← Chapters

(အစမ်းရှင်သန်ခြင်း)

Vol. 4 Ch. 54

(အစမ်းရှင်သန်ခြင်း)

Vol. 4 Ch. 54

“လူကြီးမင်းတို့… ရွာက လူငယ်၊ လူရွယ် သန်မာတဲ့လူတွေအားလုံး စစ်ပွဲမှာ လူလိုလို့ တပ်ထဲကို ဝင်သွားကြပြီ။ ကျန်တာက အမျိုးသမီးနဲ့ ကလေးတွေချည်းပဲ။ အခြား ရွာသားတွေကို အနှောင့်အယှက် မဖြစ်အောင် လူတိုင်းကို ဒီညအတွက် ကျွန်တော့အိမ်မှာပဲ နေရာချပေးနိုင်ပါမယ်” ချန်းလျှိုက တောင်းပန်စွာ ပြောသည်။

ကျန်းလင်လုက လက်သီးနှစ်ဖက်ကို ဆုပ်ကာ ပြောသည်။

“အနားယူဖို့ နေရာရှိတာနဲ့တင် ကောင်းနေပါပြီ။ အလုပ်ရှုပ်စေမိပါပြီဗျာ”

သူက ပြောရင်းနှင့် သိုင်းသမားများကို လှည်းပေါ်ရှိ ကုန်စည်များအား ခြံထဲသို့ သယ်ရန် ညွှန်ကြားသည်။ မြက်ရှာကာ မြင်းများကို ကျွေးစေ၏။

၎င်းတို့ဟာ နိမ့်ကျသည့် မြင်းများသာ ဖြစ်ပေမယ့် ငွေ၁၀လျန်လောက် တန်ပါသေးသည်။ သာမန် သိုင်းသမားတစ်ယောက်ထက် ပိုမိုတန်ကြေးကြီး၏။

ချန်းမိသားစုတွင် သားငါးယောက် ရှိပါသည်။ ထို့ကြောင့် ခြံဝန်းအတွင်းတွင် အဓိကအိမ်၏ ဘေး၌ အဆောင်ငယ်ငါးခုတို့ ရှိ၏။ ချန်းလျှိုဟာ အဓိကအိမ်တွင် နေသည်။ ဒေါ်လေးထောနှင့် ဟိုင်ဝါတိုက တစ်ဆောင်ယူ၏။ အဆောင်ခန်းလေးခု ကျန်ပါသည်။

ကုန်တန်းတွင် စုစုပေါင်း သိုင်းသမား ၃၂ယောက်တို့ ပါ၏။ သုံးယောက်ဟာ ကုန်စည်များကို ကြည့်ရန် ညအချိန်၌ လှည်းအတွင်း၌ နေမည်ဖစ်သည်။ ၂၉ယောက်တို့ ကျန်၏။

ထိုအထဲတွင် ရှလင်နှင့် အမျိုးသမီးသိုင်းသမား ခြောက်ယောက်တို့က တစ်ခန်းယူသည်။ သုံးခန်းကျန်၏။ နှစ်ခန်းတွင် ခုနစ်ယောက်စီနေကာ တစ်ခန်းတွင် ရှစ်ယောက်နေသည်။

ဟန်ကျောက်ဟာ ကံဆိုးစွာပင် လူရှစ်ယောက်အခန်းသို့ ကျ၏။ လူတိုင်းက အဓိကအိမ်သို့ ပြန်လာပြီးနောက် ချန်းလျှိုက ဒေါ်လေးထောနှင့် ဟိုင်ဝါတို့ကို ရှည်လျားသည့် ထိုင်ခုံအချို့ကို ယူခိုင်းသည်။ အခြား သိုင်းသမားများ၏ ရပ်နေရမှုကို တွေ့ရပြီးနောက် သူက တောင်းပန်၏။

“ကျွန်တော့အိမ်မှာ ပရိဘောဂက အများကြီး မရှိဘူး။ လစ်လျူရှုမိသလိုဖြစ်ရင် တောင်းပန်ပါတယ်”

“သူတို့အားလုံးက လူကြမ်းကြီးတွေပါ။ စိတ်မပူစရာ မလိုပါဘူး”

ကျန်းလုလင်က လက်ကိုယမ်းကာ ဆက်လက်ပြောသည်။

“အဘအိမ်မက မီးဖိုကို ကျွန်တော်ငှားချင််လို့ဗျ.. ရေနွေးအချို့တည်ပြီး ရိက္ခာခြောက် စားမလို့ပါ။ အဆင်ပြေလား မသိဘူး”

“ရတာပေါ့”

ချန်းလျှိုက ဒေါ်လေးထောက်ကို အမြန်ညွှန်ကြားသည်။ “ဒေါ်လေးထော.. ရေနွေးသွားတည်ပေးပြီး စားစရာအချို့ စီမံပေးလိုက်”

“မဟုတ်တာ.. ဘယ်ဖြစ်မှာလဲ”

ကျန်းလင်လုက အမြန်ငြင်းသည််။

“ဒီကိုရောက်မှတော့ ကျုပ်တို့ရဲ့ ဧည့်သည်ပဲပေါ့။ အားနာနေဖို့ မလိုပါဘူး”

ချန်းလျှိုက ခိုင်မာသည့် သဘောထားဖြင့် ပြောသည်။ ကျန်းလင်လုမှာ မငြင်းနိုင်ပဲ ဖြစ်သွား၏။

ထို့ကြောင့် သူက ကြေးပြားအချို့ကို ထုတ်ခိုင်းကာ အဖိုးအိုကို အစားအသောက်အတွက် ပေးစေသည်။ ချန်းလျှိုက ငြင်းဆန်ပြီးနောက် ငွေကို လက်ခံရန်သာ တတ်နိုင်၏။ ထိုပုံကို တွေ့ရပြီးနောက် ဟန်ကျောက်ကလည်း ပိုက်ဆံကို ထုတ်သည်။

ထို့နောက် ကျန်းလင်လုက အမျိုးသမီး သိုင်းသမားအချို့ကို မီးဖိုချောင်သို့ သွားကူခိုင်း၏။ သူစိမ်းများနှင့်ဖြစ်ရာ သတိထားဖို့ လိုအပ်ပါသည်။

ဒေါ်လေးထောက မီးဖိုသို့ သွားပြီးနောက် ကျန်းလင်လုက ဘာမောက်မာမှုမှ မရှိပဲ ချန်းလျှိုနှင့် အတူထိုင်ကာ ငယ်ဘဝအကြောင်းများကို ရောက်တတ်ရာရာ ပြောဆိုကြသည်။

ဟန်ကျောက်က ကျန်းလင်လု၏ နံဘေးသို့ လာကာ တီးတိုး၏။

“အရှင်ကျန်း.. ကျွန်တော် ဈေးသွားဝယ်လိုက်ပါဦးမယ်”

“သွားလေ”

ကျန်းလျှိုက ခေါင်းညှိတ်သည်။ ဟန်ကျောက်ဟာ ခြံဝန်းမှ ထွက်ခွာပြီး ရွာကို ထပ်မံ စူးစမ်းရန် ပြင်ဆင်၏။

မကြာခင် သူဟာ ရွာအဝင်ဝသို့ ရောက်ရှိလာခဲ့သည်။ ကောင်းကင်ဟာ တဖြည်းဖြည်းနှင့် မဲမှောင်လာ၏။ ရွာလမ်းကြားကို ဖြတ်သွားချိန်၌ မြင်းစီးတမ်းကစားနေကြသည့် ကလေးများဟာ ကစားနေကြဆဲ ဖြစ်ကြောင်းကို သူနားလည်လိုက်သည်။ သူက ရွာကို နှစ်ကြိမ်တိုင်အောင် လှည့်ပတ်ကြည့်၏။ သို့ပေမယ့် မည်သည့် မှားယွင်းမှုကိုမှ မတွေ့ရပေ။ သို့ရာတွင် အချက်ပေးမှုများကတော့ တူညီ၏။

သူဟာ ရွာအနောက်ဘက်သို့ သွားကာ စနစ်မျက်နှာပြင်ကို အာရုံစိုက်လိုက်သည်။

“လက်ရှိကျန်ငွေ- ရွှေ၃၂လျန်”

အစက သူ့တွင် ရွှေ၂၁လျန်သာ ကန်တော့၏။ ဒီတစ်ကြိမ် အစမ်းရှင်သန်မှုအတွက် သူဟာ ကျန်ရှိသည့် ပိုက်ဆံအားလုံးတို့ကို ထည့်ပေါင်းခဲ့ခြင်း ဖြစ်သည်။

“အချက်ပေးအပိုင်းအစ ၅၅ခုတို့ကို စုဆောင်းထားသည်။ သင်သည် ဝင်ရောက်ခွင့်ကို ပေါင်းစပ်မည်လား”

“တစ်ကြိမ်ပေါင်းစပ်ခြင်း- အချက်ပေးအပိုင်းအစ ၂၀နှင့် ရွှေ၅လျန်တို့ကို အသုံးပြုပါ…”

“ဝင်ရောက်ခွင့်ကို ပေါင်းစပ်ပြီး အစမ်းရှင်သန်မှု စတင်မယ်”

ဟန်ကျောက်က စိတ်ထဲတွင် ရေရွတ်သည်။

“အသက်၁၉နှစ်တွင် သင်ဟာ ရှလင်၏ ကမ်းလှမ်းမှုကို လက်ခံကာ ကုန်လှည်းနှင့် ကျောက်စိမ်းလေမြို့သို့ လိုက်ခဲ့သည်”

“လဝက်ကြာပြီးနောက် လှည်းကာ ထောယွမ်ရွာတွင် အနားယူရန် ဆုံးဖြတ်လိုက်၏။ သင်သည် ရွာအတွင်းသို့ ဝင်ရောက်ပြီးနောက် ယင်အဆီအနှစ်လုံးမှ ယင်စွမ်းအင် စုပ်ယူမှု ကြီးစွာ အရှိန်မြင့်လာကြောင်းကို သိလိုက်သည်”

“ညစာစားချိန်တွင် သင်ဟာ သင်၏ ရိက္ခာခြောက်ကိုသာ စား၏”

“ညအချိန်တွင် ကင်းစောင့်ရန် စတင်ပြီး တောင်းဆိုသည်။ သင်ဟာ အချိန်တိုင်းတွင် သတိမပြတ် နေခဲ့၏”

“အဖြစ်အပျက်တစ်ခုက ရုတ်တရက် စတင်လာခဲ့သည်။ မကောင်းဆိုးရွားများက သင်တို့ကို တိုက်ခိုက်လာ၏။ ကုန်တန်းရှိ အခြားသိုင်းသမားများဟာ သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်ကာ ခွန်အားတို့ ကြီးစွာ လျော့နည်းနေကြောင်းကို ခံစားလိုက်ရသည်”

“မကောင်းဆိုးရွားများ၏ တိုက်ခိုက်မှုအောက်တွင် သင်တို့ဟာ ကြီးစွာ ထိခိုက်မှု ကြုံရခဲ့၏။ အချို့ သိုင်းသမားဆိုလျှင် အပေါင်းအဖော်များ၏ ခြေလက်များကို ဖြတ်တောက်ကာ မကောင်းဆိုးရွားများ၏ အစားခံရစေသည််”

“နောက်ဆုံးတွင် သင်သည် ဒဏ်ရာအနည်းငယ်ရကာ ရှလင်နှင့်အတူ ရွာမှ လွတ်မြောက်ခဲ့၏”

“သင်၏ ခန္ဓာကိုယ်တွင်းတွင် ယင်စွမ်းအင်များစွာတို့ စုဆောင်းနေ၏။ သို့ပေမယ့် အနည်းငယ်သာ မသက်မသာ ခံစားရသည်”

“လမ်းတွင် သင်သည် ဝတ်စုံစိမ်းနှင့် မိန်းကလေးကို ကြုံတွေ့သည်။ သူမက လူယုတ်မာဟု အော်ကာ ဓါးကိုဆွဲပြီး သင့်ကိုထိုးသည်။ သင်က အကောင်းဆိုးကြိုးစားကာ ရှင်းပြ၏။ သို့ပေမယ့် တစ်ဖက်လူဟာ သင့်ကို အဆုံးမသတ်နိုင်အောင် လိုက်လံတိုက်ခိုက်သည်။ နောက်ဆုံးတွင် သင်ဟာ ရွေးချယ်စရာမရှိပဲ ကျန်ရှိသည့် အစစ်အမှန်ချီကို ထုတ်ဖော်ကာ မိန်းကလေးကို ဓါးတစ်ချက်နှင့် သတ်၏”

“တစ်ချိန်တည်းတွင် ဝတ်စုံဖြူနှင့် အမျိုးသမီးတစ်ယောက် ပေါ်လာပြီး သင့်ကို ဓါးတစ်ချက်နှင့် သတ်ဖြတ်ခဲ့၏”

“အစမ်းရှင်သန်မှု ပြီးဆုံးသည်။ သင်သည် အောက်ပါများထဲမှ တစ်ခုကို ရွေးချယ်နိုင်သည်”

“၁။ ပါရမီကို ရရှိခြင်း(မရွေးချယ်နိုင်)”

“၂။ စွမ်းရည်မှတ်ကို ရရှိခြင်း”

“၃။ ဘဝအတွေ့အကြုံကို ရရှိခြင်း”

“လက်ရှိကျန်ငွေ- ရွှေ၂၇လျန်”

“ဘယ်လောက် ပြဿနာများလိုက်လဲ”

ဟန်ကျောက်ဟာ အစမ်းရှင်သန်မှုမှ အချက်အလက်များကို ကြည့်ကာ မျက်မှောင်ကြုတ်သွားသည်။ တစ်ဖက်လူဟာ အလွန် သန်မာ၏။ ကြည့်ရတာ ခွန်အားမသုံးပဲ နားလည်အောင်သာ လုပ်နိုင်ပေလိမ့်မည်။

“နှစ်”

“စွမ်းရည်မှတ် +၃”

“ယုနျန်… ကောင်းကင်ကို ပျံပြီး တစ်ချက်ကြည့်ထား။ တစ်ယောက်ယောက် ချဉ်းကပ်လာရင် ငါ့ကို သတင်းပေး”

ဟန်ကျောက်က ပုခုံးပေါ်ရှိ ရေခဲတေးသီငှက်ကို ညွှန်ကြားသည်။

“ကျီ”

ယုနျန်က ပြန်ကြား၏။ သူမဟာ ပြောင်းလဲနေစဉ် အတွင်းတွင် လူစကားကို မပြောနိုင်ပေမယ့် သွေးမျိုးဆက်မှ ဆက်နွယ်မှုကြောင့် ဘာအတားအဆီးမှ မရှိပဲ ဟန်ကျောက်နှင့် စကားပြောနိုင်သည်။ သူမက အတောင်ပံများကို ခပ်ကာ ကောင်းကင်သို့ ပျံသန်းသွားသည်။ ရွာတစ်ခုလုံးကို ငုံ့ကြည့်၏။

“သိုင်းပညာများ- တောင်ခွဲဆေဘာအတတ်(ဒုတိယအဆင့် ပြီးပြည့်စုံခြင်းအဆင့် ၁၀၀%(အဆင့်မြှင့်တင်နိုင်)၊ အထူးသက်‌ရောက်မှု- စွမ်းအားပေါက်ကွဲခြင်း အဆင့်၃”

ဟန်ကျောက်ဟာ လူမရှိသည့် ရွံ့အိမ်တစ်ခုဆီသို့ ရောက်လာခဲ့၏။ စနစ်မျက်နှာပြင်ကို ကြည့်ကာ စိတ််ထဲ၌ ရေရွတ်လိုက်သည်။

“တောင်ခွဲဆေဘာအတတ်ကို မြှင့်တင်မယ်”

စွမ်းရည်မှတ်ဟာ သုံးမှနှစ်၊ နှစ်မှတစ်.. စသဖြင့် ပြောင်းလဲသွား၏။ သိုင်းပညာကော်လံရှိ စာသားများဟာ ပြောင်းလဲသွားသည်။ ဟန်ကျောက်ဟာ ခန္ဓာကိုယ်တစ်ခုလုံး လောင်ကျွမ်းကာ မီးခိုတစ်ခုအား ဖက်ထားရသကဲ့သို့ ခံစားရ၏။ သွေးချီများဟာ လျှင်မြန်စွာ တိုးတက်လာပြီး ကြွက်သားတို့ ဖောင်းကြွလာခဲ့သည်။

သို့ရာတွင် သက်ရှည်ကျမ်း အဆင့်မြင့်တက်စဉ်က ပြင်းထန်သည့် နာကျင်မှုနှင့် နှိုင်းယှဉ်ပါက ယခုအချိန်ရှိ ပြောင်းလဲမှုများဟာ သူ့အတွက် ဘာမှမဟုတ်ပေ။ အေးအေးဆေးဆေးသာ ရှိ၏။

သွေးချီမြင့်တက်သည့် ခံစားချက်မှာ အလွန် အံ့ဩဖို့ကောင်းလှသည်။ ခန္ဓာကိုယ်တစ်ခုလုံးရှိ စွမ်းအားဟာ မြင့်တက်လာ၏။

“သိုင်းပညာများ- တောင်ခွဲဆေဘာအတတ် (တတိယအဆင့်၏ စတင်ခြင်းအဆင့် ၁၃%(အဆင့်မြှင့်တင်နိုင်)၊ အထူးသက်ရောက်မှု- စွမ်းအားပေါက်ကွဲခြင်း အဆင့်၄၊ တောင်ခွဲဆေဘာအား အဆင့်၁၊ သက်တမ်း- နှစ်၂၀)”

“အတွင်းအားလား”

ဟန်ကျောက်ဟာ အသစ်ထပ်ပေါင်းလာသည့် အထူးသက်ရောက်မှုကို ကြည့်ကာ မှင်သက်သွား၏။ လုယီ၏ စကားအရ ဒုတိယအဆင့် သွေးချီချိုးဖျက်မှု၌ အတွင်းအားကို နားလည်နိုင်ပါက တော်တော်လေး ကောင်းနေပြီဟု ဆို၏။

ပထမဆင့် သွေးချီချိုးဖျက်မှုနှင့် အတွင်းအားကို နားလည်နိုင်သူများ အားလုံးမှာ ပါရမီရှင်များ ဖြစ်ကြသည်။ အမှန််တကယ်ပင်။ စနစ်၏ အကူအညီနှင့် သူဟာ ပါရမီရှင်တစ်ယောက်ဟာ ယူဆလာနိုင်၏။ သူ၏ ခါးသက်စွာ အပက်တကုပ် ကြိုးစားမှုနှင့် စွမ်းရည်မှတ် ထပ်ပေါင်းမှုတိုဟာ အလကားမဖြစ်ခဲ့ပေ။

ဟန်ကျောက်ဟာ ခန္ဓာကိုယ်အတွင်းရှိ သွေးချီတို့ကို စုစည်း၏။ သူ၏ လက်များဟာ စတင်ပူလောင်လာကြောင်းကို နားလည်လိုက်သည်။ အင်္ကျီလက်ကို တင်လိုက်ပြီးနောက် ဘယ်ဘက်လက်မောင်းနှင့် ညာဘက်လက်မောင်းတို့တွင် တောင်ကဲ့သို့ ပုံတစ်ခု ပေါ်လာကြောင်းကို တွေ့ရ၏။

“ဒါက ဆရာလုပြောတဲ့ သွေးအမှတ်အသားလား”

ဟန်ကျောက်ဟာ လုယီ၏ စကားများကို ပြန်ပြောင်းစဉ်းစား၏။ သို့ရာတွင် သိုင်းသမားများဟာ ပုံမှန်အတိုင်း တောင်ခွဲဆေဘာ အတတ်နှင့် ပထမအဆင့် သွေးချီချိုးဖျက်မှုကို ရောက်ရှိပါက လက်တစ်ဖက်တွင်သာ တောင်ပုံပေါ်လာတတ်သည်။ သူတို့၏ သွေးချီဟာ နှစ်ဆဖြစ်သွားသည်ဟု ဆိုလို၏။

အချို့ စွမ်းအားကြီးသည့် မွေးရာပါ သွေးချီနှင့် အခြေခံကောင်းမွန်သူများပင် အလွန်ဆုံး ပုံတစ်ဝက်လောက်သာ ပိုပေါ်လာတတ်သည်။ သွေးချီဟာ အကြိမ်အနည်းငယ် ပိုမိုများပြား၏။

ဘာပဲဖြစ်ဖြစ် တောင်ခွဲဆေဘာအတတ်ဟာ ထိပ်တန်းအဆင့် ကျင့်စဉ်တစ်ခု မဟုတ်ပေ။ သို့ရာတွင် ထိုအကန့်အသတ်ဟာ ဟန်ကျောက်အတွက်တော့ မပါဝင်ခဲ့ပေ။

“ဆွစ်၊ ဆွစ်၊ ဆွစ်”

သူက ဆေဘာကို ထုတ်ကာ ရွှံ့အိမ်ဝန်းကျင်၌ စမ်းသပ်ကြည့်၏။ တောင်ခွဲဆေဘာအတတ်၏ ပထမဓါးကွက် နှစ်ခုကိုသာ အသုံးပြုခဲ့ပေမယ့် စွမ်းအားဟာ အရင်ကနှင့် ခြားနားနေပါပြီ။ ခဏအကြာ၌ ရွံ့အိမ်တစ်ခုလုံးတွင် ဆေဘာရာများ လွှမ်းခြုံသွား၏။

All Chapters