← Chapters

(ခရီးစဉ်)

Vol. 4 Ch. 51

(ခရီးစဉ်)

Vol. 4 Ch. 51

“သိုင်းပညာများ- တောင်ခွဲဆေဘာအတတ်(ဒုတိယအဆင့် အကြီးစားကျွမ်းကျင်မှု ၆၅%(အဆင့်မြှင့်တင်နိုင်)၊ အထူးသက်ရောက်မှု- စွမ်းအားပေါက်ကွဲခြင်း အဆင့်၂)”

ဟန်ကျောက်က သိုင်းပညာကို ကော်လံကို ကြည့်ကာ

ရေရွတ်သည်။

“တောင်ခွဲဆေဘာအတတ်ကို မြှင့်မယ်”

မျက်စိတစ်မှိတ်အတွင်းတွင် သူ၏ စွမ်းရည်မှတ်ဟာ ၃မှ ၂သို့ လျော့ကျသွား၏။ ထိုဖြစ်စဉ်တွင် တောာင်ခွဲဆေဘာအတတ်ဟာ ဒုတိယအဆင့်၏ ပြီးပြည့်စုံခြင်းအဆင့် ၂၁%သို့ ရောက်ရှိသွားသည်။ နောက်ထပ် တစ်မှတ်ကို ထပ်ပေါင်းပြီးနောက် ဒုတိယအဆင့်၏ ပြီးပြည့်စုံခြင်းအဆင့် ၇၂%သို့ ရောက်ရှိသွားသည်။

နောက်ဆုံးအမှတ်ဟာ သုညသို့ ပြောင်းလဲသွားပြီးနောက် သိုင်းပညာကော်လံဟာ ဝေဝါးသွားခဲ့သည်။ ဟန်ကျောက်၏ လက်မောင်းကြွက်သားများဟာ ပူလောင်လာပြီး ဖောင်းကြွလာသည်ဟု ခံစားရ၏။ သွေးချီများက ဆက်တိုက် မြင့်တက်ကာ ခန္ဓာကိုယ်အစိတ်အပိုင်း အားလုံးတို့ဆီမှ လက်ဆီသို့ စုရုံးလာကြသည်။

“သိုင်းပညာများ- တောင်ခွဲဆေဘာအတတ်(ဒုတိယအဆင့်၏ ပြီးပြည့်စုံခြင်းအဆင့် ၁၀၀%(အဆင့်မြှင့်တင်နိုင်)၊ အထူးသက်ရောက်မှု- စွမ်းအားပေါက်ကွဲခြင်း အဆင့်၃)”

“ဒါက တစ်ဆို့မှုလား”

ဟန်ကျောက်၏ မျက်ခုံးများက မြင့်တက်သွားသည်။ သူဟာ ထိုအမှတ်သုံးခုဖြင့် အဆင့်ချိုးဖျက်နိုင်မည်ဟု မျှော်လင့်ခဲ့၏။ သို့ရာတွင် သက်ရှည်ကျမ်းတုန်းက ဖြစ်စဉ်ကြောင့် သူဟာ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီး ဖြစ်သည်။

တစ်ဆို့မှုကိုသာ အလွယ်တကူ ချိုးဖျက်နိုင်ပါက လီဖေး၊ ကျန်းထန်ဝမ်၊ ရှလင်နှင့် စုယွင်တို့ နှစ်ပေါင်းများစွာကြာအောင် အရိုးသန့်စင်ခြင်း ပြီးပြည့်စုံခြင်း အဆင့်၌ အကြာကြီး ရပ်တန့်နေမည် မဟုတ်ပေ။

“အဆင့်ချိုးဖျက်နိုင်ဖို့ တစ်ကြိမ်လောက် အစမ်းရှင်သန်ဖို့ လိုသေးတယ်”

“ငါ့အထင်တော့ အဲ့ကိုရောက်ရင် ယင်စွမ်းအင် လုံလောက်လာမှာပါ”

ဟန်ကျောက်ဟာ တည်ငြိမ်လာခဲ့၏။

အမှတ်မပေါင်းခင်တွင်ပင် သူဟာ အစမ်းရှင်သန်မှု၌ ခက်ခဲမှုတို့ကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သည်။ ယခုအချိန်၌ ယင်စွမ်းအင်အချို့ ရလာပါက ထပ်မံအစမ်းရှင်သန်မှု ပြုကာ တောင်ခွဲဆေဘာဓါးသိုင်းဖြင့် သွေးသန့်စင်ခြင်း အဆင့်သို့ တက်ရောက်နိုင်ပါသည်။

ထိုအချိန်၌ သူ၏ သွေးချီများဟာ နှစ်ဆထပ်ဖြစ်သွားပြီး တိုက်ခိုက်မှု ခွန်အားဟာ ကြီးစွာ မြင့်တက်လာမှာ ဖြစ်၏။ ကံဆိုးစွာပင် တောင်ခွဲဆေဘာအတတ်၏ အထူးသက်ရောက်မှုမှာ စတင်ခြင်းအဆင့်မှ ဒုတိယအဆင့်၏ အကြီးစားကျွမ်းကျင်မှုအဆင့် စွမ်းအားပေါက်ကွဲမှု အဆင့်၂သို့သာ ရောက်ခဲ့သည်။ ပြီးပြည့်စုံခြင်း အဆင့်ကိုရောက်မှ နောက်ဆုံးတွင် အဆင့်တစ်ခု တိုးလာခဲ့၏။

သက်ရှည်ကျမ်းထက် အမှန်တကယ်ကို နိမ့်ပါသည်။

သူက အဝတ်များကို ပြင်ကာ ရှလင်ကို သွားတွေ့ရန် ပြင်ဆင်သည်။ ဆေဘာအတတ်ဟာ ကြီးစွာ မြင့်တက်လာပြီးနောက် ဗိုက်က ဆာလာပြန်လေသည်။

“ယုနျန်.. ငါအပြင်ကို ခဏသွားဦးမယ်။ အစားအသောက်အချို့ ပြင်ထားဦး။ ပြန်လာပြီးရင် စားမယ်”

မထွက်ခင်တွင် ဟန်ကျောက်က ယုနျန်ကို ညွှန်ကြားသည်။

…

သူဟာ မြို့အတွင်းပိုင်းရှိ ရှအိမ်တော်ဆီသို့ ရောက်လာခဲ့၏။ ဂိတ်စောင့်က သူ့ကို သွားရောက်သတင်းပို့စရာ မလိုဟုဆိုကာ အနောက်ဘက်ခြံဝန်းဆီသို့ တစ်ခါတည်း ခေါ်ဆောင်သွားသည်။

အနောက်ဘက်ခြံဝန်းသို့ ရောက်ရှိပြီးနောက် ရှလင်နှင့် စုယွင်တို့ဟာ ခြံဝန်းအတွင်းရှိ ကျောက်စားပွဲတွင် ထိုင်နေဆဲ ရှိကြသည်။ သို့ရာတွင် ဒီတစ်ကြိမ်တွင် ပိုးထည်ကို ဝတ်ဆင်ထားသည့် လူငယ်- ကျန်းဝူလည်း ရှိနေ၏။

“စီနီယာအစ်မရှ၊ စီနီယာအစ်မစု.. အစ်ကိုကျန်း”

ဟန်ကျောက်က သူတို့ကို နှုတ်ဆက်သည်။

“ဂျူနီယာမောင်လေးဟန်”

ရှလင်က အပြုံးတစ်ခုနှင့် နှုတ်ဆက်သည်။

“ဂျူနီယာဟန်”

စုယွင်၏ ဆက်ဆံမှုမှာ အရင်ကထက် များစွာ ပိုမိုကောင်းမွန်လာ၏။

“ဂျူနီယာညီ‌ေလးဟန်.. နောက်ဆုံးတော့ ရောက်လာပြီပေါ့။ ငါတို့တွေ မင်းကိုစောင့်နေတာ”

ကျန်းဝူက မတ်တပ်ရပ်ကာ ဟန်ကျောက်ကို သူ၏ဘေးသို့ ဆွဲသည်။

သူဟာ တောင်ခွဲဆေဘာ သိုင်းကျောင်းမှ မဟုတ်တာ ရှင်းလင်းလှပါသည်။ သို့ပေမယ့် ယခု သူ၏သဘောထားနှင့် အခေါ်အဝေါ်တို့ကို ကြည့်ကာ မသိသည့်လူများသာ ဆိုပါက အလွန် ဆက်ဆံရေး ကောင်းမွန်သည့် သိုင်းညီအစ်ကိုများ ဖြစ်သည်ဟု ထင်သွားမှာပါ။

“နောက်ကျသွားလို့ တောင်းပန်ပါတယ်”

ဟန်ကျောက်က ပြုံးကာ ထိုင်၏။ သူဟာ ကျန်းဝူ၏ စိတ်အားထက်သန်သည့် ပုံကို အသားကျခြင်း မရှိပေ။ တစ်ဖက်လူ၏ ပုံကို အနည်းငယ် အတုအယောင် ဆန်လွန်းသည်ဟု ခံစားရ၏။ ထို့ကြောင့် အမြဲတမ်း သတိမပြတ် ထားသည်။

သို့ရာတွင် အပြုံးမျက်နှာကို မရိုက်သင့်ဟူသည့် စကားလည်းရှိရာ သူဟာ လိုက်လျောညီထွေသာ နေနိုင်၏။ ဘာပဲဖြစ်ဖြစ် ကျန်းမိသားစုမှ အကျိုးအမြတ်အချို့ ရရှိထားပါသည်။ သတိထားဖို့သာ လို၏။

ဟန်ကျောက်က ထိုင်လိုက်ပြီးနောက် မေးသည်။

“စီနီယာအစ်မရှ.. ကျွန်တော့ကို ဒီကိုဘာလို့ ခေါ်တာလဲ မသိဘူး”

"အစ်ကိုရှင်းပြလိုက်မယ်”

ကျန်းဝူက ပြုံးကာ ပြောသည်။

“ဒီတစ်ကြိမ် ငါတို့ ကျန်းမိသားစုက လုပ်ငန်းကြီးတစ်ခုကို လက်ခံပြီး ကုန်စည်တစ်သုတ်ကို ကျောက်စိမ်းလေမြို့ကို သွားပို့မလို့။ ဒါပေမယ့် လူအင်အား နည်းနည်းလိုနေတာနဲ့ စုမိသားစုနဲ့ ရှမိသားစုကို အတူတူလုပ်ဖို့ ဖိတ်ချင်တာ။ ညီလေးဟန်ကို ခေါ်ရတာလည်း မင်းကို အဖွဲ့နဲ့ အတူလိုက်စေချင်လို့ပဲ။ အတင်းခေါ်တာတော့ မဟုတ်ဘူးနော်”

“ကောင်းပါပြီ”

ဟန်ကျောက်က ခေါင်းညှိတ်သည်။

“ညီလေးဟန်က တကယ့်ကို တည့်တိုးဆန်တာပဲ”

ကျန်းဝူက ရယ်ကာ ထပ်ပေါင်းပြောသည်။

“စိတ်မပူနဲ့။ ကျန်းမိသားစုနဲ့ စုမိသားစုက သွေးသန့်စင်ခြင်းအဆင့်က အကြီးအကဲနှစ်ယောက်စီလည်း ဒီခရီးစဉ်မှာ ထည့်လိုက်မှာ။ ရှမိသားစုကလည်း တစ်ယောက်ထည့်တယ်”

“အဲ့လိုဆိုရင်တော့ ကျွန်တော် စိတ်ချလက်ချ ရှိပါပြီ” ဟန်ကျောက်က ပြုံးသည်။ သို့ပေမယ့် သူဟာ ပဟေဋိဖြစ်နေ၏။ အစမ်းရှင်သန်မှုအရ သူတို့နှင့်အတူ သွေးသန့်စင်ခြင်းအဆင့် ခြောက်ယောက်တို့ ပါလာခဲ့သည်။

“ကောင်းပါပြီ။ ဒါဆိုရင် အတည်ဖြစ်ပြီနော်။ ငါးရက်ကြာပြီးရင် အရှေ့ဘက်ဂိတ်မှာ ငါတို့စုကြမယ်။ အခုတော့ လုပ်စရာရှိသေးလို့ ကျွန်တော်အရင်သွားလိုက်ပါဦးမယ်” ကျန်းဝူက အပြုံးတစ်ခုနှင့် မတ်တပ်ရပ်ကာ ထွက်ခွာတော့မှာပါ။ ကြည့်ရတာ ဟန်ကျောက်ကို ဒီသတင်းပို့ရန် တမင် စောင့်နေခဲ့ရဟန် ပုံပေါ်၏။

“အစ်ကိုကျန်း… နှုတ်ဆက်ပါတယ်”

ဟန်ကျောက်က မတ်တပ်ရပ်ကာ ပြောသည်။

“ညီလေးဟန်.. နောက်မှတာပေါ့”

ကျန်းဝူက ပြုံးကာ လက်ကိုဝှေ့ယမ်းသည်။

“ဟူး”

ခြံဝန်းအတွင်းမှ ကျန်းဝူထွက်ခွာသွားပြီး.. ခြေသံတို့ ဝေးကွာသွားပြီးနောက် ဟန်ကျောက်က သက်ပြင်းချသည်။

“ဘာဖြစ်လို့လဲ.. မောင်လေးဟန်… နင်လည်း ကျန်းဝူကို မျက်နှာချင်းဆိုင်ရမှာ ကြောက်တာလား”

ရှလင်က မျက်တောင်ခတ်သည်။

“ဒီကျန်းဝူက အရမ်းဟန်ဆောင်ပန်ဆောင် နိုင်လွန်းတယ်”

စုယွင်က ပြုံး၏။ သုံးယောက်လုံး၏ ရှားပါးစွာ တူညီသည့် သဘောထားကို တွေ့ရပြီးနောက် ဟန်ကျောက်က မနေနိုင်ပဲ ပြော၏။

“ကျန်းဝူနဲ့ယှဉ်ရင် ကျန်းထန်ဝမ်ရဲ့ မောက်မာတဲ့ပုံကမှ ပိုသဘောကျဖို့ကောင်းသေးတယ်။ ဒီကောင်က မျက်နှာပေါ်မှာ ခံစားချက်ကို ရေးထိုးထားတော့ နားလည်ရ အရမ်းလွယ်တယ်”

“ဂျူနီယာမောင်လေးဟန်.. နင့်စကားတွေက တကယ့်ကို အံ့ဩစရာပဲ”

ရှလင်က နှုတ်ခမ်းကိုအုပ်ကာ ရယ်၏။

‘ဘာကို ဟန်ကျောက်ရဲ့ စကားက အံ့ဩစရာလား။ နင့်ဘာသာကြိုက်နေတိုင်း’

ရှလင်၏ ကျီစယ်သည့် အကြည့်များကို သည်းခံနိုင်ခြင်း မရှိပဲ စုယွင်က လေသံမာကာ ပြောသည်။

“ရှလင်.. နင့်မှာ ဂျူနီယာဟန်ကို ပြောစရာ အရေးကြီးကိစ္စမရှိဘူးလား”

“ဟုတ်သားပဲ။ အရေးကြီးတာကို မေ့တော့မလို့”

ရှလင်က စုယွင်ကို မျက်စောင်းထိုးပြီးနောက် လေးနက်သည့် အသွင်ဖြင့် ပြောသည်။

“ဂျူနီယာမောင်လေးဟန်.. နင်လည်း ငါ့အခြေအနေကို သိတာပဲ”

“ငါ့မှာ လူအများကြီး မရှိဘူး။ သွေးသန့်စင်ခြင်းအဆင့်က အကြီးအကဲတစ်ယောက်ပဲ ငါ့ကို ထောက်ပံ့ပေးတယ်။ ကျန်နှစ်ယောက်က ငါ့ရဲ့ ဒုတိယအစ်ကိုကို ထောက်ပံ့ကြတယ်”

“အစ်ကိုကြီးကလည်း လက်ထပ်ပြီးခါစဆိုတော့.. ဒီအနည်းဆုံး အသွားအပြန် တစ်လလောက်ကြာမယ့် ခရီးမှာ မလိုက်ချင်ဘူး”

“အခုကိစ္စမှာ ငါ့ရဲ့ ဒုတိယအစ်ကိုကိုလည်း ဝင်မပါစေချင်ဘူး။ ဒါ့ကြောင့် စီနီယာစုန့်ကို နင်ကနေတစ်ဆင့် ဆင့်ခေါ်ချင်ယ်”

“စိတ်မပူပါနဲ့။ ဆုကြေးက များမယ်။ အခြား အကြီးအကဲတွေထက် နည်းမှာမဟုတ်ဘူး”

ဟန်ကျောက်ဟာ နားလည်လာခဲ့၏။ သွေးသန့်စင်ခြင်းအဆင့် တစ်ယောက်ကို ထပ်ပေါင်းပါက ရှယ်ယာအပို ရမှာပါ။ ရှလင်အနေနှင့် ထိုအကျိုးအမြတ်ကို သူမအစ်ကိုအား မပေးလိုပေ။ ထို့ကြောင့် စုန့်ချွေကို တွေးမိခြင်း ဖြစ်၏။

သို့ရာတွင် သူမမသိသည်ကား ဤသည်မှာ သေခြင်းရှင်ခြင်း တာဝန်တစ်ခု ဖြစ်နေသည်ကိုပင်။

အစက သူမဟာ ကျောက်ယွမ်ထုကို စဉ်းစားခဲ့သေး၏။ သို့ပေမယ့် ကျောက်ယွမ်ထုက မလိုက်ရာ သူမယုံကြည်ရသည့် အဆင့်မြင့် တိုက်ခိုက်ရေးသမား နည်းပါးနေပါသည်။

“ဝမ်းနည်းပါတယ် အစ်မရှ.. စီနီယာစုန့်က ကျောက်နက်မြို့ကနေ ဟိုတစ်လောက ထွက်သွားတယ်။ သူနဲ့ ကျွန်တော် အဆက်အသွယ်မရတာ ကြာပြီ”

ဟန်ကျောက် အကြောင်းပြချက် တစ်ခုကို ရှာသည်။ ပြီးခဲ့သည့် ရှစ်လအတွင်းတွင် သူဟာ အိမ်တွင်သာ ကျင့်ကြံနေခဲ့၏။ ထို့ကြောင့် စုန့်ချွေဟာ ပျောက်ကွယ်နေလေသည်။

“အဲ့လိုလား”

ရှလင်ဟာ အနည်းငယ် စိတ်ပျက်သွား၏။ သို့ပေမယ့် အပြုံးဖြင့်သာ ခေါင်းညှိတ်သည်။

“ငါနားလည်ပါတယ်”

“စီနီယာအစ်မရှ.. ဒီတစ်ကြိမ် အဖွဲ့နဲ့အတူ အစ်မလည်း လိုက်မှာလား”

ဟန်ကျောက်က မေးသည်။ သူဟာ ရှလင်မလိုက်ပါက အကောင်းဆုံးဖြစ်မည်ဟု မျှော်လင့်၏။ ထိုသို့ဆိုပါက သူ့အနေနှင့် စိတ်အေးသက်သာ လှုပ်ရှားနိုင်ပါသည်။ ရှလင်မှ လွဲ၍ အခြားလူများ သေမည်ကို သူဂရုမစိုက်ပေ။

“ဒါပေါ့။ ငါသွားဖို့လိုတယ်.. ဘာပဲဖြစ်ဖြစ် သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက် လိုနေတာကို။ ငါမလိုက်ရင် ဆုကြေးက ပိုတောင်နည်းသွားဦးမယ်”

ရှလင်က လေးနက်စွာ ပြောသည်။ ထို့နောက် စိတ်ဆိုးချင်ဟန်လုပ်ကာ ပြော၏။

“ဂျူနီယာမောင်လေးဟန်က အစ်မကို အထင်သေးတာလား။ အစ်မက အရိုးသန့်စင်ခြင်း ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်နေပါပြီနော်။ အလေးအနက်တိုက်ခိုက်ရင် နင်တောင် ငါ့ပြိုင်ဘက်မဟုတ်လောက်ဘူး”

“ဘယ်လိုလုပ်ပြီး ကျွန်တော်က အထင်သေးရဲမှာလဲ”

ဟန်ကျောက်က လက်ကိုမြှောက်ကာ အရှုံးပေး၏။ ရှလင်က စိတ်ပိုင်းဖြတ်ပြီးကတည်းက သူက တားလို့မကောင်းတော့ပေ။

သူမဟာ အရိုးသန့်စင်ခြင်းအဆင့်များ အကြားတွင် သန်မာလှသည်ဟု ယူဆနိုင်၏။ တောင်ခွဲဆေဘာအတတ်ကို အသုံးပြုပါက သူပင်လျှင် အလွယ်တကူ အနိုင်ယူနိုင်မည်ဟု မပြောရဲပေ။ ထို့အပြင် ရှလင်သွားပါက သူ့အနေနှင့် မှီခိုစရာ အဖော်တစ်ယောက် ရပါသည်။

“အခြားနည်းလမ်းမရှိရင်လဲ ရှမိသားစုက နောက်ထပ် အကြီးအကဲတစ်ယောက်ကိုပဲ ခေါ်လိုက်ပေါ့”

ဟန်ကျောက်က စကားပြောင်းကာ လေးနက်စွာ ပြောသည်။

“ကျွန်တော့အထင်တော့ ဒီကိစ္စက ရှကျင်မသိအောင် ဖုံးလို့ရမှာ မဟုတ်ဘူး။ ကျန်းဝူက သူ့ကို ဖိတ်ပြီးတာကြာပြီဖြစ်လိမ့်မယ်။ အဲ့လိုဆိုမှတော့ ဘာလို့ ကိုယ့်ဘာသာ စပြီး မပြောလိုက်မှာလဲ”

All Chapters