← Chapters

(ခံစားခွင့်များ တိုးလာခြင်း)

Vol. 3 Ch. 35

(ခံစားခွင့်များ တိုးလာခြင်း)

Vol. 3 Ch. 35

ယခုအချိန်၌ ဟန်ကျောက်၏ အသန်မာဆုံး တိုက်ခိုက်မှု

မှာ အစစ်အမှန်ချီကို အသုံးပြုကာ တောင်ခွဲဆေဘာအတတ်ကို ခွန်အားမြှင့်တင်ပြီး အသုံးပြုခြင်း ဖြစ်သည်။ တမလွန်ဓါးအတွင်းရှိ ပျိုးထောင်ထားသည့် ဓါးချီမှာတော့ တိုက်ခိုက်မှု စွမ်းအားအပြည့်၏ ၁.၅ဆ ရှိ၏။ သူဟာ ဓါးပျိုးထောင်ခြင်းကို သုံးလသာ လုပ်ရပါသေးသည်။ ဒီဓါးပညာဟာ မဆိုးလှပေ။

“သိုင်းပညာများ- သက်ရှည်ကျမ်း(ဒုတိယဆင့်၏ ပြီးပြည့်စုံခြင်းအဆင့် ၉၂%(အဆင့်မြှင့်တင်နိုင်))၊ တောင်ခွဲဆေဘာအတတ်(ဒုတိယအဆင့်၏ အသေးစားကျွမ်းကျင်မှုအဆင့် ၃%(အဆင့်မြှင့်တင်နိုင်))၊ အရိုးကျုံ့ပညာ(ပြီးပြည့်စုံခြင်းအဆင့် ၁၀၀%၊ ဆင်ခြင်နိုင်)၊ ဓါးထုတ်ခြင်းအတတ် (ပြီးပြည့်စုံခြင်းအဆင့် ၁၀၀%၊ ဆင်ခြင်နိုင်) အထူးသက်ရောက်မှု- အာရုံစူးစိုက်ခြင်း အဆင့်၁”

“ဟူး”

သိုင်းပညာဇယားကွက်ရှိ တိုးတက်မှုကို ကြည့်ကာ ဟန်ကျောက်ဟာ ရှည်လျားသည့် သက်ပြင်းကို ချသည်။ သူဟာ လုယီဆီမှ ကျင့်ကြံခြင်းအကြောင်း များစွာကို သင်ကြားခဲ့ရ၏။ လူတစ်ယောက်၏ ပါရမီဟာ မည်မျှပင် ကောင်းမွန်စေကာမူ တစ်ဆို့မှုနှင့် ကြုံရဆဲ ဖြစ်၏။

သို့ပေမယ့် ပါရမီကောင်းပါက တစ်ဆို့မှုကို ဖြတ်ကျော်ရန် ပိုမိုလွယ်ကူပါသည်။ သူသာ ဆက်လက်ကြိုးစားပါက သက်ရှည်ကျမ်း၏ ဒုတိယအဆင့်ကို လေးလအတွင်းတွင် ပြီးမြောက်စေမှာ ဖြစ်သည်။ ထိုအချိန်၌ အမှတ်များကို ထပ်ပေါင်းကာ တစ်ဆို့မှုကို ဖြတ်ကျော်နိုင်၏။

“သက်ရှည်ကျမ်း အဆင့်တက်ပြီးရင်တော့ ငါမြန်မြန်လေး ပိုက်ဆံရှာဖို့ လုပ်ရမယ်”

ဟန်ကျောက်ဟာ ကိုယ့်ကိုယ်ကိုယ် စဉ်းစား၏။ သူ၏ ကျင့်ကြံမှုအမြန်နှုန်း တိုးတက်လာသည်နှင့်အမျှ နေ့စဉ်နေ့တိုင်း ပိုက်ဆံကုန်ကျမှုမှာလည်း ပိုမို၊ ပိုမိုကာ ကြီးထွားလာခဲ့သည်။

ပြီးခဲ့တုန်းက ကျန်ရှိသည့် ငွေ၁၀၀လျန်ဟာ ယခုအချိန်၌ ၂၀လျန်ပင် မပြည့်တော့ပေ။ လာမည့် လအနည်းငယ်အတွင် ၎င်းတိုကို ခြွေတာသုံးစွဲဖို့ လိုအပ်သေး၏။

“ရေခဲဆေဘာဓါးကို ပြန်ပြင်ပြီးလောက်ပြီ။ ငါသွားကြည့်လိုက်မယ်”

ဟန်ကျောက်ဟာ အခန်းထဲမှ ထွက်ခွာပြီး သူ၏ဆေဘာဓါးကို အိပ်ယာအောက်ရှိ ကြမ်းပြင်အောက်မှ လျှို့ဝှက်အကန့်တွင် ဝှက်ထးလိုက်သည်။ ဒီဆေဘာဓါးကို ကျုခန်ရှန်းက ထုလုပ်ပေးခဲ့ခြင်း ဖြစ်၏။ အမည်မှာ သက်ခြွေဓါးဖြစ်ကာ သာမန်ရန်သူများကို ရင်ဆိုင်ရာ၌ အသုံးပြုသည်။

သို့ရာတွင် ဒီဆေဘာမှာ စုန့်ချွေအတွက် ပြင်ဆင်ထားခြင်း ဖြစ်၏။ သူကတော့ ပုံမှန်အတိုင်း ရေခဲဆေဘာကို အသုံးပြုမည် ဖြစ်သည်။

ကျုချန်ရှန်းဟာ ဆေဘာနှင့် ဓါးသစ်တို့ကို ထုလုပ်ပြီးနောက် သူဟာ ပျက်စီးနေသည့် ရေခဲဆေဘာဓါးကို ပြန်လည်ထုလုပ်ရန် ပေးအပ်ခဲ့ပြီး ဖြစ်သည်။ ယခုအချိန်၌ တစ်လတာ ကြာညောင်းပြီး ဖြစ်ရာ ပြီးမြောက်နေလောက်ပါပြီ။

ထိုကိစ္စအတွက် ကျုခန်ရှန်းကိုသာ ကျေးဇူးတင်ရပေမည်။ မဟုတ်ပါက ဒီဆေဘာနှစ်ချောင်းနှင့် ဓါးတစ်ချောင်းတို့အတွက် ငွေ၁၀၀လျန်လောက် ကုန်မှာဖြစ်၏။ နောင်တွင် ပြန်လည်မွမ်းမံမည့် ကုန်ကျစရိတ်ဆိုလျှင် ပိုတောင်ဆိုးဦးမည်။ အချိန်ကျလာပါက သူဟာ ကျုခန်ရှန်းအတွက် အမြန်ဆုံး လက်စားချေပေးရပေမည်။

“ရွှေနက် ၃၀ကတ်တီက ငွေ၆၀၀၀လျန်ကျော် ကုန်မှာ” ဆေဘာနှင့် ခါးရှိ ဓါးတို့ကို ကြည့်ကာ ဟန်ကျောက်ဟာ သက်ပြင်းချပြီး အိမ်မှ ထွက်ခဲ့၏။

ဟန်ကျောက် အိမ်မှထွက်သွားပြီး မကြာခင် ရှ၊စုနှင့် ကျန်းမိသားစုတို့မှ လှည်းများဟာ ရှင်းချောင်ဒေသသို့ ရောက်လာကြသည်။

အချို့ အဖွဲ့ငယ်နှင့် အလယ်အလတ်အဖွဲ့များရှိ ခေါင်းဆောင်များလည်း ရောက်နှင့်နေပြီ ဖြစ်၏။ သို့ရာတွင် နှစ်ဖွဲ့စလုံးဟာ သူနှင့် လွဲသွားလေသည်။

ပတ်ဝန်းကျင်ကို မေးမြန်းပြီးနောက် ဟန်ကျောက်ဟာ မြို့မှ ထွက်သွားသည်ဟု သိရပြီး စိတ်ပျက်စွာဖြင့်သာ ပြန်ခဲ့ရသည်။ သို့ရာတွင် လူဆိုးဂိုဏ်းအချို့ဟာ အနီးအနားတွင် သတင်းပေးများကို ထားခဲ့ပြီး ဟန်ကျောက်၏ မြို့သို့ ပြန်လာမှုကို စောင့်ခိုင်းထား၏။

သွေးသန့်စင်ခြင်း အဆင့်များရှိသည့် အဖွဲ့ကြီးများနှင့် နှိုင်းယှဉ်ပါက သူတို့ကဲ့သို့ အဖွဲ့ငယ်နှင့် အလယ်အလတ်အဖွဲ့များအတွက် အရိုးသန့်စင်ခြင်း အဆင့်မှာ အဖွဲ့၏ အသန်မာဆုံး တိုက်ခိုက်ရေး အင်အားစုဖြစ်သည်။ အထူးသဖြင့် အသက်၁၈နှစ်ရှိသည့် အရိုးသန့်စင်ခြင်း သိုင်းသမားတစ်ယောက်ဟာ သူတို့ယှဉ်ပြိုင်လုယူမည့် ပစ်မှတ်တစ်ခု ဖြစ်လာခဲ့၏။

ဟန်ကျောက်အနေနှင့် အမှန်တကယ် အများကြီး လုပ်ပေးစရာ မလိုပေ။ အခြားအဖွဲ့နှင့် ပြဿနာဖြစ်ချိန်တွင် ပေါ်လာပေးပါက အဆင်ပြေ၏။ အချိန်အများစုတို့တွင် သွေးလွှမ်းသည့် တိုက်ပွဲများကို ရှောင်ကျဉ်နေလို့ရသည်။

ဟန်ကျောက်ဟာ ညအချိန်တွင် ကျောက်နက်မြို့ဆီသို့ ပြန်ခဲ့၏။ လင်းယုန်ပျိုးထောင်ခြင်း စံအိမ်မှ ရေခဲဆေဘာဓါးကို သွားယူပြီးနောက် သူဟာ ရုပ်ဖျက်ကာ ရွှေနက်၏ သတင်းအတွက် ကြေးစားလူဆိုးထိန်း ဌာနနှင့် ကိုးသွယ်မြို့ရှိ ချန်မိသားစု၏ လေလံအိမ်ဆီသို့ သွားကြည့်ခဲ့သည်။

နောက်ဆုံးတွင် ချန်မိသားစု၏ နှစ်စဉ် လေလံပွဲကြီး၌ ရံဖန်ရံခါတွင် ရွှေနက်များကို လေလံတင်ခဲ့ဖူးကြောင်းအား သိလိုက်ရသည်။ အများဆုံးအနေနှင့် ၁၀ကတ်တီကို ရောင်းချဖူး၏။

ထိုသတင်းကို ရရှိပြီးနောက် ဟန်ကျောက်ဟာ ကိုးသွယ်တောင်သို့ သွားရောက်ပြီး နဂါးပျံအဖွဲ့၏ သတင်းကို စုံစမ်းခဲ့သေးသည်။ မေးမြန်းပြီးနောက် လင်းယုန်ပျိုးထောင်ခြင်း စံအိမ်မှ ပိုက်ဆံကောက်ခြင်းအပြင် ထိုအဖွဲ့ဟာ အနီးအနားရှိ သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားမရှိသည့် မြို့ငယ်များနှင့် ရွာများမှလည်း ပိုက်ဆံညှစ်ယူတတ်ကြောင်းကို သိခဲ့ရသည်။

နဂါးပျံအဖွဲ့ရှိ အသန်မာဆုံးလူမှာ ခေါင်းဆောင်ဖြစ်သူ ချီရှင်းဖြစ်ညသ်။ သွေးသန့်စင်ခြင်း အဆင့်၏ ပထမအဆင့် သွေးချီချိုးဖျက်မှုတွင် ရှိ၏။ ဒုတိယမှ စတုတ္ထအထိ ခေါင်းဆောင်များမှာတော့ အားလုံးဟာ အရိုးသန့်စင်ခြင်းအဆင့် သိုင်းသမားများ ဖြစ်ကြသည်။ သို့ပေမယ့် နောက်ဆုံးအကြိမ်တုန်းက စတုတ္ထတစ်ယောက်ကို ဟန်ကျောက်က သတ်ဖြတ်ခဲ့၏။

ဟန်ကျောက်ဟာ အိမ်သို့ ရောက်သည်နှင့် အဖွဲ့ငယ်နှင့် အလယ်အလတ် အဖွဲ့များမှ လူအချို့တို့ တံခါးဝတွင် စောင့်ကာ အမည်စာရင်းပေးရန် ဖိတ်ခေါ်ခြင်းအား ကြုံရသည်။ သူက စဉ်းစားပါမည်ဟု ဖော်ပြပြီးနောက် တစ်ဖက်လူဟာ သူ့ကို ဆက်လက်နှောင့်ယှက်ခြင်း မပြုကြတော့ပေ။

…

နောက်တစ်နေ့တွင် ဟန်ကျောက်ဟာ စောစီးစွာ နိုးလာခဲ့၏။ သူဟာ ခြံဝန်းထဲတွင် လေ့ကျင့်ခြင်း မပြုတော့ပဲ အနီးအနားရှိ ဆိုင်တစ်ခုတွင် မနက်စာစားကာ သိုင်းကျောင်းဆီသို့ တည့်မတ်စွာ ထွက်ခဲ့သည်။ ပြီးခဲ့တုန်းက သူဟာ လုယီကို အဆင့်တက်မှု သတင်းအား ခြောက်လ၊ ခုနစ်လလောက် ကြာလျှင် ထုတ်ပြန်မည်ဟု ပြောထားခဲ့၏။

ရှင်းလင်းစွာပင် မနေ့က သတင်းထုတ်ပြန်ခဲ့သည် ထင်သည်။ ယခု သူလည်း သိရှိပြီးဖြစ််ရာ လုပ်စရာရှိသည်ကို လုပ်ရပေမည်။ ဘာပဲဖြစ်ဖြစ် မိသားစုကြီး အချို့မှ သူ့ကို ဖိတ်ခေါ်ခဲ့၏။

“စုမိသားစုနဲ့ ရှမိသားစုရဲ့ စီးပွားရေးက မသေးဘူး။ သူတို့မှာ အဆက်အသွယ်အချို့ ရှိလောက်တယ်။ ကျန်းမိသားစုကတော့…”

ဟန်ကျောက်ဟာ လျှောက်လှမ်းရင်းက မည်သည့်အဖွဲ့သို့ စာရင်းပေးရမည်နည်းဟု စဉ်းစား၏။

ရှမိသားစုကတော့ သေချာပါသည်။ ရှလင်ဟာ သူ့အပေါ် အလွန်ကောင်း၏။ အရင်ကတည်းက အဆင့်တက်ပြီးလျှင် ရှမိသားစုကို ဦးစားပေး စဉ်းစားမည်ဟု ကတိပေးထားသေးသည်။

ပြီးလျှင် စုမိသားစု ဖြစ်၏။ စုမိသားစု၏ အရောင်းအဝယ် လုပ်ငန်းဟာ ရှမိသားစုထက်ပင် ပိုမိုအင်အားတောင့်တင်းသည်။ သို့ရာတွင် သူဟာ စုယွင်ကို သဘောမကျတာ မရှိပေမယ့် အကောင်းမြင်ခြင်းလည်း မရှိပေ။ သူတို့ဟာ အသိအကျွမ်းမျှသာ ဖြစ်ကြ၏။ ထို့ကြောင့် အခြေအနေကို ကြည့်ရပေမည်။

နောက်ဆုံးအနေနှင့် ကျန်းမိသားစု ရှိ၏။ နောင်တွင် သူဟာ နဂါးပျံအဖွဲ့ကို ရှင်းလင်းမှာ ဖြစ်သည်။ ကျန်းမိသားစုကို သေချာပေါက် ထိပါးမှာ ဖြစ်၏။ ရုပ်ဖျက်ခြင်းက အနှိုင်းမမဲ့ပေ။ အရင်ဆုံး သူဟာ ကျန်းမိသားစုသို့ သွားရောက်ပြီး သူတို့၏ သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားအချို့နှင့် ကျင့်ကြံသည့် သိုင်းကျမ်းများအကောင်းကို စုံစမ်းကာ ခွန်အားကို တွက်ချက်ရပေမည်။ ကိုယ့်ကိုယ်ကိုယ်နှင့် ရန်သူကို သိထားမှသာလျှင် တိုက်ပွဲကို အနိုင်ရနိုင်၏။

ခွန်အားသန့်စင်ခြင်း အဆင့်နှင့် ထိပ်တန်းအဖွဲ့အစည်းများကိုတော့ သူ့အနေနှင့် ဝင်ရောက်မည်မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် ထိုအဖွဲ့ကြီးများတွင် အမည်ခံသာ စာရင်းပေးထားလျှင်တောင် အလွယ်တကူ ရှောင်ထွက်နိုင်ခြင်း မရှိပေ။

ခဏအကြာ၌ ဟန်ကျောက်ဟာ သိုင်းကျောင်းဝဆီသို့ ရောက်လာခဲ့သည်။ တစ်မီတာကျော် မြင့်မားသည့် ကျောက်ခြင်္သေ့ရုပ်နှစ်ခုဟာ တစ်ဖက်တစ်ချက်တွင် ရှိနေ၏။ တံခါးထက်တွင် တောင်ဖြိုလက်သီးသိုင်းကျောင်းဟူသည့် ဆိုင်းဘုတ်တစ်ခုလည်း ရှိနေပါသည်။ အလွန် စောစီးစွာ ရှိနေသေးပေမယ့် ခြံနံရံအတွင်းရှိ အော်သံများကို အဝမှပင် ကြားနိုင်၏။

“ငါဒီကို ရောက်လာခဲ့တာ ၂နှစ်တောင် ကြာခဲ့ပြီ”

ဟန်ကျောက်ဟာ မနေနိုင်ပဲ သက်ပြင်းချသည်။ ဒီလောကကြီးကို စတင်ရောက်ရှိလာစဉ်က သူဟာ သေးသိမ်စွာဖြင့် ဒီအဝတွင် ရပ်ခဲ့ဖူး၏။ လက်ရှိ အခြေအနေဟာ များစွာ ကောင်းမွန်လာသည်ဟု ဆိုရပေမည်။

ထိုအချိန်၌ ဟန်ကျောက်ဟာ ရုတ်တရက် ရယ်၏။ အဘယ်ကြောင့်ဆိုသော် ပထမဆုံးအကြိမ် ကျောက်ယွမ်ထု၏ ဂတုံးကြီးနှင့် ပေါ်လာမှုကို စနစ်က ပြောဆိုခဲ့သည်အား အမှတ်ရလိုက်၍ ဖြစ်သည်။

ဟန်ကျောက်ဟာ သိုင်းကျောင်းအတွင်းသို့ လျှောက်ဝင်သွား၏။ အပြင်ဘက်ခြံဝန်းတွင် ယောကျားသားများစွာ လေ့ကျင့်နေကြသည်။ လုယီဟာ ခြံဝန်းအရှေ့နှင့် အနောက်အကြားရှိ အလယ်တွင် ကုလားထိုင််နှင့် လဲလျောင်းနေဆဲ ရှိ၏။ သက်တောင့်သက်သာနှင့် အစေ့လှော်ကို ဝါးနေ၏။ ဒီအဖိုးကြီး၏ အကြီးမားဆုံး ဝါသနာမှာ အစေ့လှော်ဝါးခြင်း ဖြစ်ပေလိမ့်မည်။ မြေပြင်ပေါ်တွင် ပုံနေသည့် အစေံခွံများကို ကြည့်ရတာ အချိန်ကြာအောင် ဝါးထားသည့်ပုံပါ။

“ဟန်ကျောက်”

“အစ်ကိုဟန်”

“စီနီယာအစ်ကိုဟန်”

ဟန်ကျောက်ဟာ လုယီဆီသို့‌ လျှောက်လှမ်းသွား၏။ ခြံဝန်းထဲတွင် သူ့ကို နှုတ်ဆက်သည့်လူများ ပုံမှန်ထက် တိုးလာပါသည်။

သူက တုံ့ပြန်စွာ ခေါင်းညှိတ်ပြီး လုယီဘေးသို့ ရောက်လာခဲ့သည်။

“ဆရာလု”

“မင်းရောက်လာပြီလား”

လုယီ၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး အတွင်းဘက်ခြံဝန်းဆီသို့ လက်ဝှေ့ပြ၏။

“ဝင်ပြီး လေ့ကျင့်နှင့်။ မကြာခင် မင်းကို တစ်ယောက်ယောက် လာရှာလိမ့်မယ်”

“အာ… ဟုတ်ကဲ့”

ဟန်ကျောက်ဟာ ခြံဝန်းအတွင်းသို့ လျှောက်ဝင်ခဲ့၏။ စုယွင်နှင့် ရှလင်တို့ဟာ စတင်လေ့ကျင့်နှင့်နေပြီး ဖြစ်သည်။ ကျန်းထန်ဝမ်မှာလည်း တစ်ယောက်တည်း လေ့ကျင့်မှုပြုနေ၏။

“ဂျူနီယာမောင်လေးဟန်”

ဟန်ကျောက်ကို တွေ့လိုက်ရပြီးနောက် ရှလင်၏ မျက်လုံးများက လင်းလက်သွားသည်။ စုယွင်ကို ထားခဲ့ကာ သူမဟာ ပြေးလာခဲ့၏။

“ဂုဏ်ယူပါတယ်”

“ကျွန်တော် ကံကောင်းသွားတာပါ”

ဟန်ကျောက်က ပြုံးကာ ဟာသနှောကာ ပြောသည်။

“ကြည့်ရတာ လစာတိုးပေးတော့မယ်နဲ့ တူတယ်”

“ဒါပေါ့”

ဟန်ကျောက်၏ စကားကို ကြားရပြီးနောက် ရှလင်က ပြုံးကာ လက်ကို ထောင်ပြသည်။

“တစ်လကို ငွေ၅လျန်ဆိုရင်ရော။ အဲ့ဒီအပြင် နောင်မှာ ဆေးပင်တွေဖြစ်ဖြစ်၊ အဖိုးတန် သားရဲရိုင်းအသားတွေဖြစ်ဖြစ် လိုအပ်ရင် ငါတို့ရှမိသားစု လုပ်ငန်းက နင့်ကို အရင်းဈေးနဲ့ ရောင်းပေးနိုင်တယ်။ ဒါက အထူးခံစားခွင့်နော်”

“စာချုပ်ချုပ်မယ် ဆိုရင်တော့ ငွေက အဲ့နှစ်ဆရမယ်။ အဲ့ဒီအပြင် သွေးချီကို မြင့်တက်စေနိုင်တဲ့ နတ်ဆိုးသားရဲ အသားတစ်ပုံကို သုံးလတစ်ကြိမ်ရမယ်”

ဟန်ကျောက်၏ ပုံစံက လေးနက်သွား၏။ ရှလင်၏ ကမ်းလှမ်းချက်များမှာ နိမ့်ပါးခြင်းမရှိပေ။

အရိုးသန့်စင်ခြင်းအဆင့် ခွန်အားနှင့် လူတစ်ယောက်အတွက် ချပ်ဝတ်ကို ဝတ်ဆင်ပြီး အဓိကနေရာများကို ကာကွယ်ထားပါက ကျားရဲတစ်ကောင်ကို သတ်ဖြတ်ရန် ခက်ခဲခြင်းမရှိပါ။

နတ်ဆိုးသားရဲများမှာ သူတို့၏ မျိုးနွယ်အကန့်အသတ်ကို ဖြတ်ကျော်နိုင်တဲ့ သားရဲများဖြစ်ကြ၏။ ခွန်အားအရာတွင် သာလွန်ကာ အသားကလည်း လူသားသိုင်းသမားများအတွက် ကြီးမားသည့် အထောက်အပံ့ ဖြစ်သည်။

ပြီးခဲ့တုန်းက စားသောက်ပွဲတွင် စားခဲ့ရသည့် ကျားနတ်ဆိုးအသားကို မှတ်မိသေးသည််။ ထိုကျားကို အနိုင်ယူလိုပါက သွေးသန့်စင်ခြင်းအဆင့် သိုင်းသမား သုံးယောက်မှ ငါးယောက်လောက်အထိ လိုအပ်၏။ သာမန်လူများ အနေနှင့် ဝယ်ချင်လျှင်တောင် ဝယ်လို့မရပေ။

ထိုအချိန်၌ ကျန်းထန်ဝမ်အနေနှင့် ကျားနတ်ဆိုးအသားကို မှာယူနိုင်ခဲ့ခြင်းမှာ သူ၏ ကျန်းမိသားစု၏ ဒုတိယသခင်လေးဟူသည့် ဂုဏ်ပုဒ်ကြောင့် ဖြစ်သည်။ ပိုက်ဆံကြောင့်မဟုတ်ပေ။

All Chapters