(အဆိပ်တစ်ရာလက်ဝါးသိုင်း)
Vol. 3 Ch. 41
မိစ္ဆာ သွေးသန့်စင်ခြင်းအဆင့် သိုင်းသမား၏ ဦးခေါင်းမှာ ငွေ၅၀၀လျန် တန်ကြေးရှိပါသည်။ လက်လျှော့လို့ မရပေ။ ထို့အပြင် သွေးသန့်စင်ခြင်းအဆင့် သိုင်သမားတစ်ယောက်ကို သတ််ဖြတ်သည့် အကြောင်းဟာ အလွန်ကျော်ကြားမှာ ဖြစ်၏။ စုန့်ချွေ၏ အမည်ဟာ အနီးအနားတွင် သေချာပေါက် ပျံ့နှံ့သွားမှာ ဖြစ်သည်။ ထို့ကြောင့် ပြောလိုက်လည်း ပြဿနာမရှိပါ။
“သူရဲကောင်းလေး.. နောက်မှ တွေ့ပါမယ်”
အမျိုးသမီးဟာ အိမ်ဆီသို့ လျှောက်သွား၏။
သူမ၏ အမှန်တကယ် မည်သည့် ပြဿနာရှာမှုမှ လုပ်မည့်ပုံ မပေါ်ကြောင်းအား တွေ့ရပြီးနောက် ဟန်ကျောက်ဟာ အမှောင်ထဲနှင့် ရောထွေးပြီး ဆန့်ကျင်ဘက်အရပ်ဆီသို့ ထွက်ခဲ့သည်။
ခဏအကြာ၌ အော်သံတစ်ခုဟာ ညကောင်းကင်တွင် ပြန့်လွင့်လာ၏။ ထိုအသံက ရွာအတွင်းရှိ ဓါးပြများ၏ အာရုံကို လျှင်မြန်စွာ ဆွဲဆောင်သွားသည်။ များပြားလှသည့် ဓါးပြများဟာ အိပ်နေရာမှ နိုးထလာပြီး အမြန် ပြေးလာကြ၏။
အတွင်းပိုင်းသို့ စုပြုံသွားကြသည့် ဓါးပြများကို ကြည့်ကာ ဟန်ကျောက်ဟာ အခွင့်အရေးယူပြီး ရွာအတွင်းမှ ထွက်ခဲ့၏။ သူဟာ ရွာ၏ မလှမ်းမကမ်းရှိ ခြုံတစ်ခုတွင် ရပ်ကာ အခြေအနေကို ကြည့်သည်။
“စကွိ”
ဟန်ကျောက်၏ ပြေးထွက်လာခဲ့မှုက လှောာင်အိမ်အတွင်းရှိ ကြက်ကို နိုးလာကာ အသံပြုစေ၏။
“ပါးစပ်ပိတ်ထား”
ဟန်ကျောက်က အသံနိမ့်စွာ ပြောသည်။
“စကွက်”
ကြက်၏အသံတွင် ဒေါသတို့ ဖြည့်စွက်နေပုံပါ။
“ကောင်းပြီ။ ပြီးရင် မင်းကို စားစရာကျွေးမယ်နော်”
“စကွက်”
“နောက်ထပ်အသံထပ်ထွက်ရင် မင်းကိုကင်စားမယ်”
“..”
“မင်းလို ကြက်တစ်ကောင်ကို ငါမကိုင်တွယ်နိုင်ဘူးလို့ ထင်နေတာလား”
ဟန်ကျောက်က ပြုံးကာ လှောင်အိမ်ကို ပြင်းထန်စွာ လှုပ်ယမ်းသည်။ သို့ပေမယ့် အတွင်းထဲရှိ ကြက်မှာ အသံမပြုရဲတော့ပေ။
သူက အသက်ကို နက်ရှိုင်းစွာ ရှူပြီး ရေရွတ်၏။
“နောက်တစ်ကြိမ် ငါလာခဲ့ရင် ဒီလောက်လျှို့ဝှက်နေစရာ မလိုတော့ဘူး”
ထိုစကားနှင့်အတူ သူဟာ နောက်သို့လှည့်ပြီး ထွက်ခွာသွား၏။ ညအမှောင်အောက်တွင် တောင်အောက်သို့ ဆင်းခဲ့သည်။
ဟန်ကျောက်ဟာ တောင်ခြေသို့ ရောက်ရှိပြီးနောက် လူခေါင်းအတွင်းရှိ အဆပ်မှာ သူ့အပေါ် မသက်ရောက်ကြောင်းအား နည်းလည်လိုက်၏။ တစ်ဖက်လူကို သတ်ဖြတ်ပြီး ဖြစ်သောကြောင့်လား သူမသိပေ။
“သွေးထဲမှာ အဆိပ်ရှိတာက တကယ့်ကို သတိထားဖို့ခက်တယ်”
ဤသည်မှာ ဟန်ကျောက်၏ ပထမဆုံးအကြိမ် ယခုကဲ့သို့ အဆိပ်ခတ်ခြင်း နည်းလမ်းကို ကြုံတွေ့ရခြင်း ဖြစ်သည်။ လောကကြီးဟာ အမှန်တကယ်ကို ကြီးမားလှပြီး ထူးခြားမှုများဖြင့် ပြည့်နှက်နေ၏။ သူ၏ လက်ရှိအသိအမြင်ဟာ နည်းပါးလှသည်ဟုသာ ဆိုရပေမည်။
သွေးသန့်စင်ခြင်း အဆင့် သိုင်းသမားတစ်ယောက်ကို အောင်မြင်စွာ သတ်ဖြတ်ပြီးနောက် သူဟာ များစွာကို ရရှိခဲ့သည်။ ဟန်ကျောက်ဟာ တောနက်ထဲတွင် ပုန်းအောင်းပြီး ဆုငွေကို အလျှင်အမြန် သွားထုတ်မနေပါ။ အဲ့ဒီအစား အစစ်အမှန်ချီကို အသုံးပြုပြီး သူ၏ အသက်ရှူမှုကို ထိန်းညှိပြီး ရရှိမှုများကို စစ်ဆေး၏။
ဘေးရှိ မြက်ခင်းပေါ်တွင် ငှက်လောင်အိမ်ကို သူတင်လိုက်သည်။ ဒီငှက်မှာ ခုနက ခြိမ်းခြောက်မှုကြောင့် လုံးဝ တိတ်ဆိတ်နေပြီ ဖြစ်၏။ ဟန်ကျောက်က သိုင်းကျမ်းသုံးခုတို့ကို ထုတ်ကာ ပထမဆုံးစာအုပ်ကို ယူလိုက်သည်။ လွမ်ဖီးနစ်ပေါင်းစပ်ခြင်းအတတ် ဖြစ်၏။
“နှစ်မွှာကျင့်စဉ်တစ်ခုလား”
“ဒဏ်ရာကုသမှု အမြန်နှုန်းကို မြှင့်တင်ပေးပြီး တစ်ဆို့မှုတွေကို ချိုးဖျက်ရာမှာလည်း ကူညီပေးတယ်”
သိုင်းကျမ်း၏ အချက်အလက်များကို ကြည့်ကာ ဟန်ကျောက်ဟာ အနည်းငယ် မှင်သက်သွားသည်။
ဒီလျှို့ဝှက်ကျမ်းဟာ ယင်စုပ်ယူခြင်း အတတ်ထပ် ပိုမိုနက်နဲ၏။ ဖော်ပြပါ အချက်အလက်များအရ အစွန်းမရောက်ပဲ ငြိမ်းချမ်းသည့် ကျင့်စဉ်တစ်ခုဟု ယူဆနိုင်ပါသည်။
ဒီကျင့်ကြံခြင်း အတတ်ကို အမျိုးသားနှင့် အမျိုးသမီးတို့ နှစ်ယောက်လုံး တစ်ပြိုင်နက် ကျင့်ကြံရန် လိုအပ်၏။ နောက်ဆုံးတွင် နှစ်မွှာကျင့်ကြံခြင်း အကျိုးရလဒ်ကို ရနိုင်ပါသည်။ ထို့ကြောင့် လွမ်ဖီးနစ်ပေါင်းစပ်ခြင်းဟု အမည်ပေးထားခြင်း ဖြစ်၏။
ကျင့်စဉ်ဟာ တည်ငြိမ်မှုနှင့် တိုးတက်မှုကို အသားပေးသည်။ အောင်မြင်ရန် စိတ်လောလို့မရပေ။ သို့ပေမယ့် သူသတ်လိုက်သည့် သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားကတော့ ရှင်းလင်းစွာပင် ဒီကျင့်စဉ်ကို မိစ္ဆာကျင့်စဉ်အဖြစ် အသုံးပြုခဲ့၏။
“ငါသိမ်းထားလို့ရတယ်”
ဟန်ကျောက်ဟာ ခဏတာ စဉ်းစားပြီးနောက် ဒီကျင့်စဉ်ကို သိမ်းဆည်းထားရန် ဆုံးဖြတ်လိုက်သည်။ သူ့တွင် မိန်းမမရှိသေးပေ။ သို့ပေမယ့် ဤသည်မှာ ယာယီသာ ဖြစ်၏။ အခြေမကျသေးသောကြောင့်သာ ဖြစ်သည်။ နောင်တွင် သေချာပေါက် အသုံးဝင်လာမှာပါ။
သူ့တွင် စနစ်ရှိကာ စွမ်းရည်မှတ်များကို ရရှိနိုင်ပြီး တစ်ဆို့မှုကို မကြောက်ပေမယ့် စွမ်းရည်မှတ်ဟာ လေထဲမှ ပေါ်လာတာမဟုတ်ပေ။ အဆင့်ချိုးဖျက်ရန် နောက်ထပ်နည်းလမ်းတစ်ခု ရှိလာခြင်းက ဝှက်ဖဲတစ်ခု ပိုလာသည်နှင့် တူ၏။ ထိုအပြင် ဒီကျင့်စဉ်ဟာ နှစ်ဖက်စလုံးကို အကျိုးဖြစ်ထွန်းစေပါသည်။ အဘယ်ကြောင့် မကျင့်ကြံရမည်နည်း။
လက်ရှိအချိန်၌ သူဟာ တိုက်ပွဲတိုင်းတွင် ပြီးပြည့်စုံစွာ ပြင်ဆင်မှုကြောင့် ဒဏ်ရာရရှိခြင်း မရှိသေးပါ။ သူဟာ ရန်သူထက် များစွာ သန်မာခြင်း(သို့) အလစ်အငိုက် တိုက်ခိုက်ခြင်း စသည့် တိုက်ပွဲများကိုသာ တိုက်၏။
အစမ်းရှင်သန်မှုတွင် အနာဂတ်ကို စူးစမ်းနိုင်လျှင်တောင် လုံလောက်သည့် အသေးစိတ်ကျမှုကို ရရှိခြင်းမရှိပါ။ နံပါတ်သုံးဖြစ်သည့် မှတ်ဉာဏ်ရရှိမှုကို မရွေးချယ်နိုင်သေးခင်တွင် ဖြစ်သည်။ ထို့အပြင် ဒဏ်ရာကုသခြင်း နည်းလမ်းမှာ လိုအပ်သည့် အရာဖြစ်၏။
လွမ်ဖီးနစ်ပေါင်းစပ်ခြင်း အတတ်ကို သိမ်းဆည်းပြီးနောက် ဟန်ကျောက်ဟာ ဒုတိယမြောက် ကျမ်းကို ကြည့်သည်။ အဆိပ်တစ်ရာလက်ဝါး ဖြစ်၏။
အဆိပ်တစ်ရာ လက်ဝါးကို အောင်မြင်စေရန် သူဟာ ပထမဆုံး အဆိပ်မျိုးစုံကို စုဆောင်းဖို့ လိုအပ်ပါသည်။ ထို့နောက် ကျင့်ကြံစဉ်တွင်းတွင် အဆိပ်များကို သူ၏ လက်ဝါးအတွင်း၌ စုစည်းစေရ၏။ ထိုဖြစ်စဉ်ဟာ အန္တရာယ်များလှပြီး အဆပ်မိနိုင်ပါသည်။ ထို့ကြောင့် ဖြေဆေးမျိုးစုံတို့ကိုလည်း ဆောင်ထားရန် လိုအပ်၏။
ဟန်ကျောက်ဟာ အဆိပ်တစ်ရာလက်ဝါး သိုင်းကျမ်းကို လှန်လောရင်းက နောက်ဆုံးစာမျက်နှာတွင် သူ၏ မျက်လုံးများ အံ့ဩမှုဖြင့် ပြူးကျယ်လာခဲ့သည်။
“ဒါက… သွေးချီလှည့်ပတ်မှု ပုံကြမ်းလား. ဒါက.. အတွင်းပိုင်းခွန်အား ဖမ်းဆုပ်နိုင်မယ့် အခြေခံပုံကြမ်းလား”
ဤသည်မှာ ပြီးပြည့်စုံသည့် အတွင်းအားသိုင်းပညာတစ်ခု ဖြစ်၏။ အရင်တုန်းက လုယီဟာ သွေးသန့်စင်ခြင်း အဆင့်သို့ ကျင့်ကြံနိုင်သည့် ပိုးမျှင်တစ်ထောင် အညွှန်းမှာ ငွေ၇၀၊ ၈၀လျန်လောက်သာ တန်ပေမယ့် အတွင်းပိုင်းခွန်အား အခြေခံပုံကြမ်းသာ ရှိပါက တန်ကြေးဟာ အဆတစ်ရာလောက် တိုးတက်သွားမှာဟု ဆိုခဲ့လေသည်။ တစ်နည်းအားဖြင့် လက်ရှိသိုင်းကျမ်းဟာ အနိမ့်ဆုံး ငွေ၇၀၀၀၊ ၈၀၀၀လောက် တန်၏။
အဆိပ်များကို စုဆောင်းရန်လိုအပ်သည့် ကန့်သတ်ချက် ရှိလျှင်တောင် သိုင်းကျမ်း၏ တန်ကြေးကို သက်ရောက်ခြင်း လုံးဝမရှိပေ။ သွေးသန့်စင်ခြင်းအဆင့် တစ်ဝက်တစ်ပြတ် သိုင်းသခင်များသာ ရှိသည့် အဖွဲ့ကြီးအချို့အတွက် ဒီသိုင်းကျမ်းဟာ သူတို့ကို အရူးအမူး ဖြစ်သွားစေမှာပါ။ ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသမားနှင့် ထိပ်တန်းအဆင့် အဖွဲ့များပင်လျှင် စိတ်ဝင်စားမှာ ဖြစ်၏။
ချန်မိသားစု၏ လေလံအိမ်ရှိ အကြီးစား လေလံပွဲတွင် လေလံသွားတင်ပါက ငွေ၇၀၀၀၊ ၈၀၀၀လျန်ပင် မကပဲ ၁၀၀၀၀လျန်လောက်ပင် ရလာနိုင်ပါသည်။ ဒီသိုင်းကျမ်း၏ တန်ကြေးဟာ ဟန်ကျောက်လိုချင်သည့် ရွှေနက် ၁၅ကီလိုဂရမ်နှင့် ညီမျှ၏။
ကံဆိုးစွာပင် ဒီအချိန်အတွင်း ဒီသိုင်းကျမ်းကို ရောင်းချလို့ မရသေးပေ။ ငွေ၁၀၀၀၀လျန်ကို ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသမားပင်လျှင် စိတ်ဝင်စားမှာ ဖြစ်၏။ သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားများဆိုလျှင် ပိုဆိုးသည်။ သိုင်းကျမ်းရောင်းပြီးပါက အဝိုင်းခံရမှာကို သူလိုချင်ခြင်း မရှိပါ။
“ကြည့်ရတာ သွေးသန့်စင်ခြင်းအဆင့်ကို မြင့်တက်ပြီးမှပဲ ဒီသိုင်းကျမ်းကို ရောင်းလို့ရမယ်”
ဟန်ကျောက်က ကိုယ့်ကိုယ်ကိုယ် စဉ်းစားည်။
တောင်ခွဲဆေဘာဓါးသိုင်း၏ တတိယအဆင့်ကို ရောက်ရှိပြီးပါက သူဟာ ပထမအဆင့် သွေးချီချိုးဖျက်မှုအဆင့်သို့ ရောက်ရှိမှာ ဖြစ်သည်။ ထိုအတွက် အနိမ့်ဆုံး တစ်နှစ်လောက် အချိန်လိုအပ်၏။ ထို့အပြင် သက်ရှည်ကျမ်းမှာ တတိယအဆင့်သို့ ရောက်ရှိပြီး ဖြစ်ရာ ပထမအဆင့် သွေးချီချိုးဖျက်မှုအဆင့်နှင့် တူညီပါသည်။
သူ၏ အပြင်ပိုင််းကျင့်စဉ်သာ အဆင့်မြင့်တက်ပါက အတွင်းနှင့်အပြင် သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက် ဖြစ်လာမှာပါ။ အဆင့်တူများကို သေချာပေါက် အနိုင်ယူနိုင်မှာ ဖြစ်၏။
အချိန်ကျလာပါက ဓါးထုတ်ခြင်း အတတ်မှာ တစ်နှစ်ကျော်အတွင်း ပိုမိုကာပင် စွမ်းအားကြီးလာမှာ ဖြစ်သည်။ သူဟာ ကျောက်နက်မြို့တွင် ကျွမ်းကျင်သူတစ်ယောက်ဟု ယူဆနိုင်၏။
အတည်ငြိမ်ဆုံး နည်းလမ်းမှာ အဆင့်တက်ပြီးပါက လုယီကို အကူအညီတောင်းခြင်း ဖြစ်သည်။ အသက်၂၀တွင် အဆင့်တက်နိုင်ပါက လုယီက သူ့ကို ဆက်ခံသူအဖြစ် ပျိုးထောင်ပေးမှာပါ။ သူ၏ အမည်နှင့် ဒီသိုင်းကျမ်းကို လေလံတင်နိုင်၏။ မည်သည့်အဖွဲ့မှ ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်၏ ပစ္စည်းကို ဈေးနှိမ်မှာမဟုတ်သလို လုယူမှာလည်း မဟုတ်ပေ။
သူဟာ အရင်ဆုံး ဒီသိုင်းကျမ်းကို လေ့ကျင့်ရန်လည်း စဉ်းစားထား၏။ ခွန်အားသန့်စင်ခြင်းအဆင့်အထိ မဟုတ်လျှင်တောင် ဒုတိယအဆင့် သွေးချီချိုးဖျက်ပြီး အတွင်းပိုင်းခွန်အားကို ဖွဲ့စည်းပြီးမှသာ ဒီသိုင်းကျမ်းကို ရောင်းရပေမည်။ မဟုတ်ပါက သွေးလှည့်ပတ်ခြင်း ပုံကြမ်းနှင့် အခြေခံပုံကြမ်းတို့ကို သူ့အနေနှင့် ကူးယူနိုင်မည် မဟုတ်ပါ။
“ဒါကို တတ်မြောက်ပြီးရင် ငါ့ရဲ့ သွေးနဲ့ အတွင်းအားထဲမှာ အဆိပ်ကို ဖုံးကွယ်ထားလို့ရတယ်။ ဆိုလိုတာက အဆိပ်အားလုံးကို ခံနိုင်ရည်ရှိတဲ့ ခန္ဓာကိုယ်တစ်ခု ရလာဖို့ အခွင့်အရေးရှိတာပေါ့”
သိုင်းကျမ်း၏ နောက်ဆုံးအပိုင်းကို ကြည့်ရှုပြီးနောက် ဟန်ကျောက်ဟာ ဒီသိုင်းကျမ်းကို မရိုးရှင်းဟု ခံစားရသည်။ အတွင်းအားမှာ မြင်နိုင်ခြင်း မရှိပေ။ အတွင်းအားအတွင်းတွင် အဆိပ်ပါပါက ကာကွယ်ရန် မဖြစ်နိုင်လောက်ပါ။
ထို့အပြင် အဆိပ်အားလုံးကို ခံနိုင်သည့် ခန္ဓာကိုယ်လည်း ရလာနိုင်၏။ အလွန် စွဲမက်ဖို့ ကောင်းလှပါသည်။
“အရင်ဆုံး တောင်ခွဲဆေဘာအတတ်နဲ့ သွေးသန့်စင်ခြင်းအဆင့်ကို တက်မယ်။ ပြီးရင် အဆိပ်တစ်ရာလက်ဝါးနဲ့ တောင်ဖြိုလက်သီးသိုင်းကို လေ့ကျင့်မယ်။ ပြီးတော့ အမြန်နှုန်းအတွက် ခြေလှမ်းသိုင်းတစ်ခုကိုလည်း လေ့ကျင့်ရမယ်”
ဟန်ကျောက်ဟာ ခဏတာ စဉ်းစားပြီးနောက် ဆုံးဖြတ်ချက် ချလိုက်၏။