုမနက်ဖန်ငါတို့ထွက်သွားရ တော့မယ် မင်းကတော့အလုပ်မရခင်စပ်ကြား ဒီမှာပဲဆက်နေရင်းအလုပ်ရှာပေါ့ မင်းရဲ့လက်န က်ဆန်းတွေကို တတ်နိုင်ရင်ထုတ်မသုံးနဲ့ဟုတ် ပြီလား”
ထျန်းနင်က သတိပေးတယ်။ ပိုင်လင်းရဲ့သေန တ်က အများသတိထားမိစရာသွင်ပြင်ရှိနေလေ တော့ တချို့လောဘသမားတွေ လုယက်နိုင်တ ယ်လို့ သူထင်နေတယ်။
“ငါသိပါတယ် ဒါနဲ့ ပစ္စည်းတွေကိုသိမ်းလို့ရတဲ့ လက်စွပ်လိုဟာမျိုးရှိလား”
“သိုလှောင်လက်စွပ်လား ရှိတယ်ဒါပေမယ့်မင်း တတ်နိုင်မှာမဟုတ်ဘူး စျေးအရမ်းကြီးတယ်ငါ တို့လည်းခုထိ မမြင်ဖူးသေးဘူး”
ထျန်းနင်ရဲ့စကားကြောင့် ပိုင်လင်းစိတ်ဓာတ်ကျ သလိုဖြစ်သွားချိန်မှာပဲ အသိစိတ်ထဲကချီယော င်ရဲ့အသံကိုကြားလိုက်ရတယ်။
“နင့်လက်ထဲက လက်စွပ်ကသိုလှောင်လက်စွပ် ပဲ မပျောက်စေနဲ့”
ပိုင်လင်းဝမ်းသာသွားတယ်။ ဟုတ်ပေသားပဲ။ လေဟာနယ်ပါမှတော့ ပစ္စည်းလည်းသိမ်းလို့ရရ မှာပေါ့။ ကျောက်စိမ်းပြားကနေအသွင်ပြောင်း ထားတဲ့ လက်စွပ်ထဲမှာတော့ ချီယောင်ကဦးခေါ င်းကိုအဆက်မပြတ်ခါယမ်းနေတယ်။
သူမရဲ့ရည်ရွယ်ချက်တွေအတွက် ပိုင်လင်းက နောင်မှာအားကိုးရမလား မသေချာဘူး။ စိတ် ဓာတ်ပိုင်းအရတော့ အရည်ချင်းပြည့်မီပါပေရဲ့ ခက်တာ ပါရမီပဲ လုံလောက်တယ်လို့သူမ မထင် ဘူး။ သူမတုန်းက အဆင့်၇ကို တရက်တည်းနဲ့ ကျော်ဖြတ်ခဲ့တာလေ။ ပိုင်လင်းက ၂ရက်နဲ့နေ့ တပိုင်းကုန်ခဲ့တယ်။
“ထားလိုက်တော့ နောင်အဆင်ပြေမှဝယ်တော့မ ယ်”
ထျန်းနင်တို့မသိတာက ပိုင်လင်းကအဆင့်၇အ စောပိုင်းကိုရောက်နေပြီးတော့ ချီဓာတ်ကလည်း သာမန်အဆင့်တူတွေထက် ၅ဆလောက်များတ ယ်။ ဒါက အဆင့်၆ အစောပိုင်းတွေကိုတောင်ရ င်ဆိုင်လို့ရလောက်တာကို သူကိုယ်တိုင်တောင် သတိမထားမိဘူး။
ထိုနေ့တရက်လုံး ပိုင်လင်းတို့စကားစမြည်းပြော ရင်းကုန်ဆုံးသွားစေတယ်။ ညရောက်တော့ဓား ကျင့်စဥ်စာအုပ်ကို ဖတ်ပြီး ငွေစအချို့ရလာရင် သင့်တင့်တဲ့ဓားတလက်တော့ ဝယ်ရမယ်လို့သူ တွေးတယ်။ လတ်တလောမှာတော့ ဓားကွက်အ ချို့အလွတ်မှတ်ရုံပဲရှိတယ်။
နောက်တနေ့မနက်စောစောမှာ ထျန်းနင်တို့အခ န်းထဲဝင်လာပြီး နှုတ်ဆက်တယ်။ အသက်ရှု လေ့ကျင့်ခန်းကြောင့် ပိုင်လင်းကအဆင့်၇ နှော င်းပိုင်းထိရောက်နေပြီ။ ဒါကထျန်းနင်တို့အဆင့် ကို၃ရက်တည်းနဲ့ လိုက်မီသွားတာပဲ။
ထျန်းနင်တို့သာသိရင် ရင်နာနေလောက်တယ်လို့ သူတွေးတယ်။ တဆက်တည်းမှာပဲ ဘုရင်မချီ ယောင်ရဲ့ကျင့်စဥ်က ပေါ့သေးသေးတော့မဟု တ်လောက်ဘူးလို့ သူတွက်ဆလိုက်တယ်။မဟု တ်ရင် ၃ရက်တည်းနဲ့ သူ့လိုစမှတ်ကစတဲ့လူကို အဆင့်၇ထိ ဆွဲမတင်နိုင်ဘူးလေ။
နောက်ပြီးသူက အသက်အရွယ်အရ လွန်နေပြီ ဆိုတော့ သူများထက်ပိုခက်ခဲမယ်ဆိုတာကိုလဲ သိထားပြီးသားပါ။
………………………………………………..