← Chapters

(ဆုငွေသွားထုတ်ခြင်း)

Vol. 3 Ch. 42

(ဆုငွေသွားထုတ်ခြင်း)

Vol. 3 Ch. 42

အဆိပ်တစ်ရာလက်ဝါး၏ အတွင်းအားမှာ ကောက်ကျစ်စဉ်းလဲပြီး တောင်ဖြိုလက်သီး၏ အတွင်းအားမှာ ကြမ်းကြုတ်၏။ အတွင်းအားနှစ်ခုဟာ သဘောတရား ခြားနားရာ လူကို အလစ်အငိုက် မိသွားစေမှာပါ။

ကျင့်ကြံသူတစ်ယောက်ဟာ သွေးသန့်စင်ခြင်းအဆင့်သို့ ချိုးဖျက်ပြီးပါက နောက်ထပ် ကျင့်စဉ်များကို ကျင်ကြံနိုင်၏။ အနည်းဆုံးတော့ အရေအပြားသန့်စင်ခြင်းအဆင့်နှင့် အရိုးသန့်စင်ခြင်း အဆင့်အထိ တတ်မြောက်ရန် လွယ်ကူနေမှာပါ။

သာမန်လူတစ်ယောက်သာ ကျင့်စဉ်များစွာတို့ကို ကျင့်ကြံပါက အထူးသဖြင့် အတွင်းအား သဘောတရား ခြားနားနေချိန်တွင် ထိန်းသိမ်းမရသည်အထိ မဖြစ်လျှင်တောင် သေချာပေါက် ကျင့်ကြံမှု အမြန်နှုန်းကို သက်ရောက်မှာပါ။

သို့ရာတွင် ဟန်ကျောက်တွင် စွမ်းရည်မှတ်ရှိရာ ထိုပြဿနာကို ရှင်းလင်းနိုင်ပါသည်။ ဖြစ်နိုင်တာက ခြားနားသည့် အတွင်းအားများဟာ တစ်ခုနှင့်တစ်ခု ပိုမိုသိသာစွာ အားနည်းချက်အား ဖြည့်တင်းပေးနိုင်မှာလည်း ဖြစ်နိုင်၏။

သွေးသန့်စင်ခြင်း အဆင့်သို့ မြင့်တက်ပြီးပါက သူ၏ ပိုက်ဆံရှာနိုင်စွမ်းအား ကြီးစွာ မြင့်တက်လာမှာ ဖြစ်သည်။

အဆိပ်တစ်ရာ လက်ဝါးသိုင်းကို သိမ်းဆည်းပြီးနော်က နောက်ဆုံးဖြစ်သည့် သွေးစိတ်ဝိညာဉ်မူကို သူကြည့်လိုက်သည်။

“လျှို့ဝှက်ပညာ ကျင့်စဉ်မျိုးလား”

ထိုကျင့်စဉ်တွင် စကားလုံးအချို့သာ ပါရှိ၏။ အများစုတို့မှာ ထူးဆန်းသည့် ကျင့်ကြံနည်း ပုံများက နေရာယူထားသည်။

ပုံတွင် အရပ်မြင့်မာ ခေါင်းပေါ်တွင် ဦးချိုနှစ်ခုနှင့် လူတစ်ယောက် ရှိ၏။ ဟန်ကျောက်ဟာ ဖတ်လေလေ ပိုမို အံ့ဩလေလေ ဖြစ်လာခဲ့သည်။

“နတဆိုးသားရဲတွေရဲ့ သွေးမျိုးဆက်စွမ်းအားကို စုပ်ယူပြီး သွေးချီကို တိုးမြှင့်တာလား”

ဟန်ကျောက်၏ လက်ရှိအဆင့်တွင် သူဟာ နတ်ဆိုးသားရဲများ၏ အကြောင်းကို ပဏာမလောက်သာ နားလည်ပါသည်။

နတ်ဆိုးသားရဲများ၏ အသားကို စားခြင်းက သိုင်းသမားများ၏ သွေးချီကို မြင့်တက်လာစေ၏။ သူဟာ ကျားနတ်ဆိုး၏ အသားကိုလည်း စားခဲ့ဖူးသည်။ သို့ရာတွင် နတ်ဆိုးသားရဲ၏ သွေးတွင် လူသားသွေးအဆီအနှစ်နှင့် ဆန့်ကျင်သည့် မသန့်စင်မှုတို့ ပါရှိ၏။ ထို့ကြောင့် လူသားများအနေနှင့် တစ်ခါတည်း စားသုံးနိုင်ခြင်း မရှိပေ။ သက်ဆိုင်ရာ ဆေးဝါးများအတွက် အထောက်အကူ အဖြစ်သာ သုံးနိုင်၏။

ပြောရလျှင် နတ်ဆိုးသွေးဟာလည်း တန်ကြေးရှိပေမယ့် အသားထက် များစွာ နိမ့်ကျပါသည်။ သို့ရာတွင် သွေးစိတ်ဝိညာဉ်မူက နတ်ဆိုးသားရဲများ၏ သွေးမျိုးဆက်စွမ်းအားကို စုပ်ယူကာ သွေးချီကို မြှင့်တင်ပေးနိုင်၏။

“ဖြစ်နိုင်တာက ဒီကောင်က နတ်ဆိုးသားရဲသွေးရဲ့ မသန့်စင်မှုကို စိုးရိမ်လို့ လူသားသွေးကို တစ်ခါတည်း စုပ်ယူတာလား”

ဟန်ကျောက်ဟာ သူ၏ဘေးရှိ လူခေါင်းကို ကြည့်သည်။ သွေးစိတ်ဝိညာဉ်မူ၏ အချက်အလက်များအရ နတ်ဆိုးသားရဲများ၏ သွေးမျိုးဆက်စွမ်းအားကို စုပ်ယူပြီးနောက် ကျင့်ကြံခြင်း ဖောက်ပြန်သည့် အန္တရာယ်တစ်ခု ပေါ်လာနိုင်ပါသည်။

ဒီမိစ္ဆာ သွေးသန့်စင်ခြင်းအဆင့် သိုင်းသမား၏ အချိန်တိုအတွင်း အဆင့်တက်ခြင်းမှာ သွေးအဆီအနှစ် စွမ်းအားကို မြှင့်တင်ရန်အတွက် များပြားလှသည့် လူသားသွေးများကို စုပ်ယူခဲ့ခြင်းကြောင့် ဖြစ်ပေမည်။ ဤသည်မှာ အဆင့်တက်မြန်သည့် နည်းလမ်းကောင်းတစ်ခု ဖြစ်၏။

သို့ပေမယ့် ဟန်ကျောက်အနေနှင့် လက်ခံရန် ခက်ခဲနေပါသည်။ သူဟာ ရန်သူများကို သနားညှာတာမှုမရှိပဲ သတ်ဖြတ်နိုင်၏။ သို့ရာတွင် လူသားသွေးးကို စုပ်ယူရန်မှာ လူသားကို စားသည်နှင့် မခြားနားဟု ခံစားရစေသည်။

“သွေးစိတ်ဝိညာဉ်မူကို ပထမအဆင့် ပြီးပြည့်စုံခြင်းအဆင့်သို့ ကျင့်ကြံပြီးပါက သင်၏သွေးချီဟာ နှစ်ဆဖြစ်လာလိမ့်မည်။ များပြားလှသည့် နတ်ဆိုးသွေးများကို စုပ်ယူခြင်းမှာ ချီဖောက်လွဲဖောက်ပြန် ဖြစ်နိုင်ချေ ၁၀%ရှိ၏။ များပြားလှသည့် လူသားသွေးများကို စုပ်ယူခြင်းမှာ ချီဖောက်လွဲဖောက်ပြန် ဖြစ်နိုင်ချေ ၅%ရှိ၏။ မျးာပြားလှသည့် သာမန်သားရဲ သွေးများကို စုပ်ယူခြင်းမှာ ချီဖောက်လွဲဖောက်ပြန် ဖြစ်နိုင်ချေ ၁%ရှိ၏”

“သားရဲရိုင်းသွေး အနည်းငယ်ကို စုပ်ယူခြင်းက အသက်ရှင်သည့် သားရဲရိုင်းကို ထိန်းချုပ်နိုင်စေသည်”

ဟန်ကျောက်၏ အာရုံဟာ သွေးစိတ်ဝိညာဉ်မူအပေါ်ရှိ စနစ်၏ အချက်ပေးချက်သို့ ရောက်နေပါသည်။

“ချီဖောက်လွဲဖောက်ပြန်ဖြစ်ဖို့ ၁၀% ဖြစ်နိုင်တယ်”

“သားရဲရိုင်းကို ထိန်းချုပ်တာက အရမ်းအသုံးဝင်မယ့် စွမ်းရည်ပဲ”

“ငါ့ရဲ့ သွေးချီကို နှစ်ဆဖြစ်စေနိုင်တယ်”

သွေးစိတ်ဝိညာဉ်မူကို ကျင့်ကြံခြင်းက ချီဖောက်လွဲဖောက်ပြန် ဖြစ်စေနိုင်၏။ သို့ရာတွင် အာနိသင်က ကောင်းလွန်းသည်။

ပထမအဆင့်၏ ပြီးပြည့်စုံခြင်း အဆင့်တွင် သူ၏ သွေးချီကို နှစ်ဆဖြစ်စေနိုင်၏။ သွေးချီကို တိုးမြှင့်ပေးသည့် ကျင့်စဉ်တစ်ခုဟာ သူ့အတွက် စွမ်းရည်မှတ်ကဲ့သို့ အသုံးဝင်လှသည်။

“ဒီကျင့်စဉ်သာ အကန့်အသတ်ကို ချိုးဖျက်ပြီး ဆက်တိုးတက်စေနိုင်ရင် ကိစ္စတွေက ခြားနားသွားပြီ”

ဟန်ကျောက်၏ မျက်လုံးများက ရုတ်တရက် လင်းလက်သွားသည်။ အခြေခံဆရာသခင်က ဒီကျင့်စဉ်ကို သက်ရောက်နိုင်မလား သူမသိပေ။ သို့ရာတွင် စွမ်းရည်မှတ်ကတော့ သေချာပေါက် လုပ်နိုင်၏။

အရိုးကျုံ့ပညာနှင့် ဓါးစုဆောင်းခြင်း အတတ်တို့ကို ပြီးပြည့်စုံခြင်းအဆင့်အထိ သူလေ့ကျင့်ပြီးပါပြီ။ သို့ပေမယ့် သိုင်းပညာဇယားကွက်တွင် ၎င်းတို့ကို ဆက်လက် မြှင့်တင်နိုင်သည်ဟု ပြသထား၏။ ရှင်းလင်းစွာပင် စွမ်းရည်မှတ်ကို သုံးခြင်းက ကျင့်စဉ်၏ အကန့်အသတ်ကို ချိုးဖျက်စေနိုင်သည်။ ကြည့်ရတာ သူ့အနေနှင့် သွေးစိတ်ဝိညာဉ်မူကို ကျင့်ကြံလို့ ရသည့်ပုံပါ။

“ဆိုးတာက ဒီသိုင်းကျမ်းသုံးခုကို ရောင်းလို့မရဘူး”

ဟန်ကျောက်ဟာ နှလုံးသားထဲတွင် သက်ပြင်းချသည်။ ဒီသိုင်းကျမ်းသုံးခုတို့ဟာ အဖိုးတန်လှ၏။ ရောင်းချပါက အဖွဲ့ကြီးများ၏ ပစ်မှတ်ထားမှုကို အလွယ်တကူ ခံရမှာပါ။ ဒီအချိန်အတွင်း ရောင်းချလို့ မရသေးရာ ခန္ဓာကိုယ်ပေါ်တွင် သိမ်းထားလိုက်၏။

ထို့နောက် အဖြူရောင် ဝတ်စုံကို လဲလှယ်ကာ ဆုငွေအား သွားရောက််ထုတ်ယူသည်။ ဒီမိစ္ဆာ သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားဟာ ငွေ၅၀၀လျန် တန်ပြီး ကိုယ်ပေါ်တွင် ငွေ၁၂၀လျန် ရှိပါသည်။ ဒီတစ်ကြိမ်က ပွသည်ပင်။

ဟန်ကျောက်ဟာ ဦးခေါင်းကို သယ်ကာ လေနက်တောင်ခြေသို့ ရောက်လာခဲ့သည်။

ကြေးစားလူဆိုးထိန်း စခန်းဆီသို့ မဝင်ရောက်ခင် ငှက်လှောင်အိမ်ကို တောထဲတွင် ဖွက်ထားခဲ့၏။ ထို့နောက် မြေအောက်ခန်းမဆီသို့ လျှောက်သွားသည်။

ကောင်တာနောက်တွင် အမှုထမ်းဟာ ကုလားထိုင်တစ်ခုပေါ်၌ နှစ်ခြိုက်စွာ အိပ်ပျော်နေ၏။ ပါးစပ်မှ သွားရေများပင် စီးကျနေပါသည်။ ဟန်ကျောက်ဟာ ရှေ့သို့ လျှောက်သွားလိုက်ပြီး လူခေါင်းထုပ်ထားသည့် အဝတ်ထုပ်ကို ချသည်။ အသာ ချောင်းဟန့်၏။

“ဟန်… ဒီလောက် ဉာဉ့်နက်နေပြီ.. ဘယ်ကောင်..” အမှုထမ်းဟာ အိပ်ပျော်နေရာမှ နိုးလာပြီး ကျိန်ဆဲ၏။ သို့ရာတွင် သွေးစိုနေသည့် အဝတ်ထုပ်တစ်ခုကို ကောင်တာပေါ်၌ တွေ့ရပြီး.. ရှေ့ရှိ ရင်းနှီးသည့် ပုံရိပ်ကြောင့် ချက်ချင်းပင် စကားလုံးများကို ပြန်မြိုချလိုက်သည်။

ဤသည်မှာတော့ စုန့်ချွေဖြစ်၏။ အဖြူရောင်ဝတ်စုံနှင့် မြေခွေးမျက်နှာဖုံးကို ဝတ်ဆင်ထားသည််။ အဖြူရောင်ဝတ်စုံဝတ်ကာ ကြေးစားလူဆိုးထိန်းအလုပ်ကို လုပ်နိုင်ခြင်းမှာ အဝတ်အား မစွန်းထင်းစေရန် ထားရှိနိုင်သည့် ရက်စက်ကြမ်းကြုတ်သူများ ဖြစ်ကြသည်။ အားလုံးထဲတွင် စုန့်ချွေဟာ အကျော်ကြားဆုံး ဖြစ်၏။

“အရှင်စုန့်ကို”

အမှုထမ်းဟာ ပါးစပ်မှ သွားရေများကို သုတ်ရင်း မတ်တပ်ထလာခဲ့သည်။

“အရှင်စုန့်က တကယ့်ကို အမှန်တရားရဲ့ ဘက်တော်သားပဲ။ ဒီလောက် နောက်ကျနေတာတောင် ရာဇဝတ်သားကို ဖမ်းနေတုန်း။ ဒီတစ်ကြမ် ဘယ်သူပါလိမ့်”

ဟန်ကျောက်က ဝရမ်းစာရွက်တစ်ခုကို ထုတ်ကာ အမှုထမ်းကို ပေးသည်။ အမှုထမ်းက ယူလိုက်ပြီးနောက် လက်နှစ်ဖက်နှင့် ဖွင့်ကြည့်၏။

“မိစ္ဆာသိုင်းသမား… ဆုငွေ.. ၅၀၀လျန်.. သွေးသန့်စင်ခြင်းအဆင့်”

အမှုထမ်းဟာာ အသံပြုမိ၏။ ကျန်ရှိနေသည့် အိပ်ချင်မှုတို့အားလုံး ချက်ချင်းပင် ပျောက်ကွယ်သွားသည်။ သူ၏ မျက်လုံများက ပြူးကျယ်စွာဖြင့် ဝရမ်းစာရွက်ကို ကြည့်နေ၏။

“အရှင်စုန့်.. ဒီတာဝန်က ကျွန်တော် ကိုင်တွယ်လို့ရတဲ့အရာ မဟုတ်ပါဘူး။ ကျေးဇူးပြုပြီး ခဏစောင့်ပါ။ အရှင်ဝူကို သွားဖိတ်လိုက်ပါဦးမယ်”

အမှုထမ်းက အလွန်လေးစားသည့် အသွင်ဖြင့် ဦးညွှတ်သည်။

သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်ကို သတ်ဖြတ်ခြင်းမှာ စုန့်ချွေ၏ အဆင့်ဟာ သွေးသန့်စင်ခြင်းအဆင့်၌ ဖြစ်သည်ဟု ဆိုလိုသည်ပင်။ ကျောက်နက်မြို့၏ မြို့တွင်းပိုင်းတွင်ပင်လျှင် ထိုကဲ့သို့သော လူမျိုးဟာ ဂုဏ်သရေရှိ ဧည့်သည်အဖြစ် အဖွဲ့ကြီးများက ဆက်ဆံရ၏။

“ကောင်းပြီ”

ဟန်ကျောက်က ခေါင်းညှိတ်သည်။ အမှုထမ်းဟာ ကောင်တာနောက်ရှိ သံတံခါးကို ဖွင့်ပြီး ဟန်ကျောက်ကို ဧည့်ခံထားရန် နောက်ထပ်လူတစ်ယောက်ကို ခေါ်၏။ ထို့နောက် မြေအောက်လမ်းအတိုင်း လျှောက်သွားပြီး လျှို့ဝှက်ခန်းတစ်ခုဆီသို့ ရောက်ရှိကာ လေးစားစွာ ဦးညွှတ်သည်။

“အရှင်ဝူ”

“နောက်ကျနေပြီ.. ဘာကိစ္စလဲ”

အတွင်းထဲမှ နက်ရှိုင်းသည့် အသံတစ်ခု ပေါ်လာ၏။

“သွေးသန့်စင်ခြင်းအဆင့် ရာဇဝတ်သားကို ရှင်းလင်းပြီးပါပြီ။ အရှင်စုန့်က သူ့ဦးခေါင်းကို ကိုယ်တိုင်လာပို့ပါတယ်”

အမှုထမ်းက ရှင်းပြ၏။

“ရှပ်၊ ရှပ်”

မြန်ဆန်သည့် ခြေသံများ ပေါ်လာ၏။ အပြာရောင် သိုင်းဝတ်စုံနှင့် လူလတ်ပိုင်း လူကြီးတစ်ယောက်ဟာ သံတံခါးကို ဆွဲဖွင့်ပြီး လျှောက်ထွက်လာခဲ့သည်။

“အရှင်စုန့်.. ဘယ်အရှင်စုန့်လဲ”

“အရှင်ဝူ… အဲ့ဒါက အရှင်စုန့်ချွေပါ”

အမှုထမ်းက လေးစားစွာ ဦးညွှတ်၏။

“ဒီအနီးအနားက နာမည်ကြီး လူဆိုးထိန်းလား။ သူက အရိုးသန့်စင်ခြင်းအဆင့်မှာ မဟုတ်ဘူးလား။ သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်ကို သတ်နိုင်တယ်ပေါ့”

လူလတ်ပိုင်းလူကြီးက မျက်မှောင်ကြုတ်သွားပြီး နက်ရှိုင်းစွာ ပြောသည်။

“ငါ့နောက်က လိုက်ခဲ့”

“ဟုတ်ကဲ့”

အမှုထမ်းက အနောက်မှ နီးကပ်စွာ လိုက်၏။

ခန်းမအတွင်းသို့ ရောက်ရှိပြီးနောက် လူလတ်ပိုင်းလူကြီးက ပထမဆုံး ကောင်တာပေါ်ရှိ အဝတ်ထုပ်ကို ကြည့်သည်။ ပြီးနောက် ဟန်ကျောက်ကို အထက်အောက်စုန်ဆန် ကြည့်၏။ အပြုံးတစ်ခုဖြင့် လက်သီးဆုပ်သည်။

“ကျွန်တော်က နိုင်ငံ့ရုံးတော်က ခေါင်းဆောင်ဝူဖေးယိပါ။ မင်းက ညီလေးစုန့်ချွေ ဖြစ်ရမယ်။ မင်းအကြောင်း ငါအများကြီး ကြားဖူးတယ်”

“ဒါဆို.. ဒါက ခေါင်းဆောင်ဝူပေါ့။ မလေးမစားပြုမိလို့ တောင်းပန်ပါတယ်”

ဟန်ကျေက်က လေးနက်စွာဖြင့် ပြန်လည်နှုတ်ဆက်သည်။ ခေါင်းဆောင်ဝူ၏ နှလုံးခုန်မှုမှာ သန်မာပြီး သွေးချီဟာ အားကောင်းလှ၏။ ကျွမ်းကျင်သူတစ်ယောက် ဖြစ်သည်။

“ညီလေးစုန့်က ဒီအနီးအနားမှာ ပြဿနာတွေ အများကြီး ဖြစ်စေခဲ့တဲ့ မိစ္ဆာသိုင်းသမားကို သတ်လိုက်ပြီလို့ ကြားတယ်။ ထုံးစံအတိုင်း အရင်ဆုံး စစ်ကြည့်လိုက်ပါဦးမယ်”

ဝူဖေးယိက လေးနက်စွာ ပြောသည်။

စုန့်ချွေ၏ လက်ရှိအဆင့်ကို သူမသိပေ။ သို့ပေမယ့် သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်ကို သတ်ဖြတ်နိုင်ကတည်းက အဆင့်တူဟူ၍ အရင်ဆုံး သတ်မှတ်ရပေမည်။

“ဟုတ်ကဲ့ပါ”

ဟန်ကျောက်က အသာပြော၏။

All Chapters