← Chapters

(တည်းခိုရန် သွားရောက်ကြခြင်း)

Vol. 4 Ch. 53

(တည်းခိုရန် သွားရောက်ကြခြင်း)

Vol. 4 Ch. 53

“ငါတို့ဒီမှာရှိတာကို.. မင်းစိုးရိမ်ပေးရမယ့် အခြေအနေမဟုတ်ဘူး။ တကယ့်ကို ငရှုပ်ကောင်”

စွမ်းယွမ်က နှာခေါင်းရှုံ့သည်။ ရန်သူအဖွဲ့မှ အဖွဲ့သားဖြစ်သည့် ဟန်ကျောက်ကို ရင်ဆိုင်ရချိန်တွင် သူ၏ စကားများဟာ အလွန်ဆိုးရွားနေ၏။

“အကြီးအကဲစွမ်း.. ရှင့်စကားတွေက…”

ထိုစကားကို ကြားရပြီးနောက် ရှလင်က ချက်ချင်းပင် မပျော်မရွှင် ဖြစ်သွားပြီး ရှေ့သို့တက်ကာ ရန်တွေ့ချင်သွား၏။

ဟန်ကျောက်က သူမကို အမြန်ဆွဲကာ ပြောသည်။

“ထားလိုက်ပါတော့”

“ဟန့်”

စွမ်းယွမ်က နှာခေါင်းရှုံ့သည်။

အဖွဲ့အတွင်းရှိ သိုင်းသမားများ၏ ဝိုင်းဝန်းပြောဆိုမှုနှင့် ရှမိသားစုရှိ အကြီးအကဲ၏ တစ်ခါတည်း ရှုံ့ချမှုတို့ကြောင့် ကျန်းလင်လုဟာ လူအများ၏ စကားကိုသာ နားထောင်လိုက်သည်။

“အဲ့လိုဆိုမှတော့.. ရွာမှာ သွားနားကြတာပေါ့။ မှတ်ထားပါ.. ဘယ်သူမှ ကိုယ့်ဘာသာ လျှောက်ပြီး ဘာမှမလုပ်ကြနဲ့။ ညဂျူတီလည်း ထားမယ်”

သိုင်းသမားများဟာ ပျော်သွားကြ၏။ ဟန်ကျောက်၏ ပုံစံက ပုံမှန်အတိုင်းသာ ရှိသည်။ သူသာ ရလဒ်ကို မသိနေပါက ရွာထဲတွင် အိပ်ရသည်မှာ ပိုမိုလုံခြုံကာ အေးချမ်းသည်ဟု ခံစားရမှာပါ။

သို့ပေမယ့် ယခုတော့.. သေခြင်းရှင်ခြင်းဟာ ကံကြမ္မာအတိုင်းပင်။ ဘာပဲဖြစ်ဖြစ် ဒီလူများဟာ သူနှင့် ရင်းနှီးခြင်း မရှိကြပါ။ သူတို့ကို တားခဲ့ခြင်းကပင် စိတ်ကောင်းထားနေပြီး ဖြစ်၏။ ယခုအချိန်၌ ရွာထဲတွင် မကောင်းဆိုးရွားများ ရှိကာ အသက်သေရလိမ့်မည်ဟု သူက ပြောလျှင်တောင် မည်သူက ယုံကြည်မည်နည်း။

ခုနက လူတိုင်း၏ လှောင်ပြောင်မှုကိုတော့ သူဂရုစိုက်ခြင်း မရှိပါ။ သေမည့်လူများနှင့် စကားများခြင်းက ဘာရနိုင်မည်နည်း။

ပန်းတိုင်ကို အတည်ပြုပြီးနောက် လူတိုင်း၏ ခြေလှမ်းများဟာ တက်ကြွမြန်ဆန်လာခဲ့သည်။ ရွာဆီသို့ အမြန်နှင်ခဲ့၏။ မကြာခင် လူအုပ်ဟာ တောင်ငယ်တစ်ခုဆီသို့ ရောက်ရှိလာကသည်။

မီးခိုးခေါင်းတိုင်မှ မီးခိုးငွေ့များ မြင့်တက်မှုနှင့်အတူ ရွာငယ်တစ်ခုဟာ မြင်ကွင်း၌ ပေါ်လာခဲ့သည်။ အနိမ့်အမြင့် အိမ်များဟာ နေရာတစ်ခုလုံးတွင် ပြန့်ကြဲနေ၏။ အများစုမှာ ဟောင်းနွမ်းပြီး အနည်းငယ် ဖရိုဖရဲရှိသည်။

မညီညာသည့် မြေသားလမ်းပေါ်တွင် ကြက်များက အကြိမ်ကြိမ် ဖြတ်သွားနေ၏။ ခွေးများနှင့် ကလေးများ၏ ကစားမှုများလည်း ရှိသည်။ လူကြီးများ၏ အသံများကိုလည်း အကြိမ်ကြိမ် ကြားရ၏။ သူတို့ဟာ အားအင်ပြည့်ဝကာ အသက်ဝင်လှသည်။

ရွာ၏ ပတ်ဝန်းကျင်တွင် ရိုးရှင်းသည့် သစ်သားခြံစည်းရိုးရှိ၏။ အပေါက်များစွာတွင် ဝါးချွန်များဖြင့် ပြည့်နှက်နေသည်များလည်း ရှိသည်။

ရွာ၏ အဝင်တွင် မြစ်ငယ်တစ်ခု ရှိ၏။ ကျောက်တုံးများရှေ့တွင် မိန်းမငယ်အချို့ဟာ ထိုင်ရင်း သစ်သားတုတ်များဖြင့် အဝတ်များကို ထုရိုက်နေကြသည်။ သူမတို့ဟာ စကားပြောရင်း ကျွမ်းကျင်စွာ‌ လျှော်ဖွတ်နေကြ၏။

ထိုမြင်ကွင်းကို တွေ့ရပြီးနောက် ဟန်ကျောက်ဟာ မှင်သက်သွားသည်။ ဤသည်မှာ ရှင်းလင်းစွာပင်် အသက်ဓါတ်တို့နှင့် ပြည့်နှက်နေသည့် ရွာငယ်တစ်ခု ဖြစ်၏။ အမှန်တကယ်ပဲ ဒီနေရာဟုတ်ရဲ့လား။ အစမ်းရှင်သန်ခြင်းတွင် တိကျသည့် နေရာမပါပေမယ့် ဒီရွာတစ်ခုသာ ရှိပါသည်။

အဝတ်လျော်နေသည့် အမျိုးသမီးများက ဟန်ကျောက်တို့ကို အရင်သတိထားမိသည်။ သူတို့ကိုင်ဆောင်ထားသည့် လက်နက်မျာားကြောင့် သူမတို့၏ အဝတ်လျှော်နေမှုများဟာ ရပ်တန့်သွား၏။

ကျန်းလင်လုက ရှေ့သို့တက်ကာ သူ၏ ကြမ်းကြုတ်သည့် မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူက စကားပြောတော့မည် အပြုတွင် အမျိုးသမီးငယ် အားလုံးတို့ဟာ ကြောက်ရွံ့နေပုံ ပေါ်ကြောာင်းကို တွေ့ရ၏။

သူက မှင်သက်သွာားပြီး ခြေလှမ်းအနည်းငယ် ပြန်ဆုတ်သွားသည်။ မလှမ်းမကမ်းရှိ ဟန်ကျောက်ကို လှည့်ကြည့်ကာ လက်ယက်ခေါ်လိုက်၏။ ဟန်ကျောက်က လျှောက်လာ၏။ ကျန်းလင်လုက သူ၏ပုခုံးကို ပုတ်သည်။

“သွားပြီး သူမတို့ကို ရှင်းပြလိုက်”

“အာ.. ဟုတ်ကဲ့”

ဟန်ကျောက်က မှင်သက်သွား၏။ ထို့နောက် ရှေ့သို့တက်ကာ လက်သီးနှစ်ဖက်ကို ဆုပ်ပြီး စာပေသမားသဖွယ် ပြောသည်။

“မင်္ဂလာပါ မိန်းကလေးတို့.. ကျွန်တော်တို့က ကျောက်နက်မြို့က ကုန်သည်အဖွဲ့ပါ။ အခု အရမ်းနောက်ကျနေလို့ ခင်ဗျားတို့ရွာမှာ တစ်ညလောက် နေချင်ပါတယ်။ အဆင်ပြေလား မသိဘူး”

ဟန်ကျောက်၏ အရပ်ရှည်ကာ ချောမောသည့် အသွင်က ခုနက ကြောက်ရွံ့နေသည့် အမျိုးသမီးများကို ချက်ချင်းပင် တင့်တယ်စွာ ရယ်မောကြစေသည်။

“ဒီမောင်လေးက တကယ့်ကို နှုတ်ချိုတာပဲ။ အစ်မတို့ကလေးတွေတောင် ပြေးလွှားကစားတဲ့အရွယ် ရောက်ပြီ.. ဘယ်လိုလုပ်ပြီး မိန်းကလေးတို ဖြစ်မှာလဲ”

သူမက ပြောလိုက်ပြီးနောက် အမျိုးသမီးများထဲမှ တစ်ယောက်က သူမ၏နောက်ရှိ ညင်သာသည့် အသွင်နှင့် အမျိုးသမီးငယ်ကို လက်ညှိုးထိုးကာ ပြောသည်။

“ညအိပ်ညနေ နေချင်တယ်ဆို.. ဒေါ်လေးထောကို ပြောရမယ်။ သူမရဲ့အဖေက ထောယွမ်ရွာရဲ့ ရွာသူကြီးပဲ”

ညင်သာသည့် အမျိုးသမီးငယ်က ရှေ့သို့တက်ကာ ဦးညွှတ်သည်။

“ကျွန်မက ရွာလူကြီးမိသားစုကပါ။ ရွာထဲကလူတွေက ကျွန်မကို ဒေါလေးထောလို့ ခေါ်ကြတယ်။ ရံဖန်ရံခါ ကုန်သည်ခရီးသွားတွေ ဒီနားမှာ ဖြတ်သွားလေ့ရှိကြတယ်။ ဒါပေမယ့် အခုလို လူအများကြီးတော့ တစ်ခါမှ မလာတတ်ဘူး။ အဲ့ဒါကြောင့် အဖေ့ရဲ့ ခွင့်ပြုချက်က လိုပါတယ်”

ဒေါ်လေးထော၏ အသွင်မှာ တင့်တယ်၏။ သူမ၏ စကားလုံးများက ယဉ်ကျေးကာ စာပေတတတ်ထားသည့် ပုံပါ။

ဟန်ကျောက်က ပြုံးကာ ပြောသည်။

“ဟုတ်ကဲ့ပါ.. နှောင့်ယှက်မိပြီဗျ”

“သခင်လေး.. ကျေးဇူးပြုပြီး ကျွန်မနောက်က လိုက်ခဲ့ပါ” ဒေါ်လေးထောက အဝတ်များနှင့် တုတ်ကို ဇလုံထဲသို့ ထည့်ကာ မသည်။ သူမက ဟန်ကျောက်တို့ကို အိမ်သို့ ခေါ်သွားတော့မှာပါ။

ဟန်ကျောက်က သူမကို ခဏစောင့်ရန် ပြောကာ နောက်သို့ပြန်သွားပြီး ကျန်းလင်လုကို ရှင်းပြသည်။ ထို့နောက် ဒေါ်လေးထောနှင့် ရွာထဲသို့ လိုက်သွား၏။

ရွာထဲသို့ ခြေလှမ်းလိုက်သည်နှင့် ဟန်ကျောက်၏ လက်ကြားထဲရှိ ဝိညာဉ်အဆီအနှစ်လုံးဟာ အေးစက်စွာ ခံစားလာရသည်။ ယင်စွမ်းအင်ဟာ စတင်စုစည်းလာ၏။ မကြာခင် အချက်ပေးစာသားတစ်ခု ပေါ်လာခဲ့သည်။

“ယင်စွမ်းအင် စုစည်းနေသည်။ အစွန်းရောက် ယင်နှင့် မကောင်းမှုမြေ ဖြစ်သည်”

“ညအချိန်တွင် အန္တရာယ်ကြီးသည်”

“ညအချိန်တွင် အန္တရာယ်ကြီးသည်”

မည်သည့်လားရာကို ကြည့်လိုက်ကြည့်လိုက် ဟန်ကျောက်ဟာ တူညီသည့် အချက်ပေးချက်များ ပေါ်လာသည်ကို တွေ့ရ၏။

“အချက်ပေးအပိုင်းအစ ၂၀တို့ကို စုဆောင်းထားသည်။ သင်သည် ဝင်ရောက်ခွင့်ကို ပေါင်းစပ်မည်လား”

“အချက်ပေးအပိုင်းအစ ၃၀ကို….”

“အချက်ပေးအပိုင်းအစ ၄၀ကို…”

မကြာခင် အချက်ပေးအပိုင်းအစ ၄၅ခုသို့ ရောက်ရှိလာခဲ့သည်။ ဝိညာဉ်အဆီအနှစ်လုံးမှ ယင်စွမ်းအင်စုပ်ယူမှုဟာ အခြေခံအားဖြင့် ရပ်တန့်သွားပြီး ဆက်လက်တိုးပွားခြင်း မရှိတော့ပေ။ ယခုအချိန်၌ ဟန်ကျောက်၏ ခန္ဓာကိုယ်ထဲတွင် ယင်စွမ်းအင်အချို့ ရှိနေပါသေးသည်။

“ဘယ်လောက်ထူးဆန်းလိုက်လဲ”

သို့ရာတွင် ဟန်ကျောက်ဟာ ဒေါ်လေးထောကို ကြည့်လိုက်ချိန်တွင် သူမဟာ သာမန်လူတစ်ယောက် ဖြစ်သည်ဟုသာ အချက်ပေး၏။

သူက လျှောက်လှမ်းရင်းက ပတ်ဝန်းကျင်ကို ကြည့်ရှုခဲသည်။ ခဏတာ လမ်းလျှောက်ပြီးနောက် ဒေါ်လေးထောက ရပ်တန့်သွား၏ပြီး လမ်းကြားတွင် ကစားနေသည့် ကလေးတစ်ယောက်ကို လှမ်းခေါ်သည်။

“ဟိုင်ဝါ.. အိမ်ပြန်ပြီး ထမင်းစားကြမယ်”

မြင်းတစ်ကောင်ကဲ့သို့ ကုန်းကာ မြေပြင်ပေါ်တွင် ကစားသေနည့် ကလေးဟာ ဒေါလေးထော၏ ခေါ်သံကို ကြားနိုင်ခြင်းမရှိပါ။

“ဟိုင်ဝါ”

ဒေါလေးထော၏ အသံက ရုတ်တရက် မြင့်တက်သွား၏။ ခုနက သူမ၏ ညင်သာကာ တင့်တယ်သည့် အသွင်နှင့် လုံးဝ ဆန့်ကျင်နေပါသည်။

ရင်းနှီးသည့် အသံကို ဟိုင်ဝါကြားလိုက်ပြီးနောက် သူက ရုတ်တရက် ကြက်သီးထသွားပြီး ကိုယ်ကို အမြန်မတ်သည်။

“ဟားဟား..”

မြင်းစီးနေသည့် ကလေးဟာ သူ၏ ကြုံးထမှုကြောင့် ပြုတ်ကျသွားပြီး အခြားကလေးများကို ရယ်မောစေ၏။

“ငါမကစားတော့ဘူး။ အမေခေါ်နေပြီ”

ဟိုင်ဝါက ဒေါ်လေးထောဆီသို့ ပြေးလာခဲ့၏။

တစ်ခုခုကို တွေးမိသည့်အလား ဒေါ်လေးထောက နောက်သို့လှည့်ကာ ဟန်ကျောက်ကို အားနာစွာ ကြည့်သည်။ ဟန်ကျောက်က ပြုံး၏။

ဒေါ်လေးထောက ရှက်ရွံ့စွာ ပြုံးကာ ဆံပင်များကို သပ်သည်။ သူမ၏ လှုပ်ရှားမှုမှာ အနည်းငယ် ကြီးသဖြင့် လျော့ရဲသည့် အင်ဝတ်ဟာ အနည်းဟာ လျှောကျနေပြီး ရင်ဘတ်တွင် အသားပြင်နေရာကြီး ပေါ်လာခဲ့သည်။ သူမဟာ မည်သည့် အတွင်းခံကိုမှ ဝတ်ဆင်ထားခြင်း မရှိပေ။

ဟန်ကျောက်က သူမကို ကြည့်ကာ ချက်ချင်းပင် အဝေးသို့ အကြည့်လွှဲလိုက်၏။ ဒေါ်လေးထောက သူမ၏ အင်္ကျီကို နေရာချကာ ထိုင်လိုက်ပြီး ဇလုံကို အောက်သို့ချသည်။

“နင်ဟာလေ.. ရွှံ့တွေပေကုန်ပြီ”

သူမက အဝတ်စုတ်တစ်ခုကို ယူကာ ဟိုင်ဝါ၏ မျက်နှာကို သုတ်ပေးသည်။

“အမေ.. ဝူး.. ကျွန်တော့ဘာသာ လုပ်မယ်”

ဟိုင်ဝါက အမြန်ပြောကာ အဝတ်ကို ဆွဲသည်။

‘ဘယ်လောက် ကြည့်ကောင်းတဲ့ အစ်ကိုကြီးလဲ.. ဖြစ်နိုင်တာက သိုင်းလောကမှာ လျှောက်လှမ်းနေတဲ့ သူရဲကောင်းများလား..’

ဟိုင်ဝါက ဟန်ကျောက်ကို သိလိုစွာ ချောင်းကြည့်သည်။ ခါးရှိ ဆေဘာနှစ်ခုက သူ့ကို အားကျစေ၏။

မကြာခင် သုံးယောက်သားဟာ ရွာ၏ အဆုံးသို့ ရောက်ရှိလာခဲ့သည်။ ဟန်ကျောက်၏ ရှေ့တွင် ကြီးမားသည့် ခြံဝန်းတစ်ခု ရှိနေ၏။ အခြားလူများ၏ အိမ်များနျင့် နှိုင်းယှဉ်ပါက အစိမ်းရောင်အုတ်များနှင့် အနက်ရောင် တိုင်များက အလွန် မျက်စိစူးစရာ ကေင်းလှသည်။ ပတ်ဝန်းကျင်တွင် ကျောက်ခြံစည်းရိုးနံရံများလည်း ရှိ၏။

ရွာတစ်ခုလုံးက မကြီးပေ။ အိမ်အရေအတွက်အရ မိသားစု သုံးဆယ်လောက်သာ ရှိပါသည်။

“အဖိုး… အဖိုးရေ.. ဧည့်သည်ပါလာတယ်”

ခုနက အနည်းငယ် တည်ငြိမ်သွားခဲ့သည့် ဟိုင်ဝါဟာ အိမ်သို့ ရောက်ရှိပြီးနောက် ချက်ချင်းပင် တက်ကြွစွာ အော်၏။ အလယ်ရှိ အဓိကခန်းမအတွင်းမှ ပိန်လှီသည့် အဖိုးအိုတစ်ယောက်ဟာ ဂျိုင်းထောက်ကိုဆွဲကာ ထွက်ခဲ့သည်။ သူ၏ ညာခြေထောက်ဟာ ဗလာကျင်းလင်း ဖြစ်နေ၏။

“ဟိုင်ဝါ… ဖြေးဖြေးပြေးပါမြေးရဲ့.. လဲကျမယ်” အဖိုးကြီးက ချစ်ခင်ယုယသည့် အပြုံးတစ်ခုနှင့် ဟိုင်ဝါ၏ ခေါင်းကို ပုတ်သည်။ ဟန်ကျောက်ကို အထက်အောက်ကြည့်၏။

“မင်္ဂလာပါဆာ”

ဟန်ကျောက်က လက်သီးနှစ်ဖက်ကို ဆုပ်ကာ နှုတ်ဆက်သည်။

“အဖေ.. ဒီသခင်လေးက..”

ဒေါ်လေးထောက ရှေ့သို့တက်ကာ အခြေအနေကို ရှင်းပြသည်။ အဖိုးကြီးက ခေါင်းညှိတ်ကာ ဂျိုင်းထောက်နှင့် ဟန်ကျောက်ဆီသို့ လျှောက်လာ၏။

“ဦးလေးက ချန်းလျှိုပါ။ ထောယွမ်ရွာရဲ့ ရွာသူကြီးပေါ့။ ခရီးသွားတဲ့အခါ လူတိုင်းကတော့ အဆင်မပြေတဲ့အချိန်တွေ ကြုံရမှာပါပဲ။ ညီငယ်လေး… အခြားလူတွေကိုလည်း ခေါ်လိုက်လေ”

“ကျေးဇူးပါဆာ”

ဟန်ကျောက်က ကျေးဇူးတင်ကာ ရွာထဲမှ ထွက်ပြီး ကျန်းလင်လုတို့ကို သွားရောက်သတင်းပို့သည်။ ခဏအကြာ၌ လူအုပ်စုဟာ ဒေါ်လေးထော၏ ခြံသို့ ရောက်ရှိလာကြ၏။ လှည်းများက ခြံဝန်းအပြင်ဘက်တွင် ရပ်တန့်သွားသည်။

All Chapters