← Chapters

(နတ်ဆိုးသားရဲငှက်)

Vol. 3 Ch. 45

(နတ်ဆိုးသားရဲငှက်)

Vol. 3 Ch. 45

“သိုင်းပညာများ- သွေးစိတ်ဝိညာဉ်မူ(ပထမအဆင့် အသေးစားကျွမ်းကျင်မှု ၅၅%(အဆင့်မြှင့်တင်နိုင်)၊ အထူးသက်ရောက်မှု- သွေးပြောင်းလဲခြင်း အဆင့်၁)”

“ဒီနှုန်းလောက်ဆို လုံလောက်လာက်တယ်”

ဟန်ကျောက်၏ မျက်လုံးများက လင်းလက်သွားပြီး ရေရွတ်သည်။

“သွေးစိတ်ဝိညာဉ်မူကို အဆင့်မြှင့်တင်မယ်”

စွမ်းရည်မှတ် ၂မှတ်တို့ သုညသို့ ပြောင်းလဲသွားသည်နှင့်အတူ သိုင်းပညာ ဇယားကွက်ဟာ လျှင်မြန်စွာ ဝေဝါးသွားသည်။ ပြီးနောက် တဖြည်းဖြည်း ပြန်လည်ကြည်လင်လာ၏။

“သိုင်းပညာများ- သွေးစိတ်ဝိညာဉ်မူ(ပထမအဆင့် ပြီးပြည့်စုံခြင်းအဆင့် ၉၅%(အဆင့်မြှင့်တင်နိုင်)၊ အထူးသက်ရောက်မှု- သွေးပြောင်းလဲခြင်း အဆင့်၂၊ စိတ်ထိန်းချုပ်ခြင်း အဆင့်၁)”

“၉၅%လား… မဆိုးပါဘူး”

သိုင်းပညာဇယားကွက်ကို ကြည့်ရှုပြီးနောက် ဟန်ကျောက်၏ မျက်ခုံးများက မြင့်တက်သွားသည်။ ဤသည်မှာ သွေးချီကို နှစ်ဆဖြစ်စေနိုင်သည့် သိုင်းပညာတစ်ခု ဖြစ်၏။ ထို့ကြောင့် စွမ်းရည်မှတ် ၃မှတ်နှင့် တစ်ဆို့မှုကို တစ်ခါတည်း ချိုးဖျက်နိုင်မည်ဟု ဘယ်တုန်းကမှ မစဉ်းစားခဲ့ပါ။ ၁၀၀% ပြည့်ရန်ပင် ၅% လိုနေသေး၏။

“ဘာတွေစွမ်းလည်း ကြည့်ရတာပေါ့”

ဟန်ကျောက်ဟာ တည်ငြိမ်လာပြီးနောက် သွေးစိတ်ဝိညာဉ်မူကို ခန္ဓာကိုယ်တွင် လည်ပတ်စေလိုက်သည်။ အစက ချောမွေ့နေသည့် အရေအပြား၊ မရီဒျန်တို့ဟာ ရုတ်တရက် ကြွရွလာပြီး သွေးရောင် သင်္ကေတများဟာ ပင်ကူမျှင်များသဖွယ် ပေါ်လာကြသည်။

“ငါ့ရဲ့ သွေးချီက တစ်ဝက်နီးပါး တိုးလာပြီး လည်ပတ်မှု အမြန်နှုန်းကလည်း သိသိသာသာ တိုးလာတယ်။ ဒါက သက်ရှည်ကျမ်းရဲ့ ကျင့်ကြံမှုအမြန်နှုန်းကို တိုးတက်စေပြီး အစစ်မှန်ချီရဲ့ ပေါက်ကွဲထွက်နိုင်တဲ့ စွမ်းအားကိုလည်း မြှင့်တင်ပေးတယ်”

သွေးချီ၏ တိုးတက်မှုနှင့်အတူ သူ၏ခွန်အားဟာ သက်ဆိုင်ရာ တိုးတက်မှုများ ရှိလာခဲ့သည်။ ဒီသွေးစိတ်ဝိညာဉ်မူ လျှို့ဝှက်အတတ်ဟာ မဆိုးလှပေ။

“စကွိ”

ထိုအချိန်၌ ထောင့်ရှိ ငှက်လှောင်အိမ်မှ အော်သံတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။ ဟန်ကျောက်၏ မျက်လုံးများက လင်းလက်သွား၏။ သွေးစိတ်ဝိညာဉ်မူဟာ သားရဲရိုင်းများကို ထိန်းချုပ်နိုင်ကတည်းက အဆင်သင့်တစ်ကောင် ရှိနေပြီး ဖြစ်ပါသည်။

ပျံသန်းနိုင်သည့် ငှက်ဟာ မည်သည့် တိုက်ခိုက်မှုခွန်အားမှ မရှိလျှင်တောင် ကင်းထောက်လုပ်ရန် ကြီးစွာ အသုံးဝင်၏။

ဟန်ကျောက်ဟာ အိပ်ယာပေါ်မှ ထပြီး ငှက်လှောင်အိမ်ကို မလိုက်သည်။ စားပွဲပေါ်တွင် တင်၏။ လှောင်အိမ်ကို ဖွင့်ကာ အတွင်းထဲရှိ ငှက်ကို ဖမ်းလိုက်သည်။

ဟန်ကျောက်၏ မကောင်းသည့် ဆန္ဒကို ခံစားမိပြီးနောက် လှောင်အိမ်ထဲရှိ ငှက်ဟာ ရုတ်တရက် ပါးစပ်ပိတ်သွားသည်။ မျက်လုံးများက ကြောက်ရွံ့နေ၏။

“ကလန်”

ဟန်ကျောက်က သူ၏ ရေခဲဆေဘာဓါးကို ထုတ်သည်။ နီးကပ်လာနေသည့် ရေခဲဆေဘာဓါးကို ကြည့်ကာ ဟန်ကျောက်လက်ထဲရှိ ငှက်ဟာ တုန်ခါနေ၏။

ဟန်ကျောက်ဟာ မှင်သက်သွား၏။ ပြုံးကာ ပြောသည်။ “စိတ်မပူပါနဲ့.. ညင်ညင်သာသာ လုပ်မှာပါ။ ဘာမှ မနာဘူး”

သူက ငှက်၏လက်သည်းတွင် သေးငယ်သည့် အပေါက်တစ်ခု ဖြစ်ရန် ဓါးပြားနှင့် ညင်သာစွာ ခြစ်လိုက်သည်။ ပြီးနောက် သွေးစိတ်ဝိညာဉ်မူကို လည်ပတ်လိုက်၏။ သူ၏သွေးများဟာ လက်ဝါးမှ ငှက်ခန္ဓာကိုယ်အတွင်းသို့ လျှင်မြန်စွာ စိမ့်ဝင်သွားသည်။

မကြာခင် ဟန်ကျောက်ဟာ ခုခံမှုနှင့် ကြောက်လန့်မှုတို့ ရောယှက်မှုတစ်ခုကို ခံစားလိုက်ရသည်။ အရင်းအမြစ်မှာ လက်ထဲရှိ ငှက်ဆီမှ ဖြစ်၏။ သွေးဆက်နွယ်သည့် ခံစားချက် ပေါ်လာခြင်းဖြစ်သည်။

သူက ငှက်ကို အမိန့်တစ်ခု ပေးတော့မည်အပြုတွင် သူ၏ခန္ဓာကိုယ်တွင်း၌ အရိုးအေးမတတ် အငွေ့အသက်တစ်ခု မြင့်တက်လာခဲဲ့သည်။ ထိုအချိန်၌ လက်ထဲရှိ ငှက်ဟာ သူ၏လက်ခုံကို ရုတ်တရက်လှည့်ကာ ဆိတ်လိုက်သည်။

“အား”

ဟန်ကျောက်ဟာ နာကျင်စွာ‌ အသံပြု၏။ ဖမ်းဆုပ်မှုတို့ လျော့ကျသွားပြီး ငှက်ကို အဝေးသို့ လွှင့်ပစ်လိုက်သည်။ ငှက်ဟာ အတောင်ပံခတ်ရင်း သူ၏အိမ်ယာပေါ်သို့ ကျ၏။

“ငှက်မသား.. မင်းကများ..”

ဟန်ကျောက်ဟာ သွေးထွက်နေသည့် သူ၏လက်ကိုကြည့်ကာ ဒီငှက်ကို သင်ခန်းစာပေးလိုက်တော့မှာပါ။

သို့ရာတွင် အိပ်ယာပေါ်သို့ သူ၏အကြည့် ရွှေ့လိုက်သည်နှင့် မှင်သက်သွားရ၏။ သေးသွယ်သည့် မိန်းကလေးတစ်ယောက်ဟာ အခင်းကို တင်းကြပ်စွာ ကိုင်ဆွဲပြီး သူမ၏ ဗလာကျင်းလင်း ခန္ဓာကိုယ်ကို ဖုံးကွယ်ထားသည်။ မျက်ရည်လွှမ်းသည့် မျက်ဝန်းများဖြင့် သူ့ကို ကြည့်နေ၏။

မိန်းကလေး၏ ရုပ်ရည်က သာမန်သာဖြစ်သည်။ သူမ၏ အရေအပြားဟာ အနည်းငယ် လတ်၏။ ပိန်ပါးသည့် ခန္ဓာကိုယ်တစ်ခု ရှိသည်။ သူမကို ကြည့်ရတာ အဟာရမပြည့်ဝသည့် ယာစိုက်သူ မိန်းကလေးတစ်ယောက်နှင့် တူပါသည်။

ဟန်ကျောက်၏ အကြည့်ကို တွေ့ရပြီးနောက် မိန်းကလေးက ကြောက်ရွံ့စွာ‌ ပြောသည်။

“မလုပ်ပါနဲ့…”

ဟန်ကျောက်၏ မျက်လုံးများက ပြူးကျယ်နေပြီး လက်များက ရပ်တန့်သွားသည်။

“နင်က ငှက်လား…. မဟုတ်ဘူး… ငါဆိုလိုတာက.. ခုနက ငှက်လားလို့.. နတ်ဆိုးသားရဲတစ်ကောင်ပေါ့”

မိန်းကလေးဟာ သူမ၏ ခန္ဓာကိုယ်ကို အခင်းနှင့် လုံးဝ ကာထားပြီး ခေါင်းလေးသာ ထွက်လာခဲ့သည်။ မျက်ရည်များနှင့် ပြော၏။

“ကျွန်မ.. ကျွန်မနာမည်က ယုနျန်ပါ။ ကျွန်မလည်း မသိဘူး.. ဘယ်လိုလုပ်ပြီး ငှက်တစ်ကောင် ဖြစ်သွားတာလဲ မသိဘူး.. ဝူးးးး”

သွေးဆက်သွယ်မှုအရ တစ်ဖက်လူဟာ လိမ်နေခြင်း မဟုတ်ကြောင်းကို ဟန်ကျောက်နားလည်လိုက်သည်။ ဒီမိန်းကလေး၏ အဓိကနေရာများတွင် ဖုံးကွယ်ထားသည့် ငှက်မွှေးများ ရှိနေသေးသောကြောင့်သာ မဟုတ်ပါက လူသားတစ်ယောက်ဟု သူထင်မိမှာပါ။

“မကြောက်ပါနဲ့။ ကျွန်တော်က မကောင်းတဲ့လူ မဟုတ်ပါဘူး။ မင်းကိုအနိုင်မကျင့်ဘူး”

ဟန်ကျောက်၏ မျက်နှာပေါ်၌ ညင်သာသည့် အပြုံးတစ်ခု ပေါ်လာ၏။ သူဟာ ယုနျန်အပေါ် စိတ်ဝင်စားမှုတို့ဖြင့် ပြည့်နှက်နေပါသည်။

“မလာနဲ့”

ယုနျန်၏ ပုံက ကြောက်နေဆဲပါ။ ဟန်ကျောက်ဟာ အရင်က သူမမြင်ဖူးသည့် ဆန့်ကျင်ဘက်လိင်များထက် ပိုမိုချောမောပေမယ့် ကြောက်ရွံ့နေဆဲ ရှိသည်။

“ဒီလိုဆိုရင်ရော.. မင်းကြောက်ရင် ငှက်ပုံကို ပြန်ပြောင်းလိုက်လေ။ အိုကေ”

ဟန်ကျောက်ဟာ အကောင်းဆုံး ကြိုးစားပြီး နှစ်သိမ့်စွာ ပြော၏။

“ကျွန်မ စမ်းကြည့်မယ်”

ယုနျန်က ကြောက်ရွံ့စွာ ပြောသည်။ ခဏအကြာ၌ ငို၏။ “မရဘူး.. ကျွန်မ ဗိုက်ဆာနေတယ်.. ပြန်ပြောင်းဖို့ ခွန်အားမရှိဘူး”

“ငါသိပြီ။ အစားအသောက်အချို့နဲ့ မိန်းကလေးဝတ်စုံ နှစ်စုံလောက် ဝယ်လာခဲ့မယ်။ ငါ့ကို အိမ်မှာပဲ စောင့်နေမှာလား”

ဟန်ကျောက်က ပြော၏။

“အင်း..”

ယုနျန်က ခေါင်းညှိတ်သည်။

ဟန်ကျောက်က အပေါ်ရုံကို ဆွဲကာ အိပ်ယာပေါ်ရှိ ဝိညာဉ်အဆီအနှစ်လုံးကို လက်ညှိုးထိုးသည်။

“ငါဒါကို ယူချင်တယ်။ နင့်ကိုမထိဘူး”

ယုနျန်၏ ခန္ဓာကိုယ်ဟာ ကျုံ့သွားပြီး နောက်ရှိ အမှီနှင့် ကပ်သွား၏။ ဟန်ကျောက်က ဝိညာဉ်အဆီအနှစ််လုံးကို ယူကာ အိတ်ကပ်ထဲသို့ ထည့်သည်။ ပိုက်ဆံကို ယူကာ တံခါးမှ လျှောက်ထွက်၏။

တံခါးသို့ ရောက်ချိန်တွင် သူဟာ ရပ်တန့်သွားပြီး နောက်သို့လှည့်ကာ အိပ်ယာပေါ်ရှိ ယုနျန်ကို သတိပေးသည်။

“ဒီမှာက တော်တော်လေး ပရမ်းပတာနိုင်တယ်။ အဝတ်မပါပဲ လျှောက်မပြေးနဲ့။ မဟုတ်ရင် မကောင်းတဲ့လူတွေဖမ်းတာ ခံရပြီး အန္တရာယ်ဖြစ်လိမ့်မယ်။ နားလည်လား”

ယုနျန်က လေးပင်စွာ ခေါင်းညှိတ်သည်။ နူးညံ့သည့် အသံဖြင့် ပြော၏။

“သိပါပြီ”

ဟန်ကျောက်က ပြုံးသည်။

“ငါတံခါးသော့ခတ်ခဲ့မယ်”

သူက တံခါးကို ပိတ်ကာ အပြင်ဘက်မှ သော့ခတ်လိုက်၏။

ယုနျန်နှင့် ဆက်နွယ်မှုအရ တစ်ဖက်လူဟာ ထွက်ပြေးမည် မဟုတ်လောက်ပေ။ သို့ပေမယ့် သတိထားတာ ကောင်း၏။

ဟန်ကျောက်ဟာ အိမ်မှ ထွက်လာပြီးနောက် ရှင်းချောင်ဒေသရှိ အဝတ်ဆိုင်မှ အမျိုးသမီးဝတ်စုံ နှစ်ခုတို့ကို ဝယ်သည်။ ယုနျန်၏ ခန္ဓာကိုယ်အချိုးအစားကို သူမသိပေ။ ထို့ကြောင့် အများကြီး ဝယ်ခြင်းက ဖြုန်းတီးရာ ကျ၏။

ထို့နောက် ဝက်ခေါင်းသား ၂ကတ်တီ၊ ကြက်ကင်၅ခု၊ အသားပေါက်စီ၂၀နှင့် ဆန်ဝိုင်အိုး တစ်အိုးတို့ကို ဝယ်ခဲ့သည်။

…

ဟန်ကျောက်ဟာ အိမ်သို့ပြန်ပြီးနောက် တံခါးဖွင့်သည်။ အိပ်ယာပေါ်တွင် ကွေးနေသည့် ယုနျန်က ခေါင်းမော့ကြည့်၏။ သူမ၏ မျက်လုံးများတွင် မျက်ရည်တို့ ရှိနေဆဲဖြစ်ပေမယ့် စိတ်အခြေအနေဟာ တည်ငြိမ်နေပြီ ဖြစ်ကြောင်းကို ဟန်ကျောက် ရှင်းလင်းစွာ ခံစားနိုင်ပါသည်။

ဟန်ကျောက်ဟာ အစားအသောက်တို့ကို စားပွဲပေါ်သို့ တင်ပြီး အဝတ်နှစ်စုံတို့ကို အိပ်ယာပေါ်သို့ ပစ်ပေးလိုက်သည်။

“တော်လား ဝတ်ကြည့်လိုက်”

ထိုစကားနှင့်အတူ သူဟာ အခန်းထဲမှ လျှောက်ထွက်သွား၏။ တံခါးကိုပိတ်ကာ အပြင်ဘက်ရှိ ကောင်းကင်ကို ကြည့်သည်။

ပထမတွင် အခန်းအတွင်း၌ မည်သည့်လှုပ်ရှားမှုမှ မရှိပေ။ သို့ပေမယ့် ခဏအကြာ၌ အဝတ်ပွတ်တိုက်သံတို့ ပေါ်လာ၏။

“ပြီး… ပြီးပါပြီ”

ယုနျန်၏ အသံက ပေါ်လာခဲ့သည်။

“စကွိ”

ဟန်ကျောက်က တံခါးကို တွန်းဖွင့်ကာ ဝင်လာခဲ့သည်။ အနည်းငယ် ချောင်သည့် အစိမ်းရောင် ဝတ်စုံနှင့် အိပ်ယာပေါ်တွင် ထိုင်နေသည့် ယုနျန်ကို တွေ့ရ၏။ သူမ၏ပုံမှာ အလွန် သေးငယ်လှသည်။

ဟန်ကျောက်ဟာ အံဆွဲတစ်ခုဆီသို့ သွားကာ ဖိနပ်တစ်စုံတို့ကို ထုတ်သည်။ သူမ၏ ရှေ့တွင် တင်လိုက်၏။

“ဒီဖိနပ်တွေက အသစ််တွေ။ ငါမဝတ််ရသေးဘူး.. အရင်ဆုံး အဲ့ဒါပဲ ဝတ်ထားလလိုက်။ မနက်ဖြန်ကျ နင့်အတွက် အသစ်တစ်ရံ ဝယ်ပေးမယ်”

ထိုစကားကို ပြောပြီးနောက် ဟန်ကျောက်ဟာ ရေဇလုံတစ်ခု ယူလာခဲ့သည်။

“သွားပြီး ဆေးကြောလိုက်ဦး.. နင့်မျက်နှာက..”

“ဟုတ်ကဲ့”

ယုနျန်က ဖိနပ်များကို ဂရုတစိုက် ဝတ်သည်။ ခေါင်းငုံ့လျှက်နှင့် သစ်သားစင်ဆီသို့ လျှောက်သွား၏။

“ဟစ်”

ရေဇလုံထဲသို့ လက်နှစ်လိုက်ချိန်တွင် အေးစက်မှုကြောင့် လက်ဟာ တုန်သွားသည်။ သို့ပေမယ့် ခေါင်းကိုငုံ့ကာ မျက်နှာကို သစ်လိုက်ဆဲ ရှိ၏။ တစ်ချိန်တည်းတွင် ဟန်ကျောက်ကို တိတ်တဆိတ် ကြည့်လေသည်။

ဟန်ကျောက်ဟာ စားပွဲတွင် ထိုင်ပြီး အစားအသောက်များ ထုပ်ပိုးထားသည့် ဆီစိမ်စက္ကူအိတ်များကို တစ်ခုပြီးတစ်ခု ဖွင့်သည်။

အနောက်ဘက်မှ ယုနျန်၏ အသံက ထွက်ပေါ်လာ၏။

“သ.. သခင်လေး.. ကျွန်မ ပြီးပါပြီ”

“ငါက သခင်ကြီးလည်းမဟုတ်ဘူး။ သခင်လေးလည်း မဟုတ်ဘူး.. ငါ့နာမည်က ဟန်ကျောက်.. ငါ့ကို နာမည်ပဲခေါ်ပါ”

ဟန်ကျောက်က အပြုံးတစ်ခုနှင့် ပြောသည်။

“ဟန်.. ဟန်ကျောက်”

ယုနျန်က ရေရွတ်၏။

ဟန်ကျောက်က လက်ကို ဝှေ့ယမ်းသည်။

“အရင်ဆုံးလာစားလှည့်… နင်ဗိုက်ပြည့်ပြီးမှ ကျန်တာဆက်ပြောမယ်”

All Chapters