← Chapters

ဝတ်စုံစိမ်းနှင့်မိန်းကလေး

Vol. 4 Ch. 50

ဝတ်စုံစိမ်းနှင့်မိန်းကလေး

Vol. 4 Ch. 50

လုယီ၏ အရင်းအမြစ် ထောက်ပံ့မှုနှင့် ဟန်ကျောက်၏ ကျင့်ကြံမှုအမြန်နှုန်းဟာ ထပ်မံမြင့်တက်လာပြန်၏။ ဤနည်းအားဖြင့် နှစ်ဝက်တာအချိန်ဟာ မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားသည်။

ယနေ့တွင် ဟန်ကျောက်ဟာ ခြံဝန်း၏အလယ်တွင် ရပ်ကာ ပုံမှန်အတိုင်း ဓါးပျိုးထောင်ခြင်းကို လုပ်နေ၏။ သူ၏ မျက်လုံးများကို မှိတ်ကာ လက်ထဲရှိ သက်ခြွေဓါးပေါ်တွင် အာရုံစိုက်ထားသည်။

လေပြေက တိုက်ခတ်ဖြတ်သန်းသွား၏။ ကြွေကျနေသည့် ရွက်ဝါအချို့ကို ခြံဝန်းအပြင်ဘက်သို့ ခေါ်ဆောင်သွားသည်။ အရွက်နှစ်ရွက်ဟာ ဟန်ကျောက်၏ ရှေ့သို့ ကျဆင်းလာခဲ့၏။

“ကလန်”

ဟန်ကျောက်၏ မျက်လုံးများက ချက်ချင်းပင် ပွင့်လာခဲ့ပြီး ခါးရှိ သက်ခြွေဓါးဟာ ဓါးအိမ်မှ ထွက်လာခဲ့သည်။ ငရဲလှောင်ချိုင့်မှ ထွက်လာသည့် နဂါးတစ်ကောင်ကဲ့သို့ လေထဲတွင် ပြီးပြည့်စုံသည့် မျဉ်းကွေးတစ်ခု ပေါ်လာစေ၏။

“ဆွစ်”

အရွက်နှစ်ခုလုံးဟာ အလယ်မှ နှစ်ပိုင်းပြတ်သွားကြ၏။

“ကလန်”

ဟန်ကျောက်ဟာ လက်ထဲရှိ သက်ခြွေဓါးနှင့် လှပသည့် ဓါးပွင့်တစ်ခုကို ဆွဲထုတ်ပြီးနောက် တင့်တယ်စွာ ပြန်သိမ်းလိုက်သည်။

“ဒီဓါးစုဆောင်းခြင်း အတတ်က တကယ့်ကို ဆန်းကြယ်တယ်။ ဓါးကိုယ်ထဲမှာ ပျိုးထောင်ထားတဲ့ ဓါးချီကိုတောင် မသုံးသေးဘူး။ ရိုးရှင််းတဲ့ ဓါးကွက်တစ်ခုက အရမ်းကို ကြမ်းတမ်းနေပြီးပြီ။ ဓါးဆွဲထုတ်ခြင်း တစ်ကွက်ပဲရှိပေမယ့် ငါ့အတွက် အရမ်းသင့်တော်တယ်”

ဟန်ကျောက်၏ မျက်လုံးများက လက်သွား၏။ တစ်နှစ်နီးပါး ပျိုးထောင်ထားသည့် ဒီဓါးစွမ်းအင်ကို ခွန်အားအပြည့်သုံးကာ ထုတ်လွှတ်လိုက်ပါက မည်မျှ စွမ်းအားကြီးမည်လဲဟု အမှန်တကယ်ကို မသိနိုင်ပဲ ရှိနေ၏။

“ဒီဓါးချက်ကို လုံးဝ ထုတ်လွှတ်လိုက်ရင် ဆေဘာအတတ်ကို အားကုန်သုံးပြီး မင်းတိုက်ခိုက်တာထက် ခြောက်ဆ စွမ်းအားကြီးလိမ့်မယ်”

စနစ်၏ အချက်ပေးမှုက ပေါ်လာ၏။

“စွမ်းအားခြောက်ဆလား… ခွန်အားသန့်စင်ခြင်းအဆင့်ကို ခြိမ်းခြောက်နိုင်မလားဆိုတာ သိချင်လိုက်တာ”

ဟန်ကျောက်က စဉ်းစား၏။

“ဓါးနှင့်ဆေဘာအမွှာ ကျွမ်းကျင်မှုမှာ တိုးတက်လာခဲ့သည်။ ဆေဘာတာအို ပါရမီဟာ ငါးဆအထိ မြင့်တက်လာ၏။ ဓါးတာအို ပါရမီဟာ ငါးဆအထိ မြင့်တက်လာ၏”

“ဓါးနှင့်ဆေဘာအမွှာ၏ အရည်အသွေးက မြင့်တက်လာ၏”

“ပါရမီအဆင့်မြင့်သည်”

ဟန်ကျောက်က ဓါးထုတ်ခြင်းအတတ်၏ စွမ်းအားကို အံ့ဩနေစဉ် စနစ်မျက်နှာပြင်၌ အချက်ပေးစာသားတစ်ခု ပေါ်လာခဲ့သည်။

“ဓါးနှင့်ဆေဘာအမွှာ- အစိမ်းရောင်ပါရမီ- ဆေဘာနှင့်ဓါးပါရမီဟာ ငါးဆ မြင့်မားသည်။ ဆေဘာဆန္ဒနှင့် ဓါးဆန္ဒတို့အား နားလည်သဘောပေါက်ရန် ဖြစ်နိုင်ချေမှာ နှစ်ဆတိုးတက်လာသည်။(အမြင့်ဆုံးအဆင့်မှာ အပြာရောင်ဖြစ်သည်)”

“ဆေဘာဆန္ဒနဲ့ ဓါးဆန္ဒကို နားလည်နိုင်တာလား”

အပိုထပ်ဆောင်း အကျိုးအာနိသင်ကို တွေ့ရပြီးနောက် ဟန်ကျောက်၏ မျက်လုံးများက လင်းလက်သွားသည်။ ဆေဘာဆန္ဒနှင့် ဓါးဆန္ဒတို့အား မည်သည်တို့ ဖြစ်သည်ကို သူ့အနေနှင့် တိတိကျကျ မသိပေမယ့် အဆင့်နိမ်ပါးမည် မဟုတ်ကြောင်းကို သူတွေးမိသည််။

“ဆရာလုများ သိလားမသိဘူး”

သူက ကိုယ့်ကိုယ်ကိုယ် စဉ်းစား၏။ အခွင့်အရေးရှာကာ မေးမြန်းရန် စဉ်းစားသည်။

“အချက်ပေးအပိုင်းအစ ၃၀တို့ကို စုဆောင်းထားသည်။ သင်သည် ဝင်ရောက်ခွင့်တစ်ကြိမ်ကို ပေါင်းစပ်မည်လား”

“တစ်ကြိမ်ပေါင်းစပ်ခြင်း- အချက်ပေးအပိုင်းအစ ၂၀နှင့် ရွှေ၅လျန်တို့ကို…….”

ထိုအချိန်၌ အချက်ပေးစာသားတစ်ခု ပေါ်လာပြန်၏။

“ပေါင်းစပ်မယ်”

“သင်သည် တစ်ကြိမ်သုံး အခြေခံဝင်ရောက်ခွင့်(အစမ်းရှင်သန်ခြင်း)ကို ရရှိသည်။ အစမ်းရှင်သန်ခြင်းကို စတင်မည်လား”

“ဟင့်အင်း”

ဟန်ကျောက်က နှလုံးသားထဲတွင် ရေရွတ်သည်။ ဒီအတောအတွင်းတွင် သူဟာ ငြိမ်းချမ်းစွာ ကျင့်ကြံနေခဲ့ပြီး သူ၏ အနာဂတ်ကို သက်ရောက်နိုင်သည့် မည်သည်ကိုမှ မလုပ်ခဲ့ပေ။ ထို့ကြောင့် နောက်ဆုံး အစမ်းရှင်သန်မှုအရ ဆိုပါက လာမည့်ရက်အနည်းငယ် အတွင်းတွင် ရှလင်ဟာ သူ့ကို လာရှာလိမ့်မည်။ သူ့အနေနှင့် စောင့်စားလိုသေး၏။

“သိုင်းပညာများ- တောင်ခွဲဆေဘာအတတ် (ဒုတိယအဆင့် အကြီးစားကျွမ်းကျင်မှု ၆၅%)၊ သက်ရှည်ကျမ်း(တတိယအဆင့် စတင်ခြင်းအဆင့် ၁၉%)”

သိုင်းပညာ ကော်လံကို ကြည့်ကာ ဟန်ကျောက်ဟာ သူ၏ နေ့ရက်များအား ယခုကဲ့သို့သာ ဆက်လက်သွားနေရန် အမှန်တကယ် မျှော်လင့်မိသည်။

ကံဆိုးစွာပင် ပြီးခဲ့သည့် နှစ်ဝက်အတွင်းတွင် သူ၏ တောင်ခွဲဆေဘာအတတ်ဟာ ကြီးစွာ တိုးတက်လာပေမယ့် ငွေကုန်မှုမှာလည်း ကြီးမားလှသည်။

သူဟာ ကျန်ရှိသည့် ငွေ၂၀၀လျန်မှ တစ်ဝက်ကျော်ကို အသုံးပြုပြီး ဖြစ်၏။ ဤသည်မှာ လုယီဆီမှ ရရှိခဲ့သည့် အရင်းအမြစ်များကိုလည်း သုံးခဲ့၍ဖြစ်သည်။ ဒီနှုန်းထားကိုသာ ထိန်းသိမ်းနိုင်ပါက အလွန်ဆုံး နောက်တစ်နှစ်ခွဲတွင် တောင််ခွဲဆေဘာအတတ်၏ ဒုတိယအဆင့် ပြီးပြည့်စုံခြင်းသို့ ရောက်ရှနိုင်မှာပါ။

သို့ရာတွင် သူ၏ပိုက်ဆံအိတ်မှာ ထိုမျှအထိ တာရှည်ခံမည် မဟုတ်ပေ။ ပိုက်ဆံရှာရန် နည်းလမ်းတစ်ခုကို စဉ်းစားဖို့ လို၏။

သက်ရှည်ကျမ်းဟာ အကန့်အသတ်ကို ချိုးဖျက်ပြီးကတည်းက တိုးတက်မှု အလွန်နှေးကွေးလာခဲ့သည်။ ယခုကဲ့သို့ အချိန်အတော်ကြာတာတောင် ၉%သို့သာ ရောက်သေး၏။ သူ့တွင် ပိုက်ဆံနှင့် ယင်စွမ်းအင်တို့ လိုအပ်နေပါသည်။

ထိုအပြင် သွေးသန်စင်ခြင်းအဆင့်၏ ပထမဆုံး တစ်ဆို့မှုဟာ အလွယ်တကူ ချိုးဖျက်နိုင်မည် မဟုတ်ပေ။ ရှလင်၊ စုယွင်၊ ကျန်းထန်ဝမ်နှင့် လီဖေးတို့ဟာ ပါရမီနှင့် အရင်းအမြစ်တို့တွင် သူ့ထက် များစွာကျော်လွန်၏။ သို့ပေမယ့် သူတို့အားလုံးဟာ အရိုးသန့်စင်ခြင်းအဆင့် ပြီးပြည့်စုံခြင်းတွင် တစ်ဆို့နေကာ အဆင့်ချိုးဖျက်မှု မရှိသေးပေ။

ဟန်ကျောက်ဟာ သူ၏ အခြေခံနှင့် ကိုယ့်ဘာသာ ချိုုးဖျက်နိုင်ဖို့ မကြိုးစားချင်ပေ။ အကောင်းဆုံးမှာ စွမ်းရည်မှတ်များကို ပေါင်းထည့်ပြီး တစ်ခါတည်း အဆင့်ချိုးဖျက်ခြင်း ဖြစ်သည်။ ဤနည်းအားဖြင့် ဟန်ကျောက်ဟာ ကျင့်ကြံခြင်းဖြင့် နောက်ထပ် ရိုးရှင်းသည့် နေရက်ကို ဖြတ်သန်း၏။

…

နောက်တစ်နေ့ နေ့လည်တွင်..

ရှလင်၏ အစေခံက သူ၏အိမ်သို့ လာကာ ရှအိမ်တော်သို့ ဖိတ်ကြားသည်။ ဟန်ကျောက်က တစ်ဖက်လူကို အရင်ပြန်ခိုင်းလိုက်ပြီး နောက်မှ လိုက်လာခဲ့မည်ဟု ပြော၏။ အစေခံထွက်ခွာသွားပြီးနောက် သူက ချက်ချင်း လိုက်လံမှုမပြုပဲ အဲ့ဒီအစား အခန်းထဲသို့ ပြန်ဝင်ခဲ့သည်။

“စနစ်… အစမ်းရှင်သန်မှု စတင်မယ်”

“အသက်၁၉နှစ်တွင် ရှမိသားစု၊ စုမိသားစုနှင့် ကျန်းမိသားစုတို့ ပူးပေါင်းထားသည့် ကုန်တန်းဟာ ကျောက်စိမ်းလေမြို့သို့ ကုန်စည်များကို ပို့ရန် ထွက်ခွာ၏”

“သင်သည် ရှလင်၏ ကမ်းလှမ်းချက်ကို လက်ခံကာ ကုန်လှည်းနှင့် လိုက်ပါသည်”

“လဝက်ကြာပြီးနောက် ကုန်လှည်းဟာ တောတွင်းရွာငယ် တစ်ခုကို ဖြတ်သွားချိန်တွင် ထိုရွာ၌ ညအိပ်ရန် ဆုံးဖြတ်လိုက်ကြသည်။ ရွာထဲသို့ ဝင်ရောက်ပြီးနောက် သင်သည် တစ်ခုခု ထူးခြားနေသည့် ခံစားရ၏။ အဘယ်ကြောင့်ဆိုသော် အဆီအနှစ်ဝိညာလုံး၏ ယင်စွမ်းအင် စုပ်ယူမှုအမြန်နှုန်းဟာ ကြီးစွာ မြင့်တက်လာသောကြောင့် ဖြစ်သည်”

“ညအချိန်တွင် သင်တို့ဟာ မကောင်းဆိုးရွားများ၏ တိုက်ခိုက်မှုကို ခံရပြီး ကြီးစွာ ထိခိုက်ခဲ့၏။ သင်ဟာ ရွာမှ ထွက်ပြေးချင်နေသည်။ သို့ပေမယ့် ရွာထဲတွင် အဝိုင်းပတ်ကာ လျှောက်နေခဲ့ခြင်းသာ ဖြစ်ကြောင်းကို တွေ့လိုက်ရ၏”

“နောက်ဆုံးတွင် သင်၏ နည်းလမ်းအားလုံးကို အသုံးပြုကာ ရှလင်နှင့်အတူ ရွာမှ လွတ်မြောက်ခဲ့သည်။ သို့ပေမယ့် သင်၏ ဒဏ်ရာများဟာ ပေါ့သေးခြင်း မရှိပေ”

“သင်တို့ဟာ တာဝန်ကျရှုံးကာ ကျွမ်းကျင်သူများစွာတို့ကို ဆုံးရှုံးခဲ့ပေမယ့် သင်သည် ရှလင်ကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့သည်။ ဝိညာဉ်အဆီအနှစ်လုံးဟာလည်း များပြားလှသည့် ယင်စွမ်းအင်များကို စုပ်ယူခဲ့ပြီး အနက်ရောင်အတိ ပြောင်းနေပြီး ဖြစ်၏။ ပထမဆုံး ရရှိခဲ့စဉ်ကထက် ယင်စွမ်းအင် ပိုမိုများပြားစွာ ပါဝင်သည်”

“များပြားလှသည့် ယင်စွမ်းအင်များဟာ သင်၏ခန္ဓာကိုယ်အတွင်းတွင် ကိန်းအောင်းနေပြီး အနည်းငယ် မသက်သာစွာ ခံစားရသည်”

“လမ်းတွင် သင်သည် အစိမ်းရောင်ဝတ်စုံကို ဝတ်ထားသည့် အမျိုးသမီးငယ်တစ်ယောက်နှင့် ကြုံတွေ့ရ၏။ သူမက တဏှာရူးဟု အော်ကာ ဓါးထုတ်ပြီး သင့်ကိုထိုးသည်။ ထိုအကြောင်းကြောင့် သင်ဟာ ဒဏ်ရာရသွား၏”

“ကျောက်နက်မြို့သို့ ပြန်ရောက်ပြီး မကြာခင် သင်သည် ခန္ဓာကိုယ်အတွင်းတွင် စုရုန်းနေသည့် ယင်စွမ်းအင်လွန်ကဲမှုဖြင့် နာမကျန်းဖြစ်ကာ သေဆုံးခဲ့သည်”

“အစမ်းရှင်သန်မှု ပြီးဆုံးသည်။ သင်သည် အောက်ပါများထဲမှ တစ်ခုကို ရွေးချယ်နိုင်သည်”

“၁။ ပါရမီကိုရရှိခြင်း (ရွေးချယ်မှုမပြုနိုင်)”

“၂။ စွမ်းရည်မှတ်ကို ရရှိခြင်း”

“၃။ ဘဝအတွေ့အကြုံကို ရရှိခြင်း”

“လက်ရှိကျန်ငွေ- ရွှေ၂၁လျန်”

“????”

ဟန်ကျောက်၏ စိတ်ထဲတွင် ကြီးမားသည့် ကော်ရှင်မက်ကြီး ပေါ်လာ၏။ အစက အရာအားလုံးဟာ ကောင်းမွန်သည့် လာရာသို့ သွားနေခဲ့သည်။

ဝိညာဉ်အဆီအနှစ်လုံးဟာ စွမ်းအင်ဖြင့် ပြည့်နေပြီး သူဟာ ဒဏ်ရာအနည်းငယ်သာ ရခဲ့သည်။ ဒီအစိမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးဟာ ဘယ်နေရာက ရောက်လာသနည်း။ သူဟာ မည်သည့် ယန်ချီကိုမှ ထုတ်လွှတ်ခြင်း မပြုရသေးသည့် သန့်စင်သည့် လူငယ်တစ်ယောက် ဖြစ်သည်။ ဘယ်လိုလုပ်ပြီး တဏှာရူး ဖြစ်လာရသနည်း။

“ဖြစ်နိုင်တာက…”

ဟန်ကျောက်၏ မျက်ခုံးများက မြင့်တက်သွားပြီး တစ်ခုခုကို တွေးမိလိုက်သည်။ သူ့တွင် အစ်ကိုကြီး ဟန်ချန်း ရှိနေပါသေးသည်။

ဟန်ချန်းဟာ သူ့အသက် ခြောက်နှစ်တွင် ခရီးထွက်သွားပြီး ပြန်မလာခဲ့ပေ။ သူ၏ ပါရမီနှင့် အသက်ရှင်နေသေးပါက ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက် ဖြစ်လာရန် မဖြစ်နိုင်တာ မဟုတ်ပေ။ ဟန်ချန်းနှင့် သူဟာ ရုပ်ချင်းဆင်တူရာ ထိုကဲ့သို့ ဖြစ်ပွားရန် နားလည်လို့ရပါသည်။

သို့ရာတွင် ဟန်ချန်းသာ မသေပါက နှစ်ပေါင်းများစွာကြာသည့်တိုင် အဘယ်ကြောင့် ပြန်မလာရသနည်း။

“ဒီပြဿနာက တကယ်ပဲ ဟန်ချန်းကြောင့်ဆိုရင်.. အစမ်းရှင်သန်မှုမှာ ငါက တကယ့်ကို ကံဆိုးတာပဲ။ ဒါက ငါမခံရသင့်တဲ့ကပ်ဘေးပဲ”

“ဒါပေမယ့်.. ဟန်ချန်းနဲ့ငါက ဆယ်နှစ်တောင် ကွာတာကို.. ရုပ်ချင်းဆင်ရင်တောင် မှားစရာရှိမယ် မထင်ဘူး”

“ဖြစ်နိုင်တာက… ဝိညာဉ်အဆီအနှစ်လုံးနဲ့များ ပက်သက်နေတာလား”

ဟန်ကျောက်ဟာ မေးခွန်းတို့ဖြင့် ပြည့်နှက်သွား၏။ အချိန်အတော်ကြာအောင် စဉ်းစားပြီးသည့်တိုင် သဲလွန်စ ရှာမရပဲ ရှိနေပါသည်။ ထို့ကြောင့် အများကြီး မစဉ်းစားတော့ရန် ဆုံးဖြတ်လိုက်၏။

“ထားလိုက်ပါတော့.. အများကြီးတွေးနေလဲ ဘာသုံးရမှာလဲ။ အဲ့နေရာကို ရောက်ရင် နေရာမှတင် အစမ်းရှင်သန်ပြီး အမှတ်တွေထပ်ပေါင်းပစ်မယ်။ သူမ ဘယ်သူက ဘာအရေးကြီးလဲ။ ငါ့ကိုထိပါးရဲရင် ဓါးတစ်ချက်နဲ့ သတ်ပစ်မယ်”

“နံပါတ်နှစ်ကို ရွေးတယ်”

ဟန်ကျောက်က စိတ်ထဲတွင် ရေရွတ်သည်။

“စွမ်းရည်မှတ် +၃”

All Chapters