← Chapters

အခန်း (၁၁)

Vol. 1 Ch. 11

အခန်း (၁၁)

Vol. 1 Ch. 11

နောက်တနေ့မနက်ရောက်တော့ အိမ်တော်ဝန်း တခုလုံး သက်ဝင်လှုပ်ရှားနေပြီး ဒီအရာကအား ကောင်းတဲ့အင်အားစုကြီးတခုရဲ့ လှုပ်ရှားသက် ဝင်မှုမျိုး ဖြစ်တယ်။

ပိုင်လင်းက ကိုယ်လက်သန့်စင်ပြီး​နောက်သူနေ ထိုင်တဲ့အိမ်ကနေ ထွက်လာပြီး ခန်းမနဲ့အနီးဆုံး မှာရှိတဲ့ စားသောက်ခန်းမတခုကို သွားတယ်။ စားသောက်ခန်းမက လူများပြည့်လုနီးပါးဖြစ် နေပြီးတော့ မထင်မှတ်ထားစွာပဲ မော့ပေကစား ပွဲတခုမှာထိုင်ပြီး မနက်စာစားနေတာကို တွေ့လို က်ရတယ်။

ပိုင်လင်းကိုတွေ့တော့ မော့ပေက အားရဝမ်းသာ လှမ်းခေါ်တယ်။

“ညီအစ်ကိုပိုင် ဒီကိုလာခဲ့လေ”

ပိုင်လင်းလည်း အခြားစားပွဲတွေကိုတချက်ကြ ည့်လိုက်ပြီး နေရာလွတ်မရှိသလောက်ဖြစ်နေ တာကိုတွေ့လိုက်ရတော့ မော့ပေရှိတဲ့စားပွဲမှာ ထိုင်ဖို့ပဲ ရွေးချယ်လိုက်တယ်။

“အလုပ်နဲ့ပက်သက်ပြီး ဘာကြားမိသေးလဲ”

ပိုင်လင်းက သူ့အတွက်မနက်စာတချို့ မှာယူ လိုက်ပြီး တဆက်တည်းမှာပဲ အလုပ်နဲ့ပက်သ က်တဲ့ကိစ္စအချို့ မော့ပေကိုမေးတယ်။မော့ပေ ကပြုံးပြီး

“နောက်တပတ်အတွင်း ဒီမြို့နဲ့မိုင် ၅၀၀ နီးပါးအ ကွာက တစ္ဆေမြို့ကို ကုန်သွယ်ရေးလမ်းကြောင် တခုရှိတယ်လို့ ခေါင်းဆောင်တိလုံက မနက်က ပဲ ခန်းမမှာငါတို့ကို အသိပေးထားတယ်”

“တစ္ဆေမြို့.. ဟုတ်လား”

“ထူးဆန်းသွားလား… အဲ့မြို့က သင်းပျံ့ကောင်း ကင်မြို့ထက်နိမ့်ပေမယ့် အဲ့မြို့ကိုအဓိကအုပ် ချုပ်ထားတဲ့ တစ္ဆေဂိုဏ်းကတော့ ပေါ့သေးသေး မဟုတ်ဘူး နောက်ပြီး ချန်ပြည်နယ်ရဲ့အဓိကမြို တော်ကိုသွားတဲ့ လမ်းကြောင်းမှာရှိနေတော့ မြို့ ကအရေးပါအရာရောက်တယ်လို့ ယူဆနိုင်သေး တယ်”

မော့ပေ အကြမ်းဖျဥ်းရှင်းပြတယ်။ မူလ ပိုင်လ င်းထင်လိုက်တာက တစ္ဆေသရဲတွေရှိလို့ တစ္ဆေ မြို့လို့ ခေါ်တာဖြစ်မယ်ပေါ့။ ကျင့်ကြံရေးလော ကဆိုတာကလည်း အထူးအဆန်းတွေပြည့်နက် နေတတ်တယ်လို့ သူကသိထားတာလေ။

“စကားမစပ် ညီအကိုပိုင်က ဒီရက်ပိုင်းတွေမှာ ဘာအစီစဥ်ရှိလဲ”

“ပိုင်လင်းလို့ပဲ ခေါ်ပါ”

“ကောင်းပြီ”

မော့ပေက လက်ဖက်ရည်တခွက်သူ့အတွက်ငှဲ့ ပြီး ပိုင်လင်းကိုလည်း တခွက်ငှဲ့ပေးတယ်။ ပိုင် လင်းက ယခင်လောကမှာတည်းက လက်ဖက် ရည်ထက် အချိုရည်လိုအရာမျိုးကို ပိုကြိုက်တဲ့ သူဖြစ်နေတာကြောင့် မော့ပေငှဲ့ပေးထားတဲ့လ က်ဖက်ရည်ကို တချက်ကြည့်ပြီး လျစ်လျူရှုလို က်တယ်။

“ကျိဖေးနဲ့ရှန်ယုက သိပ်မရိုးသားဘူးမင်းသတိ ထားဖို့လိုတယ်”

“ဘာလို့လဲ ငါကသူတို့နဲ့ရန်ငြိုးမရှိဘူးလေ”

ပိုင်လင်းက မသိနားမလည်ဟန်နဲ့မေးတယ်။

“ရန်ငြိုးမရှိပေမယ့် အဲနှစ်ကောင်ဒီခန်းမကိုဝင် လာတာက သေချာပေါက်မရိုးရှင်းဘူး”

မော့ပေက ကျိဖေးတို့နဲ့ပက်သက်ပြီး အချို့အ ရာတွေသိထားပုံရတယ်။ ဒါပေမယ့်သူတောင် သိထားရင် အင်အားကြီးတဲ့ ချန်ဟယ်ကုန်သွယ် ရေးကကော မသိပဲနေမလား။ သူတို့အပေါ်တစုံ တရာထိခိုက်အောင် မလုပ်သရွေ့ လျစ်လျူရှု ထားမှာပဲ။

ထူးဆန်းတာကတော့ အစောင့်အရှောက်ခန့်အပ် ရာမှာ ခွန်အားကိုပဲ ကြည့်ပြီးစိတ်ဓာတ်နဲ့နောက် ခံကိုမစစ်ဆေးတာပဲ။ ဒါကစုန်းပြူးတွေအလွ ယ်ဝင်ရောနိုင်သလို အဖွဲ့ကိုလည်းနောင်မှာဒုက္ခ ပေးလာနိုင်တယ်။..

“မင်းမသိလို့ ချန်ဟယ်သခင်မလေးက ဖိအား တွေအရမ်းများနေတာ မြို့မကုန်သွယ်ရေးနဲ့ ထန်းမိသားစု သခင်လေးနှစ်ဦးက ချန်ဟယ်ကု န်သွယ်ရေးခန်းမသခင်ရဲ့ သမီးနှစ်ဦးစလုံးကို လက်ထပ်ခွင့်တောင်းနေကြတယ်”

“သမီးနှစ်ဦးဟုတ်လား နောက်တဦးကဘယ်သူ လဲ”

“ချန်ရှင်း”

ပိုင်လင်းခေါင်းညိတ်ပြလိုက်တယ်။ ထျန်းနင်တို့ ဆီက သိထားရသလောက် အငယ်မလေးကအ ကြီးမထက်ပို ပါရမီကောင်းပြီး အသက်အရွယ် ကလည်း ၁၂ နှစ်ပဲရှိသေးလေတော့ တကယ့် ကျောက်ရိုင်းတုံးလိုဖြစ်နေတာပါ။

“ဘယ်သခင်လေးက အငယ် ဘယ်သခင်လေး ကအကြီးလဲ”

ပိုင်လင်းရဲ့အမေးကို မော့ပေက မသိတတ်ရန် ကောပုံစံနဲ့ ကြည့်တယ်။ ပြီးတော့

“နှစ်ယောက်စလုံးတောင်းတာ သခင်လေးနှစ်ဦး စလုံးကတောင်းတာနော် မင်းဘယ်လိုထင်လဲ”

“၁၂ နှစ်သမီးကိုလေ ဘယ်လိုတောင်”

ဒီလောကရဲ့ အိမ်ထောင်ပြုသက်မှတ်အရွယ် ကိုပိုင်လင်း နားမလည်တော့ဘူး။ အသက်၁၅ လောက်နဲ့ အိမ်ထောင်ကျနေပြီး အသက်၂၀ ကို ကျော်သွားရင်တောင် အရွယ်လွန်ပြီလို့ သက်မှ တ်ထားပုံရတယ်။ သိထားရမှာက ပထမသခင် မလေးက အခုမှ၁၈ ပဲရှိသေးတာပါ။

“အင်အားစု၄ခုက တခုနဲ့တခုလုံးထွေးနေပြီးပို အင်အားကောင်းတဲ့ အဖွဲ့ကတခြားအဖွဲ့ကိုလွှမ်း မိုးဖို့အစွမ်းကုန်ကြိုးစားနေကြတာ နောက်ပိုင်း နှစ်တွေမှာ ချန်ဟယ်ကုန်သွယ်ရေးခန်းမကအ ကျဘက်ကိုရောက်နေပြီ မင်းတဖြေးဖြေးသတိ ထားမိမှာပါ”

ပိုင်လင်း တခဏမျှတိတ်ဆိတ်သွားတယ်။ ဒါနဲ့ သူရွေးချယ်မှုမှားသွားလေသလားလို့ တွေးမိ တော့ မမှားပါဘူး။ သူက စိတ်ထဲကလက်ခံတဲ့ အရာကိုရွေးချယ်ပြီးမှတော့ အဆုံးထိလျှောက် ရုံကလွဲပြီး ရွေးချယ်စရာမရှိပါဘူး။ နောက်ပြီး သူ့ရည်မှန်းချက်က ဒီမြို့လေးမှာပိတ်မိနေဖို့မ ဟုတ်ပဲ ပိုအားကောင်းတဲ့နေရာတွေကို ဖြန့်ကြ က်သွားလာဖို့ပဲ။

သိထားတဲ့အတိုင်း ကျားဖြူကုန်သွယ်ရေးခန်းမ က ချန်ဟယ်ကုန်သွယ်ရေးခန်းမနဲ့ နီးစပ်တဲ့ဆ က်ဆံရေးရှိပေမယ့် ဒါကသေရေးရှင်ရေးမှာဘ ယ်လောက်အကူညီပေးမလဲ ဆိုတဲ့အချက်ကလဲ ရှိသေးတယ်။

သေချာတာက ရတနာဂိုဏ်းလို ထိပ်တန်းဂိုဏ်း တွေသာ ဝင်ရှုပ်ခဲ့ရင် သင်းပျံ့ကောင်းကင်မြို့ ကနောက်၅နှစ်အတွင်းမှာ ဒီထက်ပိုရှုပ်ထွေးဖို့ရှိ နေတာပဲ။ ရတနာဂိုဏ်းဆိုမှ ထျန်းနင်တို့ကို တောင်သူ သတိရသွားမိတယ်။ ထျန်းနင်တို့က အရည်အချင်းရှိတဲ့ လူငယ်တွေဆိုပေမယ့်ညံ့ ဖျင်းနိမ့်ကျတဲ့နောက်ခံကြောင့် ဂိုဏ်းထဲမှာလဲ ရုန်းကန်ရလောက်တယ်လို့ သူထင်တယ်။

ဒါပေမယ့် မြို့ပေါ်တက်ပြီးငွေရှာတဲ့ တောရွာက လူငယ်တွေလိုပေါ့ အနည်းဆုံးဝင်ငွေတခုနဲ့နေစ ရာစားစရာတခု ရနေတာကိုက ကျေနပ်စရာဖြစ် နေပြီး အရင်းအမြစ်ကတော့ သူတို့ကံနဲ့သက်ဆို င်သွားလေပြီ။

ချီစုဆောင်းဆေးလုံးတွေ ကိုယ်ခန္ဓာသန့်စင်ဆေ လုံးတွေလို စျေးအသင့်တင့်နဲ့ ပေါပေါပဲပဲရနိုင် တာတွေပဲ သူတို့ပိုင်ဆိုင်နိုင်ပြီး ပိုကောင်းတဲ့အ လယ်အလတ်ဆင့် ဆေးတွေနဲ့ကတော့ဝေးကွာ နေဦးမှာပဲ

တဆက်တည်းမှာ ကျင့်ကြံရေးလောကရဲ့ မတူ ညီတဲ့လမ်းကြောင်းတွေမှာ ကိုယ့်ပါရမီကိုအစစ် မှန်သိမြင်ပြီး လမ်းစဥ်တခုရွေးချယ်ကာမှ နောင် စိတ်အေးရမယ်လို့ ပိုင်လင်းထင်တယ်။ သူ့အ နေနဲ့ကကော.. ဆေးပညာလမ်းစဥ်လား သိုင်း လမ်းစဥ်လား…ဒါမှမဟုတ် လက်နက်နဲ့အစီအရ င်လား…။

ဦးခေါင်းကို အနည်းငယ်ခါယမ်းလိုက်ပြီး အ တွေးတွေကို ဖယ်ထုတ်ရင်း မနက်စာကိုတည် တည်ငြိမ်ငြိမ်စားနေလိုက်တယ်။ ခေါင်းထဲမှာ တော့ အသားလွတ်ရန်စချင်နေတဲ့ ကျိဖေးကိုရ င်ဆိုင်ရရင် ဘေးကင်းဖို့ကျင့်ကြံဆင့် ထပ်မြင့် ရမယ်လို့ တွေးနေတယ်။

သူက ကြောက်တတ်သူတော့မဟုတ်ဘူး။ အေး အေးဆေးဆေးပဲ ကျင့်ကြံလိုပြီး သူ့စိတ်ကူးအ ရ ချီယောင်သက်မှတ်ထားတဲ့ ဆယ်နှစ်ကာလ တခုမှာ ထိပ်တန်းအဆင့်ကျင့်ကြံသူဖြစ်နေဖို့ပဲ ခက်ခဲနိုင်ပေမယ့် ချီယောင့်ကြောင့် ကျင့်ကြံသူ ဖြစ်လာတာဆိုတော့ သူလုပ်နိုင်တဲ့အတိုင်းအ တာကို ပြန်ကူညီရတာက မျှပါတယ်။

မော့ပေက အတွေးများနေတဲ့ ပိုင်လင်းကိုတချ က်ကြည့်လိုက်ပြီး လာမယ့်ရက်အတွင်း စိတ် ရောကိုယ်ပါ အသင့်ဖြစ်နေအောင်နေဖို့ သတိ ပေးသွားတယ်။ ခရီးစဥ်ကမိုင်၅၀၀ ဆိုပေမဲ့မ မြင်ရတဲ့အန္တရာယ်တွေ ရှိနေတယ်လို့လည်း တ ဆက်တည်းပြောသွားသေးတယ်။ မော့ပေအ နေနဲ့တခုခု သိထားမှာပါ။

မနက်စာ စားပြီးတော့ သူနေတဲ့အိမ်ကိုပြန်လာ ပြီး အခြေခံကျင့်စဥ်ကိုအသက်သွင်းတယ်။ ဒါ ကအခြားကျင့်ကြံ သူတွေနဲ့မတူတဲ့ချီစုပ်ယူမှုရှိ ပြီးရက်ပိုင်းအတွင်း အဆင့်၆ကို ရောက်စေလိမ့် မယ်လို့ ပိုင်လင်းထင်တယ်။ ရက်ပိုင်းအတွင်း…

သူမသိတာက သာမန်လူအနေနဲ့ အဆင့်၆ကို ရောက်ဖို့ ၃နှစ်ကနေ ၇နှစ်ထိကြာတယ်။ ပါရမီ ရှင်တွေက ၁နှစ်ကနေ ၂နှစ်ကျော်ထိ ကြာနိုင်တ ယ်ဆိုတာပဲ။ အဲ့ဒါကိုပိုင်လင်းက တလမပြည့်ခ င်ကပဲ အဆင့်၆ ရောက်တော့မှာပါ။ တခုရှိတာ က အဆင့်တခုစီတိုင်းမှာ ပြီးပြည့်စုံထိကျင့်ကြံ ထားမှ ပိုမြင့်တဲ့အဆင့်တွေကိုဖြတ်ကျော်ရာမှာ အခြေခိုင်မယ်ဆိုတာပဲ။

ဒါကို ချီယောင်ပြောပြထားလို့ ပိုင်လင်းသိထား ပြီးပါပြီ။

ဒီလိုနဲ့ ရက်အချို့ထပ်ကုန်သွားပြီး ချီယောင်က တရက်ကို မိနစ်အနည်းငယ်သူ့ကိုညွှန်ပြပေးခဲ့ တယ်။ အထူးသဖြင့် ဓားကွက်တွေလေ့ကျင့်ရာ မှာဖြစ်ပြီးတော့ ၆ရက်မြောက်နေ့ရောက်တော့ သူက ဒုတိယဓားကွက်ကိုထိတွေ့နေခဲ့ပြီ။

တိုက်ခိုက်ရေးမှာ လက်ဝှေ့ပညာရပ်ကိုတကယ့် ဖိုက်တာယောက်လို ပြောင်းလဲသွားပြီးတော့ လက်နက်မရှိတဲ့ရန်သူကို ရင်ဆိုင်ရမှာအနီးကပ် တိုက်ခိုက်မှုသာဆိုရင် ပိုင်လင်းရဲ့အဆင့်၆ အ စောပိုင်းအဆင့်က ထိပ်တန်းရောက်နေပါပြီ။

……………………………………………..

All Chapters