← Chapters

(မထင်မှတ်ထားသည့် ကြုံတွေ့မှုများ)

Vol. 4 Ch. 55

(မထင်မှတ်ထားသည့် ကြုံတွေ့မှုများ)

Vol. 4 Ch. 55

“ကြည့်ရတာ.. အတွင်းအားဆိုတာ ခွန်အားကို အဆင့်မြင့်ပုံစံနဲ့ အသုံးပြုတာပဲ”

ဟန်ကျောက်ဟာ အတွင်းအားအကြောင်းကို အကြမ်းဖျင်း နားလည်လာခဲ့သည်။

အတွင်းအားမှာ မမြင်နိုင်သည့် ခွနအားဖြစ်၏။ အစစ်အမှန်ချီကဲ့သို့ လက်ဆုပ်လက်ကိုင် ပြနိုင်သည့် အရာမဟုတ်ပေ။

မကြာခင် သူဟာ ခန္ဓာကိုယ်အတွင်းရှိ သွေးချီအားလုံးတို့ကို အလွယ်တကူ စုစည်းပြီး အသန်မာဆုံး တိုက်ခိုက်မှုအား ထုတ်လွှတ်နိုင်ကြောင်းကို နားလည်လာခဲ့သည်။ ထိုအခြေအနေတွင် သူ၏ သွေးချီများဟာ အလွန် ထကြွနေ၏။ သို့ပေမယ့် စွမ်းအင်များစွာကို ကုန်ကျသည်။

ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်သာလျှင် ထိုအဆင့်ရှိသည့် အတွင်းအားကုန်ဆုံးမှုနှင့် အချိန်အတော်ကြာအောင် နေနိုင်ပေလိမ့်မည်။

“စွမ်းရည်မှတ် ၁မှတ်ကျန်သေးတယ်”

စနစ်မျက်နှာပြင်ပေါ်ရှိ ကျန်ရှိသည့် စွမ်းရည်မှတ်ကို ကြည့်ကာ ဟန်ကျောက်ဟာ အသုံးပြုရန် အလျှင်လိုခြင်း မရှိပါ။ အဲ့ဒီအစား ဆက်လက်အစမ်းရှင်သန်မှုပြုရန် ပြင်ဆင်၏။

ဘာပဲဖြစ်ဖြစ် တောင်ခွဲဆေဘာအတတ်မှာ သက်ရှည်ကျမ်းထက် နိမ့်ကျပါသည်။ ထို့အပြင် လုယီက သူ့ကို တတိယဓါးကွက်အား သင်ကြားပေးပြီးခြင်း မရှိသေးပါ။ ဆက်လက် မြှင့်တင်လို့ အဓိပ္ပာယ်သိပ်မရှိပေ။

“စနစ်”

“အချက်ပေးအပိုင်းအစ ၃၅ခုတို့ကို စုစည်းထားသည်။ သင်သည် ဝင်ရောက်ခွင့်တစ်ကြိမ်ကို ပေါင်းစပ်မည်လား”

“တစ်ကြိမ် ပေါင်းစပ်မှုအတွက် အချက်ပေးအပိုင်း ၃၀နှင့် ရွှေ၁၀လျန်တို့ကို ကုန်ကျမည်”

“သင်သည် အခြေခံဝင်ရောက်ခွင့်(အစမ်းရှင်သန်ခြင်း) တစ်ကြိမ်ကို သေချာပေါက် ရရှိမည်။ အဖြူရောင် ပါရမီကို ရနိုင်ချေမှာ ၆%ရှိသည်။ အစိမ်းရောင် ပါရမီကို ရနိုင်ချေမှာ ၄%ရှိသည်။ အပြာရောင်ပါရမီကို ရနိုင်ချေမှာ ၂%ရှိသည်။ ခရမ်းရောင်ပါရမီကို ရနိုင်ချေမှာ ၁%ရှိသည်”

“ဘုရားရေ… ဈေးနှုန်းက မြင့်သွားလှချည်လား”

ဟန်ကျောက်ဟာ စနစ်မျက်နှာပြင်ကို ကြည့်ရင်းနှင့် နှလုံးခုန်မြန်လာ၏။

သွေးသန့်စင်ခြင်းအဆင့်မှာ အမှန်တကယ်ကို သိုင်းသမားများတွက် ပထမဆုံး တစ်ဆို့မှုဖြစ်သည်။

“အဆင်ပြေပါတယ်။ ခရမ်းရောင်ပါရမီကို ရလာနိုင်မယ့် အခွင့်အရေးရှိတယ်။ အဲ့ဒီအပြင်.. ပြီးခဲ့တဲ့ အစမ်းရှင်သန်မှု ရလဒ်တွေအတိုင်းဆို စွမ်းရည်မှတ် ရရှိမှုလည်း တိုးလာမှာ”

ဟန်ကျောက်ဟာ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်၏။ တန်ကြေးက တိုးလာပေမယ့် ဝန်ဆောင်မှု အရည်အသွေး တိုးလာပါက အဆင်ပြေပါသည်။ သို့ရာတွင် ပိုက်ဆံက ရှာဖွေရန် လွယ်ကူလျှင်တောင် ယင်စွမ်းအင်မှာ မလုံလောက်လုနီးပါး ရှိနေ၏။

“ပေါင်းစပ်မယ်။ အစမ်းရှင်သန်မှု စတင်မယ်”

“အသက်၁၉နှစ်တွင်…”

“သင်သည် တောင်ခွဲဆေဘာအတတ်ကို မှီခိုကာ ပထမအဆင့် သွေးချီချိုးဖျက်မှုသို့ ရောက်ရှိပြီး အတွင်းပိုင်းခွန်အား၏ စတင်ခြင်းအဆင့်ကို ဖမ်းဆုပ်နိုင်ခဲ့သည်”

“ပြင်းထန်သည့် တိုက်ပွဲအပြီးတွင် သင်ဟာ ရှလင်နှင့် ဒဏ်ရာအပြင်းအထန် ရထားသည့် ဖုန်းရှောင်တို့နှင့်အတူ ရွာမှ လွတ်မြောက်လာခဲ့သည်။ များပြားလှသည့် အစစ်အမှန်ချီများကို ကုန်ဆုံးခဲ့ပေမယ့် သင်ဟာ ဒဏ်ရာရရှိခြင်း မရှိပေ။ မကောင်းဆိုးရွားများကို သတ်ဖြတ်မှုကြောင့် ခန္ဓာကိုယ်အတွင်းတွင် ယင်စွမ်းအင်တို့ ကိန်းဝပ်လပြီး အနည်းငယ် မသက်မသာ ခံစားရသည်သာ ရှိ၏”

“သင်တို့သည် တောင်မှထွက်ပြေးကာ ပုန်းအောင်းပြီး နေရာတစ်ခု၌ အနားယူသည်”

“နောက်တစ်နေ့ အာရုံတွင် သင်သည် ရှလင်နှင့် ဖုန်းရှောင်တို့ကို အရင်ဆုံး ပြန်ခိုင်းကာ ထောယွမ်ရွာကို တစ်ယောက်တည်း သွားရောက်စုံစမ်းသည်”

“ရှလင်ဟာ သင်၏လုံခြုံရေးကို စိုးရိမ်နေပြီး သူမယူလာသည့် ကျန်ရှိသည့် ဆေးလုံးများကို သင့်အား ပေး၏”

“ထောယွမ်ရွာသို့ သင်ပြန်ရောက်လာပြီးနောက် အစိမ်းရောင်ဝတ်စုံနှင့် မိန်းကလေးနှင့် တွေ့သည်။ သင်သည် သူမကို အလွယ်တကူ အနိုင်ယူကာ ဖမ်းဆီးခဲ့၏”

“ထိုအချိန်၌ ဝတ်စုံဖြူနှင့် အမျိုးသမီးတစ်ယောက် ပေါ်လာပြီး သင့်ကို တိုက်ခိုက်သည်။ သင်သည် ရွေးချယ်စရာမရှိပဲ ဓါးထုတ်ခြင်းအတတ်ကို အသုံးပြုကာ အားကုန် တိုက်ခိုက်ပြီး သူမကို တစ်ချက်တည်းနှင့် ခေါင်းဖြတ်ပစ်လိုက်သည်”

“သို့ရာတွင်.. ဝတ်စုံဖြူနှင့် အမျိုးသမီးဟာ သူမ၏ ဦးခေါင်းကို ဖမ်းကာ လည်ပင်းပေါ်တွင် ပြန်တပ်၏။ ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်းအဆင့်အောက်ရှိ မည်သူမှ သူမကို ထိခိုက်အောင် မလုပ်နိုင်အောင် ဆိုသည်”

“သင်၏ ရှင်းပြမှုအပြီးတွင် အစိမ်းရောင်ဝတ်စုံနှင့် မိန်းကလေး လူမှားခဲ့ကြောင်းအား နားလည်ပြီး သင့်ကို တောင်းပန်၏။ ဝတ်စုံဖြူနှင့် အမျိုးသမီးကလည်း သင့်ကို တိုက်ခိုက်မှုမပြုတော့ပေ”

“သူမတို့နှစ်ယောက် ထွက်ခွာသွားပြီးနောက် သင်သည် ခွန်အားကို နေ့တစ်ဝက်ကြာ ထိန်းညှိပြီး ရှလင်ပေးခဲ့သည့် ဆေးလုံးများနှင့် အားအင်ပြည့်ဖြိုးစေသည်”

“ညနေပိုင်းတွင် သင်သည် ထောယွမ်မြို့သို့ သွားရောက်၏။ ဒေါ်လေးထောနှင့် အခြားလူများမှာ ရွာအဝင်ဝတွင် အဝတ်လျှော်နေကြောင်းကို နားလည်လိုက်သည်။ ထို့အပြင် သူမတို့ဟာ သင့်ကို တစ်ခါမှ မမြင်ဖူးသကဲ့သို့ ရှိနေ၏”

“စုံစမ်းရန်အတွက် သင်သည် ညအချိန်တွင် ရွာထဲသို့ ဝင်ရောက်သည်။ မကောင်းဆိုးရွားများ၏ တိုက်ခိုက်မှုကို ခံရပြန်၏”

“မကောင်းဆိုးရွားကို သတ်ဖြတ်ရာတွင် ဝိညာဉ်အဆီအနှစ်လုံးဟာ ပိုမိုများပြားသည့် ယင်စွမ်းအင်များကို စုပ်ယူခဲ့သည်။ သင်သည် ပြီးခဲ့တုန်းက နည်းလမ်းအတိုင်း ရွာမှ ထွက်ပြေးခဲ့ပြီး တောတောင်ထဲသို့ ဝင်ရောက်ကာ တစ်ညတာ အနားယူ၏”

“တတိယနေ့၏ မိုးသောက်ချိန်တွင် သင်သည် ထောယွမ်ရွာသို့ သွားပြန်သည်။ ဒေါ်လေးထောနှင့် အခြားလူများဟာ ရွာအဝင်ဝတွင် အဝတ်လျှော်နေကြပြီး သင့်ကို မသိကြပေ”

“ညအချိန်တွင် သင်သည် ထောယွမ်ရွာအတွင်းသို့ ဝင်ရောက်ပြန်၏။ သားရဲများမှာ အရင်ကအတိုင်းပင် တူညီနေပါသည်။ ဝိညာဉ်အဆီအနှစ်လုံးဟာ နောက်ထပ် ယင်စွမ်းအင်တစ်သုတ်ကို စုပ်ယူခဲ့ပြန်၏”

“ရွာထဲမှ ထွက်ခွာပြီးနောက် သင်သည် အနားယူ၏။ ထောယွမ်ရွာမှ ယင်စွမ်းအင်များကိုက ဆက်လက်စုဆောင်းကာ ဝိညာဉ်အဆီအနှစ်လုံး၏ အကန့်အသတ်ကို သင်စောင့်ကြည့်ရန် ဆုံးဖြတ်သည်”

“စတုတ္ထနေ့၏ မိုးသောက်ချိန်တွင် ထောယွမ်ရွာသို့ သွားရောက်ချိန်၌ ရွာတစ်ခုလုံး ဗလာကျင်းလင်း ဖြစ်နေကြောင်းကို သင်နားလည်လိုက်သည်”

“အဖြေကိုရှာရန် သင်သည် မှောင်ချိန်အထိ စောင့်ခဲ့၏။ သို့ရာတွင် ဒေါ်လေးထောတို့ကို မတွေ့ရပေ။ အဲ့ဒီအစား ဝတ်စုံစိမ်းနှင် အမျိုးသမီးနှင့် ကြုံတွေ့ရပြန်၏”

“ဝတ်စုံစိမ်းနှင့် မိန်းကလေးဟာ သင့်အပေါ်တွင် အလွန်စိတ်ဝင်စားနေသည့်ပုံပါ။ အနောက်မှလိုက်ကာ အဘယ်ကြောင့် ဒီကိုလာသနည်းဟု မေး၏။ သင်က အကြောင်းပြချက်တစ်ခုကို အလွယ်ပေးကာ ချန်ခဲ့ချင်သည်။ မကြာခင် ဝတ်စုံဖြူနှင့် အမျိုးသမီး ရောက်လာကာ ဝတ်စုံစိမ်းနှင့် မိန်းကလေးကို ခေါ်သွားချင်နေ၏”

“ထိုအချိန်၌ မကောင်းဆိုးရွား အငွေ့အသက်တို့ ပြည့်လျှံလာခဲ့သည်။ နတ်ဆိုးဟာ ပေါ်လာပြီး သင့်ကို တိုက်ခိုက်၏။ သင်ဟာ လုံးဝ ရင်ဆိုင်နိုင်ခြင်း မရှိပဲ ဒဏ်ရာပြင်းထန်စွာဖြင့် မြေပြင်ပေါ်သို့ လဲကျသွားသည်”

“ဝတ်စုံစိမ်းနှင့် မိန်းကလေးက ဝတ်စုံဖြူနှင့် အမျိုးသမီးကို သင့်အား ကယ်တင်ရန် တောင်းပန်၏။ သို့ပေမယ့် သူမတို့ပါ အသတ်ခံခဲ့ရသည်”

“နတ်ဆိုးဟာ သင့်ဆီမှ ဝိညာဉ်အဆီအနှစ်လုံးကို ရှာတွေ့ခဲ့၏။ ထို့ကြောင့် သင်၏ ခြေချောင်းလက်ချောင်းများကို ချိုးကာ နှိပ်စက်ပြီး သင်၏နောက်ခံကို စစ်ဆေးမေးမြန်းသည်။ နောက်ဆုံးတွင် သင့်ကို တစ်လုတ်တည်းနှင့် စားလိုက်ကာ သင်သေဆုံးသွားသည်”

“ဘုရားရေ”

ဟန်ကျောက်၏ ပုံစံက ပြောင်းလဲသွား၏။ ခေါင်းဖြတ်ခံရခြင်းက မသေပေ။

နတ်ဆိုးများ.. မကောင်းဆိုးရွားများ၏ ဆက်တိုက်ပေါ်လာမှု…

ဒီအစမ်းရှင်သန်မှုတွင် မထင်မှတ််ထားသည့် အချက်အလက် များစွာတို့ ပေါ်လာခဲ့သည်။

ထောယွမ်ရွာ၏ အခြေအနေက ထူးဆန်းပေမယ့် သူ၏ ပြီးခဲ့သည့် ဘဝရှိ ပြန်ပြန်ပေါ်လာတတ်သည့် ဂိမ်းအတွင်းရှိ သတ္တဝါများနှင့် တူပါသည်။ ယင်စွမ်းအင်စုဆောင်းရန် ကောင်းမွန်သည့် နေရာတစ်ခု ဖြစ်၏။

သို့ရာတွင် သူမသိသည်ကား အကြိမ်များစွာ အသုံးပြုပြီးနောက် ပြန်မပေါ်လာရုံမက နတ်ဆိုးကိုပါ ဆွဲဆောင်ခဲ့ခြင်း ဖြစ်သည်။

“ဖြစ်နိုင်တာက.. ထောယွမ်ရွာက မတော်တဆ ပေါ်ပေါက််လာတာ မဟုတ်ပဲနဲ့.. ဖန်တီးထားတာလား။ မဟုတ်ရင် နတ်ဆိုးက ဘာလို့ စတုတ္ထနေ့မှာ ပေါ်လာရတာလဲ”

ဟန်ကျောက်၏ ပုံစံက အနည်းငယ် မရေရာပဲ ရှိနေ၏။

“ကြည့်ရတာ.. ဒီလောကကြီးက ငါထက်ထားတာထက် ပိုပြီး အန္တရာယ်များတာပဲ”

“အစမ်းရှင်သန်မှု ပြီးဆုံးသည်။ သင်သည် အောက်ပါများထဲမှ တစ်ခုကို ရွေးချယ်နိုင်သည်”

“၁။ ပါရမီကို ရရှိသည်(ရွေးချယ်နိုင်)”

“၂။ စွမ်းရည်မှတ်ကို ရရှိသည်”

“၃။ ဘဝအတွေ့အကြုံကို ရရှိသည်”

“လက်ရှိကျန်ငွေ- ရွှေ၁၇လျန်”

“ဟန်.. ပါရမီကို ရွေးချယ်နိုင်ပြီလား”

ဟန်ကျောက်ဟာ စနစ်ပေါ်ရှိ အချက်အလက်တို့ကို ကြည့်ကာ မှင်သက်သွား၏။ ထို့နောက် သူ၏ပုံစံက ခါးသက်သွားသည်။

“ဒီအချိန်မှ ဘာလို့လာတာလဲ။ ငါဘယ်လို ရွေးချယ်ရတော့မလဲ”

အစမ်းရှင်သန်မှုရှိ အချက်အလက်များအရ လက်ရှိခွန်အားနှင့် ထောယွမ်ရွာမှ မကောင်းဆိုးရွားများကို တိုက််ခိုက်ရန် ပြဿနာကြီး မဟုတ်ပေမယ့်.. နည်းလမ်းမျိုးစုံနှင့် အစစ်အမှီချီကဲ့သို့ ဝှက်ဖဲများကိုပင် အသုံးပြုခဲ့ရသည်။

ရှင်းလင်းစွာပင် ဒီသားရဲများဟာ ပထမအဆင့် သွေးချီမြင့်တက်မှုအဆင့်ရှိ သိုင်းသမားများအတွက် ပြဿနာများလှ၏။ စွမ်းရည်မှတ်ကို ရွေးချယ်မှသာလျှင် သက်ရှည်ကျမ်းကို အဆင့်မြှင့်တင်ကာ အစစ်အမှန်ချီ ပမာဏကို တိုးပွားစေနိုင်သည်။ ထိုအခါမှ ခွန်အားဟာ ပိုမိုသန်မာလာပြီး မကောင်းဆိုးရွားများကို ရင်ဆိုင်ရန် များစွာ လွယ်ကူလာမှာ ဖြစ်၏။

ဘာပဲဖြစ်ဖြစ် သူဟာ ထောယွမ်ရွာကို နှစ်ကြိမ်တိုင်အောင် သတ်ဖြတ်ခဲ့ပါသည်။ ပေါ်လာခဲ့သည့် ပါရမီများမှာ စွမ်းအားကြီးကြပေမယ့် အကျိုးပြုမှုက ရေရှည်အတွက် ဖြစ်သည်။

ယခုအချိန်၌ ပါရမီကို ရွေးချယ်လိုက်ပါက သူ၏ တိုက်ခိုက်မှုခွန်အားကို ချက်ချင်း မြှင့်တင်ပေးနိုင်မည် မဟုတ်ပေ။ ထိုအချိန်၌ ပါရမီကို ရွေးချယ်ခြင်းက ကောင်းမွန်သည့် ရွေးချယ်မှု မဖြစ်တော့ပေ။

“ဒီအစမ်းရှင်သန်ခြင်း၏ နံပါတစ်ဆုကြေးကို နောက်တစ်ကြိမ်အတွက် ချန်လှပ်ထားနိုင်သည်။ ထိုအခါမှ ပါရမီကို ကျိန်းသေ ရွေးချယ်နိုင်၏။ အဖြူရောင်ပါရမီ၊ အစိမ်းရောင်ပါရမီ၊ အပြာရောင်ပါရမီနှင့် ခရမ်းရောင်ပါရမီတို့ ရရှိနိုင်မှုမှာလည်း ဒီအစမ်းရှင်သန်မှုအပေါ်တွင်သာ မှီခိုသည်”

ဖြစ်နိုင်တာက ဟန်ကျောက်၏ အချိန်အတော်ကြာအောင် မရွေးချယ်သေးမှုကြောင့်လား၊ ကြီးမားလှသည့် ခံစားချက် ဆွဲငင်မှုတို့ကြောင့်လား မသိပေ။ စနစ်မျက်နှာပြင်တွင် အချက်ပေးစာသားတစ်ခု ပေါ်လာ၏။

“ထားထားလို့ ရတာလား။ ကောင်းတယ်”

ဟန်ကျောက်၏ ပုံက ပျော်သွား၏။ ဒီစနစ်ဟာ အမှန်တကယ်ကို တစ်ခုခုပင်။ ဝန်ဆောင်မှု အရည်အသွေးက တိုးတက်လာခဲ့၏။

“နံပါတ်တစ်ကို ချန်ထားမယ်။ နံပါတ်နှစ်ကို ရွေးတယ်” ဟန်ကျောက်က စိတ်ထဲတွင် ရေရွတ်သည်။

“စွမ်းရည်မှတ် +၅”

“မဆိုးဘူးပဲ…”

တိုးပွားလာသည့် စွမ်းရည်မှတ်ကို ကြည့်ကာ ဟန်ကျောက်ဟာ စိတ်သက်သာရာ ရသွား၏။

All Chapters