အခန်း (၁၃)
Vol. 1 Ch. 13
မြင်းလှည်း ၂၀ ကျော်နဲ့ အစောင့်တွေအတွက် မြင်း၂၀ နီးပါးပြင်ဆင်ထားတာကိုတွေ့ရတယ်။ မြင်းလှည်းက ကုန်စည်တွေပါပြီး မြင်းကတော့ လူစေ့မရနိုင်ဘူး။ ဒီတော့ မြင်းကိုလူလဲစီးမယ့်ပုံ ရှိတယ်။
ကုန်စည်လှည်းက စထွက်နေပြီ။
ပိုင်လင်းက စစချင်းမှာ ကုန်စည်လှည်းတခုနဲ့ ကပ်လိုက်ပြီး မြင်းမစီးဖို့ရွေးလိုက်တယ်။ သူ့အ နေနဲ့ မြင်းစီးတတ်မတတ် မသေချာသေးဘူး။ အလေ့အကျင့်ဖြစ်ဖို့လိုနေသေးတယ်။
မြို့တံခါးရောက်တော့ တိလုံက စာရွက်အချို့ ထုတ်ပေးလိုက်တယ်။ တံခါးစောင့်တွေကခေါင် ညိတ်ပြလိုက်ပြီး ထွက်ခွာခွင့်ပြုတယ်။
“ဒီခရီးက ၇ရက် ကျော်ကြာမယ်လို့ထင်တယ် အသွားအပြန်ဆို လဝက်နီးပါးပဲ”
မော့ပေက မြင်းတကောင်နဲ့အတူ ပိုင်လင်းရှိတဲ့ ကုန်စည်လှည်းဆီရောက်လာတယ်။ ခရီးကစ ထွက်ကာစမို့ မြို့ပြင်နားမှာပဲရှိပြီး ကျယ်ပြန်တဲ့ စိုက်ခင်းတွေနဲ့ အဝေးက တောင်တန်းကြီးတွေ ကိုမြင်နိုင်တယ်။
“တရက်ကို မိုင် ၁၀၀ သွားမယ်ဆိုရင် ၅ရက်ပေါ့ သိပ်မကြာပါဘူး”
ပိုင်လင်းရဲ့စကားကို မော့ပေက ခေါင်းယမ်းပြ ပြီး
“မဟုတ်ဘူး နောက်ထပ်ဆယ်မိုင်လောက်ရော က်ရင် တောစပ်ကိုရောက်ပြီး တောတွင်းလမ်း ဆိုတာက တနေ့မိုင် ၁၀၀ မသွားနိုင်ဘူး နောက် ပြီး တောကောင်နဲ့ဓားပြရန်ကရှိသေးတယ်”
အဲ့ဒါလည်းဟုတ်ပါတယ်။ တောလမ်းကတနေ့ မိုင်တရာသွားဖို့ မဖြစ်နိုင်ပါဘူး။ မိုးတွင်းကာလ ဆိုရင် တရက်မိုင်နှစ်ဆယ်တောင် အနိုင်နိုင်ဖြစ် နေတာကို ပိုင်လင်းသိထားတယ်။
မော့ပေပြောတဲ့အတိုင်းပဲ ဆယ်မိုင်လောက်ရော က်တော့ တောစပ်ကိုရောက်လာပြီ။ လမ်းကြော င်းကလည်း ကျဥ်းသွားပြီး လူအသွားအလာက ပြတ်လုနီးနီးဖြစ်သွားတယ်။ အချိန်က နေ့တပိုင် ရောက်နေပြီဆိုတော့ မြင်းလှည်းတွေကိုအနား ပေးဖို့ ရပ်တန့်လိုက်တယ်။ မမှောင်ခင်နောက်ထ ပ်မိုင် ၅၀ လောက် အမြန်သွားရမှာပါ။
ပိုင်လင်းက မော့ပေနဲ့အတူ သစ်ပင်ကြီးတပင် အောက်မှာထိုင်ပြီး ပါလာတဲ့ရေနဲ့ရိက္ခာခြောက် ကိုထုတ်စားတယ်။ ရိက္ခာခြောက်ဆိုတာကဆန် နဲ့လုပ်ထားတဲ့ မုန့်တမျိုးပဲ။ ဆန်ကြမ်းနဲ့လုပ် ထားတာဖြစ်လို့ အစာကြေဖို့ခက်ပြီး အစာခံတ ယ်။
တိလုံက ပိုင်လင်းရှိရာတချက်လှမ်းကြည့်တယ် ပထမသခင်မလေးက ခရီးစဥ်မှာစောင့်ကြည့်ရ မယ့်သူအချို့ ပြောထားပြီးတော့ တခြားလူတွေ နဲ့ကွဲပြားနေတဲ့ ပိုင်လင်းနဲ့ကျိဖေးကို ဂရုစိုက်ဖို့ မှာထားတယ်။ အထူးသဖြင့် ကျိဖေးပဲ။
ကျိဖေးရှိရာကိုကြည့်လိုက်တော့ ကျိဖေးကအ စာခြောက်အချို့စားရင်း ထိုင်နေတယ်။ သူ့ပုံစံ ကအခုထိတော့ ပုံမှန်ပဲ။
အချိန်အနည်းငယ် ကြာတော့ နောက်ထပ်ခရီးစ ဖို့ထွက်ခွာတယ်။ မြင်းလှည်းတွေကမြေသားလ မ်းပေါ်တအိအိရွေ့နေပြီး ပတ်ဝန်းကျင်ကလည်း အေးစိမ့်တဲ့အငွေ့အသက်တွေ ဖုံးလွှမ်းလာတယ် ဒါကတောနက်ထဲရောက်သွားတဲ့အချိန် သစ်ပင် ကြီးတွေကြောင့် ဖြစ်လာတာမျိုးပဲ။
ရံဖန်ရံခါ တောကောင်အချို့ ဟိန်းဟောက်သံကို ကြားလိုက်ရပြီး ခပ်လှမ်းလှမ်းတနေရာက ရေစီ သံကိုလည်း ကြားနိုင်သေးတယ်။ ပိုင်လင်းက တော့ ကုန်စည်လှည်းပေါ်ပက်လက်လှဲရင်း မိုး ကောင်းကင်ကို ကြည့်နေတယ်။
ဒီလောကကိုအမှတ်မထင်ကူးလါတာက သူ့အ တွက်ကောင်းတာလား ဆိုးတာလားသူမသိနိုင် တော့ပါဘူး။ သေချာတာက အသက်ရှင်ရပ်တ ည်ဖို့ ရုန်းကန်ရမယ်ဆိုတာပဲ။
အချိန်က မှောင်စပျိုးလာတယ်။ တိလုံကဦး ဆောင်ပြီး ချောင်းငယ်လေးတခုနဲ့ အနီးဆုံးနေ ရာမှာညအိပ်စခန်းချလိုက်တယ်။ ပထမဆုံးရ က်က မိုင်၆၀ မပြည့်လိုက်ဘူး။ ဒါတောင်မြင်း တွေက မြင်းကောင်းတွေဖြစ်လို့သာပဲ။
ယာယီတဲတွေထိုးပြီး အစောင့်အချို့ကတောထဲ ပြန်တိုးဝင်သွားတယ်။ ရိက္ခာအတွက်တောကော င်အချို့ဖမ်းဖို့ဖြစ်မယ်။ ပိုင်လင်းကတော့ချောင် ထဲဆင်းပြီး ရေချိုးဖို့တွေးနေတယ်။ တနေကုန် ခရီးသွားရတာက ကျင့်ကြံသူဖြစ်တဲ့သူ့ကိုတော င်နှုန်းချိစေတယ်။
ဒါပေမယ့် အသက်ရှုလေ့ကျင့်ခန်းအနည်းငယ် ပြုလုပ်လိုက်တော့ လန်းသွားတယ်။ သူ့အတွက် ကျင့်ကြံတာက အိပ်နေရင်တောင် ပြုလုပ်နိုင် တာကအားသာချက်ပါပဲ။
“အဆင်ပြေရဲ့လား”
ရုတ်တရက် တိလုံရောက်လာပြီး စကားပြောတ ယ်။ သူ့ပုံစံက ခေါင်းဆောင်ကငယ်သားကိုနှုတ် ဆက်တဲ့ပုံစံပါပဲ။
“အဆင်ပြေပါတယ်”
“ဒီတောက သင်းပျံ့ကောင်းကင်နဲ့အနီးဆုံးဆို ပေမယ့် ဒီကြားမှာ ရွာတွေထပ်ရှိနေသေးတယ်”
“ရွာတွေဟုတ်လား”
“ဟုတ်တယ်.. ရွာငယ်လေးတွေပါပဲ အများအား ဖြင့် တောထဲဆေးပင်ခူး လယ်စိုက်လုပ်ကြတဲ့ သာမန်သူတွေပေါ့ အန္တရာယ်မရှိဘူး”
တိလုံက တဆက်တည်းရွာတွေနဲ့ ဓလေ့တွေအ ကြောင်းရှင်းပြတယ်။ ဥပမာ ရွာတခုဆိုရင်ဧည့် သည်တွေရောက်လာတိုင်း ပွဲတော်တခုကျင်းပ ပြီး ဧည်ခံလေ့ရှိတယ်။ ပုံမှန်ဆိုမထူးဆန်းပေမဲ့ ထူးဆန်းတာက အဲ့လိုရွာတွေက ထိပ်တန်းပါရမီ ရှင်တွေ ပေါ်လာတတ်တော့ ဧည့်ခံပွဲတော်ကနေ ပြိုင်ပွဲအချို့ကျင်းပလေ့ရှိတယ်။
“ဒါဆိုရွာတွေကလည်း ပေါ့သေးသေးဘယ်ဟု တ်တော့မလဲ”
“ဒါပေါ့ တခုရှိတာက ရွာတွေကိုထိန်းချုပ်ဖို့အခု ထိဘယ်အင်အားစုကမှ မစွမ်းနိုင်တာပဲ မင်းတ ဖြေးဖြေးသတိထားမိလာလိမ့်မယ်”
တိလုံက ထိုမျှလောက်ပဲ ပြောပြီးပြန်ထွက်သွား တယ်။ ဘာကိုသတိထားမိရမှာလဲ။ တိလုံဘာ ပြောချင်တာလဲ။