← Chapters

(အဖော်ရှိလာခြင်း)

Vol. 4 Ch. 46

(အဖော်ရှိလာခြင်း)

Vol. 4 Ch. 46

ယုနင်ဟာ ဟန်ကျောက်၏ ဆန့်ကျင်ဘက်တွင် ဝင်ထိုင်၏။ အစားအသောက် ပူပူများကို ကြည့်သည်။ သူမဟာ အလိုလို တံတွေးမြိုချမိ၏။

“ဂလု..”

အသံက အလွန်ကျယ်သွားသည်ဟု ထင်လိုက်မိလို့လား မသိပေ။ ခေါင်းကိုအနည်းငယ်မော့ကာ ဟန်ကျောက်ကို တိတ်တဆိတ် ကြည့်၏။

“စိတ်ကြိုက်သာစားပါ”

ဟန်ကျောက်က ပြုံးကာ ကြက်ပေါင်တစ်ခုကို ယူပြီး ယုနျန်၏ ပန်းကန်ထဲသို့ ထည့်ပေး၏။

သွေးဆက်နွယ်မှုအရ တစ်ဖက်လူ၏ စိတ်အခြေအနေဟာ များစွာ ကောင်းမွန်လာကြောင်းကို ဟန်ကျောက်ခံစားရသည်။ ထိုအချိန်၌ စနစ်မျက်နှာပြင်ရှိ သိုင်းပညာဇယားကွက်အောက်တွင် အချက်အလက်အချို့ကို ရုတ်တရက် သူသတိထားမိလိုက်သည်။

အမည်- ယုနျန်(ရေခဲတေးသီငှက်- တစ်ဝက်တစ်ပြတ်နတ်ဆိုး)

ကျင့်စဉ်- မရှိ

ဟန်ကျောက်၏ အကြည့်ဟာ ယုနျန်ပေါ်သို့ ကျရောက်သွားသည်။ သူမ၏ စိတ်ခံစားချက် လှိုင်းထမှုတို့ကို ခံစားရပြီးနောက် အကြည့်ကို ပြန်ရုတ်လိုက်၏။

သူက ပေါက်စီတစ်လုံးကို ယူကာ နှစ်ကိုက်တည်းနှင့် စားပစ်လိုက်သည်။ ထို့နောက် ဝက်ခေါင်းသားကြီး တစ်ခုကို ယူကာ ဝိုင်တစ်ခွက်ကို ငှဲ့ပြီး တစ်ကျိုက်တည်း သောက်ချလိုက်၏။

ခဏအကြာ၌ သူ၏ စားသောက်နှုန်းဟာ တဖြည်းဖြည်း မြန်ဆန်လာခဲ့သည်။ ဒီအချိန်အတွင်းတွင် ဝါးသံ စားသံများမှ လွဲ၍ မည်သည့်အသံမှ ထွက်မလာပေ။ နှစ်ယောက်သားဟာ အစားအသောက်တွင်သာ အာရုံစိုက်ကြ၏။

ညစာစားပြီး‌နောက် ဟန်ကျောက်ဟာ ရေနွေးအိုးတည်ပြီး ယုနျန်အတွက် တစ်ခွက်ငှဲ့ပေးသည်။ ထို့နောက် ပြုံးကာ ပြော၏။

“အခု မင်းရဲ့အခြေအနေကို ငါ့ကို ပြောပြပါဦး”

ယုနျန်က ခေါင်းညှိတ်သည်။ ခေါင်းငုံ့ကာ ပြော၏။ “ကျွန်မ မှတ်မိတာတော့… ကျွန်မရဲ့ မိသားစုက ချူနိုင်ငံက တောင်ရွာငယ်လေး တစ်ခုမှာ နေပါတယ်။ ရွာက အရမ်းဆင်းရဲပြီး ကျက်တီးမြေမှာ အပင်စိုက်တာနဲ့ အမဲလိုက်တာကိုပဲ မှိခိုရှင်သန်ရတယ်။ အဖေက ဒေါသကြီးပြီး ကျွန်မကို မကြာခဏ အော်ငေါက်လေ့ရှိတယ်..”

ထိုအချိန်၌ ယုနျန်က ကြောက်ရွံ့စွာဖြင့် ဟန်ကျောက်ကို ကြည့်သည်။

ထိုပုံကို တွေ့ရပြီးနောက် ဟန်ကျောက်က ပြုံး၏။

“စိတ်မပူပါနဲ့.. ကိုယ့်ဘာသာ လေ့ကျင့်တာနဲ့ ရန်သူကို ရင်ဆိုင်တာကလွဲပြီး အခြားလူတွေအပေါ်မှာ ကျွန်တော်က ကြမ်းကြမ်းတမ်းတမ်း မရှိပါဘူး”

“နောက်ပိုင်း.. နောက်ပိုင်းမှာ ရွာကို ရဲမက်တစ်စု ရောက်လာကြတယ်။ သူတို့က ပိုက်ဆံနဲ့ အစားအသောက်တွေကို လုကြတယ်။ လူတိုင်းက ထွက်ပြေးကုန်ကြတယ်။ အမေနဲ့ ကျွန်မကို ကာကွယ်ဖို့အတွက် အဖေက သူတို့သတ်တာကို ခံလိုက်ရတယ်။ နောက်ပိုင်းမှာ အမေလည်း သေသွားခဲ့တယ်.. ကျွန်မ.. ကျွန်မထပ်ပြီး မမှတ််မိတော့ဘူး။ ဘယ်လိုလုပ်ပြီး ငှက်တစ်ကောင် ဖြစ်လာတာလဲ.. ကျွန်မက.. နတ်ဆိုးတစ်ကောင် မဟုတ်ပါဘူး”

ယုနျန်က ဦးခေါင်းကို ကိုင်ကာ ခန္ဓာကိုယ်ဟာ အဆက်မပြတ် တုန်ခါနေ၏။ သွေးဆက်နွယ်မှုမှ တစ်ဆင့် ဟန်ကျောက်လည်း သူမစကားဟာ အမှန်ဖြစ်သည်ကို သိပါသည်။

ယုနျန်၏ နှလုံးသားထဲရှိ အကြောက်တရားနှင့် ဝမ်းနည်းမှုတို့ကို ခံစားရပြီး မနေနိုင်ပဲ သက်ပြင်းချမိ၏။ ရံဖန်ရံခါတွင် ဓါးပြနှင့် ရဲမက်များဟာ ခြားနားခြင်း မရှိပေ။ ဤသည်မှာ ရှေးခေတ်လောက၏ အမှတ်တရားတစ်ခု ဖြစ်၏။

“မင်းမမှတ်မိရင်လည်း မတွေးနဲ့တော့”

ဟန်ကျောက်က ယုနျန်၏ဘေးသို့ လျှောက်သွားကာ သူမ၏ ဦးခေါင်းကို ညင်သာစွာ သပ်သည်။

ယုနျန်က ခေါင်းမော့ကြည့်၏။ သူမ၏ မျက်လုံးများဟာ နီရဲနေပြီး ငိုယိုမှုကြောင့် ရောင်ရမ်းနေပါသည်။ သူမဟာ လူများကို အလွန်ကြောက်လန့်၏။ သို့ပေမယ့် အကြောင်းပြချက် အချို့ကြောင့် ရှေ့ရှိ လူငယ်နှင့် ရင်းနှီးသည်ဟု နှလုံးသားအောက်ခြေမှ ခံစားနေရသည်။ သူမ၏ မိသားစုကို တွေ့ရသကဲ့သို့ ရှိနေ၏။

“အခုတော့ နင်ငါနဲ့ နေလို့ရတယ်။ ငှက်မဖြစ်ချင်ရင်လဲ ဒီအတိုင်းပဲနေ”

ဟန်ကျောက်က သူမကို ညင်သာစွာ နှစ်သိမ့်သည်။ ယုနျန်က ခေါင်းညှိတ်ကာ တိုးညှင်းစွာ ပြောသည်။

“ကျွန်မ အလကားမနေပါဘူး။ ချက်ပြုတ်တာနဲ့ ကျန်တာတွေ အများကြီးကို လုပ်တတ်တယ်။ အမေကျွန်မကို သင်ပေးထားတာ”

ဟန်ကျောက်ဟာ မှင်သက်သွားပြီးနောက် သူ၏မျက်နှာပေါ်၌ ပျော်ရွှင်မှုတို့ ပေါ်လာခဲ့သည်။

“ဒါဆိုရင် ကောင်းတယ်”

သူ၏ ငွေကြေးအခြေအနေ အရမ်းကြီး မကြပ်တည်းတော့ကတည်းက ဟန်ကျောက်ဟာ အခြေခံအားဖြင့် အပြင်မှာသာ စားသောက်လေ့ရှိသည်။ သူ့အနေနှင့် မည်ကဲ့သို့ ချက်ပြုတ်ရမည်ကို သိပေမယ့် အရသာက သိပ်မကောင်းပေ။

အဝတ်လျှော်ခြင်း၊ ချက်ပြုတ်ခြင်းနှင့် အခန်းသန့်ရှင်းရေး လုပ်ခြင်းကဲ့သို့ အိမ်အလုပ်များမှာ လွယ်ကူခြင်း မရှိလှပါ။ အစေခံတစ်ယောက် ထားရန်လည်း မတတ်နိုင်ပေ။ တတ်နိုင်လျှင်တောင် အနားတွင် လူပိုရှိခြင်းက လျှို့ဝှက်ချက်တို့ အလွယ်တကူ ပေါ်သွားနိုင်ပါသည်။ ယုနျန်၏ ပေါ်လာမှုက ထိုပြဿနာကို ဖြေရှင်းပေး၏။

“ဟုတ်ကဲ့… ကျွန်မ ကောင်းကောင်းလုပ်ပါ့မယ်”

ဟန်ကျောက်၏ တက်ကြွမှုသည့် လေသံကို ကြားရပြီးနောက် ယုနျန်လည်း စိတ်အေးသက်သာရာ ရလာခဲ့သည်။

“အခု ဗိုက်ပြည့်ပြီဆိုတော့ ငှက်လို ပြန်ပြောင်းနိုင်ပြီလား” ဟန်ကျောက်က စကားပြောင်းကာ ပြော၏။

“နင်လည်း တွေ့တာပဲ.. ငါက အရမ်းမချမ်းသာဘူး… အဲ့ဒါကြောင့် ရံဖန်ရံခါ အပြင်ထွက်ပြီး ပိုက်ဆံရှာရတယ်။ နင်သာ လူသားနဲ့ ငှက်အကြား စိတ်ကြိုက်ပြောင်းနိုင်ရင် ငါ့ကိုအများကြီး အကူအညီဖြစ်စေမှာ”

“ကျွန်မ ကြိုးစားကြည့်မယ်”

ယုနျန်က မရေရာစွာ ပြောသည်။ မျက်လုံးများကို မှိတ်ကာ မျက်မှောင်ကြုတ်သွား၏။

“ဖလက်”

ရေခဲပြာရောင် အလင်းတစ်ခု လက်သွားပြီး သူမ၏ အဝတ်များထဲတွင် မည်သည်တို့မှ မရှိတော့ပဲ အောက်သို့ ကျဆင်း၏။ တင့်တယ်သည့် အမွှေးအတောင်များနှင့် လက်ဖဝါးအရွယ် ငှက်တစ်ကောင်ဟာ အဝတ်စုံထဲမှ ထွက်လာခဲ့သည်။ အတောင်များကို ခတ်ကာ အခန်းထဲတွင် ပျံသန်း၏။

“ကျွန်မ ပြန်ပြောင်းလို့ရတယ်”

ယုနျန်၏ အနည်းငယ် ပျော်ရွှင်နေသည့် အသံက ပေါ်လာခဲ့သည်။ သူမဟာ ဟန်ကျောက်၏ လက်ဝါးပေါ်၌ နား၏။ ပြီးခဲ့တုန်းက အကြောင်းပြချက် မရှိစွာ ငှက်တစ်ကောင်ဖြစ်မည်ကို ကြောက်ရွံ့နေခဲ့သည်။ ယခုအချိန်တွင်တော့ သူမဟာ ဟန်ကျောက်ကို ကူညီနိုင်မှာဖြစ်၍ ဝမ်းသာနေ၏။

“အရမ်းကောင်းတယ်”

ဟန်ကျောက်က ယုနျန်ကို စားပွဲပေါ်တွင် တင်ကာ ကြမ်းပြင်ပေါ်ရှိ အဝတ်များကို ကောက်သည်။

“ငါအပြင်ထွက်လိုက်မယ်.. နင်ပြန်ပြောင်းလိုက်”

ထိုစကားနှင့်အတူ သူဟာ အဝတ်များကို အိပ်ယာပေါ်တွင် တင်ပြီး အခန်းအတွင်းမှ ထွက်ခဲ့၏။

ရံဖန်ရံခါတွင် လူတစ်ယောက်၏ ဘဝဟာ အလွန် အထီးကျန်စရာ ကောင်းနေတတ်သည်။ ကံဆိုးစွာပင် သူ့တွင် လျှို့ဝှက်ချက်များစွာ ရှိနေ၏။ ဝိညာဉ်အဆီအနှစ်လုံးကတင် လူသိရှင်ကြား ဖြစ်လို့မဖြစ်ပေ။ ယခုအချိန်၌ သူ့တွင် ယုနျန်ရှိလာပါပြီ။ သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိကာ သူ့ကို အဖော်ပြုနိုင်၏။ ကြည့်ရတာ မဆိုးလှပေ။

ကံဆိုးစွာပင် သူမဟာ ညှို့အားပြင်းသည့် မိန်းကလေးတစ်ယောက် မဟုတ်ပေ။

အခန်းထဲရှိ အဝတ်ဝတ်သုံကို ကြားရပြီးနာက် ဟန်ကျောက်၏ စိတ်ထဲတွင် ယုနျန်၏ ပိန်ပါးသည့် ပုံရိပ်က ပေါ်လာခဲ့သည်။ မနေနိုင်ပဲ ခေါင်းကိုယမ်းကာ ရယ်၏။ “သူမက ဘယ်လိုလုပ်ပြီး အဲ့လိုဖြစ်မှာလဲ။ ငါလည်း အတွေးလွန်နေတာပဲ”

နောက်တစ်နေ့တွင်…

ဟန်ကျောက်၏ မျက်လုံးများ ပွင့်လာခဲ့သည်။ ပြတင်းပေါက်ပြင်ပရှိ ကောင်းကင်ဟာ တောက်ပနေ၏။ နေ့စဉ်နေ့တိုင်း မနက်စောစော ထသည်မှာ သူ့အတွက် အလေ့အကျင့်တစ်ခု ဖြစ်နေပါပြီ။ ထို့ကြောင့် မည်သူကမှ နှိုးစရာမလိုပေ။

သို့ရာတွင် ဒီတစ်ကြိမ်တွင် ဟန်ကျောက်ဟာ ဟန်လင်း၏ အိပ်ယာမှ နိုးလာခဲ့ခြင်း ဖြစ်၏။ သူ၏ အိပ်ယာကိုတော့ ယုနျန်အား ပေးထားပါသည််။

သူဟာ အိပ်ယာပေါ်တွင် တင်ပျဉ်ခွေထိုင်ပြီး သက်ရှည်ကျမ်းကို လေ့ကျင့်ရန် ပြင်ဆင်သည်။ ရုတ်တရက် အစစ်အမှန်ချီ လှည့်ပတ်မှုဟာ ရပ်တန့်သွား၏။ အဘယ်ကြောင့်ဆိုသော် လိုက်ကာမှတစ်ဆင့် ယုနျန်၏ အိပ်နေရင်း ယောင်သည့် ပြောစကားများကို ကြားရသောကြောင့် ဖြစ်သည်။

ရုတ်တရက် အနားတွင် တစ်ယောက််ယောက် ရောက်ရှိလာခြင်းက အနည်းငယ် ထူးဆန်း၏။ သို့ပေမယ့် ဆိုးရွားစွာ ခံစားရခြင်း မရှိပေ။

ဤနည်းအားဖြင့် ဟန်ကျောက်ဟာ သက်ရှည်ကျမ်းကို လေ့ကျင့်ခဲ့သည်။ ခဏအကြာ၌ တစ်ဖက်မှ လိုက်ကာအား ညင်သာစွာ လှန်လာမှုကို အသံကြားရသည်။ ဟန်ကျောက်၏ မျက်လုံးများ ပွင့်လာပြီး လိုက်ကာထောင့်ကို မထားသည့် ယုနျန်အား တွေ့ရ၏။ သူ့ကို သိလိုစွာ ကြည့်နေပါသည်။

“ကျွန်မ.. ကျွန်မ တောင်းပန်ပါတယ်။ တမင်လုပ်တာ မဟုတ်ပါဘူး”

ယုနျန်ဟာ ထိတ်လန့်သွားသည့် ယုန်လေးတစ်ကောင်သဖွယ် ရှိနေ၏။ ဇက်ပုသွားပြီး လိုက်ကာကို အလျှင်အမြန် ချသည်။

“ရပါတယ်”

ဟန်ကျောက်က ပြုံးသည်။

ခဏအကြာ၌ လိုက်ကာတစ်ဖက်မှ အဝတ်ဝတ်သည့် အသံတို့ ပေါ်လာ၏။

“ကျွန်မ မနက်စာလုပ်ပေးမယ်”

ယုနျန်က အိပ်ယာမှ ထသည််။

“မလိုဘူး။ ပြီးရင် အပြင်မှာ ထွက်စားမယ်။ ဒီက ပတ်ဝန်းကျင်ကိုလည်း နင်ကြည့်လို့ရတာပေါ့”

ဟန်ကျောက်က ပြော၏။

“ဟုတ်ကဲ့ပါ အစ်ကို..ဟန်”

ယုနျန်၏ ညင်သာသည့် အသံက ပေါ်လာ၏။

“အိုကေ”

ဟန်ကျောက်က ပြန်ကြားပြီးနောက် မျက်လုံးများကို ပြန်မှိတ်သည်။ ကျင့်ကြံမှု ပြီးဆုံးပြီးနောက် သူဟာ အပေါ်ရုံကို ဝတ်ကာ ထလာ၏။ သစ်သားစားပွဲတွင် ငိုင်တိုင်စွာ ထိုင်နေသည့် ယုနင်ကို တွေ့ရသည်။

“သွားရအောင်”

ဟန်ကျောက်က လက်ကိုဝှေ့ကာ ပြောသည််။

“ဟုတ်ကဲ့”

“နောင်မှာ ငါ့ရဲ့ခွင့်ပြုချက် မရှိပဲနဲ့ နင်ငှက်လို ပြောင်းနိုင်တာကို ဘယ်သူ့ကိုမှ မသိစေနဲ့။ အထူးသဖြင့် မြို့ထဲမှာပဲ။ မဟုတ်ရင် ငှာသားဖြစ်ပြီး အစားခံရမယ်”

မထွက်ခွာခင်တွင် ဟန်ကျောက်က ယုနျန်ကို လေးနက်စွာ သတိပေးသည်။

ထိုစကားက ယုနျန်၏ မျက်နှာကို ကြောက်ရွံ့မှုဖြင့် ဖြူရော်သွားစေ၏။ သူမက လေးလံစွာ ခေါင်းညှိတ်သည်။

“ကျွန်မ.. ကျွန်မ သေသေချာချာ နားထောင်ပါ့မယ်”

“သွားရအောင်.. နင့်ကို ဒီကပတ်ဝန်းကျင်နဲ့ ရင်းနှီးအောင် ပြပေးမယ်”

သူမ၏ တုံ့ပြန်ပုံကို တွေ့ရပြီးနောက် ဟန်ကျောက်ဟာ ကလေးငယ်တစ်ယောက်ကို လိမ်လည်ခဲ့သကဲ့သို့ ခံစားရ၏။ မနေနိုင်ပဲ နှလုံးသားထဲတွင် ရယ်မိသည်။

All Chapters