အခန်း (၉)
Vol. 1 Ch. 9
ပိုင်လင်းတယောက် တတိယထပ်မှာရှိတဲ့ အခန်း တခုကိုရောက်သွားတော့ အသက်၂၀ အရွယ်အ မျိုးသမီးငယ်လေးတဦးနဲ့ သက်လတ်ပိုင်းအရွ ယ်ကျင့်ကြံသူ တဦးကိုတွေ့လိုက်ရတယ်။
အမျိုးသမီးငယ်လေးက ချန်ဟယ်ကုန်သွယ်ရေ အသင်းကြီးရဲ့ ပထမသခင်မလေးဖြစ်ပုံရပြီး နု ပျိုလတ်ဆတ်တဲ့အသွင်ပြင်နဲ့ ထက်ရှတဲ့အကြ ည့်စူးစူးတွေကို ပိုင်ဆိုင်ထားတယ်။ တဖက်မှာ ချန်ဟယ်က ရွေးချယ်ထားတဲ့ လူ၅ဦးကိုသေချာ စူးစိုက်ကြည့်နေခဲ့ပြီး အဆင့်၆ နှစ်ဦးအပြင် ချီ စွမ်းအင်အားကောင်းလွန်းပြီး အဆင့်၆နားကပ် နေတဲ့ ပိုင်လင်းကိုသတိပြုမိသွားတယ်။
“ဝင်ခဲ့ပါ”
သူမက ထိုင်ခုံနေရာအချို့ဆီ ညွှန်ပြတယ်။ သူမ ရဲ့အရှေ့မှာ အလင်းလုံးပုံစံအရာတခုရှိနေပြီးအဲ့ ဒါက ချီဓာတ်အချို့ဖြည့်သွင်းရုံနဲ့ ကျင့်ကြံဆင့် ခွဲနိုင်တဲ့အရာ ဖြစ်လိမ့်မယ်။ အများအားဖြင့်အ ဆင့်ပိုမြင့်တဲ့သူတွေက သူတို့ထက်အဆင့်နိမ့်သူ တွေကိုမြင်နိုင်ပေမယ့် ဒီလိုဖန်လုံးတွေနဲ့ခွဲခြား တာကပိုပြီး တိကျတဲ့ရလာဒ်ကိုရစေတယ်။
ပိုင်လင်းတို့၅ဦးလည်း ခေါင်းညိတ်ပြလိုက်ပြီး သူမညွှန်ပြတဲ့နေရာမှာထိုင်လိုက်တယ်။ အဆင့် ၆ နှစ်ယောက်က သူတို့ကိုယ်သူတို့မိတ်ဆက်တ ယ်။
“ရှန်ယုပါ”
“ကျိဖေးပါ”
တဆက်တည်း အဆင့်၇ တွေဖြစ်တဲ့ပိုင်လင်းတို့ လည်း ထပ်တူမိတ်ဆက်စကား ဆိုတယ်။
“ပိုင်လင်း”
“လျှိုချင်းဖုန်း”
“မော့ပေ”
ချန်ဟယ်က သူမရှေ့မှာရှိတဲ့ သက်လတ်ပိုင်းလူ ကိုတချက်ကြည့်ပြီး ခေါင်းညိတ်ပြတယ်။ ပြီး နောက်တဆက်တည်းမှာပဲ
“စစ်ဆေးမှုမှာ ဒုတိယအဆင့်ရှိတယ် ဒါပေမယ့် အဲ့ဒါက ဒီဖန်လုံးနဲ့သက်ဆိုင်ပြီးတော့ ရိုးစင်းပါ တယ်”
သူမရဲ့စကားအဆုံးမှာ သက်လတ်ပိုင်းလူကသူ့ ကိုယ်သူ မိတ်ဆက်စကားစပြောတယ်။
“ငါက ချန်ဟယ်ကုန်သွယ်ရေးအသင်းရဲ့ အဓိက အစောင့်အရှောက်၅ဦးထဲက နံပါတ်၅အစောင့် အရှောက်ဖြစ်တဲ့ တိလုံဖြစ်တယ် နောင်မှာမင်း တို့အနေနဲ့ တခုခုလိုအပ်တာရှိရင် ကျုပ်ကိုတိုက် ရိုက်ပြောနိုင်တယ် အခုဒီဖန်လုံးနဲ့ ဒုတိယစစ် ဆေးမှုကို သွားရအောင်”
အဓိကအစောင့်အရှောက်၅ဦးမှာ နံပါတ်၅။ ဒါက ချန်ဟယ်ကုန်သွယ်ရေးမှာ အနည်းငယ်အ ရာရောက်တဲ့လူအချို့ထဲ ပါဝင်ပြီး သူတို့အထ က်မှာ အားကောင်းတဲ့ကျင့်ကြံသူအချို့ ထပ်ရှိ နိုင်တယ်လို့ ပိုင်လင်းထင်တယ်။
အမှန်အားဖြင့်လည်း ဒီလောက်မှအားမကောင်း ရင် အင်အားစု၄စုကြား ရပ်တည်ဖို့ဘယ်လွယ် ပါ့မလဲ။ ပိုင်လင်းရဲ့ကျင့်ကြံဆင့်က နိမ့်ပေမယ့် မထင်မှတ်ပဲ ပိုင်လင်းကထိုသူရဲ့အဆင့်ကိုမြင် နေရတာကို သတိပြုမိတယ်။ အဆင့်၅ နှောင်း ပိုင်း။
ဒါက ချန်ဟယ်မိန်းကလေး အဆင့်၅ အစောပိုင် ထက်တောင်အားကောင်းတယ်လို့ ယူဆနိုင်တ ယ်။ တိလုံရဲ့မိတ်ဆက်စကားကရိုးရှင်းပြီး ထိ ရောက်တယ်။ ချန်ဟယ်ဆီက ခွင့်ပြုချက်ရတာ နဲ့ ရွေးချယ်ထားတဲ့သူတွေက ဖန်လုံးပေါ်လက် တင်ပြီး သူတို့ရဲ့ချီဓာတ်ကို ထုတ်လွှတ်ရတယ်။
အဆင့်၆ အစောပိုင်း
အဆင့်၆ အလယ်အလတ်
အဆင့်၇ အစောပိုင်း
အဆင့်၇ အလယ်အလတ်
အဆင့်၇ ပြီးပြည့်စုံ
အဆင့်၇ ပြီးပြည့်စုံအဆင့် ဟုတ်လား။
မော့ပေနဲ့ လျှိုချင်းဖုန်းတို့ ပိုင်လင်းကိုလှည့်ကြ ည့်ကြတယ်။ ထိုလူငယ်ကသူတို့နဲ့ရွယ်တူဆိုပေ မယ့် ကျင့်ကြံဆင့်က အားကောင်းပြီးရုတ်တရ က်ဆိုရင် ကျင့်ကြံသူမဟုတ်ဘူးလို့တောင်ထင်ရ တယ်။
ဟမ့်.. ဒီလောက်လေးများ..။
ကျိဖေးရဲ့ နှာမှုတ်သံတခုပေါ်လာတယ်။ သူ့ပုံစံ က ပိုင်လင်းကို အကြောင်းမဲ့မနာလိုဟန်ရှိပြီး သေချာတာက မဲညစ်တဲ့သူ့အသားအရေသွင်ပြ င်နဲ့ ခန့်ညားတဲ့ ပိုင်လင်းရဲ့ပုံစံကို အနာလိုနေတဲ့ သဘောရှိတယ်။
ချန်ဟယ်သခင်မလေးက မျက်မှောက်ကြုတ်ပြီ ကျိဖေးကိုစိုက်ကြည့်တယ်။ ကျိဖေးရဲ့ကျင့်ကြံ ဆင့်က အားထုတ်ထားတာထက် ဆေးဝါးအကူ ညီယူထားပုံရတယ်။ သူ့ရဲ့ချီဓာတ်က ပိုင်လင်း လောက်တောင်အားမကောင်းဘူးဆိုတာ ပညာ ရှင်အဆင့်ဖြစ်နေတဲ့ တိလုံကလည်းသတိထားမိ တော့ ကျိဖေးရဲ့ပုံစံက သူတို့အမြင်မှာဟာသလို ဖြစ်နေတာပေါ့။
“ကောင်းပြီ ကုန်သွယ်ရေးခန်းမရဲ့ အောက်ဆုံး ထပ်မှာလိုအပ်တဲ့ ဝတ်စုံနဲ့အထောက်အပံ့အချို့ ထုတ်ယူနိုင်တယ် မင်းတို့မှတ်ထားရမှာကပထမ ဆုံး ပို့ဆောင်ရေးလမ်းကြောင်း၃ခုက မင်းတို့ကို စမ်းသပ်တဲ့ကာလပဲ ဒီကာလမှာသက်မှတ်လစာ ရနိုင်ပေမယ့် အပိုဆုကြေးတော့ ခံစားခွင့်မရှိဘူ ဒါပေမယ့် သခင်မလေးက စိတ်ထားကောင်းတဲ့ သူပါ မင်းတို့လုပ်ရည်ကိုင်ရည်ကိုကြည့်ပြီး ဆု လာဘ်အချို့ပေးဖို့ တွန့်ဆုတ်မှာမဟုတ်ဘူး”
တိလုံက ရှင်းပြတယ်။ ပိုင်လင်းကတော့ အစမ်း ခန့်ကာလဆိုတာကို သဘောပေါက်ထားပြီး ခံ စားခွင့်နည်းပေမယ့် အားထုတ်မှုပြလို့ရတဲ့အချိ န်ဖြစ်နေတော့ ပေါ့လျော့လို့မရဘူး။ သူ့အနေနဲ့ လည်း အားကောင်းတဲ့နောက်ခံတခုရထားကာမှ အရင်းအမြစ်ကို ရယူနိုင်ပြီး ဆယ်နှစ်အတွင်း ဘုရင်မချီယောင်လိုချင်တဲ့ အဆင့်တခုရောက် နိုင်မယ်လို့ ထင်တယ်။
မကြာခင် တိလုံက စကားအချို့ထပ်ပြောပြီး ရွေးချယ်ထားတဲ့သူတွေ နေထိုင်ဖို့ ချန်ဟယ်အိ မ်တော်ဝန်းထဲ လိုက်ပို့တယ်။ ကျင့်ကြံသူတွေဖြ စ်လို့ နေရာထိုင်ခင်းကို သင့်တင့်မျှတအောင်စီစ ဥ်ပေးထားတယ်။
ဥပမာ တယောက်ကို ခြံဝန်းပါတဲ့အိမ်တလုံးပေး ထားပြီး လိုအပ်တဲ့အစားအသောက်အတွက်က တော့ စုပုံစနစ်ကိုသုံးတယ်။ သီးသန့်အစေခံပေး ရလောက်တဲ့ထိတော့ ပိုင်လင်းတို့ကအဆင့်မမီ သေးဘူးလေ။
ထွက်သွားခါနီးထိ ကျိဖေးက ပိုင်လင်းကိုစူးစိုက် ကြည့်သွားသေးတယ်။ မော့ပေကတော့ ပိုင်လ င်းကိုစိတ်ဝင်တစား ရှိနေပြီး ခန်းမအပြင်ရော က်တာနဲ့ စကားလာပြောတော့တာပဲ။
“ဒီကညီအစ်ကို နောင်မှာအလုပ်အတူလုပ်ရမှာ ဆိုတော့ ကျုပ်ကိုကူညီကြည့်ရှုပေးပါဦး”
အမှန်က မော့ပေကလူရည်လည်ပြီး ချန်ဟယ် သခင်မလေးရဲ့ ပိုင်လင်းကိုကြည့်တဲ့အကြည့်က အလေးအနက်ဖြစ်နေတာကို သတိပြုမိလိုက်တ ယ်။ သူကိုယ်တိုင်ကလည်း တည်ငြိမ်ပြီးထူးခြား တဲ့ပိုင်လင်းက နောင်မှာအထောက်ပံ့ကောင်းတ ခုဖြစ်စေမယ်လို့ တွက်ဆထားတာလည်းပါမယ် ဒါကြောင့် ခုချိန်မှာရင်းနီးအောင်ကြိုးစားထား တာကမမှားဘူး ပေါ့လေ။
“ကောင်းပါပြီ”
ပိုင်လင်းက ပြုံးပြီး ခေါင်းညိတ်ပြလိုက်တယ်။ တဖက်သူက မကောင်းတဲ့ရည်ရွယ်ချက်မရှိပဲ ရိုးရိုးသားသားမိတ်ဆက်စကား ဆိုမှတော့သူ့အ နေနဲ့ ရိုင်းပြစရာမလိုဘူးလေ။
“ဒီတခေါက် ပို့ဆောင်ရမယ့်ကုန်တွေက အရမ်း အရေးကြီးတယ် ဦးလေးတိကိုယ်တိုင်သေချာ ကြပ်မတ်ပေးပါ”
“စိတ်ချပါသခင်မလေး ကျုပ်တို့ကုန်သွယ်ရေး အသင်းက ငွေကြေးထက်ဂုဏ်သိက္ခာကိုပိုပြီး အလေးနက်ထားတော့ ဒီတကြိမ်မှာအမှားအယွ င်း မရှိစေရတော့ပါဘူး”
တိလုံဆီက စကားကြားမှ သူမလည်းသက်ပြင်း ချလိုက်တယ်။ သင်းပျံ့ကောင်းကင်မြို့က လွန် ခဲ့တဲ့နှစ်ဝက်ကစပြီး မသက်ာစရာကောင်းလာ တယ်။ မြို့ထဲကိုသူစိမ်းတွေအဝင်များလာပြီး ပြိုင်ဘက်အင်အားစုတွေကလည်း ရှေ့တင်ရော နောက်ကွယ်မှာပါ မရိုးမသားလှုပ်ရှားလာတာကို သတိပြုမိတယ်။
စိုးရိမ်ရမှာက တဖက်အင်အားစုတွေကိုစုပေါင်း ပြီး သူမတို့ကိုဖြုတ်ချမယ့်အချက်ပဲ။ နောက်ပြီ အလုအယက်ခံနေရတဲ့ ကုန်သွယ်ရေးလမ်းကြေ ာင်းတွေက သူတို့လက်ချက်မကင်းဘူးလို့ ချန် ဟယ်တွက်ဆထားသေးတယ်။
ဒါပေမယ့်သက်သေပြစရာ မရှိသေးဘူး။ တဖ က်က ပိပိရိရိလှုပ်ရှားနေပုံရှိတယ်။
“ဒါနဲ့ ပိုင်လင်းဆိုတဲ့လူငယ်နဲ့ပက်သက်ပြီး သခင် မလေး သတိပြုမိထားတာရှိလား”
တိလုံကမေးတယ်။ သူကိုယ်တိုင်လည်းပိုင်လင်း ရဲ့အားကောင်းမှုကို ခံစားနေရပြီး အဆင့်တူချင် သာမက ပိုင်လင်းရဲ့ခွန်အားက တဆင့်ကျော်ရင် ဆိုင်နိုင်စွမ်းရှိပုံရတယ်။
“ဟုတ်တယ် သူ့ရဲ့ချီဓာတ်က ထူးဆန်းပြီးတော့ အရမ်းလည်းအားကောင်းတဲ့ ဒါပေမယ့်စိတ်ဓာ တ်ပိုင်းအရ စောင့်ကြည့်ချင်သေးတယ် ဒီတကြိ မ်ခရီးစဥ်မှာ ဦးလေးတိက သေချာစောင့်ကြည့် ပေးထားပါ အဆင်ပြေရင် ကျွန်မရဲ့ကိုယ်ပိုင်အ စောင့်အနေနဲ့ ခေါ်ထားဖို့စိတ်ကူးတယ်”
ဒါက ပိုင်လင်းရဲ့ရုပ်ရည်ကြောင့် မဟုတ်ပါဘူး။ အန္တာရာယ်များတဲ့ သူမအနေထားက သက် တော်စောင့်လိုလူမျိုးလိုတယ်။ နောက်ပြီးတဖ က်မှာ သူမကိုဖိအားပေးလက်ထပ်ခွင့်တောင်း နေတဲ့ လူအချို့ကိုလည်း ရင်ဆိုင်နေရသေးတ ယ်။
…………………………………………………