← Chapters

(ညအချိန်)

Vol. 4 Ch. 57

(ညအချိန်)

Vol. 4 Ch. 57

ခြံဝန်းအတွင်းမှ လျှောက်ထွက်သွားပြီးနောက် ဟန်ကျောက်ဟာ ရှလင်ကို ရွာစွန်ရှိ စွန့်ပြစ်မြေအိမ်တစ်ခုဆီသို့ ခေါ်လာခဲ့၏။

“ဂျူနီယာမောင်လေးဟန်.. ဘာလို့လဲ.. အစ်မကိုဘာလို့ ဒီကိုခေါ်လာတာလဲ”

ဟန်ကျောက်က သူမကို လူမရှိသည့် ပတ်ဝန်းကျင်သို့ ခေါ်လာကြောင်းအား တွေ့ရပြီးနောက် ရှလင်ဟာ တစ်ခုခုကို တွေးမိလိုက်သည်။ သူမ၏ မျက်လုံးများ ယောက်ယက်ခတ်သွားပြီး စကားကို‌ ကောင်းမွန်စွာ မပြောနိုင်ပဲ ဖြစ်ကုန်၏။

ဟန်ကျောက်က ရှေ့သို့ အမြန်တက်လာ၏။ ရှလင်ဟာ မျက်လုံးများကို ရုတ်တရက် မှိတ်ချလိုက်ကာ ခေါင်းကိုမော့ထားသည်။

“ဖုတ်၊ ဖုတ်”

ဟန်ကျောက်က ရှလင်၏ လက်ထဲရှိ ပေါက်စီများကို ယူကာ မြေပြင်ပေါ်သို့ လွှင့်ပစ်၏။

“ဂျူနီယာမောင်လေးဟန်”

ရှလင်က မျက်လုံးများကို ပြန်ဖွင့်ကာ ပဟေဋိဖြစ်စွာ ကြည့်သည်။

“စီနီယာအစ်မရှ.. ကျွန်တော့ကို ယုံလား”

“...အင်း‌ေပါ့”

“ဒီရွာနဲ့ ပက်သက်ပြီး ပြဿနာကြီးတစ်ခု ရှိနေတယ်လို့ ကျွန်တော်ထင်တယ်။ ဝင်လိုက်တာနဲ့ ကျွန်တော့ရဲ့ ဆံပင်တွေ ထောင်လာသလိုပဲ။ ကြောက်စရာကောင်းတဲ့ အရာတစ်ခုခု ဖြစ်ပွားတော့မယ့်ပုံ ခံစားရတယ်။ အခုအချိန်အထိ ကျွန်တော့ရဲ့ မသိစိတ်က တစ်ခါမှ မမှားခဲ့ဖူးဘူး” ဟန်ကျောက်က ရှင်းပြ၏။

“ဒါဆို.. ခုနက ပုံမှန်မဟုတ်တဲ့ အပြုအမူတွေက ဒါကြောင့်ပဲ”

ရှလင်က တုံ့ပြန်လာ၏။ ဂျူနီယာမောင်လေးဟန်မှာ အမှန်တကယ်ကို စိတ်လောတတ်သူ မဟုတ်ပေ။ သူဟာ သတိကြီးပေမယ့် ခုနကကဲ့သို့ ကိစ္စမျိုးကို လုပ်မည့်လူမျိုး မဟုတ်ပါ။

“ဒါဆိုရင်… ငါတို့တွေ ဘာလုပ်ကြမလဲ။ အခြားလူတွေကို ဒီအကြောင်းပြချက်နဲ့တော့ နားချလို့ရမှာ မဟုတ်လောက်ဘူး”

ရှလင်က ဆက်လက်ပြောသည်။ သူမသာလျှင် ဟန်ကျောက်၏ စကားကို ယုံကြည်လို၏။ အခြားလူများဟာ သူ၏ မသိစိတ်ဟူသည့် အရာကို သေချာပေါက် အယုံအကြည်ရှိမည် မဟုတ်ပါ။

“ကျွန်တော်သိတယ်”

ဟန်ကျောက်က ခေါင်းညှိတ်သည်။ မျက်မှောင်ကြုတ်ကာ လေးနက်စွာ ပြော၏။

“အခြားလူတွေကို ကျွန််တော် မထိန်းချုပ်နိုင်ဘူး။ ကျွန်တော်က အစ်မကိုပဲ တစ်ခုခုမဖြစ်စေချင်တာ။ အခုအချိန်ကစပြီး ဒီက အစာတွေမစားရဘူး။ ရေတောင်မှ မသောက်ရဘူးဗျာ။ ညအိပ်ရင်လည်း ကင်းစောင့်ချင်တယ်လို့ ကိုယ့်ဘက်က စပြောပြီး ကျွန်တော်နဲ့နေ။ နားလည်ရဲ့လား”

“ကောင်းပါပြီ”

ရှလင်က လေးပင်စွာ ခေါင်းညှိတ်ပြီး သဘောတူ၏။

“ဟုတ်”

ဟန်ကျောက်၏ မျက်ခုံးများက ပြေလျော့သွားသည်။

‘နေပါဦး.. ဂျူနီယာမောင်လေးဟန် ခုနက ပြောလိုက်တာ.. အခြားလူတွေကို ဂရုမစိုက်ပဲ ငါ့တစ်ယောက်တည်းကိုပဲ ဂရုစိုက်တာတဲ့… အဲ့ဒါကဘာလဲ.. ငါ့ကို တစ်ခုခုကိုများ အရိပ်အကဲပြတာလား…’

ရှလင်က မျက်လုံးဝိုင်းများကို ပုတ်ကာ ဟန်ကျောက်၏ စကားကို ပြန်ပြောင်းစဉ်းစား၏။ သူမ၏ နားရွက်များက ပူလောင်လာခဲ့သည်။

ဟန်ကျောက်ဟာ ဒီည၏ အစီအစဉ်ကို စဉ်းစားနေ၏။ ရှလင်၏ ငိုင်တိုင်နေမှုကို ရုတ်တရက် တွေ့လိုက်ရသည်။ မနေနိုင်ပဲ မေး၏။

“စီနီယာအစ်မရှ.. စီနီယာအစ်မရှ”

“ဟမျ.. ဟမျ.. ဘာလဲ”

ရှလင်က သတိပြန်လည်လာ၏။

“ဗိုက်ဆာနေတယ်မလား.. ကျွန်တော့မှာ အသားခြောက်ရှိတယ်။ စားလိုက်ဦး”

ဟန်ကျောက်က သူယူလာသည့် အစားအသောက်တို့ကို ထုတ်ကာ ရှလင်အား ပေးသည်။

“အစ်မမှာရှိပါသေးတယ်။ မောင်လေးပဲ စားလိုက်..”

ရှလင်က အသားခြောက်နှစ်ခုကို ထုတ်ကာ ပြုံးသည်။ ပါးချိုင့်လေးနှစ်ခု ပေါ်လာ၏။

နှစ်ယောက်သားဟာ သူတို့၏ အစာခြောက်များကို စားသောက်ပြီးနေက် ချန်းလျှို၏ အိမ်သို့ အတူတူ ပြန်ခဲ့သည်။ ရှလင်၏ နီရဲနေသည့် မျက်နှာကို တွေ့ရပြီးနောက် သိုင်းသမားများ၏ မျက်လုံးများထဲ၌ ဟန်ကျောက်အပေါ် အားကျမှုနှင့် မနာလိုမှုတို့ ပေါ်လာ၏။

မကြာခင် ကောင်းကင်က မဲမှောင်လာခဲ့သည်။ သူတို့ဟာ မနက်ဖြန်တွက် ဆက်လက်ခရီးဆက်ရမည် ဖြစ်သဖြင့် ကျန်းလင်လုက လျှင်မြန်စွာ အိပ်စက်ခိုင်း၏။

အခန်းထဲတွင်.. ကြီးမားသည့် အိပ်ယာကြီးတစ်ခုပေါ်၌ ယောက်ျားသား ခုနစ်ယောက်တို့ဟာ အတူတူ တိုးဝှေ့ကာ နေကြသည်။ သိုင်းသမားများ၏ ခန္ဓာကိုယ်ဟာ တုံ့ပြန်မှု လျှင်မြန်ပြီး ခဏတာအတွင်း ချွေးများ ထွက်လာကြ၏။

ဟန်ကျောက်တွင် အတွင်းစွမ်းအင်ရှိကာ အပူအအေးတို့ကို ခံနိုင်ရည်ရှိသည်။ လဝက်လောက် ရေမချိုးလျှင်တောင် ချွေးများနှင့် နံစော်နေမည် မဟုတ်ပါ။

သို့ပေမယ့် အခြားလူများကတော့ ခြားနား၏။ သူတို့ဟာ အပေါ်အင်္ကျီများနှင့် ဖိနပ်များကို ချွတ်လိုက်သည်နှင့် ချွေးများ၊ အနံ့ဆိုးများနှင့် ခြေနံ့များဟာ အခန်းတစ်ခုလုံးကို ချက်ချင်းပင် ပြည့်နှက်သွားစေသည်။

“ဝမ်ကျီမင်… မင်းရဲ့ ခြေထောက်က နံ့လိုက်တာဟ.. မြန်မြန်လေး ဖိနပ်စွပ်ထား”

ထိုအချိန်၌ တစ်ဖက်အခန်းမှ ပြောဆိုသံတစ်ခု ထွက်ပေါ်လာ၏။

“အနံ့ဆိုးတို့ဟူးကို မင်းမကြိုက်ဘူးလား။ ဒါလေးတောင် မခံနိုင်ဘူးလား”

“တော်ပါ… အဲ့ဒါက တူမလား… မင်းဖိနပ်တွေကို မဝတ်ထားရင်.. ငါ့အတွင်းခံလည်း ချွတ်ထားမှာနော်”

“မလုပ်ပါနဲ့… ငါဝတ်မယ်။ ငါဝတ်မယ်”

“ဝမ်ကျီမင်.. မင်းဘာတွေကြောက်နေတာလဲ.. သံမဏိစအိုသိုင်းကို မင်းမတတ်ဘူးလား”

သိုင်းသမားများက ရယ်၏။

“အရှင်ကျန်း.. ခင်ဗျားတို့အိပ်နှင့်ပါ။ ကျွန်တော် ညဂျူတီစောင့်ပေးမယ်”

ဟန်ကျောက်က စတင်ကာ ပြောသည်။

အခန်းထဲရှိ အနံ့ဟာ နေရောင်အောက်က ဝက်စာခွက်နှင့်တူ၏။ အမှန်တကယ်ကို ဖော်ပြ၍ပင် မရပေ။ ဒီညတွင် အန္တရာယ်မရှိဘူး ဆိုလျှင်တောင် သူဟာ ဒီလူများနှင့် တစ်ခန်းထဲမှာ အိပ်မှာမဟုတ်ပါ။

“ကောင်းပြီ။ ညလယ်ကျရင် မင်းနေရာကို ငါဝင်ပေးမယ်”

ကျန်းလင်လုက ခေါင်းညှိတ်ကာ တည်ကြည်သည့် အသွင်သို့ ချက်ချင်းပင် ပြောင်းသွား၏။ ဟန်ကျောက် အခန်းထဲမှ လျှောက်ထွက်မသွားခင်တွင်ပင် လူအချို့ဟာ အိပ်မောကျကာ ဟောက်သံများ ထွက်လာခဲ့ပါပြီ။

“ဟူး..”

ဟန်ကျောက်ဟာ အခန်းထဲမှ လျှောက်ထွက်ကာ လက်ဆတ်သည့် လေကို ရှူ၏။ ခံစားရတာ တော်တော်ကောင်းသွားသည်။ သူဟာ ခြံဝန်းအတွင်းရှိ ကျောက်တုံးတစ်ခုဆီသို့ လျှောက်သွားကာ ထိုင်၏။

“ခရက်”

ဘယ်ဘက်အစွန်ဆုံးအခန်းမှ တံခါးဟာ ပွင့်လာခဲ့သည်။ သေသပ်စွာ ဝတ်စားထားသည့် ရှလင်ဟာ ခါးတွင် ဆေဘာဓါးကို ချိတ်ပြီး လျှောက်ထွက်လာ၏။ ဟန်ကျောက်ကို ခေါင်းညှိတ်ပြပြီးနောက် အနားတွင် လာထိုင်သည်။

ခဏအကြာ၌ အခန်းလေးခုလုံးမှ ဟောက်သံများ ပေါ်လာ၏။ အချို့က မြန်ကာ အချို့က နှေးကာ ကျယ်လောင်သည်။ အချို့ သေဆုံးနေသကဲ့သို့ ဖွဖွသာ အသက်ရှူသူများလည်း ရှိ၏။

ထိုအချိန်၌ ညာဘက်အစွန်ဆုံးမှ တံခါးဟာ ပွင့်လာခဲ့သည်။ ခုနက ခြေထောက်အနံ့ဆိုး၍ အလှောင်ခံခဲ့သည့် ဝမ်ကျစ်မင်ဟာ အတွင်းဝတ်နှင့် လျှောက်ထွက်လာခဲ့၏။

ဟန်ကျောက်နှင့် ရှလင်တို့၏ ညကင်းစောင့်နေပုံကို တွေ့ရပြီးနောက် ဖြတ်ကျော်သွားချိန်၌ မနေနိုင်ပဲ နှာခေါင်းရှုံ့ခဲ့၏။ ထို့နောက် တစ်ခုခုကို စဉ်းစားမိပြီး ဟန်ကျောက်ဆီသို့ လျှောက်လာသည်။

“ဟန်ကျောက်”

ဟန်ကျောက်က ခေါင်းညှိတ်ကာ မေးသည်။

“ရေအိမ်သွားမလို့မလား”

“နေ့ပိုင်းက ဖြစ်ခဲ့တာတွေကို စိတ်ထဲမထားနဲ့။ ငါကမင်းကို တမင်နောက်တာ”

ဝမ်ကျစ်မင်က ပြောသည်။

“ငါစနောက်တာဆိုတာ ငါသိပါတယ်”

ဟန်ကျောက်က ခေါင်းညှိတ်သည်။

“ဟီးဟီး..”

ဝမ်ကျစ်မင်က ရုတ်တရက် အသံနိမ့်စွာ လူယုတ်မာအပြုံးဖြင့် ပြော၏။

“မင်းကိုငါ ပြောပြလိုက်မယ်… အဲ့ဒီဒေါ်လေးထောက မင်းကိုသေချာပေါက် သဘောကျနေတာကွ။ ငါပြောတာ မင်းယုံလား”

“ဘယ်လိုဖြစ်နိုင်မှာလဲ”

“အဖိုးကြီးဆီက ငါကြားတာတော့ သူ့ရဲ့ သားငါးယောက်က ပြန်မလာတာ ခုနစ်နှစ်တောင် ရှိပြီတဲ့။ ဟိုင်ဝါက ငါးနှစ်ပဲ ရှိသေးတယ်။ မင်းဘယ်လိုထင်လဲ”

ဝမ်ကျစ်မင်က ပြုံးကာ မျက်စပစ်သည်။

“ငါသိပြီ”

ဟန်ကျောက်က တည်ငြိမ်စွာ ပြောသည်။

“ဘာလဲ… မင်းစိတ်မဝင်စားဘူးလား”

“ငါကြားတာတော့.. ဒေါ်လေးထောက ဟိုင်ဝါကို သူ့အဖိုးနဲ့အိပ်ဖို့ ချော့ပြီးပို့ထားတယ်တဲ့။ ဒီလိုကံကောင်းမှုမျိုးကို မင်းမလိုချင်ရင် ငါအားမနာတော့ဘူးနော်”

“ဒါက ကံကောင်းတာလား.. ကံဆိုးတာလားဆိုတာ ပြောဖို့ခက်ပါတယ်”

ဟန်ကျောက်က မျက်မှောင်ကြုတ်သွားပြီး သူ့ကိုကြည့်သည်။

“မင်းရေအိမ်သွားမလို့ မဟုတ်ဘူးလား။ မသွားသေးဘူးလား”

“ပျင်းဖို့ကောင်းလိုက်တာ”

ဟန်ကျောက်၏ လေးနက်စွာသာ ရှိနေပုံနှင့် ရှလင်၏ တုံ့ပြန်မှု မရှိပုံတို့ကို တွေ့ရပြီးနောက် ဝမ်ကျစ်မင်ဟာ မကျေမနက်ဖြင့်သာ ထွက်ခွာသွားနိုင်တော့သည်။

“အဖော်လိုက်ပေးဖို့ လိုသေးလား”

ဟန်ကျောက်က မေးလိုက်ပြန်၏။

“ရေအိမ်အတူတူ သွားဖို့လား”

ဝမ်ကျစ်မင်က လက်ကိုယမ်းသည်။

“မလိုဘူး.. ဘေးနားမှာ လူရှိရင် ငါက သေးတောင်ပေါက်နိုင်တာ မဟုတ်ဘူး”

ထိုစကားကို ကြားရပြီးနောက် ဟန်ကျောက်က စကားရပ်သွားသည်။ ဝမ်ကျစ်မင် ထွက်ခွာသွားပြီးနောက် သူက မျက်လုံးများကို မှိတ်ကာ အနားယူ၏။

ရှလင်မှာလည်း ပင်ပန်းလွန်းသဖြင့် ငိုက်နေပါပြီ။ ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်းတွင် သူတို့ဟာ ခရီးနှင်နေခဲ့ရပြီး ညအချိန်တွင် ကောင်းကောင်း မအိပ်ခဲ့ရပေ။ ညစာကို ကောင်းစွာ မစားခဲ့ရပေ။ ထို့ကြောင့် အနည်းငယ် ပင်ပန်းနေပြီ ဖြစ်၏။

အရေးအကြီးဆုံးမှာ ဘေးရှိ ဂျူနီယာမောင်လေးဟာ လုံခြုံသည့် အငွေ့အသက်ကို ပေးစွမ်းနေရာ သူမအနေနှင့် အလွန် သက်တောင့်သက်သာ ခံစားရသည်။ ချက်ချင်းပင် ပိုမိုကာ အိပ်ချင်လာခဲ့၏။

သို့ရာတွင် ညနေပိုင်းက ဟန်ကျောက်ပြောခဲ့သည့် စကားများကို တွေးမိပြီးနောက် နိုးထနေရန်သာ အတင်း အားစိုက်ယူရ၏။

အမည်မသိ အချိန်တစ်ခု အပြီးတွင် ရှလင်၏ ဦးခေါင်းဟာ ဟန်ကျောက်၏ ပုခုံးပေါ်သို့ လဲကျနေပါပြီ။ သူမဟာ အိပ်ပျော်သွားခဲ့၏။

ဝမ်ကျစ်မင်ဟာ ပြန်မလာသေးပေ။ ထိုအချိန် ဟန်ကျောက်ဟာ မျက်မှောင်ကြုတ်သွား၏။ ယင်စွမ်းအင်စုပ်ယူမှု ရပ်တန့်သွားပြီးဖြစ်သည့် ဝိညာဉ်အဆီအနှစ်လုံးဟာ ပြောင်းလဲလာပြန်ကြောင်းကို သူခံစားလိုက်ရသည်။ လေထဲရှိ ယင်စွမ်းအင်သိပ်သည်းမှုဟာ တိုးပွားလာပြန်၏။

ရလဒ်ကို ကြိုသိပြီး ဖြစ်ပေမယ့် မကောင်းဆိုးရွားများဟာ မည်သို့မည်ပုံ ရှိသည်နှင့် မည်သည့်စွမ်းရည်တို့ ရှိသည်ကို သူမသိပေ။ ထို့အပြင် ဘယ်အချိန်ကလဲ မသိပဲ ခြံဝန်းအတွင်းရှိ ဟောက်သံအားလုံးတို့ဟာ ပျောက်ကွယ်သွားပြီး ဖြစ်၏။

ဟန်ကျောက်ဟာ ရှလင်၏ ပါးပြင်ကို ပုတ်ကာ နှိုးလိုက်သည်။

“ဂျူနီယာမောင်လေးဟန်”

ရှလင်၏ မျက်လုံးများက ရီဝေစွာ ပွင့်လာခဲ့သည်။

“တစ်ခုခု မူမမှန်ဘူး”

ဟန်ကျောက်က သတိပေးကာ မတ်တပ်ထရပ်၏။

“ဘာ”

ရှလင်၏ အိပ်ချင်နေမှုတို့လည်း လုံးဝ ပျောက်ကွယ်သွားသည်။ သူမ၏ ညာဘက်လက်ဟာ ဆေဘာဓါးပေါ်သို့ ကျရောက်နေပြီး ဖြစ်၏။

ဟန်ကျောက်က သူမကို အိမ်ထဲသို့ ဆွဲခေါ်သွားသည်။

“အရှင်ကျန်း.. ထတော့”

သူက ကျန်းလင်လုကို လှုပ်နှိုးသည်။ သို့ပေမယ့် တစ်ဖက်လူ၏ ခန္ဓာကိုယ်ဟာ တောင့်တင်းကာ အေးစက်နေကြောင်းကို တွေ့ရသည်။ ဝက်သေတစ်ကောင်ကဲ့သို့ ရှိနေ၏။ မည်သည့် တုံ့ပြန်မှုကိုမှ ရခဲ့ခြင်း မရှိပေ။

All Chapters