အခန်း (၁၀)
Vol. 1 Ch. 10
ပိုင်လင်းတယောက် သူ့အတွက်ပေးထားတဲ့ခြံ ဝန်းဆီရောက်သွားတယ်။ ခြံဝန်းကမီတာ၅၀ပ တ်လည်ကျယ်ပြီး တယောက်စာအိမ်သေးသေး တလုံးဆောက်ထားပေးတယ်။ အိမ်ကတောင့် တင်းပြီး အနည်းဆုံးရာသီဥတုဒဏ်ခံနိုင်လော က်တယ်လို့ သူတွေးတယ်။
အိမ်ထဲဝင်ပြီးတာနဲ့ အိပ်ရာပေါ်တန်းသွားပြီးပစ် လှဲချလိုက်တယ်။ မကြာခင်ကမှထုတ်ယူလာတဲ့ ဝတ်စုံအချို့ကိုလည်း လက်စွပ်ထဲသေချာသိမ်း ဆည်းထားတယ်။
သူ့အတွက်လုပ်စရာက ကျင့်ကြံဆင့်ကို အဆင့် ၆ထိ မြင့်တင့်ထားဖို့ပဲ။ နောက်ပြီးဓားကွက်အ ချို့လေ့လာရမယ်။ ကျင့်ကြံဆင့်အားကောင်း ပြီး ကျင့်စဥ်တချို့မတတ်ထားရင် အလကားပဲ
ပိုင်လင်းက ချီယောင်ပေးထားတဲ့ ဓားကျင့်စဥ် ကိုထုတ်ယူတယ်။ ကုန်သွယ်ရေးခန်းမဆီကရ ထားတဲ့လက်နက်က အဆင့်နိမ့်ဓားတလက်ပဲ ဒါပေမယ့် ရိုးစင်းတဲ့ဓားကွက်တွေ လေ့ကျင့်ဖို့ ကတော့ သင့်လျော်ပါတယ်။
ဓားကျင့်စဥ်ထဲမှာ ပထမဓားကွက်က အရိုးစင်း ဆုံးပဲ။ အပြင်ပန်းကကြည့်ရင် ချီဓာတ်တောင် မသုံးထားဘူးလို့ထင်ရတယ်။ ဓားကွက်ထဲမှာ ထိုး ခုတ် ပိုင်း ဆိုပြီး ၃ခုပါတယ်။ တခုချင်းစီ က သာမန်မျက်စိအမြင်နဲ့တောင် မြင်နိုင်လို့ပိုင် လင်းတယောက် ဆွံအနေတယ်။
ဒီလောက်ရိုးစင်းရသလား။
ပိုင်လင်းမသိတာက ဓားကွက်တွေမှာရိုးစင်းတာ ကအဆန်းပြားဆုံးနဲ့ အားအကောင်းဆုံးဖြစ်ပြီး ထိရောက်တယ်ဆိုတာပဲ။ မကြာခင်ရထားတဲ့ ဓားကိုထုတ်ပြီး ဓားကွက်ကိုပုံဖော်ကြည့်တယ် ချီယောင်က လက်စွပ်ထဲကနေပြီး ပိုင်လင်းတစ် ယောက် ဓားရေးလေ့ကျင့်နေတာကို လေ့လာနေ တယ်။
ဒီဓားကွက် ချီမျိုးဆက်တလျှောက် စတင်သုံး လာတဲ့ ကျင့်စဥ်ပဲ။ အပြင်မှာဝယ်လို့မရတဲ့အထိ တန်ဖိုးကြီးတယ်။ နောက်ပြီး တော်ယုံလူအနေနဲ့ ပထမဓားကွက်ကို ကျွမ်းကျင်ဖို့တောင်မလွယ် ကူပါဘူး။
ပိုင်လင်းကတော့ ချီယောင်ကို သတိမပြုပဲ ဓား ကွက်ကိုသာ အာရုံစူးစိုက်ပြီး လေ့လာရင်းကျင့် ကြံနေတယ်။ လက်ထဲကဓားက အရိပ်တွေအ နေနဲ့ ဖြာထွက်နေပြီး မိနစ်အနည်းငယ်အတွင်း မှာပဲ မြန်ဆန်တဲ့ဓားချက်တွေ ဖြစ်သွားတယ်။
ဒါပေမယ့်ပိုင်လင်းရဲ့စိတ်ထဲမှာတော့ နှေးကွေး နေတုန်းပဲ။ မဟုတ်သေးဘူး ဒီတိုင်းဆိုရန်သူက ငါ့ဓားကွက်တွေကို ရှောင်သွားမှာပေါ့။
ခြံဝန်းထဲထွက်လာပြီး သစ်ပင်တခုရှေ့ရပ်တယ် ခန္ဓာကိုယ်ကို လှံတချောင်းလိုမတ်နေအောင်ရပ် ပြီး ဓားကိုလည်း လက်နဲ့တဖြောင့်တည်းဖြစ် အောင် ကိုင်ထားတယ်။ ဒါက ဓားကွက်ရဲ့ပထမ ဆုံး လှုပ်ရှားမှုပဲ။
ဓားရဲ့သဘောတရားက တိုက်ခိုက်ဖို့ ခုခံဖို့နဲ့ပြီး တော့ ကာကွယ်ဖို့။ တချို့သဘောတရားတွေက ရိုးစင်းပြီး အနှစ်သာရပြည့်ဝတာကို သတိပြုရ မယ်။ ပိုင်လင်းက နာရီအနည်းငယ်ဓားကွက်ကို လှုပ်ရှားပြီးချိန်မှာတော့ ဓားကလက်ထဲမှာတည် ငြိမ်သွားပြီး နှစ်ပေါင်းများစွာ ဒီဓားနဲ့ရင်းနီးနေ တဲ့ခံစားချက်တခု ရလာတယ်။
ပြီးတော့ လှုပ်ရှားမှုတွေက ပိုတိကျလာပြီးအား ပါပြင်းထန်လာတယ်။
အသေးစားအောင်မြင်မှုအဆင့်။
လက်စွပ်ထဲကနေ စပ်စုနေတဲ့ချီယောင်တယော က် မှင်သက်နေတယ်။ ပိုင်လင်းကပထမဆုံးဓား ကိုင်လေ့ကျင့်တာက ဓားရေးမှာအသေးစား အောင်မြင်မှုကို ရသွားတယ်။ ဒါကဘယ်လော က်ကြာသေးလို့လဲ။ နာရီပိုင်းပေါ့ အတိကျဆို ၄ နာရီဝန်းကျင်ပဲရှိသေးတာ။ သူမတုန်းက၃ရက် တိတိကြာခဲ့ပြီး အခုပိုင်လင်းလောက်လည်းလှုပ် ရှားမှုက မသေသပ်ပါဘူး။
ဒီကောင်က နားလည်မှုမှာတော့ အတော်လေး အားကောင်းတာပဲ။ ချီယောက်လည်းသက်ပြင်း ချလိုက်ပြီး သူမရဲ့စိတ်ကူးတွေအတွက် မျှော်လ င့်ချက်အချို့ ပေါ်လာတယ်။ အနည်းဆုံးတော့ အရည်အချင်းမရှိတဲ့သူကို သူမမရွေးချယ်မိဘူး ပေါ့လေ။
၄နာရီနီးပါး ဓားကွက်ကိုကျင့်ပြီးချိန်မှာတော့ ဓားကျင့်စဥ်ရဲ့ ပထမဓားကွက်ကို ရင်းနီးသွားတ ယ်။ ဒါက သူ့ရဲ့ပထမဆုံး သိုင်းအတတ်ပညာတ ခုပဲ။ ကျင့်ကြံရေးလောကမှာ အဆင့်တူချင်းရင် ဆိုင်ရတာတောင် ဘယ်လိုကျင့်စဥ်ကိုသုံးလဲဆို တာက ရလာဒ်ထုတ်ပေးနိုင်တယ်။
အားကောင်းတဲ့ ပါရမီရှင်တွေက ထိပ်တန်းရင်း မြစ်တွေနဲ့ ပါရမီကြောင့် အဆင့်တူသာမကအ ဆင့်ကျော်တိုက်ခိုက်နိုင်စွမ်း ရှိတယ်ဆိုတာပိုင် လင်းသိထားတယ်။ အထူးသဖြင့် ကောင်းမွန်တဲ့ ကျင့်စဥ်အကူညီကြောင့်ပဲ။
ညနေစောင့်လုနီးပါးရောက်ချိန်မှာတော့ ဓားကို ခနဖယ်ထားလိုက်ပြီး ယခင်လောကတုန်းကသူ ဝါသနာပါတဲ့ တိုက်ခိုက်ရေးပညာလက်ဝှေ့ကို ပြန်စဥ်းစားပြီး ကစားကြည့်တယ်။ ဒီပညာရပ် က ဒီလောကမှာဆို အသစ်ဆန်းဖြစ်နေပြီးသူက သာ လုံးဝကျွမ်းကျင်သွားရင် နောင်မှာသူ့အတွ က်အထောက်ကူတခု ဖြစ်လာနိုင်တယ်။
တောင့်တင်းတဲ့ သစ်ပင်တခုကို ညာဖြေနဲ့ဖြတ် ကန်တယ်။ ပြီးတော့ ဦးခေါင်းကိုဘယ်ဘက်ငုံ့ ယမ်းပြီး ညာလက်သီးတချက် ထိုးထုတ်တယ်။ တဆက်တည်း ဦးခေါင်းကို ဘယ်ဘက်ပြန်ယိမ် ပြီး ဘက်လက်သီးချက်။ လက်သီးချက်တွေမှာ ချီဓာတ်မထည့်ထားတဲ့ ရုပ်ပိုင်းဆိုင်ရာသန်မာမှု ကိုအားကိုးပြီး လှုပ်ရှားမှုကိုအသားကျအောင် အရင်ကြိုးစားနေတာဖြစ်တယ်။
လက်သီးချက်တွေက ခြေကန်ချက်တွေနဲ့အတူ လှုပ်ရှားနေပြီး ခွန်အားမပါပေမယ့် တမျိုးကြည့် ကောင်းနေတယ်။ ချီယောင်က ပိုင်လင်းကိုအ ထူးစောင့်ကြည့်နေပြီး လက်ဝှေ့ကစားနည်းအရ ပိုင်လင်းသာ ရုပ်ခန္ဓာကျင့်ကြံထားရင် ပိုကောင်း ဖို့ရှိနိုင်တာကို သတိပြုမိသွားတယ်။
ငါသူ့ကို မပျက်စီးနိုင်တဲ့ ရွှေခန္ဓာကိုယ်ကျင့်စဥ် ပေးသင့်လား။ မပျက်စီးနိုင်တဲ့ရွှေခန္ဓာကိုယ်က ဗုဒ္ဓဘာသာဘုန်းကြီးအချို့ ရှေဟောင်းလမ်းစဥ် ကျင့်ကြံရေးပညာရပ်တမျိုးဖြစ်ပြီး သူမခေတ် ကာလတုန်းက ထိုကျင့်စဥ်ကိုလိုက်စားတဲ့သူအ င်မတန်ရှားတယ်။
အထူးသဖြင့် လေ့ကျင့်ရခက်ခဲပြီး ရုပ်ပိုင်းဆိုင် ရာအတွက် ဆေးဝါးရှားပါးတော့ တော်ရုံလူက ကျင့်ကြံလေ့မရှိဘူး။ ဒါပေမယ့် အဆင့်တခုထိ ရောက်အောင်ကျင့်ကြံထားနိုင်ရင် ထိပ်တန်းအ ဆင့်လက်နက်တွေကို လက်ဗလာခုခံနိုင်တဲ့အ ထိသန်မာတာကို သူမသိထားတယ်။
ပိုင်လင်းကတော့ နာရီအနည်းငယ် လက်ဝှေ့ကို ကစားပြီးချိန်မှာတော့ အနည်းငယ်မောပန်းသ လိုခံစားသွားရတယ်။ ကိုယ်ထဲကချီဓာတ်အချို့ ကုန်ခမ်းလာပြီး အပြင်ကတိုးဝင်လာတဲ့ချီဓာတ် ကို မျှတသွားအောင် အသက်ရှုလေ့ကျင့်ခန်းနဲ့ ပြန်ထိန်းညှိလိုက်တယ်။
ကျင့်ကြံဆင့်မြင့်လာတာနဲ့အမျှ သူ့ရဲ့စိတ်စွမ်း အင်ကလည်း တိုးလာတယ်။ ခန္ဓာကိုယ်သန်မာ မှုက ထိပ်တန်းဖိုက်တာတွေကို လှဲသိပ်ဖို့အသာ လေးဖြစ်နေတာကို သတိပြုမိလိုက်တော့ အ တော်လေး ဝမ်းသာသွားတယ်။ ယခင်လောက မှာဆိုရင်တော့ သူကတကယ့်ဖိုက်တာဖြစ်နေပြီ။
လက်စွပ်လေးထဲမှာ ချီယောင်က ပိုင်လင်းရဲ့ ကျောပိုးအိတ်ကိုစပ်စုနေတယ်။ ထူးဆန်းတဲ့ သေနတ်ကိုလည်း စိတ်ဝင်စားနေပြီး ဒါကမတူ ညီတဲ့လက်နက်ပုံစံတမျိုးဖြစ်နိုင်တယ်လို့ သူမ တွေးတယ်။ ဒါပေမယ့် သိုင်းသခင်အဆင့်မဆို ထားနဲ့ အဆင့်၅ အထက်ကိုရောက်သွားရင်ကျင့် ကြံသူက သူ့ရဲ့ခန္ဓာကိုယ်ကို မမြင်ရတဲ့ချီအလွှာ တခုဖုံးထားတော့ သေနတ်ကျည်ဆံကမတိုး ပေါက်လောက်တော့ဘူး။
နောက်ပြီး လက်သီးဆုပ်အရွယ် လက်ပစ်ဗုံးနဲ့ ပေါ့ပါးတဲ့ဓားမြှောင် ဓာတ်မီးနဲ့စီးကရက်ဗူး အ ထူးဆန်းပစ္စည်းတွေချည်းဖြစ်ပေမယ့် သူမက အရမ်းစိတ်ဝင်စားနေတာမျိုး မရှိဘူး။သာမန် လျှံကာစပ်စုပြီးနောက် ပြန်ထားလိုက်တယ်။သူ မအနေနဲ့ အခုလိုအချိန်အနည်းငယ် လှုပ်ရှားနေ ရတာတောင် စွမ်းအင်ကုန်ခမ်းလုနီးပါးဖြစ်နေ တော့ မသက်မသာသက်ပြင်းချလိုက်ပြီး ပြန်လ ည်အိပ်စက်သွားတယ်။
……………………………………………….