← Chapters

(စမ်းသပ်ခြင်း)

Vol. 4 Ch. 56

(စမ်းသပ်ခြင်း)

Vol. 4 Ch. 56

“သိုင်းပညာများ- သက်ရှည်ကျမ်း(တတိယအဆင့်၏ စတင်ခြင်းအဆင့် ၁၉%(အဆင့်မြှင့်တင်နိုင်)၊ အထူးသက်ရောက်မှု- ခန္ဓာကိုယ်ကြံ့ခိုင်ခြင်း အဆင့်၅၊ သက်တမ်း ၆၀နှစ်)”

“ဒီတစ်ကြိမ်တော့ အသေးစားကျွမ်းကျင်မှုအဆင့်ကို ရောက်နိုင်လောက်တယ်”

ကျိုကျိုးဟာ စနစ်မျက်နှာပြင်ရှိ သက်ရှည်ကျမ်းကို ကြည့်ကာ ရေရွတ်၏။

“သက်ရှည်ကျမ်းကို အဆင့်မြှင့်မယ်”

သိုင်းပညာကော်လံရှိ သက်ရှည်ကျမ်း၏ ရာခိုင်နှုန်းမှာ လျှင်မြန်စွာ တိုးမြင့်လာ၏။ ဟန်ကျောက်ကို မနာလိုဖြစ်စွာ ခံစားရစေသည်။ ပုံမှန် ကျင့်ကြံမှုတွင်သာ ထိုကဲ့သို့သော တိုးတက်မှုအမြန်နှုန်း ရှိပါက မည်မျှ ကောင်းလိုက်မည်နည်း။

မြင့်တက်မှုတို့ ရပ်တန့်သွားပြီးနောက် ကျိုကျိုးဟာ သူ၏ ဝမ်းဗိုက်မှ အစစ်အမှန်ချီတို့ လျှင်မြန်စွာ ပူလောင်လာကြောင်းကို ခံစားရသည်။ အစက အေးချမ်းနေသည့် သက်ရှည်အစစ်အမှန်ချီကာ မီးလုံးတစ်ခုအဖြစ် ပြောင်းလဲသွားသည့် ပုံပါ။ တောင်ခွဲဆေဘာအတတ် အဆင့်ချိုးဖျက်စဉ်က သူ့ခန္ဓာကိုယ်တွင် ပြောင်းလဲမှုနှင့် ဆင်တူ၏။ သွေးချီများဟာ မြင့်တက်လာခဲ့ပြန်လေပြီ။

ကံဆိုးစွာပင် ဒီတစ်ကြိမ် သွေးချီမြင့်တက်မှုဟာ ၂ဆလောက်သာ ရှိ၏။ သို့ရာတွင် သွေစိတ်ဝိညာဉ်မူ၏ အပိုထပ်ဆောင်း သွေးချီနှစ်ဆကိုပါ ထည့်တွက်ပါက ဟန်ကျောက်၏ သွေးချီမှာ သာမန်သိုင်းသမားများ၏ ဒုတိယအဆင့် သွေးချီချိုးဖျက်မှုအဆင့်ကိုပင် ကျော်လွန်ပါသည်။

“သိုင်းပညာများ- သက်ရှည်ကျမ်း(တတိယအဆင့်၏ အသေးစားကျွမ်းကျင်မှု ၁၅%(အဆင့်မြှင့်တင်နိုင်)၊ အထူးသက်ရောက်မှု- ခန္ဓာကိုယ်ကြံ့ခိုင်မှု အဆင့်၆၊ သန့်စင်သောယန် အဆင့်၁၊ သက်တမ်း ၈၀နှစ်)”

“ငါ့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုလည်း နည်းနည်းတိုးတက်လာတယ်။ သက်တမ်းကတော့ နှစ်၂၀ထပ်တိုးလာတယ်”

“သွေးသန့်စင်ခြင်းအဆင့်ကို ချိုးဖျက်တုန်းက ရခဲ့တဲ့ သက်တမ်း၂၀နဲ့ ပေါင်းလိုက်ရင် ငါ့ရဲ့ သွေးချီအထွတ်အထိပ်ကာလက သိုင်းသမားများစွာရဲ့ စုစုပေါင်းသက်တမ်းထက် ပိုရှည်နေပြီ”

“ကံဆိုးစွာပဲ.. ဝိညာဉ်အဆီအနှစ်လုံးက ဘယ်တော့မှ လက်လျှော့လို့မရဘူး။ ဒါနဲ့ဆို ငါက ပြဿနာကို မရှာရင်တောင် ပြဿနာက ငါ့ကိုလာရှာမှာ”

“အသက်ကြီးပြီး သေတဲ့အထိ ငြိမ်းငြိမ်းချမ်းချမ်း နေချင်ရင် ပထမဆုံး အစမ်းရှင်သန်တုန်းကလို အညတရဘဝမှာပဲ နေရလိမ့်မယ်”

ဟန်ကျောက်ဟာ နှလုံးသားထဲတွင် သက်ပြင်းချသည်။ အမြင့်သို့ ပိုရောက်လေလေ သိုင်းသမားများ၏ အသိုင်းအဝိုင်းဟာ ပိုသေးလာလေ ဖြစ်၏။

ကြည့်ရတာ ဝိညာဉ်အဆီအနှစ်လုံးဟာ သူထင်ထားသည်ထက် ပိုမိုအဖိုးတန်သည့် ပုံပါ။ မဟုတ်ပါက ဝတ်စုံဖြူနှင့် အမျိုးသမီးထက် ပိုမိုသန်မာသည့် နတ်ဆိုးကို သွားရည်ယိုအောင် လုပ်နိုင်မည်မဟုတ်ပေ။

ဝတ်စုံဖြူနှင့် အမျိုးသမီး၏ စွမ်းရည်များကပင် ဟန်ကျောက်၏ နားလည်မှုထက် ကျော်လွန်နေပြီး ဖြစ်၏။ အနည်းဆုံးတော့ ခေါင်းပြတ်ပြီးနောက် မသေသည့် မည်သည့်လူကိုမှ သူမကြားဖူးပေ။

“ကြည့်ရတာ ဓါးဆွဲထုတ်ခြင်း အတတ်နဲ့တူတဲ့ စွမ်းအားပေါက်ကွဲထွက်တဲ့ လျှို့ဝှက်ပညာအချို့ကို ရှာနိုင်ရင်ကောင်းမယ်။ သက်တမ်းကို လျော့ချနိုင်တာဆို အကောင်းဆုံးပဲ။ အဲ့လိုဆို ငါသေချာပေါက် အရမ်းစွမ်းအားကြီးမှာ”

ဟန်ကျောက်ဟာ ေတွးကြည့်ပြီးနောက် အပိုထပ်ဆောင်း သက်တမ်းကို အလွန်အသုံးဝင်လှသည်ဟု ခံစားရ၏။

ဒီအစမ်းရှင်သန်မှုနှင့် ပြီးခဲ့တုန်းက အစမ်းရှင်သန်မှုအရ သူသာ စီရင်စုမြို့တော်အဆင့်ရှိ ပုဂ္ဂိုလ်များကို မထိပါးပါက ဝိညာဉ်အဆီအနှစ်လုံးဟာ ဒီအချိန်အတွင်း ပေါ်သွားမည်မဟုတ်ပါ။

ဒီကိစ္စပြီးပါက သူဟာ ကျောက်နက်မြို့သို့ ပြန်ပြီး ပုန်းအောင်းကျင့်ကြံမည် ဖြစ်၏။ အကြိမ်အနည်းငယ်လောက် အစမ်းရှင်သန်ပြီးပါက အန္တရာယ်အများစုကို ကြိုတင်ရှောင်ရှားနိုင်ပါသည်။ သူဟာ ကိစ္စများကို ခြေတစ်လှမ်းချင်းစီသာ ကိုင်တွယ်ပြီး မြဲမြံသည့် တိုးတက်မှုကို လိုလားသူဖြစ်သည်။ ဝိညာဉ်အဆီအနှစ်လုံးကို အလွယ်တကူ အပေါ်ခံမှာ မဟုတ်ပေ။

ထိုကဲ့သို့ စဉ်းစားပြီးနောက် ဟန်ကျောက်ဟာ အနည်းငယ် တည်ငြိမ်လာခဲ့သည်။

“အစစ်အမှန်ချီက အရောင်ပြောင်းတာလား…”

သူဟာ မျက်လုံးများကို မှိတ်ပြီး ခန္ဓာကိုယ်ကို ကြည့်ကာ ဒန်တျန်အတွင်းရှိ အစစ်အမှန်ချီကို ကြည့်သည်။ မူလက အစိမ်းရောင်ချီဟာ အစိမ်းဖြူရောင် ဖြစ်လာကြောင်းကို တွေ့လိုက်ရ၏။ ဒါတင်မကသေး ထိုအစစ်အမှန်ချီမှ ကြွယ်ဝသည့် အသက်ဓါတ်ကို ခံစားနိုင်သေးသည်။

“ခံစားရတာ နွေးထွေးလိုက်တာ”

သူ၏ ပုံစံက တဖြည်းဖြည်း အေးချမ်းလာပြီး အနည်းငယ် မျက်မှောင်ကြုတ်နေသည့် နဖူးဟာ လုံးဝ သက်တောင့်သက်သာ ရှိလာခဲ့သည်။ ဒီအစစ်အမှန်ချီကို ခန္ဓာကိုယ်တွင် လှည့်လည်လိုက်ချိန်၌ ဆောင်းရာသီတွင် နေပူဆာလှုံသည့် ခံစားချက်ကို ပေးစွမ်းနိုင်သည်။ အလွန် သက်တောင့်သက်သာ ရှိလှ၏။

“ဒီည.. ငါလုပ်နိုင်တယ်ကွ”

ဟန်ကျောက်ဟာ စွန့်ပစ်ထားသည့် မြေအိမ်တွင် နေကာ ခွန်အားပြောင်းလဲမှုတို့နှင့် အကျွမ်းဝင်အောင် လုပ်သည်။

မကြာခင် ယုနျန်ဟာ သူ၏ပုခုံးပေါ်သို့ ပြန်လည်ပျံသန်းလာခဲ့၏။ ဒီဘက်သို့ တစ်ယောက်ယောက် ချဉ်းကပ်လာသည်ဟု ဆိုသည်။

ထိုပုံကို တွေ့ရပြီးနောက် ဟန်ကျောက်ဟာ ရွှံ့အိမ်မှထွက်ပြီး ရွာသူကြီးအိမ်ဘက်သို့ လျှောက်ခဲ့၏။

“ကောင်းတယ်”

“ကောင်းလိုက်တဲ့ ဆေဘာအတတ်”

ဟန်ကျောက်ဟာ ချန်းမိသားစု၏ ခြံဝန်းဆီသို့ ရောက်လာသည်နှင့် အတွင်းထဲမှ အားပေးသံများကို ကြားရသည်။ သူက လျှောက်သွားကာ တစ်ချက်ကြည့်လိုက်၏။

လူငယ်သိုင်းသမားတစ်ယောက်ဟာ မြေကွက်လပ်တွင် ဆေဘာတစ်ချောင်းကို ပြင်းထန်စွာ ဝှေ့ယမ်းနေပါသည်။ ထိုလူငယ်တွင် ထူထဲသည့် မျက်ခုံးများရှိကာ မျက်လုံးများက ဝိုင်း၏။

သူ၏ လှုပ်ရှားကွက်များက ရှင်းလင်းကာ အားပြင်းပြီး လွတ်လပ်၏။ မြေကွက်လပ်အတွင်းရှိ သိုင်းသမားများကို မနေနိုင်ပဲ လက်ခုပ်တီးကာ အားပေးမိစေသည်။

ဒီလူဟာ တိမ်ပျံသိုင်းကျောင်းမှ အရိုးသန့်စင်ခြင်းအဆင့် သိုင်းသမား ဝမ်ကျစ်မင်ဖြစ်၏။ သူဟာ ကျန်းမိသားစုတွင် စာချုပ်ချုပ်ထားသည်။

“အံ့ဩစရာပဲ..”

ဟိုင်ဝါက သူ၏လက်သီးများကို တင်းကြပ်စွာ ဆုပ်ထားသည်။ သူ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်နေပြီး အကြိမ်ကြိမ် အော်ဟစ်အားပေးနေ၏။

ဟန်ကျောက်၏ ခြံဝန်းအတွင်းသို့ လျှောက်ဝင်လာမှုကို တွေ့ရပြီးနောက် ဝမ်ကျစ်မင်က လက်ထဲရှိ ဆေဘာကို လှန်ကာ ဟန်ကျောက်ကို ဆေဘာနောက်ကျောဖြင့် ခုတ်ပိုင်း၏။

“ဟျောင်.. ရော့”

ထိုပုံကို တွေ့ရပြီးနောက် ဟန်ကျောက်ဟာ နောက်သို့ ဆုတ်သွားပြီး ခြံဝန်းအပြင်သို့ ခုန်ထွက်သွား၏။ သူဟာ ယခုမှ အဆင့်တက်ခဲ့ရုံသာ ရှိပါသေးသည်။ ခွန်အားထိန်းချုပ်မှု အားနည်းခြင်းကြောင့် တစ်ဖက်လူကို ဒဏ်ရာအပြင်းအထန်ရကာ‌ ပေါ်သွားစေနိုင်၏။

“ပျင်းဖို့ကောင်းလိုက်တာ”

ဝမ်ကျစ်မင်က ခေါင်းကိုယမ်းကာ ခြံဝန်းတွင်းတွင် ဆက်လက် သရုပ်ပြ၏။ ကျန်းလင်လုထွက်လာချိန်မှ ရပ်တန့်သွားသည်။

“စားကြရအောင်”

ခဏအကြာ၌ ဒေါ်လေးထောက မုန့်များကို လုပ်ပြီးဖြစ်ရာ လူတိုင်းကို စားသောက်ရင် အကြောင်းလာကြားခြင်း ဖြစ်သည်။ လူအုပ်ဟာ အဓိကအိမ်ဆီသို့ ဝင်ရောက်ကြ၏။ ဒေါ်လေးထောနှင့် ဟိုင်ဝါတို့က စားသောက်ဖွယ်ရာများ ပြည့်နေသည့် ပန်းကန်များကို သယ်လာကြသည်။ စားပွဲပေါ်တွင် တင်၏။

ဒေါ်လေးထောဟာ တတိယပန်းကန်ကို သယ်လာချိန်တွင် စားပွဲအောက်ရှိ သစ်သားတန်းကို နင်းမိပုံပေါ်၏။ ဟန်ချက်ပျက်ကာ ဟန်ကျောက်ပေါ်သို့ လဲကျသည်။ ပေါင်ပေါ်တွင် ထိုင်ရက်သား ဖြစ်သွား၏။

ဟန်ကျောက်က လက်ကိုဆန့်ကာ သူမကို ဖမ်းသည်။ ညာဘက်လက်ဖြင့် ခါးကို ပိုက်လိုက်၏။ တစ်ချိန်တည်းတွင် လက်ဝါးအတွင်း၌ အစစ်အမှန်ချီကို တိတ်တဆိတ် စုစည်းလိုက်သည်။

“သခင်လေး.. ကျွန်မနာတယ်”

ဒေါ်လေးထောက ဟန်ကျောက်၏ လက်မှ ရုန်းကန်၏။ သို့ပေမယ့် ရုန်းထွက်နိုင်ခြင်း မရှိပဲ နီရဲသော မျက်နှာနှင့် ခေါင်းငုံ့သွားရသည်။

“ကျွန်တော်တောင်းပန်ပါတယ်”

ဟန်ကျောက်က မျက်နှာမပျက်ပဲ သူမကို ပြန်လွှတ်လိက်သည်။ တစ်ဖက်လူ၏ ခန္ဓာကိုယ်အပူချိန်ဟာ မူမမှန်တာ မရှိကြောင်းကို သူနားလည်လိုက်၏။

ဖြစ်နိုင်တာက ညအချိန်အထိ စောင့်ဖို့လိုသည်လား။ ဒေါ်လေးထောက ဟန်ကျောက်ကို ရှက်ရွံ့စွာနှင့် ကြောက်ရွံ့စွာ ကြည့်သည်။ သူမဟာ ဖြစ်ညှစ်မှုကြောင့် ပူနေသည့် ခါးကိုပွတ်ကာ ခေါင်းငုံ့ထား၏။

“ဖမ်းထားပေးလို ကျေးဇူးတင်ပါတယ်..”

အခြားသိုင်းသမားများလည်း ထိုပုံကို တွေ့ရပြီးနောက် ရယ်ကြ၏။ ဟန်ကျောက်က တမင် အခွင့်အရေးယူခဲ့သည်ဟု ထင်ကြသည်။ ကျန်းလင်လုက ပြောတော့မှ လူတိုင်းဟာ စနောက်မှုတို့ ရပ်တန့်သွားကြ၏။

ရှလင်၏ မျက်လုံးများက ပြူးကျယ်နေပြီး ဒေါ်လေးထောကို ကြည့်သည်။ ထို့နောက် သူမ၏ ပြားနေသည့် ရင်ဘတ်ကို ထိ၏။

ဂျူနီယာမောင်လေးဟာ ဒီလိုပုံမျိုးကို နှစ်သက်သည်လား…

ထိုအချိန်၌ ဟန်ကျောက်က အိတ်အတွင်းမှ အထူးငွေအပ်တစ်ချောင်းကိုထုပ်ကာ ပန်းကန်ထဲရှိ မုန့်ကို စိုက်လိုက်သည်။ မည်သည့်ပြောင်းလဲမှုမှ မရှိကြောင်းကို တွေ့ရပြီးနောက် ချန်းလျှိုကို ပြုံးပြ၏။

“ဆာ.. ကျွန်တော်တောင်းပန်ပါတယ်… အပြင်မှာဆိုတော့ သတိထားတာ ပိုကောင်းတယ်လေ”

“လူငယ်.. မင်းက အားနာလွန်းနေပါပြီ။ ငါနားလည်ပါတယ်”

ချန်းလျှိုက လက်ကိုဝှေ့ယမ်းကာ မုန့်တစ်ခုကို ယူပြီး စားပြ၏။ ထိုပုံကို တွေ့ရပြီးနောက် ဒေါ်လေးထောက မုန့်တစ်ပန်းကန်ကို ယူကာ ဟိုင်ဝါကို ပေးသည်။ သားအမိနှစ်ယောက် စားကြ၏။

“ဟန်ကျောက်.. မင်းက သေမှာတော်တော်ကြောက်တာပဲ”

“ဟုတ်တယ်။ အရမ်းကြီး လုပ်ပြနေရင် မျက်နှာပျက်ဖို့ကောင်းတယ်ဟ”

သိုင်းသမားအချို့က မနေနိုင်ပဲ လှောင်ကြသည်။

ဤသည်မှာ သူတို့၏ သိုင်းလောကတွင် ပထမဆုံး ကျင်လည်မှုမဟုတ်ပေ။ ထို့အပြင် အမျိုးသမီးသိုင်းသမားများလည်း ဝိုင်းကူထားရာ တစ်ခုခုလုပ်ချင်လျှင်တောင် လုပ်လို့မရပေ။ ဟန်ကျောက်၏ အပြုအမူဟာ လိုအပ်ခြင်း မရှိပါ။ တစ်ဖက်လူ၏ ကြင်နာမှုကို အကြောင်းပြချက်မရှိပဲ စော်ကားနေ၏။

အခြားသိုင်းသမားများဟာ ရှေ့သို့တိုးဝှေ့ပြီး မုန့်များကို ယူငင်ကာ ပျော်ရွှင်စွာ စားသောက်ကြသည်။

ဟန်ကျောက်က မုန့်တစ်ခုကို ယူကာ ခြံဝန်းအတွင်းသို့ လျှောက်ထွက်သွား၏။ တံခါးဝသို့ ရောက်ရှိပြီးနောက် ပေါက်စီကို ယူကာ စားတော့မည့် ရှလင်ကို လက်ယက်ခေါ်သည်။

“စီနိယာအစ်မရှ.. ဒီကိုခဏလာခဲ့ဦး.. ကျွန်တော့မှာ ပြောစရာရှိလို့”

“အိုး”

ထိုစကားကို ကြားရပြီးနောက် ရှလင်ဟာ မှင်သက်သွား၏။ ပေါက်စီလေးလုံးတို့ကို ယူကာ ဟန်ကျောက်နောက်မှ လိုက်ပြီး ခြံဝန်းထဲသို့ ရောက်ခဲ့သည်။

သူမ၏ ပေါက်စီကို ပါးစပ်ထဲသို့ ထည့်တော့မည့်ပုံအား တွေ့ရပြီးနောက် ဟန်ကျောက်က သူမ၏လက်ကို တည်ငြိမ်စွာ ဖမ်းလိုက်သည်။ အပြင်သို့ ဆွဲခေါ်သွား၏။

ထိုင်ခုံမရှိသည့် သိုင်းသမားများလည်း နှစ်ယောက်၊ သုံးယောက်တစ်ဖွဲ့ မုန့်များကိုယူကာ ခြံဝန်းထဲတွင် စားကြသည်။ ရေနွေးကိုသောက်ကာ မုန့်နှင့် အလွန်အရသာရှိနေ၏။

“ဒီပေါက်စီက အရမ်းအရသာရှိတယ်။ အသားကလည်း လတ်ဆတ်လိုက်တာ”

သိုင်းသမားများဟာ ပါးစပ်အပြည့် စားသောက်ကြသည်။ ဗိုက်ဆာနေလို့လား ပေါက်စီက အမှန်တကယ် အရသာရှိလွန်းသောကြောင့်လား မသိပေ။

All Chapters