← Chapters

(သိုင်းပြိုင်ပွဲ)

Vol. 4 Ch. 49

(သိုင်းပြိုင်ပွဲ)

Vol. 4 Ch. 49

အိမ်တွင် ဟန်လင်း၏ အဝတ်များ ရှိပါသေးသည်။ သို့ရာတွင် ၂မီတာနီးပါး ရှိရာ အသားကောင်းပေမယ့် ဟန်ကျောက်အနေနှင့် မဝတ်နိုင်ပဲ ရှိနေခဲ့၏။

သို့ရာတွင် ယုနျန်တွင် ကျွမ်းကျင်လိမ္မာသော လက်များ ရှိပါသည်။ သူမဟာ ဟန်လင်းချန်ခဲ့သည့် အဝတ်များကို ဟန်ကျောက်အတွက် သေးငယ်အောင် လုပ်ပေး၏။ အပြင်ဘက်မှ ဝယ်သည့် အဝတ်များထက်ပင် နိမ့်ကျခြင်း မရှိပေ။

ယုနျန်တွင် တိုက်ခိုက်မှုခွန်အား အများကြီး မရှိပေမယ့် အိမ်တွင်းရေးရာ စွမ်းရည်ကြောင့် ဟန်ကျောက်အတွက် ပြဿနာများစွာကို ဖြေရှင်းပေးပါသည်။ အိမ်ပြန်လာပြီးပါက ပူပူနွေးနွေး အစားအသောက်များက စောင့်ကြိုနေ၏။ အပြင်ဘက်တွင် ပိုက်ဆံရှာဖို့ကိုသာ အာရုံစိုက်ရန် လိုအပ်သည်။

ယောကျားတစ်ယောက်နှင့် မိန်းမတစ်ယောက်တို့ ပေါင်းလိုက်သည့်အခါ နှစ်ဖက်စလုံးဟာ သူတို့၏ စွမ်းရည်များကို ထင်ပေါ်စွာ ပြသလာနိုင်ကြသည်။

“ငါသာ တကယ်ပဲ နှစ်ပေါင်း၁၀၀၀၀နေနိုင်ရင် ယုနျန်ရဲ့ သွေးမျိုးဆက်ကို ဘိုးဘေးအဆင့်အထိ ရောက်ပြီး ဖီးနစ်တစ်ကောင် ဖြစ်လာအောင် လုပ်ပေးနိုင်မလား မသိဘူး” ထိုအတွေးဟာ ဟန်ကျောက်၏ စိတ်ထဲတွင် မြင့်တက်လာ၏။

မနေနိုင်ပဲ ရယ်မိသည်။

“အတွေးလွန်နေပြီ.. လက်ရှိ ဘဝကိုပဲ အရင်ကြည့်တာပေါ့”

ညစာစားပြီးနောက် ဟန်ကျောက်ဟာ ကုတ်ကိုဝတ်ပြီး သိုင်းကျောင်းတွင် လုယီကို သွားရှာဖို့ လုပ်၏။

“သိုင်းပညာများ- တောင်ခွဲဆေဘာအတတ်(ဒုတိယအဆင့် အသေးစားကျွမ်းကျင်မှု ၉၈%(အဆင့်မြှင့်တင်နိုင်)”

ဖြစ်နိုင်တာက ဒီအတောအတွင်း သူ့တွင် ပိုက်ဆံပေါနေပြီး တစ်နေ့တွင် ငါးနပ်စားလို့လား မသိပေ။ သို့ပေမယ့် သွေးစိတ်ဝိညာဉ်မူက သူ၏ သွေးချီများကို တိုးပွားစေသောကြောင့်လား မသိပေ။ ဟန်ကျောက်၏ တောင်ခွဲဆေဘာအတတ်ဟာ ကြီးစွာ မြင့်တက်လာပြီး အကြီးစားကျွမ်းကျင်မှုအဆင့်သို့ ဝင်ရောက်တော့မှာပါ။

ထို့ကြောင့် သူဟာ လုယီကို ရှာပြီး တောင်ခွဲဆေဘာအတတ်၏ အခြေခံပုံကြမ်းကို မြင်ယောင်ကာ ကျင့်ကြံမှုအမြန်နှုန်းကို တိုးမြင့်စေမည် ဖြစ်သည်။ ထိုနှုန်းအတိုင်းသာ ဆိုပါက သူ့အနေနှင့် မည်သည့်အမှတ်မှ ထပ်ပေါင်းမှု မပြုလျှင်တောင် ၂နှစ်အတွင်းတွင် အရိုးသန့်စင်ခြင်းအဆင့် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိလောက်မှာပါ။

တစ်နည်းအားဖြင့် သူဟာ အသက်၂၀ကျော်ရုံနှင့် တောင်ခွဲဆေဘာအတတ်၏ တတိယအဆင့်အထိ ကျင့်ကြံရန် အခွင့်အရေး ရှိကာ သွေးသန့်စင်ခြင်းအဆင့်သို့ တက်လှမ်းနိုင်မှာပါ။

လုယီဆီမှ သူကြားဖူးသည်။ ကျောက်နက်မြို့ရှိ အသန်မာဆုံးလူမှာ ကောင်တီအုပ်ချုပ်သူ ဖြစ်သည်။ သူဟာ လက်ရှိ ဝူမိသားစု၏ ခေါင်းဆောင် ဝူဒီဖြစ်၏။ ကောင်တီအုပ်ချုပ်သူဝူဟာ အလွန် ပါရမီမြင့်မားပြီး အသက်၁၉နှစ်တွင် သွေးသန့်စင်ခြင်းအဆင့်သို့ ချိုးဖျက်ခဲ့သည်။

သူဟာ ယခုအချိန်၌ အသက်၄၀သို့သာ ရောက်သေးပေမယ့် ခွန်အားသန့်စင်ခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ဖြစ်သည်။ ဆက်လက်မြင့်တက်ရန် ဖြစ်နိုင်ချေတို့ ရှိနေသည့်ပုံပါ။

ကောင်တီအုပ်ချုပ်သူတွင်တော့ ထိပ်တန်းမိသားစုတစ်ခုဖြစ်သည့် ဝူမိသားစု၏ သန်မာသည့် ထောက်ပံ့မှုတို့ ရှိနေပါသည်။ ဟန်ကျောက်မှာတော့ ကိုယ်တိုင်သာ ကြိုးစားနိုင်၏။

“ယုနျန်.. သိုင်းကျောင်းကို ငါသွားဦးမယ်။ တံခါးကို လော့ချထားဖို့ မမေ့နဲ့။ တစ်ယောက်ယောက်က ငါ့ကိုလာရှရင် သိုင်းကျောင်းကို လိုက်သွားခိုင်းလိုက်။ တံခါးကို ဘယ်သူ့အတွက်မှ ဖွင့်မပေးနဲ့။ နားလည်လား”

ဟန်ကျောက်က ခြံဝန်းအတွင်းသို့ လျှောက်ထွက်ရင်းမှ သတိပေးသည်။

“ဟုတ်ကဲ့ပါ အစ်ကိုဟန်”

ယုနျန်က ခေါင်းညှိတ်သည်။ ရုတ်တရက် မတ်တပ်ရပ်၏။

“ခဏ”

“ဘာဖြစ်လို့လဲ”

ဟန်ကျောက်က ရပ်တန့်သွားပြီး သူမကို ကြောင်တောင်စွာ ကြည့်သည်။

ယုနျန်က သူမလက်ရှိ ရေများကို အဝတ်နှင့်သုတ်ကာ ဟန်ကျောက်ဆီသို့ လျှောက်လာသည်။ လက်ကိုဆန့်ကာ သူ၏ အင်္ကျီကော်လံတို့ကို ချောမွေ့အောင် ပြင်ဆင်ပေး၏။

သပ်ယပ်စေပြီးနောက် ခေါင်းမော့ကြည့်လိုက်ချိန်တွင် လက်မအနည်းငယ်သာ ကွာဝေးတော့သည့် ဟန်ကျောက်၏ ချောမောသည့် မျက်နှာကို တွေ့ရသည်။ သူမဟာ လျှင်မြန်စွာ လက်ရုတ်သွားပြီး ခေါင်းငုံ့မိ၏။

“ရပါပြီ”

“အိုး.. ကျေးဇူးပါ”

ဟန်ကျောက်က ပြုံးကာ ခြံဝန်းအတွင်းမှ လျှောက်ထွက်လာခဲ့သည်။

…

သိုင်းကျောင်းဆီသို့ ဟန်ကျောက်ရောက်ရှိပြီးနောက် တပည့်များဟာ ခြံဝန်းတွင် စုစည်းပြီး အားဖြည့်စွပ်ပြုတ်အား တန်းစီယူနေကြောင်းကို တွေ့လိုက်ရသည်။

“ဟန်ကျောက်”

“စီနီယာအစ်ကိုဟန်”

ဟန်ကျောက်၏ ရောက်လာမှုကို တွေ့ရပြီးနောက် တစ်ယောက်ပြီးတစ်ယောက်က နှုတ်ဆက်ကြ၏။

ဟန်ကျောက်က ခေါင်းညှိတ်ကာ အတွင်းဘက်ခြံဝန်းဆီသို့ ဝင်ရောက်သွားသည်။ တစ်နှစ်ပြီးတစ်နှစ် ခြံဝန်းအတွင်းရှိ ရင်းနှီးသည့် မျက်နှာတစ်ဝက်လောက်ဟာ ပျောက်ကွယ်သွားတတ်သည်။

ဒီအချိန်၌ ဟန်ကျောက်ဟာ လွန်ခဲ့သည့် ၂နှစ်ကကဲ့သို့ ခြံထောင့်တွင် ရပ်နေသည့် ဘာမဟုတ်သည့် လူသစ်တစ်ယောက် မဟုတ်တော့ပေ။ အဲ့ဒီအစား တောင်ဖြိုလက်သီးသိုင်းကျောင်း၏ မျက်နှာသာတစ်ခု ဖြစ်လာ၏။

“စီနီယာအစ်ကိုဟန် ဒီအတောအတွင်း သိုင်းကျောင်းကို သိပ်မလာဘူးနော်။ သူဘာအလုပ်ကောင်းတွေများ တွေ့ထားလဲမသိဘူး”

“ဒီနေ့ ဆရာလုကို လာရှာတာဖြစ်မယ်။ ဖြစ်နိုင်တာက အဆင့်တက်မလို့များလား”

“ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မှာလဲ။ သူက ဒီနှစ်မှ ၁၈နှစ်ပဲ ရှိသေးတာကို။ သွေးသန့်စင်ခြင်းအဆင့်ကို ချိုးဖျက်နိုင်ရင် ပါရမီရှင်မဟုတ်တော့ဘူး။ မကောင်းဆိုးရွားလို့ ခေါ်လို့ရပြီ”

“ငါတော့ အစ်ကိုဟန်ကို တကယ်ပဲ အားကျမိတယ်။ သူ့ရဲ့ပါရမီမျိုး မရှိရင်တောင် ရုပ်ရည်လေးရှိလည်း မဆိုးဘူး”

တပည့်အသစ်များက ဆွေးနွေး‌ေပြာဆိုကြ၏။

ဟန်ကျောက်ဟာ အနောက်ဘက်ခြံဝန်းဆီသို့ တည့်မတ်စွာ လျှောက်လှမ်းခဲ့သည်။ လုယီဟာ ကုလားထိုင်ပေါ်၌ ထိုင်ကာ အစေ့များကို ဝါးနေခြင်း မပြုပါ။ သူ၏ပုံစံကို ကြည့်ရတာ တစ်ခုခု စိတ်မပျော်စရာနှင့် ကြုံနေသည့်ပုံပါ။

“ဆရာလု”

ဟန်ကျောက်က ရှေ့တက်သွားကာ လေးစားစွာ ဦးညွှတ်သည်။

ဟန်ကျောက်ကို တွေ့ရပြီးနောက် ယုယီက အမြန်မတ်တပ်ရပ်ကာ သူ၏လက်ကို ဆွဲပြီး အခန်းထဲသို့ လျှောက်ဝင်သွား၏။

“မင်းလာတာ အချိန်မှန်ပဲ။ ဒီအတောအတွင်း ဘယ်လောက် ပေါက်ရောက်နေပြီလဲ ကြည့်ရအောင်”

“ဆရာလု… ဘာဖြစ်လို့လဲ”

ဟန်ကျောက်မှာ ကြောင်တောင်နေ၏။

“ဝေခန်းဆိုတဲ့ ကောင်ကြောင့်ပေါ့။ သူ့တပည့်ကို ငါ့ကို လာကြွားပြနေတာလေ”

လုယီက မျက်မှောင်ကြုတ်သွားပြီး မပျော်ရွှင်စွာ ပြောသည်။

“သူ့သိုင်းကျောင်းမှာ မန်ကျစ်လို့ခေါ်တဲ့ လူတစ်ယောက်ရှိတယ်။ သူက အသက်၁၉နှစ်ပဲ ရှိသေးတယ်။ အရိုးသန့်စင်ခြင်းအဆင့် ပြီးပြည့်စုံခြင်းကို ရောက်နေပြီ”

“မနေ့က လူစုံတော့.. ဝေခန်းက.. သူ့မန်ကျစ်က အသက်၂၀မှာ သွေးသန့်စင်ခြင်းအဆင့်ကို ချိုးဖျက်ဖို့ အခွင့်အရေးရှိတယ်လို့ ပြောတယ်။ ပြီးတော့ ငါတို့သိုင်းကျောင်းမှာရော ဘယ်တော့လောက် သွေးသန့်စင်ခြင်းအဆင့် သိုင်းသမား ထွက်ပေါ်မှာလဲလို့ တမင်မေးလာတယ်။ ကျောက်မိုနဲ့ အခြား သောက်အဖိုးကြီးတွေကလည်း ဘေးကနေ လှောင်နေတာ။ ဘယ်လောက် ကျက်သရေမရှိလိုကလဲ”

လုယီက ဒေါသတကြီး ပြောသည်။

ဟန်ကျောက်၏ နှုတ်ခမ်းထောင့်များက တွန့်ကွေးသွား၏။ သူက မည်ကဲ့သို့ တုံ့ပြန်ရမည်မသိ ဖြစ်နေ၏။

တိမ်ပျံဆေဘာဓါး ဝေခန်းမှာ အသက်လေးဆယ်ကျော်ရုံ ရှိပြီး မြို့တွင်းရှိ ခွန်အားသန့်စင်ခြင်းအဆင့် ထိပ်တန်းသိုင်းသမားငါးယောက်ထဲမှ တစ်ယောက်ဖြစ်သည်။ လှံအရှင်သခင် ကျောက်မိုမှာ ကျောက်နက်မြို့ရှိ ဒုတိယအသန်မာဆုံး ဖြစ်သည််။ ကောင်တီအုပ်ချုပ်သူ ဝူဒီအောက်သာ ကျ၏။

မြို့ထဲရှိ သိုင်းသခင်များဟာ လျော့ရဲသည့် မဟာမိတ်အဖွဲ့တစ်ခုအဖြစ် ဖွဲ့ထားကြ၏။ သူတို့ဟာ အခြားအဖွဲ့အစည်းများကို ဆန့်ကျင်ရာတွင် ပူးပေါင်းကြပေမယ့် အတွင်းပိုင်းတွင် မတည့်မှုများ ရှိပါသည်။

အဖွဲ့တွင် ဓလေ့တစ်ခု ရှိ၏။ သွေးသန့်စင်ခြင်းအဆင့်သို့ တပည့်တစ်ယောက် ချိုးဖျက်တိုင်းတွင် သိုင်းကျောင်းများအားလုံးရှိ လက်ရွေးစင်တပည့်များကို စုစည်းကာ ယှဉ်ပြိုင်စေခြင်း ဖြစ်သည်။

ပထမဆုံး အနေနှင့် တပည့်များ၏ တိုက်ခိုက်မှု အရည်အသွေးကို လေ့ကျင့်ပေးရန် ဖြစ်သည်။ ဒုတိယအနေနှင့် သူတို့၏ သင်ကြားမှု စွမ်းရည်ကို ပြသကာ ဂုဏ်သတင်းအတွက် တိုက်ခိုက်ကြခြင်း ဖြစ်သည်။

“ငါ့တပည့်တွေထဲမှာ.. ဆေဘာအ‌ပေါ် မင်းရဲ့ နားလည်သဘောပေါက်နိုင်စွမ်းကအ မြင့်ဆံဒးပဲ။ မင်းမှာ တိုက်ခိုက်မှု အတွေ့အကြုံလည်း အတိုင်းအတာတစ်ခု ရှိတယ်။ တစ်နှစ်တည်းနဲ့ သွေးသန့်စင်ခြင်းအဆင့်ကို မင်းရောက်နိုင်မယ်လို့ မျှော်လင့်ဖို့ မဖြစ်နိုင်တာ ငါသိတယ်။ ဒါပေမယ့် လာမယ့် သိုင်းကျောင်းပြိုင်ပွဲမှာ စင်ပေါ်ကို မင်းတက်ရမယ်”

လုယီက ဟန်ကျောက်၏ ပုခုံးကို ပုတ်ကာ နက်ရှိုင်းစွာ ပြောသည်။

“အရိုးသန့်စင်ခြင်း အဆင့်တွေအကြားမှာ.. ငါတို့သိုင်းကျောင်းရဲ့ ဂုဏ်သတင်းအတွက် မင်းနာမည်ယူပေးရမယ်။ နားလည်လား”

သူ၏အသက်တွင် ရာထူးဂုဏ်သိမ်နှင့် ပိုက်ဆံတို့ဟာ လိုအပ်ခြင်း မရှိတော့ပေ။ ဆက်လက်အဆင့်မြင့်တက်ရန်လည်း မျှော်လင့်ချက်အများကြီး မရှိပါ။ သူတိုက်ခိုက်လိုသည်မှာ မာနကိုထိခိုက်၍ ဖြစ်၏။

ဟန်ကျောက်မှာ အကူအညီမဲ့နေသည့် ပုံပါ။

“ဆရာလု.. အရိုးသန့်စင်ခြင်းအဆင့်ရဲ့ ပြီးပြည့်စုံခြင်းကို ကျွန်တော်မှ မရောက်သေးတာ။ တိမ်ပျံဆေဘာကို ရင်ဆိုင်ဖို့က အဆင်ပြေသေးတယ်။ ဒါပေမယ့် အရှင်သခင်လှံက.. အနိုင််ရဖို့ အာမမခံနိုင်ဘူး။ ဘာပဲဖြစ်ဖြစ် လှံက ဆေဘာကို ကန့်သတ်နိုင်တာကို”

သူဟာ လှံအတတ်ကို ကျင့်ကြံသည့် သိုင်းသမားတစ်ယောက်ကို ကြောက်ရွံ့ခြင်းမရှိပါ။ သို့ပေမယ့် သူ၏ဝှက်ဖဲများ ပေါ်သွားမှာ စိုးရ၏။ တောင်ခွဲဆေဘာအတတ် တစ်ခုတည်းကို သုံးပါက အရှင်သခင်လှံအတတ်ကို ကျင့်ကြံထားသည့် အဆင့်တူသည့် သိုင်းသမားကို အလွယ်တကူ အနိုင်ယူနိုင်မည် မဟုတ်ပါ။

“ချီးထုပ်ပဲ”

လုယီက မနေနိုင်ပြ ကျိန်ဆဲသည်။ သို့ပေမယ့် ဟန်ကျောက်၏ အသွင်ကို တွေ့ရပြီးနောက် သူဟာ ရယ်ရမည်မသိ ငိုရမည်မသိ ဖြစ်သွားသည်။

“စောက်ကောင်လေး… မင်းက ဘယ်လိုလှည့်ကွက်သုံးရမယ်ပဲ အမြဲစဉ်းစားနေတယ်။ မင်းမှာ ဖုံးကွယ်ထားတဲ့ ခွန်အားမရှိဘူးလို့ ပြောရဲလား”

“ဆရာလု.. ဘာတွေပြောနေတာလဲ”

ဟန်ကျောက်က နေရခက်စွာ ပြုံးသည်။

“ဒီအချိန်အတွင်းမှာ… မင်းရဲ့ ကျင့်ကြံမှုအတွက် ဆေးစွပ်ပြုတ်ကို နှစ်ဆထောက်ပံ့ပေးမယ်။ အဲ့ဒီအပြင် မင်းရဲ့ သွေးချီမြင့်တက်ဖို့ သုံးလအကြာတိုင်းမှာ နတ်ဆိုးသားရဲအသား တစ်စိတ်တစ်ပိုင်းကို ပေးမယ်။ ဘယ်လိုလဲ”

လုယီက ဒေါသတကြီး ပြောသည်။

ထိုစကားကို ကြားရပြီးနောက် ဟန်ကျောက်၏ မျက်လုံးများက လင်းလက်သွား၏။ လေးစားစွာ ဦးညွှတ်ပြီး ပြောသည်။

“စိတ်မပူပါနဲ့ဆရာ.. ကျွန်တော် အကောင်းဆုံးလုပ်ပါ့မယ်”

နတ်ဆိုးသားရဲအသားမှာ ပိုက်ဆံနှင့် ဝယ်လို့မရသည့် ပစ္စည်းကောင်းဖြစ်သည်။ မိသားစုကြီးများနှင့် ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသမားများတွင်သာ ရရှိနိုင်သည့် လမ်းကြောင်းရှိသည်။ သူ့အနေနှင့် လွဲချော်လိုခြင်း မရှိပါ။

လုယီက ဟန်ကျောက်၏ နှာခေါင်းကို လက်ညှိုးထိုးကာ ဟာသနှောပြီး ပြောဆို၏။

“သောက်ကောင်လေး… မင်းက တကယ့်ကို အကျိုးအမြတ်မမြင်မချင်း ခေါင်းမညှိတ်ဘူး။ မင်းပြောတာကို မှတ်ထားနော်။ အဆင့်တူမှာ ရှုံးလို့ကတော့ မင်းကိုငါအလွတ်မပေးဘူး”

“ဒါနဲ့… မင်းငါ့ကို ဘာလို့လာရှာတာလဲ”

လုယီက စကားပြောင်းသွားသည်။

ဟန်ကျောက်က လေးနက်စွာ ပြော၏။

“ဒီအတောအတွင်း ကျွန်တော့ရဲ့ ဆေဘာအတတ် တိုးတက်လာလို့… အဲ့ဒါ ဆရာလုရဲ့ သင်ကြားမှုကို ခံယူဖို့နဲ့ အခြေခံပုံကြမ်းကို လေ့လာချင်တာပါ”

“သွားရအောင်.. ငါနဲ့လိုက်ခဲ့”

ထိုစကားကို ကြားရပြီးနောက် လုယီ၏ မျက်လုံးများက လင်းလက်သွား၏။ ဟန်ကျောက်ကို ဆွဲကာ အခန်းထဲသို့ ဝင်ရောက်သည်။

All Chapters