(စုန့်ချွေ၏အသွင်အပြင်)
Vol. 3 Ch. 43
ဝူဖေးယိဟာ ရှေ့သို့တက်ပြီး သွေးပေနေသည့် အဝတ်ထုပ်ကို ဖွင့်သည်။ စူးရွားသည့် သွေးညှီနံ့က သူ၏မျက်နှာကိုကို လုံးဝ ပြောင်းလဲသွားခြင်း မဖြစ်စေနိုင်ပေ။ ဦးခေါင်းကို ယူကာ သေသေချာချာ စစ်ဆေး၏။
တစ်ချိန်က ရုပ်ဖျက်တော်သည့် သိုင်းသမားတစ်ယောက် ရှိခဲ့ဖူးသည်။ နောက်ဆုံးတွင် ထိုသိုင်းသမားကို ရုံးတော်က ဖော်ထုတ်ခဲ့ပေမယ့် အရှက်ရစေဆဲ ဖြစ်၏။ ထို့ကြောင့် အထူး စူးစမ်းရေး လုပ်ငန်းစဉ်ကို ထည့်သွင်းချမှတ်ထားသည်။
ပုံမှန်အခြေအနေမျိုးတွင် သူကိုယ်တိုင် စစ်ဆေးမှုပြုရန် လိုအပ်ခြင်းတော့ မရှိပါ။ အဓိက အကြောင်းပြချက်မှာ တစ်ဖက်လူဟာ ဒီတောအတွင်းတွင် ပေါ်လာခဲ့သည့် မိစ္ဆာသွေးသန့်စင်ခြင်းအဆင့် သိုင်းသမားဖြစ်သောကြောင့် ဖြစ်သည်။
ရှမိသားစု၏ ကုန်တန်းကို တိုက်ခိုက်ခဲ့ပြီး သွေးသန့်စင်ခြင်းအဆင့် နှစ်ယောက်နှင့် အရိုးသန့်စင်ခြင်းအဆင့် သိုင်းသမား များစွာတို့၏ ဝိုင်းဝန်းတိုက်ခိုက်မှုအောက်မှ လွတ်မြောက်ခဲ့သည်။ ရှင်းလင်းစွာပင် ပြဿနာကြီးလှ၏။
လုံခြုံမှုရှိစေရန်အတွက် ခေါင်းဆောင်ဖြစ်သည့် သူကိုယ်တိုင် ဌာနသို့ လာရောက်ပြီး စောင့်ကြပ်နေခြင်း ဖြစ်သည်။ သို့ရာတွင် ထိုသိုင်းသမားကို ဝရမ်းထုတ်ပြီး လဝက်အတွင်းတွင် အသတ်ခံရမည်ဟု ထင်မထားခဲ့ပေ။
“သွေးချီက ကြွယ်ဝပြီး ထူထဲတယ်။ ဒါက တကယ့်ကို သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်ပဲ”
ဝူဖေးယိက ခေါင်းညှိတ်သည်။ ဦးခေါင်းတွင် မည်သည့် ရုပ်ဖျက်ထားသည့် လက္ခဏာမှ မတွေ့ရပါ။ ဒီလူဟာ အလိုရှိ ရာဇဝတ်သား ဖြစ်၏။
“ညီလေးစုန့်.. ကျေးဇူးပြုပြီး..”
ဝုဖေးယိက ဦးခေါင်းကိုချကာ ဟန်ကျောက်ကို ကြည့်သည်။ သူက တစ်ခုခု ပြောတော့မည်အပြုတွင် ရုတ်တရက် မူးဝေလာပြီး ခြေလက်များက ထုံထိုင်းသွား၏။
ဒီသွေးတွင် အဆိပ်ရှိပါသည်။ ဝူဖေးယိဟာ သွေးချီကို အလျှင်အမြန် လှည့်ပတ်၏။ ခန္ဓာကိုယ်တွင် သွေးချီလှည့်လည်ပြီးမှ ပုံမှန်ဖြစ်စွာ ပြန်လည်ခံစားရသည်။
“ဘယ်လောက် ကြောက်စရာကောင်းတဲ့ အဆိပ်သုံးသူလဲ”
ဝူဖေးယိဟာ အံ့ဩနေတော့သည်။ လူက သေပြီးဖြစ်ပေမယ့် သွေးထဲရှိ အဆိပ်ဟာ သူကဲ့သို့ သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောကက်ို သက်ရောက်သေးသည်။ တကယ့်ကို ခေါင်းခဲစရာပင်။
ကျွမ်းကျင်သူများ၏ တိုက်ပွဲတွင် ခြေလက်တို့ဟာ အချိန်ခဏလေးသာ ထုံထိုင်းသွားခြင်း ဖြစ်လျှင်တောင် ရလဒ်ကို ဆုံးဖြတ်ကာ သေခြင်းရှင်ခြင်းကို ခြယ်လှယ်နိုင်၏။ အရိုးသန့်စင်ခြင်းအဆင့် အများအပြားတို့ ကြိုတင် ကင်းပုန်းချထားပြီး သူတို့ဟာ ဒဏ်ရာအပြင်းအထန် ရရှိထားသည့် သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်ကို တိုက်ခိုက်လျှင်တော့ သတ်ဖြတ်ရန် အခွင့်အရေးတစ်ခု ရှိနေပါသည်။
ဝူဖေးယိဟာ အစက စုန့်ချွေကို ကံကောင်းပြီး တစ်ဖက်လူအား သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ထင်နေ၏။ သို့ပေမယ့် ကြည့်ရတာ သေချာပေါက် မဟုတ်လောက်ပါ။ ယခုကဲ့သို့ အဆိပ်အသုံးပြုပုံမျိုးနှင့် တစ်ဖက်လူကို သတ်ဖြတ်ရန် သူပင်လျှင် ယုံကြည်ချက်ရှိခြင်း မရှိပါ။
ယခုအချိန်၌ စုန့်ချွေကို အကဲခတ်ရတာ မည်သည့် ထိခိုက်မှုမှလည်း ရှိမနေပါ။ သို့ပေမယ့် တိုက်ခိုက်မှု မပြုပါက တစ်ဖက်လူ၏ သိုင်းအဆင့်ကို သိနိုင်မည် မဟုတ်ပေ။
စုန့်ချွေဟာ သွေးချီချိုးဖျက်မှု ပထမအဆင့်လား(သို့) ခွန်အားကို ဖုံးကွယ်ထားသည့် ဝါရင့် သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်လား မသိပေ။ ထို့အပြင် ဒီလူဟာ လူစိမ်းတစ်ယောက်လည်း ဖြစ်၏။
ထိုကဲ့သို့ တွေးမိပြီးနောက် ဝူဖေးယိဟာ လက်နှစ်ဖက်ကို ဆုပ်ပြီး ဦးညွှတ်သည်။ အပြုံးတစ်ခုနှင့် ပြော၏။
“ဒီမိစ္ဆာသိုင်းသမားရဲ့ အဆိပ်ကို ဒီလောက်အထိ စွမ်းအားကြီးမယ်လို့ ထင်မထားခဲ့ဘူး။ အဆိပ်မိတော့မလို့… ညီလေးစုန့်က သူ့ကိုသတ်နိုင်တာ တကယ့်ကို အံ့ဖွယ်ပဲ”
“ကျွန်တော်က အဆိပ်ဖြေဆေးကို ကြိုပြင်ထားခဲ့လို့ပါ။ အဲ့ဒါကြောင့် ကံကောင်းပြီး သတ်နိုင်ခဲ့တာ”
ဟန်ကျောက်က ရယ်၏။
စုန့်ချွေ၏ စကားက အလေးအနက် မရှိပေမယ့် ဝူဖေးယီ၏ အပြုံးက ပျောက်ကွယ်သွားခြင်း မရှိပါ။ ဆက်လက်ပြော၏။
“ကျောက်နက်မြို့မှာ ကျွန်တော်မသိတဲ့ သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက် ရှိနေတာပဲ။ ညီလေးစုန့်က ဘယ်ကလဲ မသိဘူး။ မျက်နှာကို ပြပေးလို့ရမလား။ အတင်းကြီးတော့ မဆိုလိုဘူးနော်”
“ကျွန်တော့မှာ ဘာနောက်ခံမှ မရှိပါဘူး။ နေရာသေးလေးတစ်ခုကပါ။ ပြောပြရင်တောင် ခေါင်းဆောင်ဝူအနေနဲ့ မသိမှာ ကြောက်ရတယ်။ မျက်နှာအစစ်ကို ပြဖို့ကတော့.. ကိစ္စမရှိပါဘူး”
ဟန်ကျောက်က တည်ငြိမ်စွာ ပြောသည်။ ဘာပဲဖြစ်ဖြစ် စုန့်ချွေဟာ ကျော်ကြားနေပြီး ဖြစ်၏။ မျက်နှာဖုံးဝတ်ဝတ်၊ မဝတ်ဝတ် ကိစ္စမဟုတ်ပါ။ ထိုစကားနှင့်အတူ သူဟာ မြေခွေးမျက်နှာဖုံးကို ချွတ်လိုက်၏။
ဝူဖေးယီ၏ မျက်လုံးများက လင်းလက်သွားသည်။ စုန့်ချွေကို ကြည့်ရတာ အသက်သုံးဆယ်ကျော်ရုံ ရှိ၏။ မျက်ခုံးများက ထက်မြကာ မျက်လုံးများက အေးစက်သည့် ကြယ်ပွင့်သဖွယ် ရှိသည်။ အသွင်အပြင်က ဓါးတစ်ချောင်းကဲ့သို့ မာဆတ်ဆတ်ရှိ၏။ အေးစက်ကာ ချောမောသည့် လူတစ်ယောက်ပင်။
အစက ဟန်ကျောက်ဟာ သူ့ကိုယ်သူ သာမန်ဆန်စွာ ရုပ််ဖျက်မလို့ပါ။ သို့ရာတွင် စုန့်ချွေဟူ၍ အမည်ပေးထားရာ အရမ်းကြီး ရုပ်ဆိုးနေလျှင်လည်း မကောင်းပေ။ ထို့ကြောင့် မျက်နှာအား သူ၏စိတ်ကူးအတိုင်း ပြင်ဆင်လိုက်ခြင်း ဖြစ်၏။
အမည်နှင့် ရုပ်ရည်တို့အကြားတွင် သက်ဆိုင်ရာ ခြားနားချက်တို့ ရှိနေပေမယ့် ကောင်းကင်ဆေဘာဟု ခေါ်ရန် ထိုက်တန်ပါသေးသည်။
“ညီစုန့်က ဒီလောက် အစွမ်းထက်ပြီး ဒေသခံအဖွဲ့အစည်း မရှိတာ.. နိုင်ငံ့ရုံးတော်ကို ဝင်ချင်လား မသိဘူး။ ကျွန်တော်ဝူက ခင်ဗျားလို သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားကို အမြဲတမ်း တလေးတစား ရှိပါတယ်”
ဝူဖေးယိက သတိလည်လာပြီးနောက် တစ်ဖက်လူအား မည်သည့် အဖွဲ့ကမှ မဟုတ်ကြောင်းကို သိလိုက်သည်။ ချက်ချင်းပင် ခေါ်ယူရန် ကြိုးစား၏။
ဟန်ကျောက်က ခေါင်းကိုယမ်းသည်။
“ခေါင်းဆောင်ဝူ.. ခင်ဗျားရဲ့ စိတ်ကောင်းအတွက် ကျွန်တော်ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်တော်က လွတ်လွတ်လပ်လပ်နေရတာ အသားကျနေပြီ။ ဒီအတိုင်းပဲ ကောင်းပါတယ်”
ထိုစကားကို ကြားရပြီးနောက် ဝူဖေးယိက အံ့ဩခြင်း မရှိပါ။ သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်ကို ဆွဲဆောင်ရန် လွယ်ကူခြင်းမရှိပါ။
“ဒါပေမယ့် နောင်မှာ အခုလို ပိုက်ဆံရှာနိုင်မယ့် တာဝန်မျိုးတွေရှိလာရင် ကျွန်တော်က လက်ခံလိုပါတယ်”
ဟန်ကျောက်က စကားပြောင်းလိုက်၏။ မည်သည်ကိုမှ အတိအကျ မပြောပေ။ ဘာပဲဖြစ်ဖြစ် သူဟာ နောင်တွင် တရားခံများကို ဖမ်းဦးမည် ဖြစ်ပြီး ဒီနေရာ၏ သတင်းအချက်အလက် ရရှိမှုမှာ သူ့အတွက် အလွန်အသုံးဝင်လှသည်။
“ဒါဆိုရင် တစ်နေ့မှာ ညီစုန့်နဲ့ အတူတူ အလုပ်လုပ်ရဖို့ မျှော်လင့်နေပါ့မယ်”
ဝူဖေးယိက ဝမ်းသာသွား၏။ တစ်ဖက်လူသာ ပြောင်ပြောင်တင်းတင်း မငြင်းပါက အခွင့်အရေးတစ်ခု ရှိနေသေးသည်ဟု ဆိုလိုသည်ပင်။ သူက အလျှင်လိုခြင်း မရှိပါ။ သို့ပေမယ့် ကောင်တီအုပ်ချုပ်သူဝူအား အမြန်ဆုံး တင်ပြမည်ဖြစ်သည်။
ဟန်ကျောက်က ခေါင်းညှိတ်ကာ မျက်နှာဖုံးကို ပြန်ဝတ်သည်။ ကောင်တာပေါ်ရှိ ဝရမ်းစာရွက်ကို ညွှန်ပြကာ ပြော၏။
“အစ်ကိုဝူ.. ကျွန်တော့ရဲ့ ဆုငွေရော”
“ကြည့်ပါဦး.. ညီစုန့်ကို ကြည့်ပြီး စိတ်လွင့်သွားတာ.. အဲ့အကြောင်းကိုတောင် မေ့သွားတယ်”
ဝူဖေးယိက နဖူးကို လက်ဖြင့်ရိုက်ကာ ပြောသည်။
ထိုအချိန်၌ ဘေးရှိ အမှုထမ်းက အနားသို့ကပ်ကာ တစ်ခုခုအား တီးတိုး၏။ ဝူဖေးယိက အံ့ဩသွားသည်။ ခေါင်းကိုမော့ကာ မေး၏။
“ညီစုန့်က.. ဆုငွေကို ရွှေနဲ့ လဲချင်တာ လေးလို့လား။ သယ်ရလွယ်ချင်ရင် ဘဏ်စာရွက်နဲ့လဲလို့လည်း ရတယ်”
“ဒါက ဝါသနာတစ်ခုပါ။ ကျွန်တော်က ရွှေကြိုက်လို့”
ဟန်ကျောက်က တည်ငြိမ်စွာ ပြောသ်ည။
ဝူဖေးယိင မှင်သက်သွား၏။ ပြုံးကာ ပြောသည်။
“ညီစုန့်က တကယ့်ကို အံ့ဩဖို့ကောင်းတာပဲ။ ဒါပေမယ့် ကျွန်တော်လည်း ရွှေကြိုက်တယ်”
“တစ်ဝက်ကို ရွှေနဲ့လဲပေးပါ”
ဟန်ကျောက်က ထပ်ပေါင်းပြောသည်။
“ပြဿနာမရှိဘူး။ ကျေးဇူးပြုပြီး ခဏစောင့်ပါ”
ဝူဖေးယီက ပြုံးကာ ပိုက်ဆံကို ကိုယ်တိုင်သွားထုတ်သည်။ ခဏအကြာ၌ အနီရောင် ပိတ်စနှင့် ဖုံးထားသည့် ဗန်းတစ်ခုကို သယ်ကာ ပြန်လာခဲ့သည်။ ကောင်တာပေါ်သို့ တင်ပြီး ဟန်ကျောက်ဆီသို့ တွန်းပေး၏။
ဟန်ကျောက်က ပိတ်စကို ဖယ်ကာ ကြည့်လိုက်သည်။ အတွင်းထဲတွင် ငွေနှင့်ရွှေတို့ ပြည့်နေ၏။ ငွေချောင်း၃၀နှင့် ရွှေချောင်း၃ခုတို့ ဖြစ်သည်။
“ခေါင်းဆောင်ဝူ.. ပိုက်ဆံက ပိုနေတာလား”
ဟန်ကျောက်က ဝူဖေးယိကို ကြည့်သည်။
“နည်းနည်းပါ။ ငွေ၃၀၀လျန်နဲ့ ရွှေ၃၀လျန်.. စုစုပေါင်း ၆၀၀လျန်.. ပြီးခဲ့တုန်းက ဆုငွေက ၅၀၀လျန်ရှိတာက ဘယ်သိုင်းသမားမှ ဒီတာဝန်ကို လက်ခံမယ်လို့ မထင်ထားလို့ပဲ။ အခု ညီစုန့်က တာဝန်ကို ပြီးမြောက်ခဲ့ပြီဆိုတော့ အပို၁၀၀လျန်ကို အစိုးရရုံးရဲ့ မိတ်ဆက်လက်ဆောင်အဖြစ် သတ်မှတ်လို့ ရပါတယ်”
ဝူဖေးယိက အပြုံးတစ်ခုနှင့် ရှင်းပြသည်။
“သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်ရဲ့ ဦးခေါင်းက ဒီလော်ကတော့ တန်တယ်”
“အဲ့လိုဆိုရင်.. ကျွန်တော်လည်း အားမနာတော့ဘူး”
ဟန်ကျောက်က တည်ငြိမ်စွာ ခေါင်းညှိတ်သည်။ မဟုတ်ပါက နောင်တဖြင့် လူတစ်ကိုယ်လုံး အစိမ်းရောင်ပြောင်းသွားနိုင်၏။
ဒီနေရာတွင် ငွေနှင့်ရွှေတို့၏ လဲလှယ်မှုအချိုးမှာ ၁အချိုး ၁၁ဖြစ်သည်။ သူနှင့် မိတ်ဆွေဖွဲ့ရန် ဝူဖေးယိက အပိုငွေ၁၀၀လျန်နှင့် ရွှေလဲလှယ်မှုအချိုးကို ၁အချိုး၁၀ဖြင့်သာ ပေးခဲ့၏။ စောစောကသာ သိပါက အားလုံးကို ရွှေနှင့် လဲလှယ်လိုက်ပါသည်။ ထိုသို့ဆိုပါက ငွေဆယ်ဂဏန်းလောက် မြတ်မှာပါ။
သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်ဖြစ်သည့် သူ့ကို မည်သူက အလွန် မွဲတေနေမည်ဟု ထင်မိမည်နည်း။
သို့ရာတွင် စုန့်ချွေ၏ ဂုဏ်သိက္ခာအတွက် သူ၏စကားကို ပြောင်းခြင်း မပြုခဲ့ပါ။
“ဒါဆိုရင် အရင်ဆုံး ကျွန်တော်သွားပါဦးမယ်”
ဟန်ကျောက်က ဝူဖေးယိကို လက်သီးနှစ်ဖက်ဆုပ်ကာ ပြောသည်။
“ညီစုန့်… ဂရုစိုက်ပါ”
ဝူဖေးယိက အပြုံးဖြင့် ပြော၏။
ဟန်ကျောက်ဟာ ဌာနမှ ထွက်ခွာသွားပြီးနောက် တောထဲတွင် ဝှက်ထားသည့် အထုပ်နှင့် ကြက်တို့ကို တစ်ခါတည်း သွားယူခြင်းမရှိပါ။ အဲ့ဒီအစား ပတ်ဝန်းကျင်တွင် အကြိမ်အနည်းငယ် လှည့်လည်၏။ မည်သူမှ လိုက်မလာကြောင်းအား သေချာပြီးမှသာ သွားယူသည်။
“စနစ်.. ငွေဖြည့်မယ်”
သူက အိတ်ထဲသို့ ငွေအား ထည့်သည်။ ထို့နောက် နှလုံးသားထဲ၌ ရေရွတ်ကာ ရွှေ၃၀တို့အား စနစ်အတွင်းသို့ ထည့်လိုက်၏။
“လက်ရှိကျန်ငွေ- ရွှေ၃၁လျန်”