← Chapters

(အဆင့်တက်ကြောင်း ပြောခြင်း)

Vol. 3 Ch. 31

(အဆင့်တက်ကြောင်း ပြောခြင်း)

Vol. 3 Ch. 31

“၂၀ကတ်တီ(၁၀ကီလိုဂရမ်) အလေးချိန်ရှိတဲ့ လက်နက်တစ်ခုကို လုပ်ချင်တာလား”

၂နောက်ရှိ သုညကို တွေ့ရပြီးနောက် ကျုခန်ရှန်းဟာ မှင်သက်သွား၏။

“အဲ့ဒါက နောင်မှ လိုတာ။ အခုအတွက်တော့ အလေးချိန် ၇၊ ၈ ကတ်တီလောက်ပဲ လိုချင်တာ။ လုပ်ဖို့ခက်လို့လား” ဟန်ကျောက်က မေးသည်။

သူဟာ နဂါးပျံအဖွဲ့ကို ရှင်းလင်းရန်အတွက် အနည်းဆုံး သွေးသန့်စင်ခြင်း အဆင့်သို့ ရောက်ရှိပြီး သက်ရှည်ကျမ်းလည်း တတိယအဆင့်သို့ ချိုးဖျက်နိုင်ရန် လိုအပ်ပါသည်။ ထိုအချိန် သူ၏ လက်ခွန်အားဟာ ၅၀၀ကတ်တီကို ကျော်သွားမှာ ဖြစ်၏။ ထို့ကြောင့် ၂၀၊ ၃၀ ကတ်တီလောက်နှင့် ဓါးတစ်ချောင်းဟာ ပိုမိုသင့်တော်ပါသည်။

“ပြဿနာမရှိပါဘူး”

ကျုခန်ရှန်းက တုံ့ဆိုင်းစွာ ခေါင်းညှိတ်သည်။

“ဒါပေမယ့် အဲ့လိုဆိုရင် အနည်းဆုံး ရွှေနက် ၁၅ကီလိုဂရမ်ကို ပြင်ဆင်ထားဖို့ လိုအပ်တယ်။ အချိန်တိုအတွင်းမှာက..”

ဟန်ကျောက်ဟာ ၂နှစ် ၃နှစ်အတွင်း တိုးတက်မှုကို သူသံသယဝင်၍ မဟုတ်ပါ။ သို့ပေမယ့် ရွှေနက် ၃၀ကတ်တီကို ဝယ်ယူရန်မှာ အနည်းဆုံး ၆၀၀လျန်ကို လိုအပ်ပါသည်။ ငွေနှင့်တွက်လျှင် ၆၀၀၀လျန် ဖြစ်၏။

ပြီးခဲ့တုန်းက ချင်နိုင်ငံ၏ ဧကရာဇ်ဟာ အလေးချိန်နှင့် တိုင်းတာခြင်း စနစ်ကို ပြင်ဆင်ခဲ့၏။ ၁ကတ်တီလျှင် ငွေ၁၆လျန်မှ ၁၀လျန်သို့ ပြောင်းလဲခဲ့၏။ လက်ရှိ ဝေ၊ ချူနှင့် ချီနိုင်ငံတို့တွင် ရွှေ၆၀ကတ်တီဟာ ငွေ၆၀၀၀လျန်နှင့် တိကျစွာ တူညီပါသည်။ ထိုအရေအတွက်ကို ခွန်အားသန့်စင်ခြင်းဆင့် သိုင်းပညာရှင်(သို့) အထက်တန်းလွှာမှ တော်ဝင်မျိုးနွယ်များသာ ထုတ််ပေးနိုင်လိမ့်မည်။

“စိတ်မပူပါနဲ့။ အရင်ဆုံး ကျွန်တော်ပြောသလိုသာ ထုလုပ်ထားလိုက်။ အခြားပြဿနာတွေကို ဖြေရှင်းဖို့ ကျွန်တော် နည်းလမ်းရှာလိုက်မယ်”

ဟန်ကျောက်က ပြုံးသည်။ သူ၏ခွန်အား တိုးတက်လာသည်နှင့်အမျှ ပိုက်ဆံရှာနိုင်စွမ်းလည်း တိုးလာမှာဖြစ်၏။

“ကောင်းပါပြီ။ အရင်ဆုံး မင်းအတွက် ဓါးတစ်ချောင်း ထုလုပ်ပေးမယ်။ နောက်သုံးလလောက်ဆို ဓါးကိုလာယူလှည့်။ ဆေဘာကတော့ နှစ်လလောက်ဆို ရပြီ”

ဟန်ကျောက်၏ အာမခံမှုကို ရရှိပြီးနောက် ကျုခန်ရှန်းက မည်သည်ကိုမှ မပြောတော့ပေ။ သူ့အနေနှင့် သဘောတူညီမှု ပြီးဆုံးပါက ဆေဘာနှင့် ဓါးတို့ကို ဟန်ကျောက်အတွက် မွမ်းမံပေးလိုက်ဖို့သာ လိုအပ်ပါသည်။ ပြီးပါက သူဟာ သေဆုံးမှာဖြစ်၏။

ယခုကဲ့သို့ အလွန် ဂရုစိုက်နေခြင်း အကြောင်းမှာ သူဟာ တစ်ဘဝလုံး ပန်းပဲပညာတွင် မြှုပ််နှံခဲ့သောကြောင့် ဖြစ်၏။ သူ၏ နောက်ဆုံးထုပ်လုပ်မှုကို ဖြစ်နိုင်သမျှ ပြီးပြည့်စုံစေရန် မျှော်လင့်ပါသည်။

“အဲ့လိုဆိုရင် စိတ်ချထားမယ်နော် စံအိမ်သခင်ကျု”

ဟန်ကျောက်က လက်သီးနှစ်ဖက်ကို ဆုပ်ကာ လေးနက်စွာ ပြောသည်။ ကျန်ရှိသည့် အချိန်များတွင် သူဟာ ကျုခန်ရှန်းနှင့်အတူ လက်နက်နှစ်ခုအကြောင်းအား အသေးစိတ် ဆွေးနွေးခဲ့ပြီး ညနေပိုင်းမှ ကျောက်နက်မြို့ဆီသို့ ပြန်ခဲ့၏။

…

ငါးရက်ကြာပြီးနောက်..

နံနက်ခင်းတွင် ဟန်ကျောက်ဟာ ခြံဝန်းအတွင်းတွင် ရပ်ကာ ရေခဲဆေဘာဓါးကို အသုံးပြုကာ ဓါးဆွဲထုတ်ခြင်း အတတ်ကို လေ့ကျင့်နေ၏။ ဓါးဆွဲထုတ်ခြင်း အတတ်ဟာ ခက်ခဲခြင်း မရှိပေမယ့် စွမ်းအားမှာ ဓါးပျိုးထောင်မှု ပြီးမြောက်နှုန်းအပေါ်တွင် လုံးဝ မှီခိုနေပါသည်။

ကိစ္စတစ်ခုကို လုပ်ဆောင်ပါက လူတစ်ယောက်ဟာ ယနေ့တွင် ၁%အပျင်းထူပါက နောက်တစ်နေ့တွင် ၂%ပိုမိုအပျင်းထူလာမှာပါ။ တစ်နေ့တွင် မည်သည်ကိုမှ လုပ်ချင်စိတ်ရှိမည် မဟုတ်တော့‌ပေ။

ဟန်ကျောက်ဟာ မလုပ်ပါက အရှင်းနေပြီး လုပ်လျှင်လည်း အဆုံးစွန်တိုင်အောင် လုပ်သူဖြစ်၏။ ဤနည်းအားဖြင့် သူဟာ နေ့လည်ခင်းအချိန်အထိ လေ့ကျင့်ခဲ့သည်။

“သိုင်းပညာများ- အရိုးကျုံ့ပညာ(ပြီးပြည့်စုံခြင်းအဆင့် ၄၀%(အဆင့်မြှင့်တင်နိုင်))၊ တောင်ခွဲဆေဘာအတတ်(ဒုတိယအဆင့်၏ စတင်ခြင်းအဆင့် ၂၆%(အဆင့်မြှင့်တင်နိုင်))၊ ဓါးထုတ်ခြင်းအတတ်(စတင်ခြင်းအဆင့် ၅၆%(အဆင့်မြှင့်တင်နိုင်))”

စနစ်မျက်နှာပြင်ရှိ ကျင့်ကြံမှု တိုးတက်နှုန်းကို ကြည့်ကာ ပြုံးသည်။ ပြီးခဲ့သည့် နှစ်လအတွင်းတွင် အရိုးကျုံ့ပညာဟာ နောက်ထပ် ခြေလှမ်းကြီးတစ်ခု တက်လှမ်းခဲ့ပြီး ပြီးပြည့်စုံခြင်းသို့ ရောက်ရှိလာ၏။ အခြေခံ ဆရာသခင် ပါရမီကြောင့် ဖြစ်ပေလိမ့်မည်။ တောင်ခွဲဆေဘာအတတ်ဟာ ဒီအချိန်များ အတွင်းတွင် ၂၁%တိုးလာခဲ့သည်။ ဤသည်မှာ ပထမအဆင့်တုန်းကထက် များစွာ ပိုမိုနှေးကွေး၏။ သို့ပေမယ့် ဤသည်မှာ သူ့ကိုယ်သူနှင့် နှိုင်းယှဉ်၍သာ ဖြစ်သည်။

ပြီးလျှင် သူဟာ လုယီကို ရှာပြီး ဒုတိယအဆင့်၏ ပြီးပြည့်စုံသည့် အချက်အလက်များကို သင်ယူမည်ဖြစ်၏။

ဓါးထုတ်ခြင်း အတတ်မှာတော့ ငါးရက်အတွင်းတွင် ဒီအထိ ကျင့်ကြံပြီးခဲ့သည်။ အလွန် မြန်ဆန်သည်ဟု ဆိုနိုင်၏။

“ဓါးထုတ်ခြင်းအတတ်က အခြေခံ ကျင့်ကြံခြင်း နည်းလမ်းတစ်ခု ဖြစ်မယ်”

ဟန်ကျောက်ဟာ ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။ သူဟာ ဆေဘာဓါးကို သိမ်းကာ ထွက်ခဲ့၏။ နေ့လည်စာစားချိန်သို့ ရောက်ရှိလာခဲ့လေပြီ။ သိုင်းကျောင်းတွင် သွားမစားရတာ ကြာပြီဖြစ်၏။ ယနေ့တွင် လုယီကိုလည်း သူအဆင့်တက်ကြောင်း သတင်းကောင်း ပါးမည်ဖြစ်သည််။

ထိုကဲ့သို့‌ တွေးမိပြီးနောက် ဟန်ကျောက်ဟာ ခြေလှမ်းများကို သွက်သွက်နှင်ပြီး သိုင်းကျောင်းဆီသို့ လျှင်မြန်စွာ ရောက်ရှိလာခဲ့၏။

နေ့လည်စာ နားချိန်တွင် တပည့်များစွာတို့ဟာ အိမ်ပြန်စားသောက်ကြသည်။ ချမ်းသာသည့်လူများဟာ စားသောက်ဆိုင်များသို့ အုပ်စုလိုက် သွားကြ၏။

“ဟန်ကျောက်”

“ဒီအတောအတွင်း မင်းဘာတွေ လုပ်နေတာလဲ”

“မလာတာတောင် ကြာပြီ”

နှစ်လနီးပါးကြာ ပျောက်သွားခဲ့သည့် ဟန်ကျောက်ကို တွေ့ရပြီးနောက် လူအုပ်စုက မေးကြသည်။ အချို့ဟာ သူနှင့် ဆက်ဆံရေးကောင်း၍ မေးကြခြင်း ဖြစ်၏။ အခြားလူများမှတော့ သူနှင့် ကျောက်ယွမ်ထု၏ ဆက်ဆံရေးကြောင့် ဖြစ်သည်။

သို့ရာတွင် အများစုတို့ဟာ လစ်လျူရှုနေကြသည်။ သူတို့ဟာ ဟန်ကျောက်နှင့် မရင်းနှီးကြသည့်အပြင် ဒီကောင်ဟာ ကျန်းထန်ဝမ်နှင့် ပြဿနာဖြစ်ထားသေး၏။ တစ်ဖက်လူဟာ မိသားစုကြီးတစ်ခု၏ မျိုးဆက်တစ်ယောက် ဖြစ်ရာ သူတို့အနေနှင့် ပြဿနာကို ရှောင်ရှားလိုပါသည်။

ဟန်ကျောက်က အပြုံးတစ်ခုနှင့် ပြန်လည်နှုတ်ဆက်သည်။ လုယီရှိလားဟု မေးမြန်းကာ သိုင်းကျောင်းအတွင်းသို့ လျှင်မြန်စွာ ဝင်ရောက်ခဲ့၏။

အတွင်းဘက်ခြံဝန်းသို့ ဝင်လိုက်သည်နှင့် သူဟာ လေ့ကျင့်နေသည့် ရှလင်နှင့် စုယွင်တို့ကို တွေ့ရသည်။ ကျန်းထန်ဝမ်ကတော့ မရှိပေ။

“ဟန်ကျောက်.. နောက်ဆုံးတော့ နင်ရောက်လာပြီပေါ့”

ရှလင်က ရပ်တန့်သွား၏။

“စီနီယာအစ်မရှ.. စီနီယာအစ်မစု”

ဟန်ကျောက် လက်သီးနှစ်ဖက်ကို ဆုပ်ကာ ပြောသည်။ “ကျွန်တော် ဆရာလုနဲ့ ပြောစရာရှိလို့။ သွားနှင့်ပါဦးမယ််” ထိုစကားနှင့်အတူ အနောက်ဘက်ရှိ မီးဖိုချောင်ဆီသို့ သူထွက်ခဲ့၏။

“ဟန်”

ရှလင်၏ နှုတ်ခမ်းက ပွင့်ဟနေ၏။ သူမက ဟန်ကျောက်ကို အတူတူ သိုးသားစွပ်ပြုတ် သွားသောက်မလားဟု မေးမြန်းတော့မလို့ပါ။

ထိုပုံကို တွေ့ရပြီးနောက် စုယွင်က နှလုံးသားထဲမှ သက်ပြင်းချသည်။ သူမ၏ သူငယ်ချင်းကောင်းဟာ ဟန်ကျောက်ကို တပည့်သားအချင်းချင်းထက် ပိုမိုစွာ မြင်နေသည့်ပုံပါ။ သို့ပေမယ့် ယခုကဲ့သို့ ကိစ္စမျိုးဟာ ပြောရခက်၏။ သူမအနေနှင့် အရမ်းကြီး ပြောနေပါက စိတ်ဝမ်းကွဲရနိုင်၏။

သို့ရာတွင် ဟန်ကျောက်ဟာ အလွန် သာမန်ဆန်ပြီး ရှလင်နှင့် လိုက်ဖက်ညီခြင်း မရှိပေ။ ယနေ့လောကတွင် ခွန်အားနှင့် နောက်ခံဟာ အလွန်စကားပြော၏။

…

“ခရက်”

ဟန်ကျောက်ဟာ မီးဖိုတံခါးကို တွန်းဖွင့်လိုက်၏။ လုယီဟာ ဝိုင်သောက်ကာ စားပွဲအပြည့် ရှိနေသည့် ဟင်းပွဲများကို တစ်ယောက်တည်း စားနေပါသည်။

ဟန်ကျောက်ဟာ အပြင်ဘက်သို့ ကြည့်ရှုကာ တံခါးကို တင်းကြပ်စွာ ပိတ်လိုက်၏။ ဦးညွှတ်ကာ ပြောသည်။

“ဆရာလု”

“မင်းပြန်လာသေးတယ်ပေါ့”

လုယီ၏ လေသံက တည်ငြိမ်၏။ သူဟာ မြေပဲကို တူနှင့်ညှပ်ကာ ပါးစပ်အတွင်းသို့ ထည့်သည်။

“ပိုက်ဆံ‌ရော လုံလုံလောက်လောက် ရှာပြီးရဲ့လား”

ဟန်ကျောက်က လေးနက်စွာ ပြောသည်။

“ကျွန်တော် ချိုးဖျက်မိသွားပြီ”

“အင်း… မင်းချိုးဖျက်တာပေါ့”

လုယီက မြေပဲကို ဝါးရင်းက ဖန်ခွက်ကို မြှောက်သည်။

“ကျွန်တော် အရိုးသန့်စင်ခြင်းအဆင့်ကို ချိုးဖျက်သွားပြီ” ဟန်ကျောက်က ထပ်ပေါင်းပြောသည်။

“ကလန်”

လုယီလက်ထဲရှိ ဝိုင်ခွက်ဟာ စားပွဲပေါ်သို့ ကျဆင်းသွား၏။ ဝိုင်များဟာ သူ၏ အဝတ်များပေါ်သို့ စင်ကုန်ကြသည်။ သို့ရာတွင် သူဂရုမစိုက်ပေ။ ကပြာကယာ မတ်တပ်ရပ်၏။ ထိုင်ခုံဟာ ကြမ်းပြင်နှင့် ပွတ်တိုက်သွားပြီး အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ သို့ရာတွင် လုယီ၏အသံက ပိုမိုကျယ်လောင်၏။

“မင်းဘာပြောလိုက်တယ်”

“ပြီးခဲ့တုန်းက ကျွန်တော် အကန့်အသတ်ကို ရောက်နေတယ်လို့ ခံစားရတယ်။ ဒါ့ကြောင့် အပြင်ထွက်ပြီး အလုပ်အချို့လုပ်ပြီး ပိုက်ဆံရှာနေတာ။ မကြာသေးခင်က အစားကောင်းတွေ ပိုစားပြီး ဒီမနက်မိုးလင်း ဆေဘာဓါးလေ့ကျင့်တော့ အဆင့်တက်သွားခဲ့တယ်”

ဟန်ကျောက်က ရှေ့သို့တက်ကာ တိုးညှင်းစွာ ပြောသည်။

“ကျေးဇူးပြုပြီး ဒီကိစ္စကို ကျွန်တော့အတွက် လျှို့ဝှက်ထားပေးပါ ဆရာလု”

ထိုစကားကို ကြားရပြီးနောက် လုယီက ဟန်ကျောက်၏ ရင်ဘတ်ကို လက်သီးနှင့် ထိုးသည်။ ဟန်ကျောက်က လန့်သွား၏။ ဓါးအိမ်ကိုဆွဲကာ ကာဖို့လုပ်သည်။

“ဒုတ်၊ ဒုတ်”

မမြင်နိုင်သည့် အားတစ်ခုက ဓါးအိမ်မှ တိုးဝင်လာပြီး ဟန်ကျောက်ကို ခြေသုံးလှမ်းလောက် ဆုတ်သွားပြီးမှ ငြိမ်အောင်ရပ်နိုင်စေ၏။ ထိုစွမ်းအားတွင် ကြီးစိုးသည့် ခွန်အားတို့ ပါဝင်ပေမယ့် သူ့ကို မည်သည့် ထိခိုက်မှုမှ မဖြစ်စေပေ။

‘ဒါက အတွင်းအားလား’

“ဆရာလု.. ဒါတော့ များသွားပြီမလား။ ဘာလို့ ကျွန်တော့ကို အလစ်တိုက်ခိုက်တာလဲ”

ဟန်ကျောက်က ပြုံးကာပြောသည်။

“ခံနိုင်ရည် မရှိရင်ရော”

“အရိုးသန့်စင်ခြင်း အဆင့်ကို မရောက်သေးရင်တောင် ဒီအတွင်းအားက မင်းကို မထိခိုက်စေနိုင်ဘူး။ အလွန်ဆုံး ရင်ဘတ်မှာ နှစ်ရက်လောက် နာနေရုံလောက်ပဲ”

လုယီက နှာခေါင်းရှုံ့သည်။ သို့ပေမယ့် သူ၏မျက်နှာပေါ်ရှိ ပျော်ရွှင်မှုမှာ ဖုံးကွယ်လို့ မရပေ။

ဟန်ကျောက်၏ဘေးသို့ လျှောက်သွားလိုက်ပြီး အင်္ကျီလက်များကို လှန်တင်၏။ ဟန်ကျောက်၏ လက်မောင်းမှာ ကြွက်သားများနှင့် နီနေပါသည်။ ဤသည်မှာ တောင်ခွဲဆေဘာအတတ်ကို အရိုးသန့်စင်ခြင်း အဆင့်သို့ ကျင့်ကြံပြီးနောက်တွင် ခွန်အားပြည့် သုံးချိန်၌ ပေါ်လာတတ်သည့် လက္ခဏာရပ်ဖြစ်၏။

“ကောင်းတယ်.. ကောင်းတယ်..”

ဒီတစ်ကြိမ် အတည်ထပ်ပြုပြီးနောက်တွင် လုယီက ကောင်းတယ်ဟူ၍ သုံးကြိမ်တိုင်အောင် တစ်ဆက်တည်း ပြော၏။

All Chapters