← Chapters

(လုပ်ကြံသတ်ဖြတ်ခြင်း)

Vol. 3 Ch. 40

(လုပ်ကြံသတ်ဖြတ်ခြင်း)

Vol. 3 Ch. 40

“သိပြီ”

ဟန်ကျောက်ဟာ ရုတ်တရက် အစီအစဉ်တစ်ခု ရလာခဲ့၏။ ဘာပဲဖြစ်ဖြစ် ယခုအကြိမ်မှာ သူ၏ ပထမဆုံးအကြိမ် သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်ကို ရင်ဆိုင်ရခြင်း ဖြစ်သည်။ တစ်ဖက်လူဟာ ဒဏ်ရာအပြင်းအထန် ရထားလျှင်တောင် မည်သည့် ဝှက်ဖဲများ ရှိနေဦးမည်ဟု သေချာခြင်းမရှိပေ။

ယခုအချိန်၌ သူက အမှောင်ထဲမှာ ဖြစ်ပြီး ရန်သူက အလင်းထဲမှာ ဖြစ်၏။ ဤသည်ကို အားသာချက်ယူလို့ ရပါသည်။

ထိုကဲ့သို့ တွေးမိပြီးနောက် ဟန်ကျောက်ဟာ ခြံဝန်းအတွင်းမှ အမျိုးသမီးနှစ်ယောက်၏ ထွက်ခွာသွားမှုကို စောင့်နေလိုက်၏။ ပြီးနောက် သူမတို့နောက်မှ တိတ်ဆိတ်စွာ လိုက်ကာ ကျောက်တုံးတစ်ခု၏ အကွယ်တွင် လျှို့ဝှက်စွာ စောင့်နေလိုက်သည်။

မိနစ်အနည်းငယ် ကြာပြီးနောက် နွမ်းနယ်သည့် အဝတ်များနှင့် အမျိုးသမီးတစ်ယောက်ဟာ လျှောက်လာခဲဲ့၏။ သူမ၏ ခြေလှမ်းနှင့် အသက်ရှူမှုတို့ကို ကြည့်ရတာ ရှင်းလင်းစွာပင် မည်သည့် သိုင်းပညာအခြေခံမှ မရှိသည့် သာမန်လူတစ်ယောက်သာ ဖြစ်ပါသည်။

ကျောက်တုံးအား သူမဖြတ်ကျော်ချိန်၌ ဟန်ကျောက်ဟာ ချက်ချင်း ခုန်ထွက်လာပြီး သူမ၏ ပါးစပ်ကို ပိတ်ကာ‌ ကျောက်တုံးနောက်သို့ ဆွဲခေါ်သွားသည်။ အမျိုးသမီး၏ သွေးကြောကို ဆွဲကာ တိုးညှင်းစွာ ပြော၏။

“အသံမထွက်ရင် ငါနင့်ကို မသတ်ဘူး။ နားလည်လား” မှားယွင်းစွာ သတ်ဖြတ်ရခြင်း မရှိစေရန် သူ့အနေနှင့် သေသေချာချာ ပြောသည်။

အထည်ကြမ်းနှင့် အမျိုးသမီးဟာ အကြိမ်ကြိမ် ခေါင်းညှိတ်သည်။

“မင်းက ဘယ်ကလဲ။ နဂါးပျံအဖွဲ့မှာ ဘာလို့ ရောက်လာတာလဲ”

ဟန်ကျောက်က အသံနိမ့်စွာ မေးသည်။ သူ၏လက်ကို အမျိုးသမီး၏ လည်ချောင်းပေါ်တွင် တင်ထား၏။

အမျိုးသမီးမှာ ပထမက ကြောက်ရွံ့နေလေသည်။ သို့ပေမယ့် မျက်နှာဖုံးနှင့်လူ၏ မျက်လုံးများဟာ ကြယ်ပင်လယ်ကဲ့သို့ တောက်ပနေကြောင်းကို တွေ့ရပြီး အက်ကွဲတိုးညှင်းသည့် အသံကို ကြားရပြီးနောက် ရုတ်တရက် များစွာ တည်ငြိမ်သွား၏။

တိုးညှင်းစွာ ပြောသည်။

“ကျွန်မက အစက ချူနိုင်ငံကပါ။ အဲ့မှာ မိုးခေါင်မှုနဲ့ ပလိပ်ရောဂါကြောင့် မိသားစုဝင်တွေ သေဆုံးကုန်ကြတယ်။ နောက်ပိုင်း ဒီဘက်ကို ပြေးလာခဲ့ပြီး နဂါးပျံအဖွဲ့ရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရပါတယ်..”

ဟန်ကျောက်ဟာ အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ အမျိုးသမီး၏ စကားလုံးများအရ သူမဟာ စာပေပညာရှင် မိသားစုမှ ဖြစ်ပုံပါ။ အမှန်တကယ်ကို ပြန်ပေးဆွဲခံခဲ့ရပုံ ပေါ်၏။

သူက ပြောလေသည်။

“ငါ့ကို တစ်ခုကူညီပေး။ အဲ့ဒါဆို ငါနင့်ကို ဒီနေရာကနေ ခေါ်ထုတ်သွားပေးမယ်။ ဘယ်လိုလဲ”

“ဒီဓါးပြတွေကို ဖယ်ရှားဖို့ ကျွန်မ ကူညီပေးချင်ပါတယ်။ ဒါပေမယ့် ရှင့်အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်မှာ စိုးမိတယ်။ လုပ်စရာရှိတာ လုပ်ပြီးရင် ကိုယ့်ဘာသာပဲ ပြန်ထွက်သွားပါ”

အမျိုးသမီးဟာ အနည်းငယ် တုံ့ဆိုင်းနေ၏။ သို့ပေမယ့် နောက်ဆုံးတွင် ခေါင်းကိုယမ်းသည်။

ဟန်ကျောက်ဟာ မှင်သက်စွာ တိတ်ဆိတ်သွား၏။ ခဏအကြာ၌ ပြောလေသည်။

“အဲ့လိုဆို.. တစ်နေ့. နဂါးပျံအဖွဲ့ကို ကျွန်တော်ဖျက်ဆီးပြီးတဲ့အခါ ခင်ဗျားတို့အားလုံးကို လာကယ်မယ်”

“ကျေးဇူးတင်ပါတယ် သူရဲကောင်းလေး”

အမျိုးသမီးက ပြောသည်။

“ထိပါးမိပြီ”

ဟန်ကျောက်က ခေါင်းညှိတ်ကာ အမျိုးသမီးကို လက်ဝါးဇောင်းဖြင့် သတိမေ့စေလိုက်၏။ ထို့နောက် သူမ၏ အပေါ်ရုံကို ချွတ်ကာ သူ၏ ညဝတ်စုံနှင့် လဲသည်။

“ခရက်၊ ခရက်”

အရိုးများ၏ တစ်ခုနှင့်တစ်ခု ပွတ်တိုက်သံနှင့်အတူ ဟန်ကျောက်၏ ၁.၇မီတာ မြင့်မားသည့် ခန္ဓာကိုယ်ဟာ တဖြည်းဖြည်း ပုလာခဲ့ပြီး ၁.၆မီတာသို့ ရောက်လာခဲ့သည်။ သူ၏ မူလမျက်နှာဟာလည်း ပြောင်းလဲနေ၏။

နောက်ဆုံးတွင် အဝတ်ကြမ်းနှင့် အမျိုးသမီးနှင့် ၆၀၊ ၇၀%လောက် တူလာခဲ့သည်။ သို့ပေမယ့် သူ၏အသွင်အပြင်ဟာ ပိုမိုနူးညံ့ပြီး ပိုမိုလှပ၏။ ဆေဘာဓါးကို ခါးမှဖြုတ်ကာ ကျောက်တုံးနောက်တွင် ဝှက်လိုက်သည်။ ထို့နောက် သူဟာ ညဝတ်စုံကို အလုံးတစ်ခုအဖြစ် စုလိုက်ပြီး ရင်ဘတ်အတွင်းသို့ ထိုးထည့်လိုက်၏။

“အဟမ်း..”

ဟန်ကျောက်ဟာ ချောင်းဆိုးမိသည်။

“အမျိုးသမီးတစ်ယောက်လို ဝတ်စားပါက သင့်တွင် ဈေးကွက်တစ်ခု ရလာလိမ့်မည်။ ပိုက်ဆံရှာရန် နည်းလမ်းကောင်းဖြစ်၏”

စနစ်၏ အချက်ပေးမှုက အချိန်မှားယွင်းစွာ ပေါ်လာခဲ့သည််။ ဟန်ကျောက်ဟာ မျက်ဆံလှည့်ပြီး ကျောက်တုံးနောက်မှ ထွက်ကာ အနောက်ဘက်တောင်ပံဆီသို့ ထွက်ခဲ့၏။

တံခါးဝသို့ ရောက်ခါနီးတွင် ပြင်ဆင်ထားသည့် လေပြေမှုန့်အချို့ကို ယူပြီး နှာခေါင်းအတွင်းသို့ နက်ရှိုင်းစွာ ထည့်သည်။ ပြင်းထန်စွာ ရှူရှိုက်လိုက်သည်နှင့် ဆေးစွမ်းပြနိုင်၏။

တံခါးဝသို့ သူရောက်လျှင်ရောက်ချင်း အခန်းအတွင်းမှ စိတ်မရှည်သည့် အသံတစ်ခု ထွက်လာခဲ့သည်။

“ဘာလို့ ဒီလောက်နှေးကွေးနေတာလဲ။ မြန်မြန်ဝင်လာခဲ့”

“ဟုတ်ကဲ့ပါဆာ…”

ဟန်ကျောက်၏ ညင်သာသည့် အသံနှင့်အတူ တံခါးဟာ ညင်သာစွာ ပွင့်လာခဲ့သည်။

အိပ်ယာပေါ်တွင် ဝတ်စုံနက်နှင့် လူငယ်တစ်ယောက် မှီလှဲနေ၏။ သူ၏ ရုပ်ရည်က တည်ကြည်ပေမယ့် မျက်ခုံးများအကြားရှိ တဏှာဆန်သည့် အကြည့်က အရာအားလုံးကို ဖျက်ဆီးနေပါသည်။

“အိုး.. လေလွင့် ဓါးကညာလား.. စိတ်ကူးကောင်းတယ်”

လူငယ်ဟာ မှင်သက်သွား၏။ သူက ဟန်ကျောက်၏ ခန္ဓာကိုယ်ကို စုန်ဆန်ကြည့်သည်။ သူမ၏ ချွဲ့နွဲ့သည့် အမူအရာကို ကြည့်ကာ မိန်းမကောင်းမဟုတ်ကြောင်းကို သိလိုက်၏။

ပြုံးကာ ပြောလေသည်။

“နင်က လူသစ်လား။ ဒါမှမဟုတ် ရစ်မူးလစံအိမ်က ပြည့်ကြီးတန်ဆာလားပဲ”

“ကျွန်မက ဟုန်ရှုံ့ပါ”

ဟန်ကျောက်က ဒူးညွှတ်ကာ ပြောသည်။

လူငယ်က လက်ညှိုးဖြင့် လက်ယက်ခေါ်ဟန်ပြသည်။ ထို့နောက် အိပ်ယာပေါ်သို့ ပုတ်ပြ၏။

“မြန်မြန်လေးလာခဲ့”

“တစ်ဖက်လူကို ကြည့်ရတာ စိတ်လောနေတဲ့ပုံပဲ။ ဒါပေမယ့် သူမင်းကို သံသယဝင်နေတယ်”

စနစ်၏ အချက်ပေးမှုက ပေါ်လာ၏။ ဟန်ကျောက်ဟာ လူငယ်၏အကြည့်မှာ သူ၏ခါးရှိ ဓါးပေါ်သို့ ကျရောက်ပြီးနောက် ရပ်တန့်သွားကြောင်းကို သတိထားမိ၏။ သူက ရှေ့သို့ လျှောက်သွားရင်းက ခါးရှိ ဓါးကိုဖြုတ်ကာ ဓါးရိုးကိုကိုင်ပြီး လူငယ်၏ ရင်ဘတ်ကို ထိုးလိုက်သည်။ ချွဲ့နွဲ့စွာ ပြော၏။

“မကောင်းတဲ့လူ..”

လူငယ်ဟာ လန့်သွား၏။ သို့ပေမယ့် ဓါးဟာ ဓါးအိမ်အတွင်းမှ ထွက်မလာကြောင်းကို တွေ့လိုက်ရသည်။ သူမ၏ လှုပ်ရှားမှုဟာ အားပျော့ကာ ညင်သာ၏။ နှုတ်ခမ်းထောင့်များက ကွေးညွှန်သွားပြီး လက်ကိုဆန့်ကာ ဓါးအိမ်ကို ဖမ်းလိုက်သည်။ လူယုတ်မာဆန်စွာ ရယ်၏။

“ဟားဟား.. ဓါးရှည်က လူကို ခုတ်ပိုင်းဖို့သုံးတာ။ ဓါးမြှောက်နဲ့ လှံပဲ ထိုးစိုက်လို့ရတာ။ ငါနင့်ကို အရင်ဆုံး ဓါးကိုသုံးရမလဲ သင်ပေးမယ်။

သူက ပြောရင်းနှင့် ဓါးအိမ်ကို ဆွဲယူလိုက်တော့မှာပါ။

“ထင်”

ရှင်းလင်းသည့် ဓါးထုတ်သံတစ်ခု ပေါ်လာ၏။ ကြောက်စရာကောင်းသည့် အန္တရာယ် ခံစားချက်က လူငယ်၏ ဆံပင်များကို ထောင်ထသွားစေသည်။ သို့ပေမယ့် နောက်ကျနေပြီး ဖြစ်၏။

အနက်ရောင်အလင်းဟာ သူ၏ရှေ့တွင် လက်သွားသည်။

“ဒုတ်”

လူငယ်၏ ဦးခေါင်းဟာ အိပ်ယာပေါ်သို့ လိမ့်ဆင်းသွား၏။ သူ၏လက်များဟာ ဓါးအိမ်ကို ကိုင်ထားမှုမှ ရပ်တန့်သွားသည်။

“ဟန်.. ငါ့ခေါင်းက ဘယ်ကိုရောက်သွားတာလဲ”

အိပ်ယာကို မှီနေသည့် ဦးခေါင်းမဲ့သည့် ခန္ဓာကိုယ်ကို ကြည့်ကာ လူငယ်၏ မျက်လုံးများဟာ မယုံကြည်နိုင်စွာ ပြူးကျယ်သွား၏။

နောက်တစ်စက္ကန့်တွင် ဟန်ကျောက်၏ ဓါးဟာ ဦးခေါင်း၏ မျက်ခုံးနှစ်ခုအကြားဆီသို့ ထိုးစိုက်သွားသည်။ ဓါးဟာ တစ်ဖက်လူ၏ အသိစိတ်ကို တစ်ခါတည်း ဖျက်ဆီးလိုက်၏။

“ဒါက သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်ရဲ့ အသက်ဓါတ်လား”

ဟန်ကျောက်ဟာ ဓါးကို သိမ်းရင်းက အံ့ဩနေ၏။ ခေါင်းဖြတ်ပြီးသည့်တိုင်အောင် တစ်ဖက်လူကို ချက်ချင်း မသေပဲ နေဦးမည်ဟု ထင်မထားခဲ့ပေ။ အသိစိတ်က ရှိနေသေး၏။ သူသာ လျှင်မြန်စွာ မတုံ့ပြန်မိပါက တစ်ဖက်လူ အော်လာခဲ့လျှင် ပြဿနာများမှာပါ။

ဒီတစ်ကြိမ်တွင် သူဟာ ဓါးပျိုးထောင်ခြင်း စွမ်းအားကို အသုံးမပြုရစေရန် အမျိုးသမီး ဝတ်စုံများကိုပင် ဝတ်စားခဲ့၏။

“ဟန်”

“သွေးထဲမှာ အဆိပ်ရှိတာလား”

သွေးညှီနံ့က နှာခေါင်းထဲသို့ ဝင်ရောက်လာပြီး ဟန်ကျောက်ကို ရုတ်တရက် မူးဝေသွားစေသည်။ ခန္ဓာကိုယ်ဟာ ထုံထိုင်းသွား၏။

သူဟာ လေပြေမှုန့်ကို နှာခေါင်းအတွင်းသို့ အမြန်ရှူသွင်းလိုက်သည်။ အနံ့တစ်ခုဟာ ဦးခေါင်းထိပ်သို့ ချက်ချင်းပင် ရောက်ရှိသွား၏။ ထို့နောက် အေးမြသည့် အရသာက ပေါ်လာခဲ့သည်။ အသိစိတ်လည်း လျှင်မြန်စွာ ပြန်ကောင်းလာပြီး ခန္ဓာကိုယ်ဟာ ထုံထိုင်းမနေတော့ပေ။

သူဟာ အနက်ရောင် အဝတ်စတစ်ခုကို ကျွမ်းကျင်စွာ ထုတ်ပြီး လူငယ်၏ ဦးခေါင်းကို ပတ်လိုက်သည်။ ထို့နောက် အလောင်းကို ရှာ၏။

သွေးစိတ်ဝိညာဉ်မူ၊ အဆိပ်တစ်ရာလက်ဝါးနှင့် လွမ် ဖီးနစ်ပေါင်းစပ်ခြင်းအတတ် တို့ကို တွေ့ရသည်။

ဟန်ကျောက်ဟာ ၎င်းတို့ကို ကြည့်ရှုပြီးနောက် သိုင်းကျမ်းနှင့် ဘဏ်စာရွက်များကို သိမ်းလိုက်သည်။ ထို့နောက် အခန်းအတွင်းတွင် မည်သည့်ပစ္စည်းကောင်းတို့ ရှိသေးသနည်းဟု ရှာ၏။

နောက်ဆုံးတွင် မီတာဝက်မြင့်မားသည့် သံလှောင်အိမ်တစ်ခုကို ထောင့်တစ်ခုတွင် တွေ့ရသည်။ အတွင်းထဲတွင် အရောင်စုံသည့် ငှက်တစ်ကောင်ကို ဖမ်းထား၏။ ငှက်၏ဦးခေါင်းနှင့် ကုပ်ပိုးတို့ဟာ အညိုနက်ရောင် ရှိ၏။ ခန္ဓာကိုယ်ရှိ အမွှေးများမှာ အညိုနှင့်အဝါစင်းများ ဖြစ်သည်။ ကိုယ်ထည်တစ်ခုလုံးရှိ အမွှေးများမှာ တစ်ခုနှင့်တစ်ခု ကွဲပြားလှ၏။ အနီ၊ လိမ္မော်၊ အစိမ်း၊ အပြာ၊ မဲနယ်နှင့် ခရမ်းတို့ ဖြစ်ကြပြီး အလွန် မျက်စိစူးစရာ ကောင်းလှ၏။

ဒီအချိန်၌ ငှက်ဟာ လှောင်အိမ်အတွင်း၌ လှုပ််ရှားမှုကင်းမဲ့စွာ လဲလျောင်းနေပါသည်။ သေလားရှင်လား မသိရပေ။

“ဒါက ဘာငှက်ပါလိမ့်”

ဟန်ကျောက်ဟာ မှင်သက်သွား၏။

စနစ်၏ အချက်ပေးမှုက ပေါ်လာခဲ့သည်။

“အမည်မသိ နတ်ဆိုးငှက်ဖြစ်ရန် ၆၅%၊ ဝမ်းဗိုက်နီကြက်ဖဖြစ်ရန် ၃၄%၊ ပါးလျတဲ့ ဖီးနစ်သွေးမျိုးဆက်ရဲ့ မျိုးဆက်ဖြစ်ရန် ၁% ဖြစ်နိုင်ချေ ရှိသည်။ နှစ်ပေါင်း၁၀၀၀၀ကာ ပျိုးထောင်ပြီးနောက် သွေးမျိုးဆက်ဟာ ရှေးဟောင်းအမြစ်ဆီသို့ ပြန်ရောက်ပြီး စိတ်ဝိညာဉ်သားရဲတစ်ကောင်အဖြစ် ပြောင်းလဲနိုင်၏”

“ဖီးနစ်လား.. ဘယ်ငှက်ကိုပဲဖြစ်ဖြစ် ဖီးနစ်ရဲ့ မျိုးဆက်လို့ ယူဆလို့ရတယ်မလား”

“နှစ်ပေါင်း၁၀၀၀၀ပျိုးထောင်ရမယ်.. အဲ့လိုဆို ငါ့အုတ်ဂူက မြက်တွေတောင် ပေ၁၀၀လောက် ရှည်နေလောက်ပြီ”

ဟန်ကျောက်ဟာ ပြောစရာစကား မဲ့သွား၏။ သို့ပေမယ့် သူစိတ်မရှိပေ။ လှောင်အိမ်ကို သယ်ကာ အခန်းထဲမှ ထွက်ခွာသွား၏။ ဒီကြက်ဟာ ကြည့်လို့ကောင်းပါသည်။ စားပဲစားစား၊ ရောင်းပဲရောင်းရောင်း အရှုံးမရှိပေ။

သူဟာ ကျောက်တုံးနောက်သို့ ပြန်ကာ ဆေဘာဓါးကို ယူသည်။ ထို့နောက် အမျိုးသမီး ဝတ်စုံကို ချွတ်ကာ ညဝတ်စုံကို ပြန်လဲပြီး အမျိုးသမီးကို နှိုး၏။

“အတွင်းထဲက မကောင်းတဲ့ကောင်ကို ငါသတ်ပြီးပြီ။ သွားပြီး အခုမှ တွေ့ရသလို ဟန်ဆောင်။ ဒီကိစ္စက နင်နဲ့ဘာမှမဆိုင်ဘူး။ နားလည်လား”

ဟန်ကျောက်က အမျိုးသမီး၏ အပေါ်ဝတ်အား ပြန်ပေးသည်။

“ကျေးဇူးတင်ပါတယ် သူရဲကောင်းလေး”

အမျိုးသမီးက အဝတ်များကို ယူကာ တုံ့ဆိုင်းနေ၏။

“သူရဲကောင်းလေး.. ရှင့်နာမည် ပြောပြလို့ရမလား။ ကျွန်မ..”

“ကျွန်တော့နာမည်က စုန့်ချွေပါ။ သွားတော့”

ဟန်ကျောက်က ခေါင်းညှိတ်သည်။

All Chapters