(အစမ်းရှင်သန်မှု ထပ်မံပြုခြင်း)
Vol. 3 Ch. 37
ဟန်ကျောက်ဟာ အိမ်မပြန်ခင်တွင် မြို့ပြင်သို့ ထွက်သွား၏။ စုန့်ချွေအဖြစ် ရုပ်ဖျက်ကာ လေနက်တောင်ခြေရှိ ကြေးစားလူဆိုးထိန်း ဌာနဆီသို့ ထွက်ခဲ့သည်။ ထိုနေရာမှ သူဟာ သွေးသန့်စင်ခြင်းအဆင့် မိစ္ဆာကျင့်ကြံသူ၏ အချက်အလက်များကို ရရှိခဲ့၏။
“အလိုရှိဝရမ်း- မိစ္ဆာ သွေးသန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူ။ ပထမအဆင့် သွေးချီချိုးဖျက်မှုအဆင့်။ သူဟာ ဒဏ်ရာအပြင်းအထန် ရထားသည်။ မူလဇစ်မြစ်အား မသိပေ။ လက်ဝါးသိုင်းနှင့် အဆိပ်ကို အသုံးပြုရာ၌ ထူးချွန်၏။ ဆုငွေ- ငွေ၅၀၀လျန်”
အလိုရှိဝရမ်းရှိ အချက်အလက်များကို ကြည့်ကာ ဟန်ကျောက်ဟာ စိတ်ဝင်စားနေမိသည်။ ဒဏ်ရာအပြင်းအထန် ရထားသည့် သွေးသန့်စင်ခြင်း အဆင့်ကို သူ၏ နည်းလမ်းအားလုံးကို အသုံးပြုပါက အနိုင်ရနိုင်ဖို့ အခွင့်အရေး မြင့်မား၏။
သို့ရာတွင် အရင်ဆုံး အစမ်းရှင်သန်ကာ ရလဒ်ကို ကြည့်ရပေမည်။ အန္တရာယ်အရမ်းကြီး များပါက လက်လွှတ်လိုက်မှာ ဖြစ်၏။ ထို့ကြောင့် ကျန်ရှိသည့် ငွေများကို ရွှေ၂လျန်နှင့် လဲလှယ်ကာ အိမ်သို့ ပြန်ခဲ့သည်။
“စနစ်.. ပိုက်ဆံထည့်မယ်”
“လက်ရှိကျန်ငွေ- ရွှေ၃လျန်”
“အချက်ပေးအပိုင်းအစ ၃၀ကို စုဆောင်းထားသည်။ သင်သည် ဝင်ရောက်ခွင့်တစ်ကြိမ်ကို ပေါင်းစပ်မည်လား”
“အချက်ပေးအပိုင်းအစ ၂၀ခု၊ ရွှေ၃လျန်တို့ကို အသုံးပြုပါ။ သင်…”
“ပေါင်းစပ်မယ်။ အစမ်းရှင်သန်မှု စတင်မယ်”
“အသက်၁၈နှစ်တွင် သင်သာ အရိုးသန့်စင်ခြင်း အဆင့်ကို ချိုးဖျက်ပြီး ကျုခန်ရှန်း၏ တာဝန်ကို လက်ခံခဲ့သည်။ အဆင့်တက်ပြီးပါက ချီရှင်းကို သတ်ဖြတ်ပေးရန် သဘောတူခဲ့၏”
“သင်သည် အဖွဲ့အစည်းများစွာ၏ ဖိတ်ခေါ်မှုကို လက်ခံရရှိခဲ့ပြီး ရှမိသားစုနှင့် ကျန်းမိသားစုတို့တွင် သင်၏အမည်အား စာရင်းပေးသည်”
“သင်သည် ကျန်းယွမ်ထုဆီမှ ဒဏ်ရာအပြင်းအထန် ရထားသည့် မိစ္ဆာ သွေးသန့်စင်ခြင်းအဆင့် ကျွမ်းကျင်သူ၏ အကြောင်းကို သိခဲ့သည်။ ကျောက်နက်မြို့၏ အနီးအနားတွင် ထွက်ပြေးနေသည်ဟု ကြားရ၏။ နေရာတိုင်းတွင် သင်လိုက်ရှာခဲ့သည်”
“အသက်၁၉နှစ်တွင် သင်၏ သက်ရှည်ကျမ်းဟာ ဒုတိယအဆင့်သို့ ရောက်ရှိခဲ့သည်။ သင်သည် တစ်ဆို့မှုနှင့် ကြုံရ၏”
“အသက်၂၁နှစ်တွင် သင်၏ သက်ရှည်ကျမ်းသည့် တတိယအဆင့်သို့ ချိုးဖျက်သွားခဲ့သည်။ သင်၏ တောင်ခွဲဆေဘာအတတ်ဟာ အရိုးသန့်စင်ခြင်းအဆင့်၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိ၏”
“သင်သည် ကျုခန်ရှန်းအား ကူညီကာ ချီရှင်းကို သတ်ပေးမည့် ကတိကို ဖြည့်တင်းခဲ့သည်။ ချီရှင်းကို အလစ်အငိုက် တိုက်ခိုက်ကာ ဒဏ်ရာအပြင်းအထန် ရစေခဲ့၏”
“သတ်ဖြတ်တော့မည် အပြုတွင် သွေးသန့်စင်ခြင်း တတိယအဆင့်ရှိသည့် ကျွမ်းကျင်သူတစ်ယောက် ရုတ်တရက် ဝင်ပါလာခဲ့သည််”
“တစ်ဖက်လူဟာ အလွန် ထူးဆန်းသည့် သိုင်းပညာကို အသုံးပြုသည်။ တိုက်ပွဲအတွင်းတွင် သင်ဟာ သတိမထားမိပဲ အဆိပ်မိသွား၏။ သင်၏ခန္ဓာကိုယ်ဟာ စတင် ထုံထိုင်းအားနည်းလာခဲ့သည်။ သင်၏ သွေးချီကာ ရပ်တန့်သွား၏။ ချီရှင်းကို ဓါးချက်တစ်ချက်ဖြင့် သတ်ဖြတ်ပြီးနောက် သင်ဟာ မြေပြင်ပေါ်သို့ ပြိုလဲသွားသည်”
“သွေးသန့်စင်ခြင်း တတိယအဆင့်ရှိသည့် သိုင်းသမားက သင်၏ သွေးများအားလုံးကို စုပ်ယူချင်နေ၏။ သူသတိနည်းပါးစွာဖြင့် သင်၏အနားသို့ ချည်းကပ်လာစဉ်တွင် သင်ဟာ ဓါးထုတ်ခြင်းအတတ်နှင့် သူ့ကို ဒဏ်ရာအပြင်းအထန် ရစေလိုက်သည်”
“တစ်ဖက်လူဟာ ချမ်းသာပေးရန် တောင်းပန်ပြီး သင့်ကို အဆိပ်ဖြေပေးမည်ဟု ဆို၏။ တစ်ချိန်တည်းတွင် သူ၏ ကျင့်စဉ်ဖြစ်သည့် သွေးစိတ်ဝိညာဉ်မူကျမ်းကို ပေးမည်ဖြစ်သည်။ ဒီကျင့်စဉ်က သင့်ကို သုံးနှစ်အတွင်း အတွင်းအားကို ဖမ်းစုပ်ဆိုင်ရန် ကူညီပေးနိုင်သည်ဟု ဆို၏။ တစ်ဖက်လူဟာ ဒီကျင့်စဉ်နှင့် သုံးနှစ်အတွင်းတွင် သွေးသန့်စင်ခြင်း ပထမအဆင့်မှ တတိယအဆင့်သို့ ချိုးဖျက်ခဲ့ခြင်း ဖြစ်သည်”
“သင်ဟာ လက်မခံပဲ တစ်ဖက်လူကို သတ်ဖြတ်လိုက်၏။ ခန္ဓာကိုယ်ကို ရှာဖွေပြီးနောက် သွေးစိတ်ဝိညာဉ်မူကျမ်းကို တွေ့ရှိရပေမယ့် အဆိပ်ဖြေဆေးကို ရှာမတွေ့ပေ။ သင်သည် သက်ရှည်ကျမ်းကို ချက်ချင်း လှည့်လည်ကာ အဆိပ်ကို ဖြေ၏”
“အဆိပ်ဖြေစဉ် တစ်ဝက်တစ်ပြတ်တွင် နဂါးပျံဂိုဏ်းမှ လူအုပ်စုကြီး ရောက်လာခဲ့သည်။ သင်၏ သက်လုံနှင့် အစစ်အမှန်ချီတို့မှာ ကုန်ခမ်းနေရာ လူတိုင်း၏ ဝိုင်းဝန်းသတ်ဖြတ်ခြင်းကို ခံခဲ့ရ၏”
“ဒီမိစ္ဆာကျင့်ကြံသူက နဂါးပျံဂိုဏ်းနဲ့ သွားချိတ်မိတာလား”
ဟန်ကျောက်ဟာ အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ အစမ်းရှင်သန်မှုအတွင်းတွင် သူဟာ အမှန်တကယ်ကို ဘဝဆိုးလှပါသည်။
စနစ်သာ မရှိပါက မည်သည့် စွမ်းရည် ပါရမီ ထပ်ပေါင်းမှုတို့ မရှိပဲ အသက်၂၁နှစ်မှ သက်ရှည်ကျမ်းဟာ အဆင့်မြင့်တက်နိုင်မှာ ဖြစ်သည်။ ထင်ထားသည့်အတိုင်းပင်။ အဆင့်မြင့်လာလေလေ တစ်ဆို့မှုအား ချိုးဖျက်နိုငရန် ပိုခက်ခဲလေဖြစ်သည်။
“အစမ်းရှင်သန်မှု ပြီးဆုံးသည်။ အောက်ပါများထဲမှ တစ်ခုကို သင်ရွေးချယ်နိုင်သည်”
“၁။ ပါရမီကို ရရှိသည်(ရွှေးချယ်၍မရပါ)”
“၂။ စွမ်းရည်မှတ်ကို ရရှိသည်”
“၃။ ဘဝအတွေ့အကြုံကို ရရှိသည်”
“လက်ရှိကျန်ငွေ- ၀”
“မိစ္ဆာကျင့်ကြံသူက ပြဿနာတစ်ခုပဲ။ အဲ့တော့ ရှင်းမှရမယ်”
ဟန်ကျောက်ဟာ လက်ဦးမှုရယူရန် စဉ်းစား၏။ ဒီကောင်ဟာ ဒဏ်ရာအပြင်းအထန် ရရှိထားပြီး ကုသရန်တွက် သွေးစုပ်ဖို့ လိုအပ်မှာပါ။ နဂါးပျံအဖွဲ့နှင့် ချိတ်ဆက်မိသွားရာ ယခုအချိန်၌ ထိုသူများနှင့် ရှိလောက်ပါသည်။ နောင်တွင် သူ့ကို တိုက်ခိုက်မည်ဖြစ်ရာ အရင်ဆုံး သတ်ရပေမည်။
သွေးချီမြင့်တက်မှုကြောင့် သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားများဟာ သာမန်လူများ၏ အကန့်အသတ်ကို ကျော်လွန်နေပြီး ဖြစ်သည။ သာမန်အဆိပ်များက အသုံးမဝင်ပါ။ အစမ်းရှင်သန်မှု အတွင်းတွင် သူဟာ သက်ရှည်ကျမ်းကို တတိယအဆင့်အထိ ကျင့်ကြံခဲ့ပြီး ဖြစ်ပေမယ့် မသိလိုက်ပဲ အဆိပ်မိခဲ့ဆဲ ဖြစ်၏။ ဆိုလိုသည်ကား အဆိပ်က သာမန်မဟုတ်ပေ။
“၂”
ဟန်ကျောက်ဟာ တုံ့ဆိုင်းခြင်း လုံးဝမရှိပေ။
“စွမ်းရည်မှတ် +၃”
“ထင်ထားတဲ့အတိုင်းပဲ.. အပြင်ပိုင်း ကျင့်ကြံမှု အဆင့်မြင့်တက်ပြီးနောက်မှာ စွမ်းရည်မှတ် ရတာလည်း တိုးလာတယ်”
ဟန်ကျောက်၏ မျက်လုံးများက လင်းလက်သွားပြီး သူ၏ အာရုံဟာ သိုင်းပညာ ဇယားကွက်ပေါ်သို့ ကျရောက်သွားသည်။
“သိုင်းပညာများ- သက်ရှည်ကျမ်း(ဒုတိယအဆင့်၏ ပြီးပြည့်စုံခြင်းအဆင့် ၉၂%(အဆင့်မြှင့်တင်နိုင်)၊ အထူးသက်ရောက်မှု- ခန္ဓာကိုယ်ကြံ့ခိုင်ခြင်း အဆင့်၄၊ သက်တမ်း၁၀နှစ်)”
“သက်ရှည်ကျမ်းကို အဆင့်မြှင့်မယ်”
ဟန်ကျောက်က ရေရွတ်လိုက်သည်။ သူ၏ စွမ်းရည်မှတ်သာ ၃မှတ်မှ ၂မှတ်သို့ ကျဆင်းသွားပြီး သက်ရှည်ကျမ်းဟာ ဒုတိယအဆင့်၏ ပြီးပြည့်စုံခြင်းအဆင့် ၁၀၀%သို့ ရောက်ရှိသွားသည်။ သို့ပေမယ့် နောက်ထပ်၁မှတ် ထပ်မံလျော့သွားပြီးသည့်တိုင် တိုးတက်မှုက ပြောင်းလဲခြင်း မရှိပေ။
“ဒါက တစ်ဆို့မှုလား”
ဟန်ကျောက်၏ မျက်ခုံးများက မြင့်တက်သွားသည်။
“ထပ်ပေါင်းမယ်”
နောက်ဆုံး ၁မှတ်ဟာ သုညသို့ ပေါင်းလဲသွားပြီး သိုင်းပညာဇယားကွက်ဟာ ဝေဝါးသွားခဲ့သည်။
ဟန်ကျောက်၏ ခန္ဓာကိုယ်လည်းပဲ ပြောင်းလဲလာ၏။ သို့ရာတွင် နောက်ဆုံးအကြိမ်ကကဲ့သို့ နာကျင်ခြင်း မရှိပါ။ လူတစ်ကိုယ်လုံးတွင် သက်တောင့်သက်သာရှိစွာ ခံစားရပြီး ခန္ဓာကိုယ်အတွင်းရှိ သွေးချီများ အရိုင်းဆန်စွာ မြင့်တက်လာခဲ့သည်။ စိတ်ဖြင့် ခံစားနိုင်လောက်သည့် အမြန်နှုန်းဖြင့် သန်မာလာနေပြီး သူ၏ ကြွက်သားများ၊ အရိုးများဟာ ပိုမိုသန်မာလာခဲ့သည်။
ယခုအချိန်၌ သူ၏ လက်တစ်ဖက်ခွန်အားဟာ ၅၀၀ကတ်တီကို ကျော်သွားလောက်ပါပြီ။ ဤသည်မှာ အပြင်ပိုင်း ကျင့်ကြံမှုတွင် အရိုးသန့်စင်ခြင်းအဆင့်မှ သွေးသန့်စင်ခြင်း အဆင့်သို့ ပထမဆုံး တစ်ဆို့မှုအား ချိုးဖျက်နိုင်လိုက်သည်နှင့် တူညီ၏။
ထို့နောက် သိုင်းပညာဇယားကွက်ဟာ တဖြည်းဖြည်း ပြန်လည်ကြည်လင်လာခဲ့သည်။
“သိုင်းပညာများ- သက်ရှည်ကျမ်း(တတိယအဆင့်၏ စတင်ခြင်းအဆင့် ၁၀%(အဆင့်မြှင့်တင်နိုင်)၊ အထူးသက်ရောက်မှု- ခန္ဓာကိုယ်ကြံ့ခိုင်မှု အဆင့်၅၊ သက်တမ်း၆၀နှစ်)”
သက်ရှည်ကျမ်းအသစ်ဟာ မူလလမ်းကြောင်းမှ သွေဖယ်သွားပြီး ဖြစ်၏။ သင်၏ အထူးကျင့်ကြံခြင်းအတတ်တစ်ခု ဖြစ်လာခဲ့သည်။ မဆိုးလှပေ။
သိုင်းပညာဇယားကွက်နှင့် စနစ်၏ အချက်ပေးသံတို့ကို နားထောင်ကာ ဟန်ကျောက်ဟာ ခဏတာ မှင်သက်သွားသည်။
“ထင်ထားတဲ့အတိုင်းပဲ။ သူ့ဘာသာ ဘယ်လိုအဆင့်မြင့်တက်ရမလဲ သိတယ်”
ဒီအဆင့်ချိုးဖျက်မှုဟာ သက်ရှည်ကျမ်း၏ အမြင့်ဆုံးအကန့်အသတ်ကို တစ်ခါတည်း ကျော်လွန်သွားပြီး သက်တမ်းကို ချက်ချင်း ၅၀နှစ် တိုးလာစေ၏။ အခြေခံဆရာသခင် ပါရမီက အမှန်တကယ်ကို စွမ်းအားကြီးလှသည်။
သိုင်းသမားတစ်ယောက်ဟာ အရိုးသန့်စင်ခြင်း အဆင့်မှ သွေးသန့်စင်ခြင်း အဆင့်သို့ ချိုးဖျက်ပြီးချိန်တွင် သက်တမ်း ၂၀နှစ် တိုးလာခဲ့သည်။ ဒုတိယအဆင့်နှင့် တတိယအဆင့် သွေးချီချိုးဖျက်မှုတို့တွင်တော့ ဘာသက််တမ်းမှ တိုးလာခြင်းမရှိပါ။ ခွန်အားသန့်စင်ခြင်း အဆင့်ကို ချိုးဖျက်ပြီးမှ သက်တမ်း ၂၀နှစ် ထပ်မံတိုး၏။
သူ၏ အဆင့်ချိုးဖျက်မှုမှာတေ့ သက်တမ်း ၅၀နှစ်တိုင်အောင် တစ်ခါတည်း တိုးလာခဲ့သည်။ အဓိကအဆင့်ကြီးများဖြစ်သည့် သွေးသန့်စင်ခြင်း အဆင့်နှင့် ခွန်အားသန့်စင်ခြင်း အဆင့်တို့ ပေါင်းသည်ထက်ပင် သာလွန်၏။
သက်တမ်း တိုးမြင့်ခြင်းမှာ သိုင်းသမားတစ်ယောက်၏ သွေးချီဟာ အထွတ်အထိပ်သို့ ရောက်ရှိနေသည်ဟု ဆိုလိုသည်ပင်။ သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်ဟာ အသက်၄၀သို့ ရောက်ရှိပြီးနောက် သူ၏ သွေးချီအထွတ်အထိပ်ကာလကို ကျော်လွန်သွား၏။ ခွန်အားသန့်စင်ခြင်း အဆင့် သိုင်းသမားတစ်ယောက်ဟာ အသက်၆၀သို့ ရောက်ရှိပြီးနောက် သူ၏ သွေးချီအထွတ်အထိပ်ကာလကို ကျော်လွန်သွား၏။
သွေးချီအထွတ်အထိပ် ကာလဟာ သိုင်းသမားများအတွက် အဆင့်ချိုးဖျက်ရန် အကောင်းဆုံး ဖြစ်သည်။ သူတို့၏ တိုက်ခိုက်မှုခွန်အား အထွတ်အထိပ် အခြေအနေလည်း ဖြစ်၏။
“သီအိုရီအရဆို ငါ့ရဲ့ သွေးချီအထွတ်အထိပ် ကာလက အသက်၆၀အထိ ရှည်သွားတာပေါ့။ ကြည့်ရတာ သက်ရှည်ကျမ်းလို့ ဆက်ပြီး မခေါ်သင့်တော့ဘူးမလား”
ဟန်ကျောက်၏ မျက်လုံးများက ပြူးကျယ်သွားသည်။ အခြေခံဆရာသခင် ပါရမီ၏ စွမ်းအားကြီးမားသည့် စွမ်းရည်ဟာ နောက်ဆုံးတွင် ပေါ်လာခဲ့လေပြီ။ သက်ရှည်ကျမ်း၏ အထူးသက်ရောက်မှုဟာ တဖြည်းဖြည်း မယုံကြည်နိုင်စရာ ကောင်းလာခဲ့၏။
အစက သွေးသန့်စင်ခြင်းအဆင့် မိစ္ဆာကျင့်ကြံသူကို ရှင်းလင်းရန် သူ့အနေနှင့် မဝံ့မရဲ ဖြစ်နေမိသေးသည်။ သို့ပေမယ့် ယခုတော့ သေချာခိုင်မာစွာ ခံစားလာရ၏။ သူဟာ ကောင်းမွန်သည့် ပြင်ဆင်မှုများ လုပ်သွားပါက အောင်မြင်နိုင်ခြေဟာ အနည်းဆုံး ၉၈% ရှိမှာပါ။ စွန့်စားကြည့်ရန် ထိုက်တန်၏။
ခုနက အစမ်းရှင်သန်မှု အတွင်းတွင် သူ့ဆီမှ အခြေခံဆရာသခင်၏ အပိုထပ်ဆောင်း ပါရမီမရှိပေ။ တတိယအဆင့် သက်ရှည်ကျမ်း၏ စွမ်းအားဟာ များစွာ ခြားနားနေ၏။
ဟန်ကျောက်၏ ဓါးပျိုးထောင်ခြင်းမှာ တကယ့်ပြင်ပတွင် သုံးလသာ ရှိပြီး အစမ်းရှင်သန်မှုထဲကကဲ့သို့ ၂နှစ်တာ မကြာသေးရာ များစွာ နိမ့်ကျနေမှာ ဖြစ်ပေမယ့် သက်ရှည်ကျမ်းမှာ ပိုမိုသန်မာလာခဲ့သည်။
ယခုအချိန်၌ သွေးသန့်စင်ခြင်းအဆင့် မိစ္ဆာကျင့်ကြံသူမှာလည်း သွေးချီချိုးဖျက်ခြင်း ပထမအဆင့်၌သာ ရှိပါသေးသည်။ တစ်ဖက်လူဟာ ဒဏ်ရာအပြင်းအထန်လည်း ရထားရာ တိုက်ခိုက်ရန် အကောင်းဆုံးအချိန် ဖြစ်၏။