← Chapters

အခန်း (၁၂)

Vol. 1 Ch. 12

အခန်း (၁၂)

Vol. 1 Ch. 12

၇ရက်မြောက်နေ့ရောက်တော့ တိလုံကသူတို့ အားလုံးကို ခန်းမထဲခေါ်ပြီး ခရီးစဥ်နဲ့ပက်သက် တာကိုရှင်းပြပေးတယ်။ တိလုံနဲ့ ပိုင်လင်းတို့လို အစောင့်၅ဦးအပါအဝင် စုစုပေါင်းလူ၅၀ နီးပါး ပါဝင်မှာဆိုတော့ ကုန်ပစ္စည်းပမာဏက နည်းပါး တဲ့သဘောမရှိဘူး။

တန်ဖိုးကြီးတဲ့ ဆေးဝါးတွေနဲ့လက်နက်အချို့ပါ နိုင်တယ်လို့ သူထင်တယ်။ မကြာမီ တိလုံကခရီ စထွက်ဖို့ ပြင်ဆင်ခိုင်းတယ်။ ခရီးစဥ်ကအသွား အပြန်တပတ်လောက် ကြာမယ်။ နောက်ပြီး သိ ပ်မကြာခင် ဆောင်းတွင်းကာလကို ရောက်တော့ မှာဆိုတော့ လမ်းမှာအအေးဓာတ်ကိုလွန်လွန်ကဲ ကဲ ခံစားရနိုင်တယ်ဆိုတဲ့အကြောင်းလည်းသ တိပေးတယ်။

ဆောင်းတွင်းလား…။ ရာသီဥတုတခုနဲ့တခုအ ကူးအပြောင်းက ရုတ်ချည်းဆန်ပြီး ကြမ်းတမ်း မယ့်ပုံရှိလောက်တယ်။ ပိုင်လင်းလည်းကျင့်ကြံ ရေးလောကရဲ့ ဆောင်းတွင်းကာလကို စိတ်ဝင် စားနေတယ်။ ဘယ်လောက်တောင်အေးခဲနေမ လဲပေါ့။ ယခင်လောကမှာတုန်းက ဆောင်းတွင်း ဆိုပြီး ပန်ကာအောက်နေခဲ့ရတာကို မှတ်မိနေ သေးတယ်။

ခရီးအတွက် လိုအပ်တာတွေကိုပြင်ဆင်လိုက် တယ်။ တိလုံက ငွေတုံးအချို့ထုတ်ပေးထားတာ ကိုယူပြီး စျေးမှာသူ့အတွက် ရိက္ခာနည်းနည်းဝ ယ်ယူလိုက်တယ်။ အဓိက အသားနဲ့ဆန်ကြမ်း အချို့ဖြစ်ပြီး အသားကိုရက်အချို့သိမ်းထားလို့ ရအောင် ဆားနဲ့ ဟင်းခတ်အမွှေးအကြိုင်အချို့ ပါထပ်ဝယ်တယ်။

ဆားက ဘယ်လောကမှာမဆို အခြေခံလိုအပ် ချက်ဖြစ်နေတုန်းပဲ။ ဆားမပါတဲ့ဟင်းက စားရ ဘယ်လိုမှအဆင်မပြေဘူး။ ပြီးတော့ လတ်ဆ တ်တဲ့အသားအရသာကို ထိန်းဖို့လည်းလိုအပ်တဲ့ အတွက် ဆားနယ်ပြီးနပ်ထားတာက သူ့အတွက် ရက်အချို့စာ အဆင်ပြေလောက်တယ်။

စစ်တပ်သုံး အပေါ်ဝတ်အနွေးထည်နဲ့ ဓာတ်မီး ကိုထည့်တယ်။ နောက်ပြီး မဖြစ်မနေပါရမှာက စီးကရက်ဗူးနဲ့မီးခြစ်ပဲ တဗူးမပြည့်တပြည့်ပဲရှိ တော့လို့ သတိရတိုင်းထုတ်သောက်နေလို့မရနိုင် ဘူး အတော်ချွေတာနေရတယ်။

ခရီးမထွက်ခင်မှာ မော့ပေတယောက် ပိုင်လင်း ရဲ့အိမ်ကိုရောက်လာတယ်။ ပြီးတော့ လမ်းမှာ လုယက်သူအချို့နဲ့ ကြုံနိုင်လို့ ဒဏ်ရာသက်သာ စေတဲ့ဆေးလုံးအချို့ ပေးတယ်။ ဆေးကအဆ င့်နိမ့်ဆိုပေမယ့် အပေါ်ယံထိခိုက်မှုလောက်က တော့ သက်သာစေပါတယ်။

“ဒီတကြိမ်လမ်းကြောင်းက ရွာ၃၀ နီးပါးဖြတ် သန်းသွားရဖို့ရှိတယ် နောက်ပြီး လမ်းကြောင်း သုံးပုံနှစ်ပုံလောက်မှာ မြစ်အသေးလေးတခုရှိ ထားတော့ ရေအတွက်ပူစရာမလိုလောက်ဘူး တခုတော့ရှိတယ် အဲ့မြစ်က အချိန်မရွေးရေတ က်ပြီး လမ်းကြောင်းပိတ်ဆို့တာမျိုး ဖြစ်နိုင်ချေ ရှိတယ်”

တိလုံက မြေပုံကိုကြည့်ပြီး အပြည့်အစုံရှင်းပြ တယ်။ သူထည့်မပြောတာက လုယက်သူတွေနဲ့ ပက်သက်တာပဲ။ ဒါပေမယ့် လိုက်ပါမယ့်သူတွေ က ကြုဲလာမယ့်အန္တရာယ်တွေကို မပြောလည်း သိကြတဲ့သူတွေချည်းပါပဲ။ ဥပမာ ရက်စက်ကြ မ်းကြုတ်တဲ့ ဓားပြတွေပေါ့။

ရှန်ယုက နံရံကိုမီပြီး ရပ်နေတယ်။ ကျိဖေးက တချက်ချက် ပိုင်လင်းကိုကြည့်နေပြီး လမ်း ကြောင်းနဲ့ပက်သက်ပြီး တိလုံနဲ့ဆွေးနွေးနေတဲ့ ချန်ဟယ်ကို မီးတောက်နေတဲ့မျက်လုံးနဲ့ငမ်းနေ တတ်တယ်။

ချန်ဟယ်က ထိုကောင်ရဲ့အကြည့်ရိုင်းတွေကို လျစ်လျူရှုထားပြီး ကုန်ပစ္စည်းတွေထိခိုက်မှုန ည်းအောင်နဲ့ ဘေးအကင်းဆုံးဖြစ်မယ့်လမ်းတ ခုကို ရှာဖွေနေတယ်။ သူမက ထိပ်တန်းအလှတ ရားကိုပိုင်ဆိုင်ထားတဲ့အတွက် ကျိဖေးလိုလူ တွေရဲ့ အကြည့်မျိုးကိုရင်ဆိုင်ဖူးနေပါပြီ။သူမ အတွက်ရိုးစင်းလွန်းပြီး သူမကိုတိုက်ရိုက်ထိပါး တာကလွဲရင် ကျန်တာကိုလျစ်လျူရှုနိုင်တဲ့ သ ဘောဖြစ်နေတယ်။

ပိုင်လင်းက ဆွေးနွေးမှုမှာ ဝင်မပါနဲ့ ခန်းမထဲက လူတွေအကုန်လုံးရဲ့ မျက်နှာကိုမှတ်မိအောင် ကြိုးစားနေတယ်။ ဘယ်သူက ဘယ်လိုအမူအ ရာရှိနေလဲဆိုတာကနေ သူ့အတွက်ရန်ဘက်ဖြစ် လာဖို့ရှိမရှိကအစပေါ့။

ကျိဖေးလို ကောင်တွေကအထူးသတိထားရမဲ့ ရန်သူဖြစ်လာနိုင်တာကို ပိုင်လင်းခံစားမိနေတ ယ်။ ဒါတောင်သူတို့ကြား မည်သည့်ရန်ငြိုးမှမရှိ ထားဘူး။ ကျိဖေးမနာလိုရလောက်အောင်လဲ ပိုင်လင်းက ချန်ဟယ်နဲ့နီးစပ်မနေပါဘူး။ ဒါဆို ဘာအတွက်လဲ။

မော့ပေပြောသလို နောက်ကွယ်မှာမရိုးသားတဲ့ ကိစတွေဖြစ်နိုင်တယ်။ လှိုချင်းဖုန်းကတော့ တ ည်ငြိမ်တဲ့ပုံစံနဲ့ မော့ပေဘေးနားမှာရပ်ပြီး မြေပုံ ကိုတိတ်တဆိတ် လေ့လာနေတယ်။ မြေပုံကအ ဓိကလမ်းကြောင်းတွေ ပြထားပေမယ့်တကယ့် ခရီးစဥ်မှာကော လမ်းကြောင်းအတိုင်းသွားနိုင် ပါ့မလား မသေချာပါဘူး။

နာရီအချို့ကြာပြီးတော့ ကျိဖေးတယောက်ခန်း မထဲက ထွက်ခွာသွားတယ်။ သူ့ကိုဘယ်သူမှသ တိမထားမိပေမယ့် တသီးခြားဖြစ်နေတဲ့ ပိုင်လ င်းကတော့ ဖျတ်ခနဲသတိပြုမိလိုက်တယ်။

မော့ပေက ပိုင်လင်းကိုလှည့်ကြည့်ပြီး ပြုံးပြတ ယ်။ အခြေနေက ဆက်လက်တည်ငြိမ်နေပြီး ရှန်ယုကလည်း နဂိုအတိုင်းရပ်နေတယ်။

“အားလုံးအသင့်ဖြစ်ပြီဆိုရင် စထွက်ကြမယ်”

တခဏအကြာမှာ တိလုံက သတိပေးပြောဆိုပြီး တတိယထပ်ကနေ ဆင်းသွားတယ်။ အကုန်လုံး ကလည်း သူ့နောက်ကလိုက်ပါပြီး အသင့်ပြင် ထားတဲ့ကုန်စည်တွေရှိရာသွားလိုက်တယ်။

…………………………………………………

All Chapters