(သတင်းမေးခြင်း)
Vol. 3 Ch. 36
ဟန်ကျောက်တွင် စနစ်၏ စွမ်းရည်မှတ်သာ မရှိပါက စာချုပ်ချုပ်ခြင်းမှာ သူ၏ အနာဂတ်အတွက် တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်မှာပါ။
“ကျေးဇူးတင်ပါတယ် စီနီယာအစ်မရှ… ကျွန်တော် အမည်ခံကိုပဲ ဆက်ပြီး ရွေးချယ်ပါတယ်။ ကံကောင်းပြီး အဆင့်ထပ်တက်ဖြစ်ရင် အစ်မနဲ့ သေချာပေါက် စာချုပ်ချုပ်ပါမယ်”
ဟန်ကျောက်က ခဏတာစဉ်းစားပြီးနောက် ဆုံးဖြတ်ချက်ချ၏။ သူဟာ ဓါးဆွဲထုတ်ခြင်း အတတ်ကို လေ့ကျင့်ထားပြီး သူ့ခွန်အား၏ အကန့်အသတ်မှာ အနည်းငယ် တိုးမြင့်လာခဲ့ပေမယ့် သက်ရှည်ကျမ်းအပါအဝင် ထိုအရာများဟာ ထုတ်ဖော်မပြနိုင်သည့် ဝှက်ဖဲများ ဖြစ်ပါသည်။ ရှလင်ဟာ ရှမိသားစုကို ဆက်ခံခြင်း မပြုရသေးပေ။
သူသာ အရိုးသန့်စင်ခြင်းအဆင့်နှင့် စာချုပ်ချုပ်လိုက်ပါက ရှမိသားစု၏ လက်အောက်ခံသာ ဖြစ်မှာပါ။ အချိန်မရွေး ကုန်လှည်းနှင့်လိုက်ကာ မလိုလားအပ်သည့် အန္တရာယ်များကို ကြုံတွေ့ရနိုင်သည်။
သွေးသန့်စင်ခြင်း အဆင့်သို့ ရောက်ရှိမှသာလျှင် ရှမိသားစုနှင့် မိတ်ဖက်အဖြစ် ဆက်ဆံနိုင်မှာ ဖြစ်၏။ ဤသည်ကို သူကောင်းကောင်းသိပါသည်။ ရှလင်နှင့် ဆက်ဆံရေး ကောင်းမွန်ရုံမျှနှင့် သူ၏ ကျင့်ကြံမှုကို သက်ရောက်စေမည် မဟုတ်ပါ။
“ကောင်းပါပြီ”
ရှလင်ဟာ အနည်းငယ် စိတ်ပျက်သွား၏။ တကယ်တော့ စာချုပ်ချုပ်ရန် ခံစားခွင့်များကို သူမ၏ဖခင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့သော ခံစားခွင့်များဟာ အရိုးသန့်စင်ခြင်း သိုင်းသမားတစ်ယောက်အတွက် အလွန် ရက်ရောသည်ဟု ဆိုနိုင်၏။ အနည်းငယ်မျှ ပိုမိုများပြားသည်နှင့် သွေးသန့်စင်ခြင်းအဆင့်၏ ခံစားခွင့်ကဲ့သို့ ဖြစ်သွားမှာပါ။
‘ဂျူနီယာမောင်လေးက အပြင်ပန်းမှာသာ ဟိုလိုဒီလိုနေတာ.. ဒါပေမယ့် တကယ်တမ်းကျ အရမ်းခေါင်းမာတယ်။ အရာအားလုံးအတွက် ကိုယ့်ကိုယ်ကိုယ်ပဲ မှီခိုလိုတာ..’
ရှလင်ဟာ နှလုံးသားထဲတွင် သက်ပြင်းချ၏။ သူမအနေနှင့် ဟန်ကျောက်အား အမှန်တကယ်ကို ကူညီချင်ပါသည်။
“ရှလင်ရဲ့ ပုံစံကို ကြည့်ရတာ အခုအချိန် သူမကို လက်ထပ်ချင်တယ်လို့ ပြောရင် အောင်မြင်နိုင်ချေ သေချာပေါက်များတယ်”
ဟန်ကျောက်ဟာ အချက်ပေးချက်ကို လစ်လျူရှုထားရန် ရွေးချယ်လိုက်၏။ ယခုအချိန်က မိသားစုတစ်ခု တည်ဆောက်ရန် အချိန်မကျသေးပါ။ နှစ်အနည်းငယ် အတွင်းတွင် တိမ်စီရင်စုဟာ ရှုပ်ထွေးကုန်မှာ ဖြစ်၏။ မိသားစုကိုပါ ခေါ်နေရပါက အေးအေးချမ်းချမ်း ထွက်ပြေးလို့ရမည် မဟုတ်ပေ။ အနည်းဆုံး ခွန်အားသန့်စင်ခြင်း အဆင့်သို့ ရောက်ရှိပြီးမှသာလျှင် လက်ထပ်ဖို့ကိစ္စကို စဉ်းစားရပေမည်။
“ဂျူနီယာညီ.. ဟန်.. ဂုဏ်ယူပါတယ်”
ကျန်းထန်ဝမ်က လျှောက်လာပြီး အားတင်းကာ ပြုံးသည်။
“ဟုတ်ကဲ့ပါ စီနီယာအစ်ကိုကျန်း”
ဟန်ကျောက်က လက်နှစ်ဖက်ကို ဆုပ်သည်။
“ဂျူနီယာညီဟန်.. အစ်ကိုကြီးက ငါ့ကို ခိုင်းထားတယ်။ မင်းကို ကျန်းမိသားစုမှာ အမည်ခံအဖြစ် စာရင်းပေးဖို့ ဖိတ်ခေါ်ချင်လို့”
ကျန်းထန်ဝမ်၏ အပြုံးက ပျောက်ကွယ်သွားခြင်း မရှိပေ။ မနေ့က သူဟာ ကျန်းဝူ၏ လှောင်ပြောင်ခြင်းကို ခံရပြီးနောက် အိမ်တွင် ဖခင်ဖြစ်သူ၏ ဆူပူကြိမ်းမောင်းခြင်းကိုလည်း ခံခဲ့ရသည်။ ယခု ဟန်ကျောက်ကို လာရောက်ဖိတ်ခေါ်ရ၏။ သူ့အနေနှင့် အမှန်တကယ်ကို ဒေါသထွက်နေပါသည်။ သိုပေမယ့် ရွေးချယ်စရာ မရှိပဲ ပြုံးပြရ၏။
“အဲ့လိုဆိုရင်.. အစ်ကိုရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် လက်ခံပါတယ်”
ဟန်ကျောက်က ပြုံးကာ ခေါင်းညှိတ်သည်။ ကျန်းမိသားစု၏ ပိုက်ဆံနှင့် နောင်တွင် ကျန်းမိသားစုကို ရင်ဆိုင်ရမှာ ကိစ္စကောင်းတစ်ခု ဖြစ်သည်။
“…”
ကျန်းထန်ဝမ်ဟာ မှင်သက်သွား၏။ သူဟာ ဟန်ကျောက်၏ ငြင်းဆန်မှုအတွက် ပြင်ဆင်ထားပြီး ဖြစ်သည်။ ထို့ကြောင့် ပြန်ပြီးပါက မီးစကိုဆီလောင်းကာ ကျန်းဝူကို ဟန်ကျောက်အား ပညာပေးစေမည် ဖြစ်၏။
ယခု ဟန်ကျောက်က ရုတ်တရက် သဘောတူလာလေသည်။ သူ့ကို အငိုက်မိသွားစေ၏။ ခေါင်းအုံးနှင့် အဖိခံထားရသကဲ့သို့ အသက်ရှူမရနိုင်နီးပါး ဖြစ်သွားလေသည်။
“စီနီယာအစ်ကိုကျန်း”
ဟန်ကျောက်က သူ့ကိုကြည့်သည်။
“အာ… အိုး၊ အိုး”
ကျန်းထန်ဝမ်က တုံ့ပြန်လာပြီး အမြန်ပြောသည်။
“ဒါဆိုရင် ပြန်ပြီး အစ်ကိုကြီးကို အခုပဲ ပြောလိုက်မယ်” ထိုစကားနှင့်အတူ ကျန်းထန်ဝမ်ဟာ လက်နှစ်ဖက်ကို ဆုပ်ပြီး လျှင်မြန်စွာ ထွက်ခဲ့၏။ ဆက်လက်နေပါက ရူးသွားရနိုင်ပါသည်။
အထက်စီးဆန်သည့် ကျန်းထန်ဝမ်တစ်ယောက် ရုတ်တရက် ရှုံးနိမ့်သွားပုံက စုယွင်ကို မနေနိုင်ပဲ သက်ပြင်းချမိစေသည်။ ဟန်ကျောက်ကို အလွန်လျှင်မြန်စွာ အဆင့်တက်သွားမည်ဟု မည်သူက ထင်မိမည်နည်း။
အစပိုင်းတွင် ဟန်ကျောက်ကို ဆေဘာအတတ် နားလည်မှုကောင်းသဖြင့် ဆရာလုက တန်ဖိုးထားခဲ့၏။ နောက်ပိုင်းတွင် သူ၏ ပါရမီနှင့် အခြေခံနိမ့်ပါးမှုကြောင့် နားလည်သဘောပေါက်မှု ဘယ်လောက်ကောင်းကောင်း အသုံးမဝင်ကြောင်း သက်သေပြလာခဲ့၏။ ဆရာလုဟာ အရင်ကကဲ့သို့ သူ့အပေါ် ဂရုမစိုက်တော့ပေ။
အရင်တုန်းက တောင်ခွဲဆေဘာအတတ်ကို လေ့ကျင့်ခဲ့သည့် သူမတို့အကြားတွင် အရေအပြား သန့်စင်ခြင်း အဆင့်သို့ အနှေးကွေးဆုံး ရောက်ရှိခဲ့သူမှာ လီဖေးဖြစ်သည်။ သို့ပေမယ့် ထိုသို့ဆိုလျှင်တောင် လီဖေးဟာ ရက်ပေါင်း၂၀သာ ကြာခဲ့၏။ ဟန်ကျောက်ကတော့ သုံးလတောင် ကြာခဲ့လေသည်။ မထင်မှတ်စွာပင် အဆင့်မြင့်လာသည်နှင့်အမျှ ပိုမိုမြန်ဆန်လာမည်ဟု ထင်မထားခဲဲ့ပေ။
‘ဒါက ကျိုးကြောင်းဆီလျော်မှု ရှိလို့လား’
ပြီးခဲ့တုန်းက ဟန်ကျောက် သိုင်းကျောင်းသို့ မလာချိန်များတွင် သူတို့အားလုံးဟာ လက်လျှော့သွားပြီဟု ထင်ခဲ့ကြ၏။ နောက်ပိုင်းတွင် ပိုက်ဆံထွက်ရှာနေခြင်း ဖြစ်သည်ဟု ကြားရလေသည်။ သာမန်ဆန်သည့် နောက်ခံမှ လာခြင်းကြောင့် သူမပင်လျှင် သူ့အပေါ် ရယ်မိသေး၏။ အခြေခံက နိမ့်ပါးကာ မာနကြီးနေလေသည်။
သို့ပေမယ့် ကြည့်ရတာ သူမသာလျှင် စိတ်သဘောထား ကျဉ်းမြောင်းခဲ့ပုံပါ။ အမြင်အရှိဆုံးမှာ သူမအမြဲတမ်း တုံးအသည်ဟု ထင်ခဲ့သည့် ရှလင်ဟုသာ ဆိုရပေမည်။
“ဂုဏ်ယူပါတယ် ဂျူနီယာဟန်”
စုယွင်က လျှောက်လာ၏။
“ဟုတ်ကဲ့ပါ စီနီယာအစ်မစု”
ဟန်ကျောက်က ခေါင်းညှိတ်သည်။ ဟန်ကျောက်၏ တုံ့ပြန်ပုံက စုယွင်ကို အနည်းငယ် မပျော်မရွှင် ဖြစ်သွားစေ၏။
အစက ဟန်ကျောက်ကို စုမိသားစု၏ လုပ်ငန်း၌ အမည်ခံအဖြစ် စာရင်းပေးရန် ဖိတ်မလို့ စဉ်းစားထား၏။ သို့ပေမယ့် ယခုပုံကို ကြည့်ပြီးနောက် မဖိတ်ရန် ဆုံးဖြတ််လိုက်သည်။
သူမ၏ မိသားစုရှိ သွေးသန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူ လေးယောက်ပင်လျှင် အားလုံးဟာ သူမကို ယဉ်ကျေးပျူငှာကြသည်။ တစ်ဦးတည်းသော သမီးအနေနှင့် သူမ၏ နေရာကို မည်သူမှ ခြိမ်းခြောက်နိုင်ခြင်း မရှိပေ။ ဘာပဲဖြစ်ဖြစ် ဟန်ကျောက်မှာ အရိုးသန့်စင်ခြင်း အဆင့်လေးသာ ရှိ၏။ သွေးသန့်စင်ခြင်းအဆင့် တစ်ဝက်တစ်ပြတ် သိုင်းသခင်တစ်ယောက် မဟုတ်ပေ။ စုမိသားစုတွင် နည်းပါးခြင်း မရှိပါ။
…
ဟန်ကျောက်ဟာ တစ်မနက်လုံး သိုင်းကျောင်းတွင် နေခဲ့၏။ တစ်သုတ်ပြီးတစ်သုတ် ရောက်လာကြသည့် လူအနည်းငယ်တို့နှင့် တွေ့ပြီးနောက် နောက်ဆုံးတွင် အားလပ်ချိန်အချို့ ရလာခဲ့၏။
ရှလင်ဆီမှ ကျောက်ယွမ်ထု ဒဏ်ရာအနည်းငယ် ရသွားသည်ဟု ကြားသိရပြီး နောက်တွင် မြို့တွင်းပိုင်းသို့ သွားရောက်ကာ လည်ပတ်သတင်းမေးသည်။
ကျောက်ယွမ်ထုဟာ ရှမိသားစု၏ အကြီးအကဲအဖြစ် စာရင်းပေးပြီးနောက် ယုန်ဟယ်ဒေသ၏ အစွန်တွင် ခြံဝန်းတစ်ခုကို ရခဲ့၏။ မြို့တွင်းပိုင်းရှိ မြေတစ်လမတိုင်းဟာ ရွှေနှင့် တိုင်းတာလို့ ရပါသည်။ ရှမိသားစုဟာ အများကြီး မြှုပ်နှံခဲ့သည်ဟု ဆိုနိုင်၏။ ဤသည်ကို ကြည့်ခြင်းအားဖြင့် သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်၏ ဂုဏ်ပုဒ်ကို တွေ့မြင်နိုင်ပါသည်။
“မိစ္ဆာကျင့်စဉ်ကို ကျင့်တဲ့ သွေးသန့်စင်ခြင်းအဆင့် သိုင်သမားတစ်ယောက်က လူသွေးတွေကို စုပ်နေတာလား” ဟန်ကျောက်ဟာ ကျောက်ယွမ်ထု၏ နေအိမ်ဆီသို့ ရောက်လာပြီးနောက် သူ့ဆီမှ ကုန်လှည်းအား တိုက်ခိုက်မှုအကြောင်းကို ကြားသိရသည်။
“တစ်ဖက်လူက လက်ဝါးသိုင်းပညာမှာ ထူးချွန်တယ်။ သူ့ရဲ့ သိုင်းပညာလမ်းကြောင်းက ထူးဆန်းတယ်။ တိုက်ပွဲမှာ အရိုးသန့်စင်ခြင်းအဆင့် သိုင်းသမားတွေ အများကြီး ရှင်းမပြနိုင်ပဲ အဆိပ်မိကုန်ကြတယ်။ ခုခံနိုင်စွမ်း မရှိတော့ဘူး။ အခြား အကြီးအကဲနဲ့ ငါလည်း မိတာပဲ။ အဲ့ဒီတုန်းက ငါတို့ခန္ဓာကိုယ်တွေ ထုံထိုင်းသွားတယ်လို့ ခံစားရတယ်”
“ရှမိသားစုကနေ သံနက်လက်အိတ်ရထားပြီး အဆိပ်ကာကွယ်ရေး ဆေးကို သုံးခဲ့လို့သာ မဟုတ်ရင် အနိုင်ရမှာ မဟုတ်ဘူး”
ကျောက်ယွမ်ထုဟာ အိပ်ယာပေါ်တွင် လှဲနေရင်းက ကြောက်ရွံ့မှုတို့ ဖြတ်သန်းသွား၏။
“ဒီလိုကို”
ဟန်ကျောက်က ခေါင်းညှိတ်ကာ အတွေးနက်သွားသည်။
“သူ့ကို ဒဏ်ရာအပြင်းအထန်ရအောင် တိုက်ခိုက်နိုင်ခဲ့ပေမယ့် ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်။ ဒါပေမယ့် နိုင်ငံရုံးတော်ကို သတင်းပို့ပြီးပါပြီ။ ရုံးတော်က အလိုရှိဝရမ်းတစ်ခု ထုတ်လိမ့်မယ်။ သူ့ကို လိုက်ဖမ်းမယ့် သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားတွေ ရှိမှာပါ”
ကျန်းယွမ်ထု၏ လေသံက ရေရာခြင်းမရှိပေ။ ရုံးတော်က တာဝန်ကြေ ထုတ်ပြန်ရုံသာ ဖြစ်နိုင်၏။
ပုံမှန်အခြေအနေမျိုးတွင် သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားများဟာ အဆင့်တူချင်း တိုက်ခိုက်လိုခြင်း မရှိကြပေ။ အဘယ်ကြောင့်ဆိုသော် ဒဏ်ရာရပါက သွေးအမှတ်အသား စုဆောင်းမှုကို ထိခိုက်နိုင်သောကြောင့် ဖြစ်၏။ အတွင်းပိုင်းခွန်အား ဖမ်းဆုပ်နိုင်မှု အခွင့်အရေးကို လျော့နည်းသွားစေမှာပါ။ တစ်ဖက်လူက အတင်းဖိအားပေး၍သာ မဟုတ်ပါက သူ့အနေနှင့် အသက်စွန့်ပြီး သွေးချီကို ထိခိုက်စေမှာ မဟုတ်ပေ။
“စီနီယာအစ်ကိုကြီး.. အရင်ဆုံး ကောင်းကောင်းအနားယူပါဦး။ ကျွန်တော် မနှောင့်ယှက်တော့ဘူး”
ကျောက်ယွမ်ထု၏ အနည်းငယ် ဖြူရော်နေသည့် မျက်နှာကို ကြည့်ကာ ဟန်ကျောက်က ပြောသည်။
“ဟုတ်ပါပြီ။ မင်းဆင့်တက်သွားပြီလို့ ငါကြားတယ်။ ဂုဏ်ပြုဖို့ အချိန်တောင် မရှိဘူး။ ငါပြန်ကောင်းသွားရင် မင်းငါ့ကို သေချာပေါက် လိုက်ကျွေးရမယ်”
ကျောက်ယွမ်ထုက ပြုံးသည်။
“ပြဿနာမရှိဘူး။ တိမ်မြင့်စံအိမ်မှာ လိုက်ကျွေးမယ်”
“ကောင်းပြီ။ ငါမင်းကို အားနာမနေတော့ဘူး”
“ဟုတ်ပါပြီ။ ဒါဆိုရင် ကျွန်တော် သွားတော့မယ်နော်” ဟန်ကျောက်က မတ်တပ်ရပ်သည်။ တံခါးဝသို့ ရောက်ပီးနောက် ရုတ်တရက် ရပ်တန့်သွားပြီး ပြော၏။
“အစ်ကိုကြီး… ဒီအိမ်က ခြောက်ကပ်လွန်းတယ်။ အစ်ကိုကြီးကို ဂရုစိုက်မယ့်လူလည်း မရှိဘူး။ မိန်းမယူဖို့ အချိန်ကျပြီနော်”
“နေကောင်းသွားရင် လက်ထပ်တော့မှာပါ”
ကျောက်ယွမ်ထုက အပြုံးတစ်ခုနှင့် ခေါင်းကိုကုပ်သည်။ ကြည့်ရတာ စိတ်ထဲတွင် တစ်ယောက်ယောက် ရှိပြီးဖြစ်သည့်ပုံပါ။ ဟန်ကျောက်က ပြုံးကာ ခြံဝန်းဆီသို့ လျှောက်ထွက်ခဲ့၏။