အခန်း (၈)
Vol. 1 Ch. 8
မြို့လယ်လမ်းမက ရှုပ်ယှက်ခတ်နေပြီးမနက် စောစောမှာတင် စည်ကားနေတာကို သတိပြုမိ လိုက်တယ်။ ထျန်းနင်တို့က မြို့အစွန်မှာရှိတဲ့ ရတနာဂိုဏ်းဆီ ထွက်ခွာသွားကြပြီ။
လမ်းတလျှောက်ဟိုဒီငေးရင်း မထင်မှတ်ပဲအ သံတခုကြားလိုက်ရတယ်။ ဒါက ချန်ဟယ်ကုန် သွယ်ရေးအသင်းအတွက် အစောင့်ခေါ်တဲ့ကြော် ကြာပဲ။
ကြောငြာနေတဲ့သူက အကျိုးအမြတ်ကိုမြိန်ရေ ယှက်ရေပြောနေပေမယ့် အစောင့်အလုပ်ကဘ ယ်လောက်အန္တရာယ်များလဲ ကျင့်ကြံသူအများ စုသိထားကြတယ်။ တဖက်မှာ အင်အားစုလေး ခုကျိတ်ပြီးပြိုင်ဆိုင်နေကြတော့ အင်အားစုတခု ခုကိုရပ်တည်ရတာက အတော်လေးစဥ်းစားရ တယ်။ မဟုတ်ရင် သက်တမ်းတိုစေနိုင်သေးတ ယ်။
ပိုင်လင်းက ကြော်ငြာကို စိတ်ဝင်တစားနားစိုက် ထောင်ကြည့်တယ်။
“အဆင့် ၆နဲ့အောက် အဆင့်၈ ကစပြီးချန်ဟယ် ကုန်သွယ်ရေးအသင်းမှာ အလုပ်ဝင်လို့ရတယ် နော် လစာက တလကိုငွေတုံး ၅တုံးနဲ့ ချီစုဆော င်းရေးဆေး နှစ်လုံးပေးမယ် နေစရာစားစရာကို ချန်ဟယ်ကုန်သွယ်ရေးအသင်းက စီစဥ်ပေးမှာ ဆိုတော့ ကျင့်ကြံသူမိတ်ဆွေတို့ အတွေးမမှား ကြနဲ့တော့ဗျို့”
တလကိုငွေတုံး၅တုံး။ ဒါကမက်လောက်စရာ ဖြစ်နေပြီးတော့ ချီစုဆောင်းတဲ့ဆေးနဲ့ပက်သက် တာကိုတော့သူလည်း သေချာမသိထားဘူး။ဒါ ပေမယ့် တလငွေတုံး၂တုံးလောက်နဲ့ ဆိုင်ဝန်ထ မ်းလုပ်တာထက်စာရင် ကုန်သွယ်ရေးအစောင့် အလုပ်က ငွေရမြန်စေတယ်။
အန္တရာယ်နဲ့ခံစားခွင့်က အမြန်အချိုးကျနေတာ ပဲလေ။ မကြာခင်မှာပဲ လူအများစုကကြော်ကြာ စာရွက်ကိုအလုအယက် ယူငင်ကြပြီးချန်ဟယ် ကုန်သွယ်ရေးခန်းမဆီကို ကသိုက်ကရိုက်ပြေး သွားကြတယ်။ တဖက်က လူဘယ်နှစ်ယောက် ခန့်မယ်ဆိုတာကို ထည့်မပြောထားတော့စော စောသွားမှ ရမယ်လို့တွေးကြပုံရတယ်။
ပိုင်လင်းလည်း လူကြားထဲတိုးပြီး စာရွက်တရွ က်ယူတယ်။ ပြီးတော့ အများနောက်ကမှေးလို က်ရင်း ချန်ဟယ်ကုန်သွယ်ရေးရဲ့ အလုပ်သမား လက်ခံဌာကိုရောက်သွားတယ်။
ချန်ဟယ်ကုန်သွယ်ရေးဌာနက မြင့်မာတဲ့အ ဆောက်ဦးတခုဖြစ်ပြီး ၅ထပ်ရှိတယ်။ ရာဂဏန် နီးပါးလူတွေ ဝင်ရောက်နေတာကြောင့်ကုန်သွ ယ်ရေးအဆောက်ဦးက ကျပ်ညပ်နေတယ်။
“အမည်”
“ပိုင်လင်း”
“ကျင့်ကြံဆင့်”
“အဆင့်၇”
ပိုင်လင်းက သူ့အဆင့်ကို အဆင့်၇ လို့ပဲသာမန် ပြောလိုက်တယ်။ ဒီလောက်ဆိုလုံလောက်ပြီလို့ သူထင်တယ်။
“ဒီတံဆိပ်တုံးကိုယူပြီး နေရာတခုမှာသွားစောင့် နေ”
ခန်းမဝန်ထမ်းက သေးငယ်တဲ့တံဆိပ်တုံးတခု ပေးပြီး မောင်းထုတ်တယ်။ အများနဲ့ဆိုတော့တ ဦးတယောက်တည်းနဲ့ အချိန်ကုန်မခံနိုင်ပုံပဲ။ပိုင် လင်းလည်း တံဆိပ်တုံးကိုယူပြီး ကုန်သွယ်ရေး ခန်းမကို အနည်းငယ်စပ်စုကြည့်တယ်။ ခန်းမ က အထပ်၅ထပ်စာမြင့်ပေမယ့် တကယ်တမ်း ၃ထပ်အဆောက်ဦးဖြစ်နေတယ်။ အတွင်းမှာ ကျောက်ပြားတွေနဲ့ အလှဆင်ထားပြီး ကြမ်းခင် ကလည်း စျေးမနည်းလှဘူး။
ပုံမှန်တိုက်တွေဆို ၅ထပ်ရှိရမှာ သူက၃ထပ်စာပဲ လုပ်ထားတော့ တထပ်ဆီက အတော်မြင့်နေတာ ပေါ့။ ပိုင်လင်းလည်း ပထမထက်ကိုပတ်ကြည့် ရင်း လှေကားကနေဒုတိယထပ်ကို တက်ကြည့် ရင်းကောင်းမလား တွေးတယ်။ ဒုတိယထပ်က ကုန်ပစ္စည်းရောင်းချတဲ့အထပ်ပဲ။
အဲ့ဒီမှာ လက်နက်နဲ့ဆေးဝါးတွေ ကျင့်စဥ်တွေ ကို အဆင့်လိုက်ပြသထားတယ်။ အကုန်လုံးက စျေးကြီးမြင့်နေပြီး အနိမ့်ဆုံးတောင် ငွေတုံး ၁၀၀ ကျော်တာကို တွေ့လိုက်ရတယ်။ ဒါကြော င့်လည်း သူဆင်းရဲတွေ ကျင့်ကြံသူဖြစ်မလာ တာလို့ တွေးမိတယ်။ တနေ့စာတနေ့ရုန်းကန်နေ ရသူတွေက ငွေတုံးရာဂဏန်းဘယ်တတ်နိုင်ပါ့မ လဲ။
ချန်ဟယ် ကုန်သွယ်ရေးခန်းမ တတိယထပ်။
“ဒီတခေါက် ကုန်သွယ်တဲ့ကိစ္စကအရမ်းအရေး ကြီးတယ် နင်မပေါ့ဆနဲ့နော်”
အသက်၁၆ အရွယ်ကောင်မလေးတဦးကသူ့ရှေ မှာရှိတဲ့ သက်လတ်ပိုင်းအရွယ် အမျိုးသားကို သတိပေးပြောဆိုနေတယ်။ အနှီကောင်မလေး က ချန်ဟယ်ကုန်သွယ်ရေးအသင်းရဲ့ ပထမသ ခင်မလေး ချန်ဟယ်ဖြစ်တယ်။ သူမအမည်ကို အစွဲပြုပြီး မှည့်ခေါ်ထားတော့ သူမရဲ့ကျော် ကြားတဲ့အလှတရားနဲ့အတူ ချန်ဟယ်ကုန်သွယ် ရေးကလည်း သင်းပျံ့ကောင်းကင်မြို့အပါအဝ င်အနီးအနားမြို့တွေထိ သတင်းမွှေးတယ်။
ကြယ်တွေလိုတောက်ပတဲ့ မျက်ဝန်းတွေ ပါးမို့မို့ လေးတွေနဲ့ ကျောက်စိမ်းလိုဖြူနုတဲ့အသားအ ရေတွေနဲ့ သွယ်လျတဲ့ကိုယ်ဟန်ကို ဂါဝန်ရှည်က ဖုံးအုပ်ထားပေမယ့် အလှတရားကတော့ထွက် ပေါ်နေတုန်းပဲ။ ဒါကခေတ်စကားအရဆိုငါးရံ့ ကိုယ်လုံးလို့ ခေါ်ရမလား။
“စိတ်ချပါ ဒီတခေါက်အသစ်ဝင်လာမယ့်အလုပ် သမားတွေကိုစီစစ်ရွေးချယ်ပြီး အားလုံးအဆင် ပြေအောင် ကြိုးစားပါ့မယ်”
“နင့်ကိုငါယုံပါတယ် ဒါကြောင့်လည်းဒီလိုအရေး ကြီးတဲ့တာဝန်တခု ချပေးလိုက်တာပေါ့”
ချန်ဟယ်က သက်ပြင်းမောကိုချရင်းပြောတယ် သိပ်မကြာခင်က ကုန်သွယ်ယာဥ်တန်းအချို့တို က်ခိုက်ခံလိုက်ရပြီး သူမတို့အတွက်အဆုံးအရှုံး ကငွေတုံး တသောင်းနီးပါးဖြစ်သွားရတယ်။တ ဖက်မှာ ငွေတုံးထက်လုပ်ငန်းဂုဏ်သိက္ခာမှေးမှိန် သွားရတော့ နောက်ပိုင်းကုန်သွယ်ရေးလမ်း ကြောင်းတွေကို ထိခိုက်သွားစေတယ်။
ချန်ဟယ်တယောက် အလုပ်အကြောင်းဆွေး နွေးနေစဥ်မှာပဲ ဝန်ထမ်းတဦးက အလုပ်သမား အသစ်တွေရဲ့အချက်အလက်အချို့ ယူလာပေး တယ်။ ဒါကသိပ်မကြာခင်က ပိုင်လင်းတို့တင် ထားတဲ့ လျှောက်လွှာတွေပါပဲ။
ချန်ဟယ်က စာရွက်တွေကိုကြည့်ရင်း ခေါင်းယ မ်းတယ်။ အများစုက အဆင့်၈ဖြစ်နေကြပြီး အ ဆင့်၆က နှစ်ဦးပဲပါတယ်။ အဆင့်၇ကတော့၅ဦ လောက်ပါနေတယ်။ လူရာဂဏန်းမှာ ဒီလောက် ပဲရှိတာကတော့ ဆိုးဝါးလွန်းပါတယ်။
ထုံးစံအတိုင်းပဲ အဆင့်၆ နှစ်ဦးနဲ့ အဆင့်၇၃ဦး ကိုကျပန်းရွေးလိုက်တယ်။ သေချာစီစစ်နေစရာ မလိုဘူးလေ။ ရွေးချယ်ပြီးမှပဲ သူတို့ပြောထား တဲ့အဆင့်နဲ့ကိုက်မကိုက် ဒုတိယအဆင့်ထပ်စစ် မယ်လို့ သူမတွေးလိုက်တယ်။ ကံကောင်းတာ က အဆင့်၇ သုံးဦးမှာ ပိုင်လင်းပါသွားတာပဲ။