← Chapters

သိုင်းပညာဗဟုသုတများအား နားထောင်ခြင်း)

Vol. 3 Ch. 33

သိုင်းပညာဗဟုသုတများအား နားထောင်ခြင်း)

Vol. 3 Ch. 33

လုယီက မနှေးမမြန်ပြောသည်။

“အရေအပြား သန့်စင်ခြင်းအဆင့် သိုင်းသမားတွေက သာမန်လူတွေထက် ပိုပြီး သန်မာတယ်။ ဒါပေမယ့် သူတို့က သာမန်လူတွေရဲ့ အတိုင်းအတာထဲမှာပဲ ရှိသေးတယ်။ အရိုးသန့်စင်ခြင်းအဆင့် သိုင်းသမားကျ ပိုပြီးတော့ သန်မာတယ်။ ကျွမ်းကျင်သူတွေလို့ ယူဆနိုင်တယ်။ သူတို့က လူဆိုးဂိုဏ်းငယ်တွေမှာ ခေါင်းဆောင်ဖြစ်နိုင်ကြပြီး အဖွဲ့ကြီးတွေမှာ အလယ်အလတ်အဆင့် အင်အားစုဖြစ်နိုင်တယ်။ ဒါပေမယ့် သွေးသန့်စင်ခြင်းအဆင့်ကို ရောက်မှပဲ စစ်မှန်တဲ့ သိုင်းပညာရှင်တစ်ယောက်လို့ ယူဆနိုင်မယ်။ သွေးသန့်စင်ခြင်းအဆင့်မှာ အဆင့်ငယ်သုံးခု ခွဲထားတယ်..”

“အဆင့်ငယ်သုံးခု”

ဟန်ကျောက်ဟာ သိလိုစွာဖြင့် စောင့်စားနေ၏။

“အရိုးသန့်စင်ခြင်းအဆင့်ကနေ သွေးသန့်စင်ခြင်း အဆင့်ကို ပထမဆုံး ချိုးဖျက်ဝင်ရောက်တာက ပထမအဆင့် သွေးချီချိုးဖျက်ခြင်းအဆင့်ပဲ။ အဲ့ဒီအချိန်မှာ မင်းရဲ့ သွေးချီက တစ်ဆ၊ နှစ်ဆလောက် တိုးလာလိမ့်မယ်။ ဒုတီယအဆင့်နဲ့ တတိယအဆင့် သွေးချီချိုးဖျက်မှုကလည်း အဲ့လိုပဲ။ ဆင့်ချိုးဖျက်ချိန်မှာ သွေးချီက ခြားနားတဲ့ ကျင့်စဉ်တွေအတိုင်း သက်ဆိုင်ရာ သွေးအမှတ်အသားအဖြစ် ပြောင်းလဲတယ်။ အဲ့ဒီသွေးအမှတ်အသားက နောင်မှာ အတွင်းပိုင်းခွန်အားအဖြစ် ပြောင်းလဲဖို့ အဓိကအချက်ပဲ။ သွေးအမှတ်အသား များလေလေ ပိုသန်မာလေပဲ။ အဆင့်တက်ဖို့ ပိုမိုခက်ခဲလေပဲ။ ဒါပေမယ့် အဆင့်ချိုးဖျက်ပြီးနောက်ပိုင်း အတွင်းပိုင်းခွန်အားက ပိုပြီးတော့ သန်မာလိမ့်မယ်”

“ယေဘုယျအားဖြင့် ပြောရရင် ဒုတိယအဆင့် သွေးချီချိုးဖျက်မှုအဆင့်ကို ရောက်ပြီးရင် အတွင်းအားရဲ့ အစောပိုင်းအဆင့် စတင်ဖွဲ့စည်းဖို့ အခွင့်အရေး ရှိတယ်။ အဲ့ဒီအခါ အတွင်းအားကို ကြိုးစားဖမ်းဆုပ်ရမယ်”

ထိုအချိန်၌ လုယီဟာ ရုတ်တရက် သက်ပြင်းချ၏။

“အရင်တုန်းက… ဒုတိယအဆင့် သွေးချီချိုးဖျက်မှုအဆင့်မှာ အတွင်းပိုင်းခွန်အားကို ဖမ်းဆုပ်ဖို့ ငါရွေးချယ်ခဲ့တယ်။ အခုတော့ နောင်တရဖို့ နှောင်းနေပါပြီ။ ဘာပဲဖြစ်ဖြစ် တောင်ခွဲဆေဘာအတတ်က ထိပ်တန်းအဆင့် ကျင့်စဉ်တစ်ခု မဟုတ်ဘူးလေ။ သွေးချီအဆင့်ချိုးဖျက်တိုင်းမှာ ကြီးထွားမှုနှစ်ဆကို မရောက်နိုင်ဘူး။ တတိယအဆင့် သွေးချီချိုးဖျက်မှုကို မရောက်တော့ ငါ့ရဲ့အနာဂတ်ကို အများကြီး သက်ရောက်စေခဲ့တယ်” “ဒါဆို သွေးအမှတ်အသား ပိုများလေ အတွင်းအားကို ဖမ်းဆုပ်အပြီးမှာ ပိုသန်မာလေပေါ့။ ဆရာလု… ဘာလို့ အဆင့်ချိုးဖျက်ဖို့ ဒီလောက်အလျှင်လိုခဲ့တာလဲ”

ဟန်ကျောက် နားမလည်နိုင်ပေ။ လုယီဟာ အတွင်းအားကို ဖမ်းဆုပ်နိုင်ကတည်းက သူ၏ ပါရမီဟာ တော်တော်လေး ကောင်းမှာပါ။

“ငါအသက်၁၉နှစ်မှာ ပထမအဆင့် သွေးချီချိုးဖျက်မှုကို လုပ်နိုင်ခဲ့တယ်။ အသက်၂၁နှစ်မှာ ဒုတိယအဆင့် သွေးချီချိုးဖျက်မှုကို လုပ်နိုင်ခဲ့တယ်။ အဲ့တုန်းက အမျိုးသမီးတစ်ယောက်အတွက် လူတစ်ယောက်နဲ့ ငါယှဉ်ပြိုင်နေခဲ့လို့ အဆင့်တက်ဖို့ လောနေတာ။ အဲ့တုန်းက ငါ့ရဲ့ ပါရမီက မြင့်မားလို့ ယုံကြည်နေခဲ့တယ်။ အတွင်းပိုင်းခွန်အားကို ကြိုပြီး ဖမ်းဆုပ်ခဲ့ရင်တောင် လိုအပ်နေတဲ့ သွေးချီကို နောင်မှာ ငါ့ရဲ့ပါရမီနဲ့ ပြန်လည်ဖြည့်တင်းမယ်ပေါ့။ ထင်မထားတာက… ဟေး..”

လုယီက သက်ပြင်းချပြန်၏။

“မိန်းမတွေက မင်းရဲ့ ဆေဘာထုတ်တဲ့ အမြန်နှုန်းနဲ့ ပိုက်ဆံထည့်နိုင်စွမ်းကို ထိခိုက်စေတယ်။ ချမ်းသာတဲ့ မမတွေက လွဲလို့ပေါ့”

ဟန်ကျောက်ဟာ တိတ်ဆိတ်သွား၏။ လုယီတွင် ယခုကဲ့သို့ အတိတ််တစ်ခု ရှိနေမည်ဟု ထင်မထားခဲ့ပေ။ ချစ်ရသူကို မရှုံးဆုံးရစေရန် လုယီ၏ အားထုတ်မှုမြင်ကွင်းအား သူတွေးကြည့်နိုင်၏။

“ဒါပေမယ့် အဲ့ဒါကြောင့်ပဲ ငါချစ်ရတဲ့သူနဲ့ လက်ထပ်နိုင်ခဲ့တယ်။ သူမနဲ့ သမီးနှစ်ယောက်တောင် ရခဲ့သေးတယ်” လုယီ၏ စကားသံက ပြောင်းလဲသွား၏။

ဟန်ကျောက် “….”

“ကံဆိုးစွာပဲ သူမက အစောပိုင်းနှစ်တွေမှာ ဒဏ်ရာရထားပြီး ဒဏ်ရာက ပြန်ထလာခဲ့တယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ သေဆုံးသွားခံတယ်။ ငါ့ရဲ့ အငယ်ဆုံး သမီးက အဲ့ကိစ္စကြောင့်ပဲ ငါ့အပေါ် အမြင်မကြည်ဘူး။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က မြို့တော်က ငါ့ရဲ့ မိတ်ဆွေဟောင်းတစ်ယောက်နဲ့ ယွမ်ချန်းမြို့ကို လိုက်သွားခဲ့တယ်”

လုယီက မနေနိုင်ပဲ သက်ပြင်းချသည်။

“ကောင်လေး.. မင်းကောင်းကောင်းလေ့ကျင့်။ နောင်မှာ မင်းနာမည်ကျော်ကြားလာရင် ငါ့ရဲ့ အငယ်ဆုံးသမီးနဲ့ လက်ထပ်ပေးမယ်”

လုယီက ဟန်ကျောက်၏ ပုခုံးကို ပုတ်ကာ ပြော၏။

“ဆရာလု.. ကျွန်တော်က ၁၈နှစ်ပဲ ရှိသေးတယ်”

ဟန်ကျောက်က သတိပေး၏။ အစမ်းရှင်သန်မှုအတွင်းတွင် လုယီ၏ စကားဟာ အမှန်ဖြစ်လာခဲ့ပေမယ့် တကယ့်ပြင်ပနှင့် အစမ်းရှင်သန်မှုမှာ တူညီခြင်း မရှိပေ။

လုယီ၏ ရုပ်ရည်အရ ငယ်ရွယ်စဉ်က ရုပ်ဆိုးခဲ့ပုံ မပေါ်ပါ။ သို့ပေမယ့် သူ၏ဇနီး ဖြစ်သူဟာ အလွန် ချောမောလှပနေခြင်း မရှိပါက သူ့သမီး၏ ရုပ်ရည်ဟာ သူ့ကြောင့် ကျဆင်းသွားမှာပါ။

ဟန်ကျောက်ဟာ ရုပ်ချောတာချည်း ကြည့်တတ်သည့် လူတော့မဟုတ်ပေ။ လှပခြင်းအား ဒီအတိုင်း သဘောကျရုံသာ ရှိ၏။

အရေးအကြီးဆုံးမှာ လုယီ၏ အသက်ဖြစ်သည်။ သူ့အသက်လေးဆယ်မှ သမီးရလျှင်တောင် ယခုအချိန်၌ သူ့သမီးဟာ အသက်၂၀လောက် ရှိနေမှာပါ။

လုယီ၏ ပုံစံက လေးနက်သွား၏။

“ယင်ရွှမ်းက အခုမှ ၂၁နှစ်ပဲ ရှိသေးတယ်။ ပြောရရင် ကိုယ့်ထက်ပိုကြီးတဲ့ မိန်းမက ဇနီးကောင်း ပိုဖြစ်နိုင်တယ်တဲ့။ မင်းနားလည်လား။ ဒါပေမယ့် အတွင်းပိုင်းခွန်အားကို မဖမ်းဆုပ်နိုင််ရင်တော့ အဲ့အကြောင်းကို စဉ်းတောင်မစဉ်းစားနဲ့”

“ဟုတ်ကဲ့ပါ”

ဟန်ကျောက်ဟာ စကားလိုက်ကာ ပြောပြီးနောက် စတင်ကပင် စကားလမ်းကြောင်းကို ပြန်တည့်လိုက်၏။

“သွေးချီအကြောင်းကို ဆက်ပြောပါဦး.. သွေးအမှတ်အသား သန်မာလေလေ အတွင်းအား ဖမ်းဆုပ်ပြီးရင် ပိုသန်မာလေလေဆိုတော့ ကျင့်စဉ်တွေကို များများလေ့ကျင့်လို့ ရတယ်မလား။ အဲ့လိုဆိုရင် သွေးအမှတ်အသား ပမာဏကို တိုးလာစေမှာပေါ့”

“အမှန်ပဲ။ အဲ့ဒါကြောင့်ပဲ တောင်ဖြိုအားကို ငါလေ့ကျင့်ခဲ့တာ။ ဒါပေမယ့် လူ့ခန္ဓာကိုယ်က အကန့်အသတ်ရှိတယ်။ အခြားဟာတွေ ထပ်ပြီးလေ့ကျင့်ရင် ပိုရှုပ်ထွေးလာပြီး သွေးအမှတ်အသားကိုတောင် ကွဲပြားသွားစေနိုင်တယ်။ အဲ့ဒါက သိုင်းပညာ တစ်ခုတည်းကို လေ့ကျင့်တာလောက် သွေးအမှတ်အသားက မသန့်စင်တော့ဘူးပေါ့ကွာ။ အဲ့ဒီအခါ သွေးအမှတ်အသား စုစုပေါင်းပမာဏကို ကြီးကြီးမားမား မတိုးတက်စေနိုင်ဘူးဆိုရင် အဆင့်တက်ဖို့ ခက်ခဲမှုက တိုးပွားလာမှာ”

“အရင်တုန်းက တတိယအဆင့် သွေးချီချိုးဖျက်မှုအဆင့်ပြီးမှ အတွင်းပိုင်းခွန်အား ဖမ်းဆုပ်မှုကိုလုပ်ဖို့ ငါမစောင့်နိုင်ခဲ့ဘူး။ အဲ့ဒါက ငါ့ရဲ့ တောင်ခွဲခွန်အားနဲ့ တောင်ဖြိုခွန်အားကို မပြည့်စုံအောင် ဖြစ်စေတယ်။ ဒါက အမြဲတမ်း ငါ့ရဲ့ နောင်တရစရာတစ်ခု ဖြစ်လာခဲ့တယ်”

“ဒါပေမယ့် အဲ့ဒီအတွင်းအား နှစ်ခုကြောင့်ပဲ ကျောက်နက်မြို့မှာ ငါ့ကိုယ်ငါ နာမည်တစ်ခု တွင်စေနိုင်ခဲံတယ်။ ဒီလောကကြီးမှာ ကောင်းကောင်းရှင်သန်နိုင်ဖို့က မလွယ်ပါဘူး”

လုယီက နက်ရှိုင်းစွာ ရှင်းပြသည်။

ဟန်ကျောက်ဟာ ထိုစကားကို ခိုင်မာစွာ သဘောတူ၏။ ပိုမိုကျင့်ကြံပါက ရှုပ်ထွေးလာနိုင်၏။ သို့ပေမယ့် သူမကြောက်ပေ။ အရင်ဆုံး ကြိုးစား၍သာ လေ့ကျင့်ရပေမည်။ အဆင့်မချိုးဖျက်နိုင်ပါက အမှတ်များကို ထပ်ပေါင်းမည်ဖြစ်၏။

ကျင့်စဉ်ဟာ ပိုမိုသန်မာလေလေ အဆင့်ချိုးဖျက်ပြီးပါက သွေးချီပိုများလေလေ ဖြစ်ကာ သွေးအမှတ်အသားလည်း ပိုမိုသန်မာလေ ဖြစ်၏။ ထို့ကြောင့် သူ၏ သက်ရှင်ကျမ်းကို အရင်ဆုံး အဆင့်မြှင့်တင်ရပေမည်။ အဘယ်ကြောင့်ဆိုသော် သက်ရှည်ကျမ်း အဆင့်ချိုးဖျက်တိုင်းတွင် သွေးချီများလည်း တိုးပွားလာသောကြောင့် ဖြစ်သည်။

အခြေခံ ဆရာသခင် ပါရမီက သက်ရှည်ကျမ်း၏ အကန့်အသတ်ကို ချိုးဖျက်နိုင်ရန် အမှန်တကယ်ကို ကူညီပေး၏။ ဆက်လက်ကျင့်ကြံပါက လူသားခန္ဓာကိုယ်၏ အကန့်အသတ်ကို ကျော်လွန်နိုင်လောက်သည်။

အခြား ကျင့်စဉ်များကို ကျင့်ကြံဖို့ကတော့ အခြေအနေအပေါ်တွင် မူတည်ပါသည်။ အခြေအနေက ခွင့်ပြုပါက ပြီးလျှင် တောင်ဖြိုလက်သီးသိုင်းကို ဆက်လက်ကျင့်နိုင်၏။ ဘာပဲဖြစ်ဖြစ် ကျင့်စဉ်နှစ်ခုဟာ မူလဇစ်မြစ် တူညီကြသည်။

သို့ရာတွင် ယခုတော့ ထိုအကြောင်းကို မပြောသေးပါ။ လုယီက သေချာပေါက် ခွင့်ပြုမည်မဟုတ်ပေ။ သက်ရှည်ကျမ်း အဆင့်မြင့်တက်ပြီးသည်အထိ စောင့်ရပေမည်။ ထိုစိတ်ကူးနှင့် ဟန်ကျောက်ဟာ သူ့အနေနှင့် သွေးချီများစွာကို အမှန်တကယ် လိုအပ်နေသည်ဟု ခံစားရ၏။

“ကြိုးစားထား။ ငါ့မှာ မင်းအတွက် မြင့်မားတဲ့မျှော်လင့်ချက်် ရှိတယ်”

လုယီက လေးနက်စွာ ပြောသည်။ သူ၏ စကားများဟာ လုံးဝကို စိတ်ရင်းနှင့်ဖြစ်၏။ ဟန်ကျောက်၏ ကျင့်ကြံမှု အမြန်နှုန်းနှင့် ထောက်ပံ့မှုအချို့သာ ပေးပါက သွေးသန့်စင်ခြင်း အဆင့်သို့ ချိုးဖြတ်နိုင်ချေမှာ သေးငယ်ခြင်း မရှိပေ။ အတွင်းပိုင်းခွန်အားကို ဖမ်းဆုပ်နိုင်မည့် အခွင့်အရေးလည်း ရှိ၏။

“ဟုတ်ကဲ့”

“နောင်မှာ.. နေ့အချိန်မှာ မင်းလွတ်လွတ်လပ်လပ် သွားလာနိုင်တယ်။ လေ့ကျင့်မှု အရှိန်အဟုန် မပျက်ရအောင် ညအချိန်တော့ သိုင်းကျောင်းကိုလာပေး။ ငါမင်းကို တစ်ယောက်တည်း သင်ပေးမယ်”

“ကျေးဇူးတင်ပါတယ်ဆရာလု”

ဟန်ကျောက်က လေးစားစွာ ဦးညွှတ်သည်။

…

ခြောက်လကြာပြီးနောက်…

မြို့တွင်းပိုင်း၏ ဂိတ်တံခါးတွင်..

အနည်းငယ် ချောမောသည့် လူငယ်တစ်ယောက်ဟာ ဂိတ်မှ လျှောက်ထွက်လာခဲ့၏။ သူဟာ အထက်တန်းကျသည့် အဖြူရောင်ဝတ်စုံကို ဝတ်ဆတင်ထားပြီး အရပ်ရှည်ကာ သွယ်လျသည့် ခန္ဓာကိုယ်ရှိ၏။ ခေါက်ယပ်တောင်ကို လက်ထဲတွင် ကိုင်ပြီး ကြည့်ရတာ တင့်တယ်ကာ ထူးချွန်လှသည်။

သို့ရာတွင် သူ၏မျက်နှာဟာ အနည်းငယ် ဖြူရော်နေ၏။ မျက်လုံးများအောက်ရှိ မဲနက်မှုဟာ အလွန်သိသာပါသည်။ သူ၏ ခြေလှမ်းများဟာ အားနည်းပြီး အလွန်အကျူး တဏှာလိုက်စားထားသည့် ပုံပါ။ ထိုအသွင်အပြင်က သူ၏ ဟန်ပန်ကို လုံးဝ ဖျက်ဆီးနေ၏။

ထိုလူကတော့ ကျန်းထန်ဝမ်ဖြစ်သည်။

လွန်ခဲ့သည့် တစ်လက သူဟာ သွေးသန့်စင်ခြင်း အဆင့်သို့ ချိုးဖျက်ရန် ကြိုးစားခဲ့ပြီး ကျရှုံးခဲ့လေသည်။ သွေးချီဟာ ထိခိုက်သွားခဲ့၏။

လွန်ခဲ့သည့် လဝက်က ကြီးစိုးသူလှံအတတ်ကို လေ့ကျင့်သည့် သူ၏အစ်ကိုကြီး ကျန်းဝူလည်း အဆင့်ချိုးဖျက်ရန် ကျရှုံးခဲ့သည်။ သို့ရာတွင် မိသားစုက ကျန်းဝူကို ပိုက်ဆံများစွာ အကုန်ခံပြီး သွေးဂျင်ဆင်းဝယ်ကာ ပေးခဲ့၏။ ဆယ်ရက်တောင် မကြာပဲ ကျန်းဝူ၏ ကုန်ခမ်းသွားသည့် သွေးချီများဟာ တစ်ဝက်ကျော် ပြန်ကောင်းလာခဲ့သည်။

သို့ပေမယ့် ကျန်းထန်ဝမ်အတွက်မူ သူ၏ သွေးချီတို့ ပြန်ကောင်းလာစေရန် အနည်းဆုံး တစ်နှစ်လောက် အချိန်ယူရမှာ ဖြစ်၏။ အချိန်ကြာလာသည်နှင့်အမျှ နှစ်ယောက်အကြားရှိ ဟွာဟချက်က ကြီးမားလာမှာပါ။

စိတ်ဓါတ်ကျစွာဖြင့် သူဟာ ရှကျင်နှင့် ဖန်းဟုန်ယွင်တို့ကို ဖိတ်ကြားချက်အရ ရစ်မူးလစံအိမ်တွင် သုံးရက်တိုင်အောင် အချိန်ကုန်ဆုံးခဲ့သည်။

All Chapters