← Chapters

(ပြင်းထန်သည့်တိုက်ပွဲ)

Vol. 4 Ch. 59

(ပြင်းထန်သည့်တိုက်ပွဲ)

Vol. 4 Ch. 59

“ရှပ်၊ ရှပ်၊ ရှပ်”

ဟိုင်ဝါက ကျန်းလင်လုကို အလှဲချပြီးနောက် တစ်ခါတည်း သတ်ဖြတ်ခြင်း မပြုပါ။ အဲ့ဒီအစား ခေါင်းကိုလှည့်ကာ ဟန်ကျောက်နှင့် ရှလင်တို့ကို ကြည့်သည်။ သူတို့နှစ်ယောက်ဆီသို့ တမင် နှေးကွေးစွာသာ လျှောက်သွား၏။

သူက လျှောက်လှမ်းရင်းမှ ခြေထောက်ကို ပြင်းထန်စွာ ဆောင့်လိုက်သည်။ မြေပြင်ကို ငလျှင်လှုပ်သကဲ့သို့ အသံကျယ်စွာ ထွက်ပေါ်လာစေ၏။

“ရပ်လိုက်”

ရှလင်၏ မျက်နှာဟာ အကြောက်တရားတို့ဖြင့် ပြည့်နှက်နေ၏။ သို့ပေမယ့် သူမဟာ ထွက်ပြေးခြင်းမပြုပါ။ အဲ့ဒီအစား ဆေဘာဓါးကို ဆွဲကာ ဟန်ကျောက်၏ရှေ့တွင် ရပ်၏။

“အစ်ကိုကြီး.. ဒီမှာ ကျွန်တော်တို့နဲ့ နေလေ။ အမေနဲ့ ကျွန်တောက် ခင်ဗျားကို အရမ်းသဘောကျတာဗျ”

အပြစ်ကင်းကာ ချစ်ဖို့ကောင်းသည့် အသံတစ်ခု ပေါ်လာ၏။

“နောက်မှာနေ”

ဟန်ကျောက်က တိုက်ခိုက်မှုပြုတော့မည့် ရှလင်ကို ဆွဲသည်။ ခါးရှိ ရေခဲဓါးကို ဆွဲထုတ်ကာ ဟိုင်ဝါရှေ့သို့ လျှောက်သွား၏။ ခုနက သူ၏ စူးစမ်းရှုအရ ဟိုင်ဝါ၏ လမ်းစဉ်ကို အခြေခံအားဖြင့် နားလည်ပြီးဖြစ်သည်။

“အစ်ကိုကြီး… ကျွန်တော်နဲ့ ကစားချင်လို့လား”

ဟိုင်ဝါက သိလိုစွာ ကြည့်သည််။

“မင်းကို နှစ်ချက်လောက် အခုတ်ခံရင် ကစားမယ်လေ” ဟန်ကျောက်က ပြောလိုက်ရင်းက ရုတ်တရက် အရှိန်မြှင့်လိုက်သည်။ တောင်ခွဲအားနှင့် ပေါင်းကာ လှိုင်းထပ်နည်းပညာဖြင့် ခုတ်ပိုင်း၏။ ငွေဖြူရောင် ဆေဘာအလင်းဟာ လနှင့် ပေါင်းစပ်သွားသည့်အလား ပေါ်လာခဲ့သည်။

“ပျော်ချင်တာလား”

ဟိုင်ဝါဟာ ကစားချင်တာလားဟု ဆိုခဲ့ပေမယ့် ဟန်ကျောက်၏ ဆေဘာဖြင့် တိုက်ခိုက်လိုက်သည့် အချိန်တွင် သူ၏ မျက်နှာပေါ်၌ ရန်လိုမှုတို့ဖြင့် ပြည့်နှက်နေ၏။

ခန္ဓာကိုယ်မျက်နှာပြင်ပေါ်ရှိ ကျောက်နက်များကဲ့သို့ ကြွက်သားများဟာ ဖောင်းကြွလာပြန်သည်။ ဟန်ကျောက်ကို အားကုန် ထိုးချလိုက်၏။

“ကလန်”

ကျယ်လောင်သော အသံနှင့်အတူ ဟိုင်ဝါဟာ ရေခဲဓါး၏ တိုက်ခိုက်မှုကို လက်သီးဖြင့် ကာလိုက်၏။ ဓါးဟာ အလွယ်မှ ကျိုးထွက်သွားပြီး ဆေဘာဓါးတစ်ဝက်ဟာ မြေပြင်ပေါ်သို့ ကျဆင်းသွားသည်။

“ရှပ်၊ ရှပ်”

ဟန်ကျောက်ဟာ နောက်သို့ ခြေသုံးလှမ်းဆုတ်ပြီးမှ ပြန်လည်တည်ငြိမ်နိုင်၏။

“မာလိုက်တာ”

ကိုယ်တိုင် ခံစားရသည့် အတွေ့အကြုံဟာ ဘေးမှ ကြည့်နေခြင်းနှင့် လုံးဝ ခြားနားသည်။ တစ်ချက်ထိသည်နှင့် ကြီးမားသည့် သံတုံးကြီးတစ်ခုကို ခုတ်ပိုင်းရသလို ခံစားရ၏။ လက်မနှင့် လက်ညှိုးအကြားရှိ နေရာတစ်ခုလုံးကို အနည်းငယ် ထုံထိုင်းသွားစေသည်။

“အစ်ကိုကြီး.. ခင်ဗျားက အရမ်းသန်မာတာပဲ”

ဟိုင်ဝါက ရယ်၏။ သို့ပေမယ့် သူ၏ ပုံက အနည်းငယ် ပဟေဋိဖြစ်နေပါသည်။ သူ၏ ခွန်အားအပြည့်ဖြင့် တိုက်ခိုက်မှုအောက်တွင် လဲမကျသွားသည့်လူကို တစ်ခါမှ မကြုံဖူး၍ ဖြစ်၏။

ထိုအချိန်၌ အခြားအခန်းများအတွင်းရှိ သတိလစ်နေသည့် သိုင်းသမားများလည်း နိုးထလာကြသည်။ အခန်းထဲမှ ပြေးထွက်လာပြီးနောက် ၃မီတာလောက် မြင့်မားသည့် မကောင်းဆိုးရွားကို တွေ့လိုက်ရ၏။ ဒဏ်ရာအပြင်းအထန် ရထားသည့် ကျန်းလင်လုကိုလည်း တွေ့ရသည်။ သူတို့အားလုံးဟာ လန့်သွားကြ၏။

“အရှင်ကျန်း”

“အဖိုးကြီးကျန်း.. ဘာဖြစ်သွားသေးလဲ”

ကျန်းမိသားစုရှိ သိုင်းသမားများက အမြန်ပြေးကာ ထူကြသည်။ သွေးသန့်စင်ခြင်းအဆင့် သိုင်းသမား ငါးယောက်တို့ကလည်း သူ့ကိုဝိုင်းကာ မေးကြ၏။

ကျန်းလင်လု၏ မျက်လုံးများမှာ အနည်းငယ် မစူးစိုက်နိုင်ပဲ ရှိနေ၏။ သူက ပါးစပ်ဟကာ သွေးများကို ဆက်လက်အန်ထုတ်သည်။ ကျန်းမိသားစုရှိ သိုင်းသမားက အသက်ကယ်ဆေးလုံးတစ်လုံးကို အမြန်ထုတ်ကာ တိုက်သည်။

“ဒီကောင်က.. မဟုတ်ဘူး.. လူမဟုတ်ဘူး.. မြန်မြန်လေး ထွက်ခွာကြ”

ကျန်းလင်လုက တုန်ယင်နေသည့် သူ၏လက်ကိုမြှောက်ကာ ဟိုင်ဝါကို ညွှန်ပြသည်။

“လူပိုများလာပြီ… ပျော်စရာကောင်းတယ်။ ပျော်စရာကောင်းတယ်”

သိုင်းသမားများစွာ၏ နိုးထလာမှုက ဟိုင်ဝါကို ကြောက်သွားစေခြင်း မရှိပါ။ သူက လက်ဝါးဆုပ်ကာ ပျော်ရွှင်စွာ ပြော၏။

ဟန်ကျောက်က ပျက်စီးသွားသည့် ဓါးကိုကြည့်သည်။ သူ၏မျက်လုံးများ၌ ရက်စက်ကြမ်းကြုတ်မှုတို့ ဖြတ်သန်းသွား၏။

“မင်းအမေကိုပျော်”

သူက ခွန်အားကို စုစည်း၏။ ဒန်တျန်အတွင်းရှိ အစစ်အမှန်ချီဟာ ညာဘက်လက်တွင် စုစည်းလာခဲ့ပြီး သွေးချီများလည်း ထကြွလာ၏။ ခါးကြားမှ သုတ်သင်ခြင်းဆေဘာကို ထုတ်လိုက်သည်။

“ဟန်ကျောက်.. ပြန်လာခဲ့.. မင်းဘာလုပ်နေတာလဲ”

ဟိုင်ဝါ၏ ခွန်အားကို တွေ့ခဲ့ရသည့် သိုင်းသမားများက ကြောက်ရွံ့စွာ အော်၏။ သို့ရာတွင် ဟန်ကျောက်ဟာ ပြေးထွက်သွားပြီး ဖြစ်သည်။

အတွင်းအားနှင့် အစစ်အမှန်ချီတို့၏ ပြီးပြည့်စုံသည့် ပေါင်းစပ်မှုဟာ ဆေဘာဓါးမှ ရုတ်တရက် ထွက်ပေါ်လာ၏။ ဟန်ကျောက်၏ စကားက ဟိုင်ဝါကို ဒေါသထွက်သွားစေသည်။ သူက လက်သီးနှစ်ဖက်ဖြင့် ဟန်ကျောက်၏ ဦးခေါင်းကို တစ်ပြိုင်နက် ထိုးလိုက်သည်။ ခုခံမှုကို လစ်လျူရှုကာ ဟန်ကျောက်၏ တိုက်ခိုက်မှုကို ဂရုမစိုက်ပဲ ထား၏။ ထိုလက်သီးချက်သာ ကျဆင်းလာပါက ဟန်ကျောက်၏ ဦးခေါင်းကာ ပေါက်ကွဲထွက်သွားမည့် ပုံပါ။

“ဂျူနီယာမောင်လေးဟန်.. သတိထား”

ရှလင်က လန့်ဖြန့်စွာ အော်၏။ ဟန်ကျောက်နှင့် ဟိုင်ဝါတို့ဟာ တွေ့ဆုံမိသည်နှင့် အရှိန်ပြင်းစွာ ပြန်လည်ခွဲဖြာသွားကြသည်။

“ဇွက်”

ထက်မြသည့် လက်နက်၏ အသားထဲသို့ ဝင်ရောက်သံဟာ ထွက်ပေါ်လာ၏။ ဟိုင်ဝါက ငုံ့ကြည့်လိုက်ပြီးနောက် သူ၏လက်သီးများဟာ အလယ်မှ ဖြတ်တောက်ခံလိုက်ရကြောင်းကို တွေ့ရသည်။ ဖြတ်တောက်မှုဟာ လက်ဖျံရိုးအထိ ရောက်ပါသည်။

ထို့အပြင် ဒဏ်ရာဟာ အစိမ်းဖြူရောင် အလင်းတစ်ခုနှင့် လွှမ်းခြုံနေပြီး သူ၏လက်သီးကို ပြန်ကောင်းခြင်းမှ ဆက်တိုက် တားဆီးထား၏။ ပထမဆုံးအကြိမ် ကြောက်စရာကောင်းသည့် စွမ်းအားတစ်ခုကို သူခံစားလိုက်ရသည်။

“နာတယ်.. အားး”

ဟိုင်ဝါဟာ မြေပြင်ပေါ်သို့ ထိုင်ချလိုက်ပြီး ကလေးတစ်ယောက်ကဲ့သို့ အော်ငို၏။

“အမေ.. ကျွန်တော့ကို အနိုင်ကျင့်နေတယ်”

ရှေ့ရှိ ထိုမြင်ကွင်းကို တွေ့ရပြီးနောက် လူတိုင်းဟာ မှင်သက်သွားကြသည်။

“မင်း.. မင်း”

ထိုအခြေအနေကို တွေ့ရပြီးနောက် ကျန်းလင်လုက ထစ်ငေါ့စွာ ပြော၏။ သို့ပေမယ့် ဝင်သက်ထွက်သက် ကောင်းစွာမလုပ်နိုင်ပဲ သတိလစ်သွားသည်။

ရှလင်လည်းပဲ ငိုင်တိုင်နေ၏။ သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်ဖြစ်သည့် ကျန်းလင်လုကိုပင် အနိုင်ယူနိုင်သည့် မကောင်းဆိုးရွား တစ်ကောင်ကို အစ်ကိုဟန်က ထိခိုက်အောင် လုပ်ခဲ့သည်လား။

“ငါ့သားကို ဘယ်သူအနိုင်ကျင့်တာလဲ”

ဒေါ်လေးထော၏ အသံက တစ်ဖက်ခန်းတံခါးမှ ထွက်ပေါ်လာ၏။

“ဘာတွေ ဖြစ်ကုန်တာလဲ”

ရှမိသားစုရှိ အကြီးအကဲ ဖုန်းရှောင်က ရှလင်၏ဘေးသို့ ပြေးလာသည်။ သူမကို ကာလိုက်ရင်းက အခြေအနေကို မေးမြန်း၏။

“ဟိုင်ဝါ.. မငိုနဲ့.. နင့်အတွက် ငါလက်စားချေပေးမယ်။ ကောင်းပြီလား”

ဒေါ်လေးထောက ဟိုင်ဝါ၏ ဘေးတွင်ရပ်ကာ အနားတွင် မည်သူမှ မရှိသကဲ့သို့ ချော့၏။ သုံးမီတာ မြင့်မားသည့် ခန္ဓာကိုယ်ကြီးတစ်ခုဟာ ထိုင်နေလျှင်တောင် ဒေါ်လေးထော၏ ရပ်နေခြင်းဟာ ဦးခေါင်းထိရုံသာ ရှိပါသည်။ ထိုမြင်ကွင်းဟာ အလွန် ထူးဆန်းကာ ရယ်ဖို့ကောင်း၏။

သို့ပေမယ့် နိုးထလာခစရှိသည့် မည့်သည့်သိုင်းသမားမဆိုဟာ ပြုံးနိုင်ခြင်း မရှိကြပါ။ အဘယ်ကြောင့်ဆိုသော် သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံး အားနည်းနေပြီး အဆိပ်မိသည့် လက္ခဏာတစ်ခု ပြသနေသောကြောင့် ဖြစ်၏။

ထိုအချိန်၌ ဒေါ်လေးထောက မတ်တပ်ရပ်ကာ ခြံဝန်းအတွင်းရှိ သိုင်းသမားများကို ကြည့်သည်။ သူမက ဆွဲဆောင်မှုရှိစွာ ပြုံးရင်းက ပြော၏။

“လူတိုင်းပဲ.. နင်တို့တွေ ငါ့အသားကို စားခဲ့ပြီးပြီ။ ထွက်သွားဖို့ မလွယ်တော့ဘူး.. ဒီမှာပဲ ငါတို့နဲ့ ဘာလို့မနေမှာလဲ”

“ဘာ.. နင့်ရဲ့အသားလား”

“ဝေါ့”

သိုင်းသမားများ၏ ပုံစံက ပြောင်းလဲသွား၏။ အချို့ဆိုလျှင် တစ်ခါတည်း အန်ထွက်ကုန်ကြသည်။

သူမက စကားဆုံးသည်နှင့် လက်ကို ဖြည်းညှင်းစွာ မြှောက်သည်။ လက်ချောင်းများကို ကွေးညွှတ်ပြီး နီရဲသည့် လက်သည်းများက ရှည်ထွက်လာခဲ့၏။ သုံးလက်မလောက် ရှိပြီး ဓါးမြှောင်များသဖွယ် ထက်မြလှသည်။

“ဆွစ်”

လူတိုင်းဟာ သူတို့၏ မြင်ကွင်းတို့ မှုန်ဝါးသွားမှုကို ခံစားရသည်။ ဒေါ်လေးထောဟာ နေရာမှ ပျောက်ကွယ်သွားပြီး ဖြစ်၏။ သူမဟာ သရဲတစ်ကောင်လို မြန်ဆန်သည်။ နာကျင်သည့် အော်သံနှစ်ခုဟာ တစ်ပြိုင်နက်နီးပါး ထွက်ပေါ်လာ၏။ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့၏ လည်ပင်းများဟာ လက်သည်းဖြင့် ဖြတ်တော်ခံရပြီး သွေးများ ပန်းထွက်လာခဲ့သည်။

ဒေါ်လေးထောက ထက်မြသည့် သူမ၏လက်သည်းများကို ဝှေ့ယမ်းလိုက်ပြန်၏။ ကြက်သွေးရောင် လက်သည်းများ ဖြတ်သန်းသွားမှုဟာ သိုင်းသမား၏ အရေအပြားကို ကွဲထွက်သွားစေပြီး အသားဆိုင်များက ရုပ်ပျက်ဆင်းပျက် ပေါ်လာကြသည်။

မကြာခင် အလောင်းဆယ်လောင်းတို့ မြေပြင်ပေါ်တွင် လဲကျပြီး၏။ ဤသည်မှာ ဟိုင်ဝါမပါသည့် တိုက်ပွဲသာဖြစ်သည်။ သွေးသန့်စင်ခြင်းအဆင့် အကြီးအကဲ ငါးယောက်တို့ဟာ ဖိအားကြီးစွာ ရပ်ကာနေကြ၏။

“ဘုရားရေ.. ပြေးဟ”

အချို့ သိုင်းသမားများဟာ ဝိညာဉ်လွင့်မတတ် ကြောက်ရွံ့ကာ ခြံနံရံများမှ ကုပ်ဖက်တက်ပြီး တစ်ခါတည်း ထွက်ပြေးကြ၏။

ထိုပုံကို တွေ့ရပြီးနောက် ဟန်ကျောက် ဆေဘာဓါးကို မြှောက်ကာ တိုက်ခိုက်သည်။

“ထပ်ဆင့်လှိုင်း”

လူတိုင်းကို ရဲဆေးကျွေးသည့်သဖွယ် အော်လိုက်ပြီး တောင်ခွဲဆေဘာဓါးသိုင်း၏ ဒုတိယဓါးကွက်ကို ထုတ်လိုက်၏။ ဟန်ကျောက်၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးချီတို့ မြင့်တက်လာပြီး ဆေဘာကိုင်ထားသည့် လက်ဆီသို့ စုစည်းလာကြသည်။ အစက မာကြောနေပြီးဖြစ်သည့် ကြွက်သားများဟာ သွေးချီများဖြင့် ပြည့်နှက်လာ၏။

အချိန်တိုအတွင်းတွင် ပိုမိုကြီးထွားလာကြသည်။

သူ၏ ခွန်အားနှင့် ပေါက်ကွဲထွက်မှု စွမ်းအားတို့ဟာ ဆက်လက်တိုးတက်လာပြီး လူတစ်ကိုယ်လုံး ဖိအားပြင်းသည့် အငွေ့အသက်တို့ ထွက်ပေါ်လာ၏။ သူဟာ နဂါးတစ်ကောင်သဖွယ် ရှိနေတော့သည်။

ထိုပုံကို တွေ့ရပြီးနောက် သွေးသန့်စင်ခြင်းအဆင့် သိုင်းသမား ငါးယောက်တို့လည်း အသက်ကိုစွန့်စားကာ ဒေါ်လေးထောကို ဝိုင်းလိုက်ကြသည်။ ဟန်ကျောက်၏ အလွန်ရဲရင့်နေမှု အကြောင်းအရင်းကို သူတို့မသိပေမယ့် ဒီအချိန်၌ သူတို့၏ ခွန်အားဟာ ကြီးစွာ ကျဆင်းနေပါသည်။ အသက်ရှင်နိုင်ပါက အဆင်ပြေ၏။

“ဆွစ်"

ဟန်ကျောက်က ဒေါ်လေးထော၏ ဦးခေါင်းကို ခုတ်ပိုင်းတော့မည် အပြုတွင် သန်မာသည့် လေက တိုက်ခိုက်လာပြီး လေကို ထိုးခွင်းသည့် ထက်မြသည့်အသံတစ်ခုကို ကြားလိုက်ရသည်။

“သေလိုက်တော့”

ဟန်ကျောက်က အံကိုကြိတ်ကာ အစစ်အမှန်ချီကို ရုတ်တရက် ထုတ်ဖော်လိုက်၏။ ဒေါ်လေးထော၏ လည်ပင်းကို ခုတ်ပိုင်းကာ သုံးပုံနှစ်ပုံကို ဖြတ်ပိုင်းလိုက်၏။ ကံဆိုးစွာပင် ခေါင်းလုံးဝမပြတ်သွားခင်တွင် သူမ၏ ထက်မြသည့် လက်သည်းများက ဆေဘာကို ဖမ်းဆုပ်လိုက်သည်။

“သခင်လေးဟန်.. ရှင်က အရမ်းကြမ်းကြုတ်တာပဲ” ဒေါ်လေးထောက ဟန်ကျောက်ကို မကျေနပ်စွာ ကြည့်သည်။ သူမဟာ ဟာသလုပ်ရန် စိတ်အခြေအနေတွင် ရှိနေဆဲ ရှိ၏။

ဟန်ကျောက်ဟာ ဒေါ်လေးထောကို ကန်ထုတ်လိုက်၏။ တစ်ချိနတည်းတွင် နောက်သို့လှည့်ကာ လက်သီးဖြင့် ထိုးသည်။

“ဘုန်း”

လက်သီးအကြီးအသေး နှစ်ခုဟာ ရုတ်တရက် တွေ့ဆုံမိပြီး ဟိုင်ဝါ၏ သားရဲတစ်ကောင်ကဲ့သို့ အော်သံက ထွက်ပေါ်လာခဲ့သည်။ သူ၏ သုံးမီတာ မြင့်မားသည့် ခန္ဓာကိုယ်ဟာ ဟန်ကျောက်၏ လက်သီးချက်ဖြင့် နောက်ဆုတ်သွားရ၏။

All Chapters