(ရွာ)
Vol. 4 Ch. 52
ဟန်ကျောက်၏အတွေးက ရိုးရှင်းသည်။ အခြား သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားများမှာ ရှလင်ဘက်မှ မဟုတ်ကတည်းက လိုက်ပါလာခိုင်းပြီး ဒီတာဝန်တွင် ရှင်းလင်းနိုင်ပါက အနာဂတ်တွင် မိသားစုအမွေအတွက် တိုက်ခိုက်ရာ၌ သူမအတွက် ပိုမိုလွယ်ကူသွားမှာပါ။
ဒီတာဝန်မှာ ခွန်အားနှင့် ရှင်သန်နိုင်မည့် အရေးဖြစ်၏။ သန်မာသူက ရှင်သန်ကာ အားနည်းသူက သေဆုံးရမှာ ဖြစ်သ်ည။ ဘာပဲဖြစ်ဖြစ် သူ့ကြောင့်မဟုတ်ပေ။ စုယွင်က ခေါင်းညှိတ်ကာ ပြောသည်။
“ရှလင်… ဂျူနီယာဟန်ပြောတာ ဟုတ်တယ်။ ကျန်းမိသားစုက နင့်အိမ်ကို လက်ထပ်ဖို့အတွက် ကမ်းလှမ်းတယ်မလား။ နင်ငြင်းလိုက်တယ်လေ။ ကျန်းဝူက ဘယ်ဘက်ကိုမှ ထိပါးမှာမဟုတ်ဘူး။ ဒါပေမယ့် နင့်အစ်ကိုကိုတော့ ပြောမှာပဲ”
ဟန်ကျောက်က အနည်းငယ် အံ့ဩသွား၏။ စုယွင်ကို သူ့စကားအား ထောက်ခံမည်ဟု ထင်မထားခဲ့ပေ။ ကြည့်ရတာ နောက်ဆုံးအကြိမ်ကတည်းက သူမ၏ သူ့အပေါ် သဘောထားကာ တိုးတက်လာခဲ့ဟန်တူသည််။ ဘယ်လောက် လက်တွေ့ကျလိုက်သနည်း။
“စုယွင်… နင်ဘာမဟုတ်တာတွေ ပြောနေတာလဲ။ ကျန်းမိသားစုက အဲ့အကြောင်းကို ဧည့်ခံပွဲမှာ ဒီအတိုင်း ပြောခဲ့ရုံပဲ။ လက်ထပ်ဖို့ကမ်းလှမ်းတယ်ဆိုတဲ့ အဆင့်လောက်ကြီး မရျိပါဘူး။ ငါက ကျန်းညီအစ်ကိုကိုလည်း လုံးဝ မကြိုက်ဘူး”
ရှလင်က ငြင်းကာ ဟန်ကျောက်ကို မျက်လုံးထောင့်မှ တိတ််တဆိတ် ကြည့်သည်။
ယ“ငါ့စကားရဲ့ အဓိကအချက်က အဲ့ဒါလား”
စုယွင်က စ၏။
“ငါသိတယ်။ ငါသိတယ်.. ပြန်ပြီးရင် ပြောလိုက်မယ်”
ရှလင်က မပျော်ရွှင်စွာ ပြောသည်။
“နင်သိတာ ငါ့ကိုအော်ဖို့ပဲ။ နင်ဘာလို့.. ဝူးးး”
ရှလင်က စုယွင်၏ နှုတ်ခမ်းကို အမြန်ပိတ်သည်။ နှစ်ယောက်သားဟာ စတင်ကစားကြ၏။
ထိုပုံကို တွေ့ရပြီးနောက် ဟန်ကျောက်က မတ်တပ်ရပ်ကာ သူမတို့ကို နှုတ်ဆက်သည်။ သူတို့ဟာ ငါးရက်အကြာတွင် ထွက်ခွာကြတော့မှာ ဖြစ်၏။ ထို့ကြောင့် ဟန်ကျောက်ဟာ ပြင်ဆင်မှုအချို့ လုပ်ရပေမည်။
…
ငါးရက်ကြာပြီးနောက်…
ကျောက်နက်မြို့၏ အရှေ့ဘက်ဂိတ်တွင်…
တင်းကြပ်သည့် ဝတ်စုံများနှင့် လက်နက်ကိုယ်စီကို ဆွဲကိုင်ထားသည့် သိုင်းသမား၃၀တို့ဟာ ကျုံးအပြင်ဘက်တွင် စုရုံးနေကြသည်။ သူတို့၏ ဘေးတွင် ကုန်စည်းများနှင့် ပြည့်နှက်နေသည့် လှည်းသုံးခုတို့ ပါရှိ၏။ သူတို့ထဲမှ ငါးယောက်ဟာ ရှေ့ဆုံးတွင် ရပ်နေသည်။ ယသိသာစွာပင် ထိုငါးယောက်၏ ရာထူးဂုဏ်သိမ်မှာ အခြားလူများထက် ပိုမိုမြင့်မား၏။
သူတို့ဟာ အတူတူ စကားပြောနေကြသည််။ အခြားလူများက သူတို့ငါးယောက်ကို ကြည့်ချိန်တွင် သူတို့ဟာ လေးစားမှု(သို့) အားကျမှု ပုံစံတို့ မသိမသာ ပေါ်လာကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုငါးယောက်တို့ အားလုံးမှာ သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားများ ဖြစ်သောကြောင့် ဖြစ်သည်။
သူတို့ဟာ ကျောက်နက်မြို့တွင် နာမည်ကြီးသည့် ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြ၏။ မြို့တွင်းပိုင်းရှိ ကျန်းမိသားစု၊ စုမိသားစုနှင့် ရှမိသားစုတို့မှ ဖြစ်ကြသည်။
ထိုအချိန်၌ တင့်တယ်သည့် အဝတ်အစားများနှင့် ယပ်တောင်ကို ကိုင်ဆောင်ထားသည့် လူငယ်တစ်ယောက်ဟာ ထိုငါးယောက်ဆီသို့ လျှောက်လှမ်းလာ၏။ သူက ယပ်တောင်ကို ဖြန့်ကာ အသာခပ်ရင်းက ပြောသည်။
“တတိယညီမက ဘာတွေလုပ်နေတာလဲ.. ဘာလို့ ဒီလောက်တောင် နှေးနေတာလဲ မသိဘူး။ လူတိုင်းကို စောင့်နေရစေပြီ”
ဤသည်မှာတော့ ရှကျင်ဖြစ်သည်။ ရှလင်ဆီမှ သတင်းရကတည်းက သူဟာ ကျန်းဝူဆီသို့ ချက်ချင်းပင် သွားရောက်လည်ပတ်သည်။ ဒီမနက်တွင် သူဟာ ရှမိသားစုမှ သူ့ကိုထောက်ပံ့သည့် အကြီးအကဲ စွမ်းယွမ်နှင့် မြို့အရှေ့ဘက်သို့ ထွက်ခဲ့၏။
“သူမက
တကယ့်ကို ယဉ်ကျေးမှု မရှိဘူး”
စွမ်းယွမ်က ထူးမခြားနားစွာ ပြောသည်။ အခြား သွေးသန့်စင်ခြင်းအဆင့် အကြီးအကဲလေးယောက်တို့က ထိုစကားကို ကြားရပြီးနောက် ဝင်မပြောကြပေ။ ဒီကိစ္စဟာ ရှမိသားစု၏ အိမ်တွင်းရေးကိစ္စဖြစ်၏။ သူတို့အနေနှင့် ဝင်ပါလိုခြင်း မရှိပေ။ မည်သည်ကမှ ဆက်လက်စကားဆက်ခြင်း မရှိရာ ရှလင်ဟာ ထိုစကားနှင့် ကုန်းတိုက်ခြင်း မပြုတော့ပေ။
သူက အပြုံးတစ်ခုကို ဖော်ထုတ်ကာ သွေးသန့်စင်ခြင်းအဆင့် အကြီးအကဲလေးယောက်တို့နှင့် စိတ်အားထက်သန်စွာ စကားလိုက်ပြောသည်။
“သူတို့ရောက်လာပြီ”
မည်သူက အရင်ပြောလိုက်လဲ မသိပေ။ လူတိုင်းဟာ မြို့ဂိတ်ဆီသို့ ကြည့်လိုက်ကြ၏။ ခရမ်းရောင်ဝတ်စုံနှင့် ဆံဖြူများရှိသည့် အဖိုးအိုတစ်ယောက်ဟာ မြို့အရှေ့ဘက်ဂိတ်မှ လျှောက်ထွက်လာခဲ့သည်။ သူ၏နောက်တွင် လူငယ်တစ်ယောက်နှင့် အမျိုးသမီးငယ်တစ်ယောက်တို့ ပါ၏။
ဘယ်ဘက်ရှိ လူငယ်ဟာ ချောမောကာ အပြာရောင် သိုင်းဝတ်စုံကို ဝတ်ဆင်ထားသည်။ ညာဘက်ရှိ မိန်းကလေးမှာ လှပသည့် ရုပ်ရည်ရှိကာ မျက်ခုံးများက ဖြောင့်စင်း၏။ သူမဟာ အစိမ်းရောင် သိုင်းဝတ်စုံကို ဝတ်ဆင်ထားသည်။
လူငယ်ဟာ အရပ်ရှည်ကာ သန်မာသည့် ခန္ဓာကိုယ်ရှိ၏။ ဤသည်က မိန်းကလေးကို သေးသွယ်သွားသည့်ပုံ ပိုပေါ်စေသည်။ သူမ၏ ခါးသွယ်သွယ်ဟာ ဖက်ဖို့သာ ဖြစ်နိုင်၏။ လူကို ဂရုဏာသက်စေသည့် ခံစားချက််ကို ပေးစွမ်းသည်။ နှစ်ယောက်သားဟာ အတူတူ ရပ်နေချိန်တွင် ပြီးပြည့်စုံသည့် စုံတွဲများနှင့် တူကြ၏။
ဤသည်မှာတော့ ဟန်ကျောက်နှင့် ရှလင်တို့ ဖြစ်ကြသည်။ ခရမ်းရောင်ဝတ်စုံနှင့် အဖိုးအိုမှာ ရှမိသားစုရှိ အကြီးအကဲ ဖုန်းရှောင်ဖြစ်၏။
“လူတိုင်းကို စောင့်နေရစေတဲ့အတွက် တောင်းပန်ပါတယ်”
ဖုန်းရှောင်က လက်နှစ်ဖက်ကို ဆုပ်ကာ သွေးသန့်စင်ခြင်းအဆင့် အကြီးအကဲ ငါးယောက်တို့ကို ပြောသည်။ “အကြီးအကဲဖုန်းက အားနာလွန်းနေပါပြီ”
“အခုက စထွက်မယ့်အချိန်မှ မရောက်သေးတာ။ ကျွန်တော်တို့ကသာ စောနေတာ”
ငါးယောက်သားက လက်သီးများကို ဆုပ်ကာ အလွန်ယဉ်ကျေးစွာ ပြန်ပြောကြသည်။
ဖုန်းရှောင်မှာ အသက်ကြီးနေပြီး ဖြစ်ကာ သွေးချီအထွတ်အထိပ် အဆင့်ကို ကျော်လွန်သွားတာ ကြာပြီဖြစ်ပြီး အတွင်းပိုင်းခွန်အားကို ဖမ်းဆုပ်ရန် ဖြစ်နိုင်ချေ မရှိပေမယ့် တတိယအဆင့် သွေးချီချိုးဖျက်မှုအဆင့်ရှိ သိုင်းသမားတစ်ယောက် အနေနှင့် အဖွဲ့တစ်ခုလုံးတွင် အဆင့်အမြင့်ဆုံး သိုင်းသမား ဖြစ်ပါသည်။ မည်သူကမှ မောက်မာစွာ ဆက်ဆံမည်မဟုတ်ပါ။
ထိုအချိန်၌ ခရမ်းရောင်ဝတ်စုံနှင့် သွေးသန့်စင်ခြင်းအဆင့် အကြီးအကဲတစ်ယောက်က အဖွဲ့၏ရှေ့သို့ သွားကာ လက်ဝှေ့ယမ်းပြီး ကျယ်လောင်စွာ ပြောသည်။
“လူစုံပြီ.. စတင်ထွက်ခွာမယ်”
ထိုလူ၏ အမည်မှာ ကျန်းလင်လုဖြစ်သည်။ သူဟာ ဒီတာဝန်၏ ခေါင်းဆောင်ဖြစ်၏။
“ဟုတ်ကဲ့”
သိုင်းသမားများဟာ စနစ်တကျ အတန်းလိုက်ဖြင့် လှည်းသုံးလှည်းတွင် နေရာယူကြ၏။ ရှကျင်က အပြုံးတုတစ်ခုကို ဖော်ထုတ်ကာ ရှေ့သို့ လျှောက်လာ၏။
“တတိယညီမ.. လုံခြုံတဲ့ခရီးဖြစ်ပြီး စောစောပြန်လာဖို့ ငါဆုတောင်းပေးပါတယ်”
ထိုပုံကို တွေ့ရပြီးနောက် ရှလင်က အပြုံးတစ်ခုဖြင့်သာ တုံ့ပြန်ရသည်။
“အစ်ကိုရှ.. ခင်ဗျားရော အဖွဲ့နဲ့မလိုက်ဘူးလား”
ဟန်ကျောက်က ရုတ်တရက် မေးသည်။ ရှကျင်သာ အတူတူပါလာပါက ရှလင်၏ ပြဿနာအားလုံးတို့ကို တစ်ခါတည်း ရှင်းလင်းပြီးသာ ဖြစ်ပေရော့မည်။
ထိုစကားကို ကြားရပြီးနောက် ရှကျင်က မှင်သက်သွားပြီး ချက်ချင်းပင် ခေါင်းကိုယမ်းသည်။
“ဒီလောက်ရှည်တဲ့ခရီးကို ငါမလိုက်တတ်ဘူး။ နှုတ်ဆက်ပါတယ်”
သူက ယပ်တောင်ကို ဝှေ့ယမ်းကာ မြို့တွင်းသို့ ပြန်လျှောက်ဝင်သွားသည်။
ဟန်ကျောက်၏ မျက်ခုံးများက မြင့်တက်သွား၏။
“ငါမင်းကို ရက်အနည်းငယ်လောက် ထပ်ပြီး နေခိုင်းလိုက်ဦးမယ်”
ကျောက်နက်မြို့မှ ကျောက်စိမ်းလေမြို့သို့ ပထမဆုံး ခရီးလမ်းတစ်ဝက်ဟာ လုံခြုံမှုမရှိကာ လမ်းကောင်း၏။ နောက်ပိုင်းတစ်ဝက်သာလျှင် လမ်းဆိုးသည်။ သို့ပေမယ့် လျှောက်လှမ်းရန် ခက်ခဲခြင်းမရှိပါ။
သို့ရာတွင် အကြောင်းပြချက် အချို့ကြောင့် ကျောက်နက်မြို့မှ ထွက်ခွာပြီး ခရီး၏ ဒုတိယတစ်ဝက်သို့ ရောက်ရှိကတည်းက အဖွဲ့ကိုဦးဆောင်သည့် ကျန်းလင်လုဟာ အမြဲတမ်း ချောင်အကျဆုံး လမ်းကြောင်းကိုသာ ရွေးချယ်တတ်သည်။
ဆယ်ရက်အတွင်းတွင် ပြီးမြောက်နိုင်သည့် ခရီးကို ဆယ့်ငါးရက်ကြာတာတောင် မပြီးမြောက်နိုင်ပဲ ဖြစ်စေမှာဟု ဟန်ကျောက်စဉ်းစား၏။ ဒီနေ့ညနေတွင်.. နေဟာ အနောက်အရပ်၌ တွဲခိုကာ.. ညနေနေရီဟာ ကောင်းကင်ကို နီရဲနေစေ၏။
ကျန်းလင်လုက တောအတွင်းရှိ လမ်းဆုံတစ်ခုတွင် ရပ်ကာ သားရေဖြင့်လုပ်ထားပုံ ပေါ်သည့် မြေပုံတစ်ခုကို ထုတ်ကြည့်သည်။ မကြာခင် သူက အရှေ့ဘက်လမ်းသို့ လက်ညှိုးထိုးကာ သူ၏နောက်ရှိ သိုင်းသမားများကို ပြောသည်။
“ဒီလမ်းကနေ ငါးမိုင်လောက်လျှောက်ပြီးရင် ရွယ်ငယ်တစ်ခုရှိတယ်”
“ကောင်းလိုက်တာ”
“နောက်ဆုံးတော့ တောထဲမှာ အိပ်စရာမလိုတော့ဘူးပေါ့”
“အခုတော့ အေးအေးချမ်းချမ်း အိပ်လို့ရပြီ”
သိုင်းသမားများက ဝမ်းသာစွာ အသံပြုကြသည်။ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းတွင် သူတို့ဟာ တောတောင်တွင်သာ အိပ်ခဲ့ရ၏။ ညအချိန်တွင် ဝံပုလွေအော်သံများကို မကြာခဏ ကြားရသည်။ မနေ့ညကဆိုလျှင် ဝံပုလွေရိုင်း၏ တိုက်ခိုက်မှုကိုပင် ခံခဲ့ရပြီး တစ်ဖွဲ့လုံး ကောင်းကောင်းမအိပ်ခဲ့ရပေ။
ဒီလောကတွင် အပြင်ဘက်၌ လှည့်လည်ရန်မှာ စိုးရိမ်စရာ ဖြစ်၏။ သားရဲရိုင်းများနှင့်် ဓါးပြများဟာ အသက်အန္တရာယ်ရှိသည့် အရာများ ဖြစ်ကြသည်။ တစ်နေ့တာလုံး ခရီးနှင်ပြီးနောက် ညအချိန်တွင် အနားယူနိုင်သည့် နေရာရှာတွေ့ခြင်းမှာ အလွန်ကောင်းမွန်လှသည်။
ထိုအချိန်၌ ဟန်ကျောက်က ရှေ့တက်လာ၏။
“အရှင်ကျန်း… အဲ့ရွာကို အရင်က ရောက်ဖူးလားဗျ”
“ငါတော့ တစ်ခါမှ မရောက်ဖူးဘူး။ ဒါပေမယ့် မြေပုံမှာ အမှတ်ရှိကတည်းက တစ်ယောက်ယောက်တော့ ရောက်ဖူးထားလိမ့်မယ်။ ဘာဖြစ်လို့လဲ”
ဟန်ကျောက်မှာ ကျန်းဝူတန်ဖိုးထားသည့်လူ ူာဖမးသာ့ဖြစ်သည်။ ထို့ကြောင့် ကျန်းလင်လုက ကောင်းမွန်စွာသာ ပြော၏။
“ဘာမှမဖြစ်ပါဘူး။ ကျွန်တော်က ဒီအတိုင်းမေးကြည့်တာ”
ဟန်ကျောက်က ခေါင်းကိုယမ်းကာ ဆက်လက်ပြောသည်။
“ကျွန်တော်က အဲ့လိုမျိုး တစ်ခါမှမရောက်ဖူးတဲ့ နေရာမှာဆို နေရတာ လုံခြုံတယ်လို့ မခံစားရတတ်ဘူး။ ဘာလို့ ဆက်မသွားမှာလဲ” သူက ခဏတာ စဉ်းစားသည်။ ဖြစ်နိုင်ပါက သူဟာ အဖွဲ့ကို ရွာကိုကျော်ပြီး သွားစေလို၏။ တာဝန်ပြီးမြောက်ပြီးမှ သူ့ဘာသာ သွားလို့ရပါသည်။ ဤသည်က ပိုမိုလုံခြုံ၏။ မည်သူ့ကိုမှ စိုးရိမ်စရာ မလိုတော့ပေ။ တစ်ချိန်တည်းတတွင် အဖွဲ့ရှိ ဒီလူများလည်း အလကားသေမှာ မဟုတ်တော့ပေ။ “ဘာပြဿနာမှ မရှိလောက်ပါဘူး” ကျန်းလင်လုက ပြန်ပြောသည်။ ထို့နောက် ခဏတာ စဉ်းစား၏။
“ဒါပေမယ့် မင်းပြောတာလည်း အဓိပ္ပာယ်ရှိတယ်”
“ဘာကိုလဲ.. တောထဲမှာကမှ ပိုအန္တရာယ်များတာ။ မနေ့ညကလည်း ဝံပုလွေတွေနဲ့ တွေ့ခဲ့ရသေးတယ်။ အနည်းဆုံးတော့ ရွာထဲမှာဆို အေးအေးဆေးဆေး ခိုနားရာရတာပေါ့”
“ဟုတ်တယ်။ ဘာအန္တရာယ် ရှိနိုင်မှာမို့လို့လဲ”
“ငါတို့တွေ ဒီလောက်လူများတာ.. မကောင်းတဲ့လူနဲ့ တကယ်ကြုံရရင်တောင်.. ကြောက်စရာမရှိပါဘူး”
“ဟန်ကျောက်.. မင်းက တော်တာ်ကြောက်တတ်တာပဲ။ တောထဲမှာနေချင်ရင် မင်းဘာသာ အပြင်မှာသွားအိပ်လှည့်”
ကျန်းလင်လုက ဟန်ကျောက်၏ စကားကြောင့် တုံ့ဆိုင်းသွားချိန်တွင် သိုင်းသမားများက ချက်ချင်းပင် အမြန်ဝင်ပြောကြသည်။ အချို့ဆိုလျှင် ရိုးပြစွာပင် ပြောသေးသ၏။ တောထဲမှာ အိပ်ရတာ အမှန်တကယ်ကို မသက်မသာ ဖြစ်လှသည်။
ထို့အပြင် လူပေါင်းများစွာ၏ မျက်လုံးထဲတွင် ဟန်ကျောက်ဟာ ဒီနည်းလမ်းဖြင့် အဖွဲ့အတွင်းတွင် နေရာရချင်နေသည်ဟု ခံစားရ၏။