အခန်း (၁၄)
Vol. 1 Ch. 14
ချန်ဟယ်အိမ်တော် ခန်းမအတွင်း…
အသက် ၅၀ အရွယ်လူလတ်ပိုင်းတဦးက အိမ် တော်ခန်းမအတွင်း အမြင့်ဆုံးထိုင်ခုံမှာ ထိုင်နေ ခဲ့ပြီးသူ့အရှေ့မှာတော့ ချန်ဟယ်ကုန်သွယ်ရေး လုပ်ငန်းစုရဲ့ ရတနာနှစ်ပါးဖြစ်တဲ့ ချန်ရှင်းနဲ့ချန် ဟယ်ညီအစ်မ နှစ်ဦးနဲ့အတူ အိမ်တော်ထိန်း ပြီး တော့ ချန်သခင်ကြီးရဲ့လက်ရုံးတွေဖြစ်တဲ့ အဓိ ကအစောင့်အရှောက် ၅ဦးထဲမှ ၄ဦးအပါအဝင် လူစုံတက်စုံ ရှိနေကြတယ်။
“ကျန်းထျန်း စုံစမ်းရထားတဲ့အချက်အလက်အ ချို့ပြောပါဦး”
ချန်သခင်ကြီးက ပြောလိုက်တယ်။ ကျန်းထျန်း ဆိုသူက ဦးခေါင်းကိုညွတ်ပြီး အရိုအသေပြုတ ယ်။ ပြီးနောက်..
“ကျားဖြူခန်းမဆီက အချက်အလက်အချို့အ ရ ထန်းမိသားစုနဲ့ မြို့မကုန်သွယ်ရေးလုပ်ငန်းစု နှစ်ခုစလုံး တစ္ဆေဂိုဏ်းအပြင် ပန်းတရာဂိုဏ်းနဲ့ ပါပူးပေါင်းထားတယ်လို့ ဆိုတယ်”
“ပန်းတရာဂိုဏ်း”
အကုန်လုံးက တီးတိုးရေရွတ်လိုက်တယ်။ ပန်း တရာဂိုဏ်းဆိုတာက အဆိပ်ကိုအဓိကအားပြု တဲ့ဂိုဏ်းဖြစ်ပြီး သူတို့ရဲ့လမ်းစဥ်က တစ္ဆေဂိုဏ်း လိုပဲ အကောင်းအဆိုး ရောထွေးနေတတ်တယ်။ အထူးသဖြင့် ပန်းတရာအဆိပ်က အဆင့်၁ ကျင့်ကြံသူသာမက သိုင်းဘုရင်အဆင့်ထိထိ ရောက်နိုင်လို့ ကျင့်ကြံသူအများစုက ပန်းတရာ အဆိပ်ကို ကြောက်ရွံ့လေ့ရှိတယ်။
ဒါပေမယ့် အများသိထားတဲ့အချက်က ပန်းတ ရာဂိုဏ်းက ကုန်သွယ်ရေးလုပ်ငန်းစုသာမက ဂိုဏ်းပြင်ပစီးပွားရေးကို ဝင်စွတ်ဖက်ခြင်းမရှိခဲ့ တာနှစ်ရာဂဏန်းမျှ ရှိပြီဆိုတာပါပဲ။
“မြို့မကုန်သွယ်ရေးက ပန်းတရာဂိုဏ်းပါဝင် လာဖို့ဘယ်လိုများ စည်းရုံးလိုက်ပါလိမ့်”
ချန်သခင်ကြီးလည်း အတွေးနက်သွားရတယ်။ အဆိပ်အားပြုတဲ့ဂိုဏ်းနဲ့ ယင်ဓာတ်အခြေခံသ ရဲတစ္ဆေ အားပြုတဲ့ဂိုဏ်း နှစ်ခုစလုံးကကိုင်တွ ယ်ရခက်ပြီး အင်အားကြီးဂိုဏ်းဖြစ်နေတာကပို ဆိုးတယ်လို့ သူထင်တယ်။
ကျန်းထျန်းက သူသိထားတဲ့အချက်အလက်အ ချို့ကို ထပ်ပြီးတင်ပြလာတယ်။
“မကြာသေးခင်က ကျုပ်တို့ကုန်သွယ်ရေးလမ်း ကြောင်းတွေ တိုက်ခိုက်ခံရတာက ဓားပြတွေနဲ့ ပက်သက်တယ်ဆိုပေမယ့် တစ္ဆေဂိုဏ်းရဲ့လက် ချက်မကင်းလောက်ဘူး ပြီးတော့အစောင့်တွေ ထဲ တိုးဝင်နေတဲ့သစ္စာဖောက်တွေက လမ်းကြေ ာင်းတွေကို အပြင်ပြန်ထုတ်နေတော့ တဖက်လူ တွေမသိအောင် လှုပ်ရှားဖို့ကခက်တယ်”
“အဲ့ဒါ ဟုတ်တယ် ဒီကောင်တွေက ရှေ့မှာတော့ သခင်ကြီးကိုဖားလျားနေပြီး နောက်ကွယ်မှာချ န်ဟယ်ကုန်သွယ်ရေးကို ချိနဲ့အောင်ကြိုးစားနေ တာအသိသာကြီးပဲ”
ကျန်းထျန်းရဲ့စကားကို ယန်ရှုကထောက်ခံတ ယ်။ ယန်ရှုဆိုတာက အစောင့်ရှောက်၅ဦးမှာ ဒု တိယဖြစ်ပြီး ဒေါသကြီးတဲ့စိတ်နဲ့ ခွန်အားကလဲ ချန်သခင်ကြီးပြီးရင် ဒုတိယအားအကောင်းဆုံး လို့ဆိုနိုင်တယ်။
“ငါသိပါတယ် ဒါပေမယ့်ငါတို့မှာ သက်သေအ ထောက်အထားမရှိပဲ လှုပ်ရှားရင် သင်းပျံ့ကော င်းကင်မြို့ရဲ့ တည်ငြိမ်မှုကပျက်ပြားသွားပြီး တော့ငါတို့ကလည်း လက်သည်တရားခံဖြစ်သွာ နိုင်သေးတော့ ဆင်ဆင်ခြင်ခြင်လုပ်နေရတယ်”
ချန်သခင်ကြီးက တီးတိုးညည်းညူရင်း သူ့သမီ ဖြစ်တဲ့ ချန်ဟယ်ကို တချက်ကြည့်တယ်။ပြီး နောက်…
“ဒီတခေါက်လမ်းကြောင်းက ကုန်ပစ္စည်းပို့တာ ထက် ပိုအရေးပါတယ်ဆိုပေမဲ့ အဆင်ပြေပြေ ဖြစ်သွားခဲ့ရင် နောက်တကြိမ်မှာတော့ သမီးကြီး ကဦးဆောင်ပြီး နန်းမြို့ထိသွားရလိမ့်မယ်”
ချန်ဟယ်က သူ့အဖေရဲ့စိတ်ကူးကို နားလည်တ ယ်။ နန်းမြို့က မဟာချန်ပြည်နယ်တဲ့ထိပ်တန်း မြို့ဆယ်မြို့ထဲက တမြို့ဖြစ်ပြီး ချန်သခင်မကြီ က နန်းမြို့က လင်းမိသားစုကိုအလည်အပတ် ပြန်သွားပြီး လင်းမိသားစုနဲ့ သင်းပျံ့ကောင်းက င်မြို့က အခြေနေတွေကို ဆွေးနွေးနေတာဖြစ် တယ်။
“စိတ်ချပါ သမီးကိုယ်တိုင်သွားပြီး အမေ့ကိုကြို လိုက်မယ် နောက်ပြီး လှုပ်လှုပ်ရှားရှားဖြစ်နေတဲ့ ဒီမြို့ကိုတည်ငြိမ်အောင် အဖိုးတို့ဘက်က ကူညီ ဖို့စိတ်ကူးရှိမရှိလည်း တပါတည်းမေးခဲ့ပါ့မယ်”
“ကောင်းတယ် သမီးအဖိုးက အဖေ့ကိုစိတ်ဆိုး နေပေမယ့် ငါ့သမီးတွေရဲ့မျက်နှာကိုမြင်ရင် စိ တ်ပြေလောက်မယ်လို့ အဖေထင်တယ်”
ချန်သခင်ကြီးရဲ့စကားကို ခန်းမထဲရှိနေပြီးမည် သည့်စကားမှမပြောပဲ သစ်သီးတွေကိုသာအား ကြိုးမာန်တက်စားသောက်နေတဲ့ ချန်ရှင်းလေး ကနှာခေါင်းရှူံ့ပြတယ်။
“ဟွန့် အဖိုးက အဖေ့ကိုကူညီချင်တယ်ဆိုရင် တောင် သူ့မိသားစုကလက်ခံဦးမှကိုး”
အကုန်လုံးက တချက်ငြိမ်ကျသွားတယ်။ လင်း အဖိုးကြီးက မိသားစုခေါင်းဆောင်ဆိုပေမယ့်အ ရာအားလုံးကိုထိန်းချုပ်ထားတာတော့ မဟုတ် ဘူး။
ထိုစဥ် အိမ်တော်ထိန်းက ငွေကြေးစာရင်းစာရွ က်အချို့ ချန်သခင်ကြီးဆီတင်ပြလာတယ်။
“သခင်ကြီးဒါက နှစ်ကုန်စာရင်းပါ ခုကဆောင်း တွင်းကာလကို ရောက်တော့မှာဆိုတော့ သတ္တူ တွင်းလုပ်သားတွေကို အနားပေးပြီး လုပ်ငန်းအ ချို့ယာယီရပ်နားရပါလိမ့်မယ်”
အိမ်တော်ထိန်းက လုပ်ငန်းနဲ့ပက်သက်ပြီးသူ့အ မြင်ကို ဆက်ဆွေးနွေးတယ်။ ချန်ဟယ်ကုန်သွ ယ်ရေးလုပ်ငန်းက သတ္တူတွင်းနဲ့ စားသောက်ကု န်လို လုပ်ငန်းတွေအပြင် ကုန်စည်ပို့ဆောင်ရေး ကျင့်ကြံရေးအရင်းအမြစ်ဆိုင်ရာ ပစ္စည်းတွေ ရောင်းချတဲ့ ဆိုင်ခန်းအများအပြား ပိုင်ဆိုင်ထာ တယ်။
သင်းပျံ့ကောင်းကင်မြို့ငယ်လေးက မဟာချန် ပြည်နယ်ရဲ့ အဆုံးမှာရှိနေပြီး ဆောင်းတွင်းကာ လရောက်ရင် အလွန်အေးခဲတဲ့ရာသီဥတုဆိုးကို နှစ်တိုင်းရင်ဆိုင်ရလေ့ရှိတယ်။ ဒါကသတ္တူတွင် လုပ်ငန်းကို အဟန့်အတားဖြစ်စေတယ်။
“ကိစ္စမရှိဘူး ရပ်နားစရာရှိတာရပ်နားလိုက် နော က်ပြီး ချန်ဟယ်ကုန်သွယ်ရေးလက်အောက်က လူငယ်ပါရမီရှင်တွေကို စုစည်းပြီးဒီဆောင်းကာ လမှာ ကျင့်ကြံဆင့်တိုးမြင့်နိုင်အောင် ဘက်စုံက ကြိုးစားပေးဖို့လိုတယ်”
အိမ်တော်ထိန်းက ချန်သခင်ကြီးရဲ့စကားကိုလ က်ခံတဲ့အနေနဲ့ ခေါင်းညိတ်ပြတယ်။
“ကောင်းပြီ ဒါဆို ကျန်းထျန်းနဲ့ ယန်ရှုက မြို့တွ င်းအခြေနေကိုဆက်စုံစမ်းထား ဝေမင်နဲ့ ချန်တ င်းကတော့ လေ့ကျင့်ရေးအတွက် ကူညီပေးလို က် နောက်ပြီး တိလုံဆီက လမ်းကြောင်းနဲ့ပက် သက်ပြီးဘယ်လိုအခြေနေတွေရှိမလဲ လမ်းတ လျှောက်ကရွာတွေကို တစ္ဆေဂိုဏ်းနဲ့ ပန်းတရာ ဂိုဏ်းက လှုပ်ရှားနေပြီလားဆိုတဲ့ သတင်းအချ က်အလက်ကို စုဆောင်းထားပါ”
ချန်ထန်းက အကုန်လုံးကိုသက်ဆိုင်ရာလုပ်ငန်း စဥ်အလိုက် မှာကြားလိုက်တယ်။ အဓိကအား ဖြင့် ဝေမင်နဲ့ သူ့ညီချန်တင်းပဲ အဆင့်၂ ကျင့် ကြံသူတွေဖြစ်ပြီး ဝေမင်က အဆင့်၂ အလယ် အလတ်ဆင့်နဲ့ ချန်တင်းကအဆင့်၂ အစောပိုင်း အဆင့်မှာရှိတယ်။
သူတို့တွေက ချန်ဟယ်ကုန်သွယ်ရေးလက်အော က်ခံထားတဲ့ အင်အားစုငယ်တွေနဲ့ လူငယ်ပါရမီ ရှင်တွေကို လေ့ကျင့်ပေးကြရတယ်။ ကျန်းထျန် ကတော့ သတင်းအချက်အလက်စုံစမ်းရေးကို တာဝန်ယူပြီး ယန်ရှုကအကူဖြစ်တယ်။
ခနအကြာ အကြောင်းအရာအချို့ဆွေးနွေးပြီး ချိန်မှာတော့ ပြန်လည်ထွက်ခွာသွားကြပြီး ခန်း မထဲမှာ ချန်ထန်းနဲ့ သမီးနှစ်ဦးပဲကျန်တော့တယ် ချန်ထန်းကပြုံး၍
“ပြီးခဲ့တဲ့ရက်ပိုင်းက ကျားဖြူခန်းမသခင်ရဲ့အ ဓိကတပည့်ဖြစ်တဲ့ ကျားဖြူသခင်လေးကသမီး ကိုလာရောက်မြန်းသွားတယ် အဖေကတော့သ မီးရဲ့သဘောထားကို မေးမြန်းပါဦးမယ်လို့အ ကြောင်းပြန်လိုက်တယ် သမီးကကော”
ချန်ထန်းရဲ့စကားအဆုံးမှာ ချန်ရှင်းကနှာခေါင်း လေးကိုရှုံ့လိုက်ပြီး မကျေမနပ်ဟန်နဲ့
“လာပြန်ပြီ ဒီကောင်တွေအကုန် မမကိုအသည်း အသန်ဖြစ်နေကြတာ ရိုးကောရိုးရဲ့လား”
ချန်ဟယ်ကလည်း
“အခုချိန်မှာ တယောက်ယောက်ကိုလက်ထပ်ဖို့ ကိစ္စက သမီးလုံးဝမစဥ်းစားတဲ့အရာပဲ ဒီလော က်ဖိအားတွေဝိုင်းနေချိန်မှာ ဘယ်လိုလုပ်လက် ထပ်ဖို့တွေးနိုင်မှာလဲ”
“အဖေသိပါတယ် ထန်းမိသားစုနဲ့ မြို့မကုန်သွ ယ်ရေးခန်းမက သခင်လေးနှစ်ဦးက မတန်မရာ ငါ့သမီးနှစ်ယောက်စလုံးတောင်းနေတည်းက အဖေလည်းသိပ်မကျေနပ်ပါဘူး အခုကတော့ မတူဘူးသမီး အခြေနေတွေကိုသမီးနားလည်မှာ ပါ အဖေတို့သာ မြို့မကုန်သွယ်ရေးနဲ့ထန်းမိသာ စုကို ရင်ဆိုင်ရမယ်ဆိုရင် ကျားဖြူကုန်သွယ် ရေးခန်းမရဲ့အကူညီကိုလိုတယ် အဖေဒီလိုပြော ရတာက မင်းအမေရဲ့လင်းမိသားစုကိုအားမကိုး ချင်လို့ပဲ”
“သမီးသိတယ် သမီးလည်းအဖိုးတို့ကိုအားကိုး ဖို့စိတ်ကူးမရှိပါဘူး ဒါပေမယ့် တခုခုအတွက်နဲ့ သမီးအနာဂတ်ကိုရင်းရဖို့က တန်မတန်ဆိုတာ စောင့်ကြည့်ရဦးမယ်”
ချန်ဟယ်က ထက်မြတ်ပြီး ထူးချွန်နဲ့မိန်းကလေ ဖြစ်တယ်။ ဒါကြောင့်လည်း လုပ်ငန်းစုကြီးကို ကိုင်တွယ်နိုင်နေခဲ့ပြီး ကျင့်ကြံရေးအရလည်း ဒီ မြို့မှာ သူမကိုယှဥ်နိုင်တာဆိုလို့ ထိပ်တန်းအင် အားစု၃ခုက သခင်လေးတွေပဲရှိတယ်။