(အဆင့်တက်ကြောင်း ကြေငြာခြင်း)
Vol. 3 Ch. 34
“ချီးပဲ… ပါရမီချင်းယှဉ်ရင် ငါက ကျန်းဝူထက် လုံးဝ မနိမ့်ဘူး။ ငါ့အမေက ကိုယ်လုပ်တော်ဖြစ်ရုံနဲ့ ကျန်းဝူရှေ့မှာ ငါ့ကိုယ်ငါ နှိမ့်ချနေရမှာလား”
ကျန်းထန်ဝမ်ဟာ မခံမရပ်နိုင် ဖြစ်နေ၏။ ကောင်းကင်ပေါ်မှ မိုးကြိုးတစ်ခု ကျဆင်းလာပြီး ကျန်းဝူကို သေအောင် ပစ်ခတ်ရန် ဆုတောင်းမိသည်။ ထိုသို့ဆိုပါက မိသားစု၏ အရင်းအမြစ်များဟာ သူ့ဆီသို့ ဦးတည်လာမှာ ဖြစ်၏။ သွေးသန့်စင်ခြင်းအဆင့်ကို သေချာပေါက် ချိုးဖျက်နိုင်မှာပါ။
ထိုကဲ့သို့သော စိတ်အခြေအနေနှင့် ကျန်းထန်ဝမ်ဟာ သိုင်းကျောင်းဆီသို့ လျှောက်လှမ်းလာခဲ့သည်။ ရဲကျင်းဒေသ၏ အဓိကလမ်းမပေါ်သို့ ဝင်ရောက်ရုံရှိသေး တင့်တယ်စွာ မွမ်းမံထားသည့် ရထားလုံး သုံးခုတို့ကို တွေ့လိုက်ရသည်။ ကြည့်ရတာ တောင်ဖြိုလက်သီး သိုင်းကျောင်းမှ ထွက်လာခဲ့သည့် ပုံပါ။
“ဖြစ်နိုင်တာက စုယွင်နဲ့ ရှလင်… တစ်ယောက်ယောက်များ အဆင့်တက်လို့လား”
ကျန်းထန်ဝမ်၏ နှလုံးသားဟာ တုန်ခါသွား၏။ အရက်ဒဏ်ကြောင့် ခေါင်းမူးနေခြင်းဟာ ချက်ချင်းပင် ပျောက်ကွယ်သွားသည်။
“စုယွင်အဆင့်တက်ရင်တောင် ရသေးတယ်။ ရှလင်တော့ မဖြစ်ရဘူး”
သူဟာ နှလုံးသားထဲတွင် ဆုတောင်း၏။ အဘယ်ကြောင့်ဆိုသော် မနေ့က ရှကျင်ဟာ ရှလင်ကို သူနှင့်လက်ထပ်ရစေရန် တစ်ခုခု လုပ်မည်ဟု ပြောခဲ့သောကြောင့် ဖြစ်သည်။ ရှလင်သာ အဆင့်ချိုးဖျက်သွားပါက သူ၏ မျှော်လင့်ချက်အားလုံးတို့ ပျောက်ဆုံးသွားမှာပါ။
သူဟာ ရှလင်ကို မိသားစု စီးပွားရေးအား ဆက်ခံနိုင်ရန် ကူညီပေးချင်ပါသေးသည်။ ဤနည်းအားဖြင့် ရှမိသားစု၏ အရင်းအမြစ်တို့ကို အသုံးပြုကာ သူလည်း သွေးသန့်စင်ခြင်း အဆင့်သို့ ချိုးဖျက်နိုင်မည့် အခွင့်အရေးတို့ တိုးလာနိုင်၏။ အဆင့်တက်ပြီးပါက သူ့အနေနှင့် ကျန်းမိသားစုခေါင်းဆောင် ဖြစ်လာရန် မဖြစ်နိုင်တာ မဟုတ်တော့ပေ။ မိသားစုနှစ်ခု၏ အရင်းအမြစ်များနှင့် အတွင်းပိုင်းခွန်အားကို ဖမ်းဆုပ်နိုင်ရန်ပင် မျှော်လင့်ချက်ရှိ၏။
ကျန်းထန်ဝမ်ဟာ စိတ်ပူစွာဖြင့် တောင်ဖြိုလက်သီး သိုင်းကျောင်းဝဆီသို့ လျှောက်လှမ်းခဲ့သည်။ အဝတွင် ရထားလုံးနှစ်ခုတို့ ရပ်ထားကြောင်းကို တွေ့ရ၏။ တစ်ခုတွင် ကျန်းဟူသည့် စကားလုံးကို ရေးထားသည်။ သူ၏ ကျန်းမိသားစုမှ ဖြစ်၏။
ကျန်းထန်ဝမ်ဟာ အသက်ကို နက်ရှိုင်းစွာ ရှူ၏။ ရှေ့သို့ ခြေလှမ်းတက်တော့မည် အပြုတွင် အစိမ်းရောင် ဝတ်စုံနှင့် လူငယ်တစ်ယောက်၏ လူသန်ကြီးနှစ်ယောက်ကို ခြံရံကာ လျှောက်ထွက်လာမှုကို တွေ့လိုက်ရသည်။ ဤသည်မှာတော့ သူ၏ အစ်ကိုကြီးဖြစ်သူ ကျန်းဝူဖြစ်၏။
“ထန်ဝမ်လား”
ကျန်းဝူက ကျန်းထန်ဝမ်၏ ဖြူရော်နေပုံကို ကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ ရှေ့သို့ လျှောက်သွား၏။
“ထန်ဝမ်.. မင်းဘာဖြစ်တာလဲ။ အဆင့်ချိုးဖျက်တာ ကျရှုံးတာနဲ့ အလေလိုက်နေတာလား။ မင်းက အခုမှ အသက်၂၁နှစ်ပဲ ရှိသေးတယ်။ အခွင့်အရေးတွေ အများကြီး ရှိနေသေးတယ်။ လက်လျှော့ပြီး ငါနဲ့အဖေ့ကို စိတ်ပျက်အောင် မလုပ်နဲ့”
ကျန်းဝူ၏ အစ်ကိုကြီးတစ်ယောက်ကဲ့သို့ သင်ကြားပေးနေပုံက ကျန်းထန်ဝမ်ကို အန်ချင်မိစေသည်။ ဒီကောင်ဟာ သွေးဂျင်ဆင်းသာ မရခဲ့ပါက ဒီနေရာတွင် ယခုကဲ့သို့ လာပြောနေနိုင်မည် မဟုတ်ပေ။
“ဟုတ်ကဲ့ပါ အစ်ကိုကြီး”
ကျန်းထန်ဝမ်က ခေါင်းငုံ့သွား၏။ နောင်တရနေသည့် ပုံပါ။ သို့ရာတွင် နောက်ကျောတွင် လက်သီးများကို တင်းကြပ်စွာ ဆုပ်ထား၏။
ထိုပုံကို တွေ့ရပြီးနောက် ကျန်းဝူက ကျေနပ်စွာ ခေါင်းညှိတ်သည်။ စကားလမ်းကြောင်း ပြောင်းလိုက်၏။
“ဒါနဲ့… မင်းရဲ့ ဂျူနီယာညီဟန်ကျောက် ဘယ်မှာနေလဲဆိုတာ သိလား”
“ကျွန်တော်လည်း သေသေချာချာ မသိဘူး။ သူ..”
ကျန်းထန်ဝမ်က ခေါင်းကိုယမ်းသည်။ အဆင့်ချိုးဖျက်သူမှာ ဟန်ကျောက်ဖြစ်ကြောင်းကို ရုတ်တရက် နားလည်လိုက်၏။
“သင်တန်းသားအချင်းချင်းကို ဘာလို့ မသိတာလဲ။ ဒိမနက်ပဲ ဆရာလုက ဟန်ကျောက် အရိုးသန့်စင်ခြင်း အဆင့်ကို ချိုးဖျက်သွားတယ်လို့ သတင်းထုတ်ပြန်ခဲ့တယ်။ ဒါကိုတောင် မင်းမသိဘူးလား”
ကျန်းဝူက အံ့ဩဟန်ဆောင်ကာ ပြောသည်။ သူ၏ ဒီတတိယညီဟာ ရစ်မူးလစံအိမ်တွင် သုံးရက်တိုင်အောင် သောက်စားနေခဲ့ကြောင်းကို သူသိပါသည်။ သူ၏ အစေခံများကို အသုံးပြုကာပင် ဖခင်ဖြစ်သူကို သွယ်ဝိုက်ကာ အကြောင်းကြားခဲ့သေး၏။
“ဟန်ကျောက်လား”
ကျန်းထန်ဝမ်၏ မျက်လုံးများက ပြူးကျယ်သွားသည်။ သူဟာ အရိုးသန့်စင်ခြင်း အဆင့်ကို ချိုးဖျက်ရန် ၂နှစ်နှင့် ၃လတိုင်အောင် လေ့ကျင့်ခဲ့ရ၏။ ဟန်ကျောက်က ဘယ်လိုလုပ်ပြီး ၂နှစ်နှင့် အဆင့်တက်သွားသနည်း။
“မင်းရဲ့ ဒီဂျူနီယာဟန်က ပါရမီကောင်းတယ်။ သူ့ရဲ့နောက်ခံနဲ့ ၂နှစ်အတွင်းမှာ အဆင့်တက်နိုင်ခဲ့တယ်။ ကျန်းမိသားစုကိုသာ ဝင်ရောက်ရင် သူ့ရဲ့အနာဂတ်က တောက်ပနေမှာ”
“အဲ့ဒီအပြင် ပြောကြတာက သူနဲ့ ကျန်းယွမ်ထုနဲ့ကလည်း ရင်းနှီးတယ်ဆို။ အဲ့ဒီကျန်းယွမ်ထုက ပိုပြီးတောင် ထူးကဲသေးတယ်။ လွန်ခဲ့တဲ့ ငါးရက်က ရှမိသားစုရဲ့ ကုန်တန်းနဲ့ ပစ္စည်းသယ်ရင်း သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတယ်”
“အဲ့ဒီမှာ သူနဲ့ ရှမိသားစုက အခြား အကြီးအကဲနဲ့ ပေါင်းပြီး သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားကို အပြင်းအထန် ဒဏ်ရာရစေခဲ့တယ်။ ဆိုလိုတာက တောင်ဖြိုလက်သီးက အားမနည်းဘူး။ ပြဿနာက လေ့ကျင့်တဲ့လူတွေနဲ့ ဆိုင်တာ”
“ငါ့အထင်တော့ တောင်ခွဲဆေဘာအတတ်လည်း သူ့ရဲ့ နာမည်နဲ့ ထိုက်တန်မှာပဲ။ ပါရမီ လိုအပ်ချက် အနည်းငယ် မြင့်မားတာပဲ ရှိမှာ”
ကျန်းဝူ၏ လေသံက ကျန်းထန်ဝမ်ကို ရေးတေးတေး လှောင်ပြောင်နေ၏။
“မင်းညံ့တိုင်း တောင်ခွဲဆေဘာဓါးသိုင်းကို အပြစ်တင်မနေနဲ့”
“ဘာ.. ကျောက်ယွမ်ထု”
ကျန်းထန်ဝမ်က အသံပြု၏။
“သူက မင်းရဲ့ စီနီအစ်ကိုကြီးလေ။ မင်းဘာလို့ လေးစားရကောင်းမှန်း မသိတာလဲ။ ရှမိသားစုနဲ့ စုမိသားစုက ဟန်ကျောက်ကို ဖိတ်ခေါ်ဖို့ လူလွှတ်ပြီးနေပြီ။ ငါက နောက်ကျနေတာ”
ကျန်းဝူက မျက်မှောင်ကြုတ်သွားသည်။
“တကယ်ပဲ.. မင်းက ကိစ္စသေးလေးတောင် မလုပ်နိုင်ဘူး။ ကြည့်ရတာ ငါ့ဘာသာပဲ မေးသွားရမယ်ထင်တယ်” ထိုစကားနှင့်အတူ ကျန်းဝူဟာ ရထားလုံးထဲတွင် ထိုင်သည်။
“မြန်မြန်လေးမောင်း.. ရှင်းချောင်ဒေသကို သွားမယ်” နောက်လိုက် သိုင်းသမား နှစ်ယောက်တို့က ရဲကျင်းဒေသမှ လှည်းကို မောင်းထွက်သွားကြ၏။
“ဟန်ကျောက်”
ကျန်းထန်ဝမ်က အံကိုကြိတ်သည်။ သူ၏မျက်နှာဟာ အရိုက်ခံရသကဲ့သို့ ပူနေ၏။ သူဂရုမစိုက်သည့် ကျန်းယွမ်ထု၏ နောက်လိုက်ဟာ တစ်ခေတ်ထချင်နေလေသည်။ သို့ရာတွင် ဒေါသထွက်မှုတို့ကို နှလုံးသားထဲတွင်သာ ဖိနှိပ်ထားနိုင်၏။ နောင်တွင် ဟန်ကျောက်ကို တွေ့သည့်အခါ အပြုံးတစ်ခုနှင့် ကြိုဆိုရမည့် ပုံပါ။
ကျန်းဝူ၏ အကျင့်စရိုက်ကို သူကောင်းကောင်းသိပါသည်။ ဒီကောင်ဟာ အပြင်ပန်းတွင် ဆောင်ကြာမြိုင်ဆီသို့ မကြာခဏ သွားတတ်သည့် တဏှာရူးဖြစ်ပေမယ့် ယဉ်ကျေးချင်ယောင်ဆောင်ကာ ဖော််ရွေစွာ နေတတ်သည်။ လူအတန်းအစား များစွာနှင့်ပင် တူညီစွာ ဆက်ဆံနိုင်ပါသည်။
ကျန်းမိသားစု၏ ဆက်ခံသူဟူသည့် ဂုဏ်ပုဒ်နှင့် သူ၏ ဟန်ဆောင်ပန်ဆောင် နိုင်မှုတို့ကြောင့် ဟန်ကျောက်ကို ကျန်းမိသားစုတွင် အရင်ဆုံး နာမည်စာရင်းပေးစေရန် သေချာပေါက် ခေါ်နိုင်မှာဖြစ်သည်။ ပြီးမှ သိမ်းသွင်းမည်ဖြစ်သည်။ အနှေးနှင့်အမြန်တွင် ဟန်ကျောက်ဟာ ကျန်းမိသားစုနှင့် စာချုပ်ချုပ်ကာ ဒီကောင်အတွက် အလုပ်လုပ်ပေးမှာ ဖြစ်၏။
ဤသည်မှာ ကျန်းဝူ၏ ပုံမှန်အကွက်ဖြစ်သည်။ ဟန်ကျောက်သာ အမှန်တကယ် ကံကောင်းပြီး နောင်တွင် သွေးသန့်စင်ခြင်း အဆင့်ကို မြင့်တက်သွားပါက ကျန်းမိသားစုတွင် သူ့အတွက် နေရာရှိပါဦးမလား။
“အားးးး”
ကျန်းထန်ဝမ်ဟာ အော်ဟစ်ပြီး ထွက်ခွာသွား၏။ ယခုကဲ့သို့ အခြေအနေနှင့် လုယီကို မျက်နှာချင်းမဆိုင်ရဲပါ။ ထို့ကြောင့် အိမ်သို့သာ ပြန်၏။ သူသည်းခံဖို့ လိုအပ်ပါသည်။ ဒီလူများကို အနှေးနှင့်အမြန် တန်ကြေးတစ်ခု ပေးရစေပေမည်။
….
ရှင်းချောင်ဒေသတွင်..
ဟန်ကျောက်ဟာ ခြံ၏အလယ်တွင် မျက်လုံးများကို မှိတ်ကာ ရပ်နေ၏။ သူ၏ ဟန်ပန်က တည့်မတ်ကာ မထုတ်ရသေးသည့် ဓါးတစ်ချောင်းနှင့် တူပါသည်။ သူ၏ခါးတွင် ဆေဘာတစ်ချောင်းနှင့် ဓါးတစ်ချောင်းတို့အား ချိတ်ဆွဲထား၏။ ညာဘက်လက်က ဓါးရိုးကို ကိုင်ထားသည်။ ရုတ်တရက် သူ၏မျက်လုံးများ ပွင့်လာခဲ့သည်။
“ဝုရှ်”
ဓါးဟာ နဂါးတစ်ကောင်ကဲ့သို့ ထွက်လာခဲ့၏။ အနက်ရောင် အလင်းတန်းဟာ ခြံဝန်းကို ဖြတ်သန်းသွားသည်။ အနှိုင်းမဲ့သည့် လက်နက်တစ်ခု ထွက်ပေါ်လာသည်နှင့် တူ၏။ ဟန်ကျောက်၏ ခန္ဓာကိုယ်တစ်ခုလုံး၌ ထက်မြသည့် အငွေ့အသက်တို့ဖြင့် ပြည့်နှက်နေပါသည်။
“ကလန်"
ဓါးဟာ ဓါးအိမ်အတွင်းသို့ ပြန်ရောက်သွား၏။ ဟန်ကျောက်ဟာ မူလအတိုင်း သိမ်မွေ့ကာ တင့်တယ်သည့် အသွင်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။ အရာအားလုံးဟာ ပုံရိပ်ယောင် ဖြစ်ခဲ့သည့်ပုံပါ။
“ဒီဓါးချက်ကို လုံးဝ ထုတ်လိုက်ရင် ဆေဘာအတတ်ကို အားကုန်သုံးတာရဲ့ စွမ်းအား ၁.၅ဆလောက် ပိုကြီးတယ်။ မဆိုးဘူး”
ဟန်ကျောက်ဟာ မဆိုးဘူးဟူသည့် သုံးသပ်ချက်ကို ရမည်ဟု ထင်မထားခဲ့ပေ။
“ဓါးနှင့်ဆေဘာအမွှာ ပါရမီ တိုးတက်လာသည်။ ဆေဘာပါရမီ ၅ဆရှိကာ ဓါးပါရမီ ၄ဆရှိ၏”
စနစ်မျက်နှာပြင်မှ အချက်ပေးချက်ကို ကြည့်ကာ ဟန်ကျောက်ဟာ ပျော်ရွှင်စွာ ပြုံး၏။
“နောက်ဆုံးတော့ အဆင့်တက်ပြီ။ ဒီဓါးစုဆောင်းခြင်းအတတ်က တကယ့်ကို ဆန်းကြယ်တယ်”
သူ၏ ဓါးကိုင်ထားခြင်း ဖြစ်စဉ်မှာ ဓါးပျိုးထောင်ခြင်း ဖြစ်ပြီး ဓါးကို ထုတ်ခြင်းမှာ ဓါးဆွဲထုတ်ခြင်း ဖြစ်သည်။ သို့ပေမယ့် ယခု ဓါးထုတ်ခြင်းမှာ ရိုးရိုးသာ ဖြစ်ပြီး ဓါးထဲတွင် ပျိုးထောင်ထားသည့် ဓါးချီကို ထုတ်လွှတ်ခြင်း မဟုတ်ပေ။ ကျွမ်းကျင်မှုကိုသာ တိုးလာစေ၏။
လွန်ခဲ့သည့် သုံးလက ကျုချန်ရှန်းဟာ ဓါးထုလုပ်ခြင်း ပြီးစီးခဲ့သည်။ ဟန်ကျောက်ဟာ ဓါးကို တမလွန်ဟူ၍ အမည်ပေးထား၏။ ရရှိခဲ့စဉ် ကတည်းက ၎င်းကို ပျိုးထောင်ခဲ့လေသည်။ စားချိန်၊ အိပ်ချိန်၌ပင်လျှင် ဓါးဟာ သူနှင့်မကွာခဲ့ပေ။ သယ်ဆောင်ထားခြင်းက အလိုအလျှောက် ပျိုးထောင်နေခြင်း ဖြစ်၏။
ခုနကကဲ့သို့ အာရုံစိုက်ကာ တည်ငြိမ်နေခြင်းမှာတော့ ထိရောက်သည့် ဓါးပျိုးထောင်ခြင်း ဖြစ်သည်။ ထိရောက်သည့် ပျိုးထောင်ခြင်းမှာ အလွန် သက်ရောက်မှုကောင်းလှ၏။ သို့ပေမယ့် ကုန်ဆုံးမှုလည်း ပိုမိုများပြားသည်။ ထို့ကြောင့် ကျင့်ကြံမှု ပြီးဆုံးမှသာ သူဟာ ထိုကဲ့သို့ လုပ်ဆောင်ပါသည်။
ဤနည်းအားဖြင့် သူ၏ ကျင့်ကြံမှု အမြန်နှုန်းကို သက်ရောက်စေမည် မဟုတ်ပေ။ ရလဒ်အနေနှင့် သူ၏ အစာစားချင်စိတ်တော့ ကြီးစွာ တိုးလာခဲ့၏။ တစ်ရက်တွင် လေးနပ်စားဖို့ လိုကာ အနပ်တိုင်းတွင် အသားပါဖို့ လိုပါသည်။ သို့ရာတွင် ဓါးထုတ်ခြင်းအတတ်က သူ့ကို စိတ်မပျက်စေခဲ့ပေ။