← Chapters

(မိတ်ဖွဲ့ခြင်း)

Vol. 5 Ch. 75

(မိတ်ဖွဲ့ခြင်း)

Vol. 5 Ch. 75

“ဒါပေမယ့် သူတို့ကို စမ်းသပ်ကြည့်ဖို လိုအပ်သေးတယ်” ဖန်းလင်က ခဏတာ စဉ်းစားပြီးနောက် အစေခံတစ်ယောက်ကို ခေါ်လိုက်သည်။

“ဆေးဆိုင်ကိုသွားပြီး နတ်ဆိုးမြွေအသားခြောက် ၈ကတ်တီသွားယူလှည့်။ နှစ်ပိုရင့်တာကို ငါလိုချင်တယ်။ ပြီးရင် သီးသန့်ခန်းရဲ့ တံခါးကို လာခဲ့။ ငါမခေါ်မချင်း ဝင်မလာနဲ့..”

“ဟုတ်ကဲ့ပါ စီမံသူဖန်း”

ခဏအကြာ၌ ဖန်းလင်တစ်ယောက် သီးသန့်ခန်းသို့ ပြန်ရောက်လာခဲ့သည်။ သူက ဘဏ်စာရွက် ၅၀တို့ကို ထုတ်ကာ လက်နှစ်ဖက်ဖြင့် မေး၏။

ဟန်ကျောက်က လှမ်းကာယူသည်။ ထိုအချိန်၌ ဖန်းလင်က သူ၏လက်ကိုဆွဲကာ အတွင်းအားကဲ့သို့ လှိုင်းတစ်ခု ဝင်ရောက်လာခဲ့၏။

ဟန်ကျောက်၏ မျက်ခုံးများက မြင့်တက်သွားသည်။ သူ၏‌ သွေးချီက မြင့်တက်လာပြီး အစစ်အမှန်ချီကို မြန်ဆန်စွာ လှည့်ပတ်လိုက်သည်။ တောင်ခွဲအတွင်းအားကို သုံးကာ ညာဘက်လက်ဖြင့် တွန်းသည်။ အတွင်းအားနှစ်ခုဟာ တွေ့ဆုံမိကြ၏။

ဖန်းလင်ဟာ လန့်သွား၏။ သင်ရှုံး၏ ခွန်အားကို သွေးချီချိုးဖျက်မှု ဒုတိယအဆင့်နှင့် နီးကပ်နေမည်ဟု ထင်မထားခဲ့ပေ။ ယခုကဲ့သို့ ငယ်ငယ်ရွယ်ရွယ်နှင့် အဆင့်မြင့်လှသည်။

ထို့အပြင် သူဟာ အတွင်းအားကိုလည်း ကျင့်ကြံနိုင်ခဲ့၏။ ထိုအချိန်၌ ဖန်းလင်က ညာသာစွာ တွန်းလိုက်ပြီး အတွင်းအားဖြင့် ဟန်ကျောက်ကို နောက်သို့ ဆုတ်သွားစေသည်။

“ကြီးကြပ်သူဖန်း.. ခင်ဗျား ဘာကို ဆိုလိုတာလဲ”

ဟန်ကျောက်က အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး မပျော်ရွှင်စွာ ပြောသည်။

“တကယ်ပဲမှန်တယ်.. သူရဲကောင်းဆိုတာ လူငယ်တွေက ထွက်ပေါ်တယ်တဲ့”

ဖန်းလင်က တောင်းပန်စွာ ပြုံးသည်။

“ကျွန်တော် လက်အကြောနည်းနည်းလိုက်သွားလို့.. ထိပါးသလို ဖြစ်သွားရင် တောင်းပန်ပါတယ်”

ခုနက စမ်းသပ်မှု ဖြစ်သည်ကို ဟန်ကျောက်လည်း သိပါသည။ ယခု တောင်းပန်ပြီးပြီလည်း ဖြစ်ရာ ဘဏ်စာရွက်များကိုသာ ယူ၏။

ထိုအချိန်၌ ဖန်းလင်က သီးသန့်ခန်း၏ အပြင်ဘက်သို့ မပျော်ရွှင်စွာ လှည့်ကြည့်သည်။

“ဒီလူတွေက ဘာလဲ.. အလုပ်လုပ်တာ နှေးလိက်တာ”

သူက ပြောရင်းနှင့် သီးသန့်ခန်း၏ တံခါးကို ဖွင့်လိုက်သည်။ တံခါး၏ မလှမ်းမကမ်းတွင် ဗန်းတစ်ခုကို ပိတ်စနီဖြင့် အုပ်ထားသည်အား ကိုင်ထားသည့် အစေခံတစ်ယောက် ရပ်နေ၏။ ဖန်းလင်က တစ်ချက်သာကြည့်သည်။ ထိုအစေခံဟာ အမြန် လျှောက်လာခဲ့၏။

“ဒီလောက် ကိစ္စလေးကိုတောင် နှောင့်တိနှောင့်နှေးနဲ့.. မင်းဘာတွေလုပ်နေတာလဲ”

ဖန်းလင်က ဆူပူ၏။

အစေခံက ခေါင်းငုံ့သွားသည်။ မှားယွင်းစွာ အပြစ်တင်ခံရသည်ဟု ခံစားရပေမယ့် မကျေနပ်မှု တစ်စုံတစ်ရာမှ မပြဝံ့ပေ။

“ဝင်လာခဲ့”

ဖန်းလင်က လက်ကိုဝှေ့ယမ်းသည်။ စေခံက ခေါင်းငုံ့ကာ သူ၏နောက်မှ လိုက်၏။

“ခုနက ကျွန်တော်တို့ရဲ့ အဆုံးမဲ့ရတနာစံအိမ်ဆီကို ဧည့်သည်တစ်ယောက်လာပြီး အဆိပ်နဲ့ ပက်သက်တဲ့ လက်ဝါးသိုင်းနဲ့ လက်သီးသိုင်းကို ဝယ်မလို့တဲ့။ ပေးတဲ့ ဈေးကလည်း အရမ်းမြင့်တယ်။ ဒီက မိတ်ဆွေတို့နှစ်ယောက်ကလည်း ကျွန်တော်တို့ရဲ့ အဆုံးမဲ့ရတနာစံအိမ်ကို ပထမဆုံး လာကြတာဆိုတော့.. နစ်နာစေလို့ ဘယ်ဖြစ်မလဲ။ ဒါ့ကြောင့် တန်ကြေးကွာဟချက်ကို ဖြည့်တင်းဖို့ ဒီမှင်နက်နတ်ဆိုးမြွေအသားကို သုံးပါမယ်။ ကျေးဇူးပြုပြီး လက်ခံပေးပါ”

ဖန်းလင်က လင်ဗန်းပေါ်ရှိ အနီရောင်ပိတ်စကကို ဖယ်လိုက်သည်။ အတွင်းထဲတွင် အနက်ရောင် အသားခြောက်များ ရှိ၏။ သူက ပြောရင်းနှင့် သူတို့နှစ်ယောက်ကို အကဲခတ်ကြည့်သည်။

ကျီပိုင်ဝေ၏ နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးညွှတ်သွားသည်။ သူမဟာ ၎င်းကို ကြည့်ပင်မကြည့်ပေ။ ရှင်းလင်းစွာပင် အနည်းငယ် အထင်သေးနေပြီး လုံးဝ ဂရုမစိုက်သည့် ပုံပါ။

“မှင်နက် နတ်ဆိုးမြွေအသားလား.. ဒါက ပစ္စည်းကောင်းပဲ.. ကြီးကြပ်သူဖန်းက တကယ့်ကို ရက်ရောတယ်ဗျာ.. နောင်မှာ ကျွန်တော်တို့တွေ ပူးပေါင်းဖို့ အခွင့်အရေး ရှိလာဦးမှာ”

ဟန်ကျောက်က လက်မထောင်၏။

မှင်နက်မြွေအသားဟာ ဘာလဲဆိုတာကို သူမသိပေမယ့် နတ်ဆိုးသားရဲ၏ အသားမှာ အလွန်ဈေးကြီးကြောင်းကို နားလည်ပါသည်။ အစမ်းရှင်သန်မှု အတွင်းတွင် သူဟာ အမည်မသိ မြွေနတ်ဆိုးသားရဲအသား ၁၀ကတ်တီအတွက် အဆုံးမဲ့ရတနာစံအိမ်တွင် ငွေ၃၀၀၀လျန်ကို ပေးခဲ့ရသည်။

ပြီးခဲ့တုန်းက ကျောက်နက်မြို့တွင် ကျားနတ်ဆိုးအသားကို စားခဲ့စဉ်ကလည်း ပန်ကန်းသေးလေး တစ်ခုဟာ ငွေ၂၀လျန် ပေးခဲ့ရ၏။ ဒီမြွေအသားမှာ မည်မျှ အဖိုးတန်သည်ကို ခန့်မှန်းကြည့်နိုင်ပေသည်။

ဝယ်ယူလိုသူ လာသည်ဆိုတာကတော့ ပေါက်ကရဖြစ်သည်။ အုပ်စိုးသူ မိသားစုမျိုးဆက်အဖြစ် ဟန်ဆောင်ရတာ အမှန်တကယ် မိုက်လှသည်။

“မှင်နက် မြွေနတ်ဆိုးသားရဲက သွေးသန့်စင်ခြင်းအဆင့် သိုင်းသမားတွေအတွက် ကောင်းမွန်တဲ့ အားဆေးပဲ။ သွေးအမှတ်အသား စုစည်းမယ့် အချိန်ကို လျှော့ချပေးနိုင်တယ်။ ဈေးကွက်တန်ဖိုးမှာဆို ၁ကတ်တီကို ငွေ၄၀၀လျန်လောက် ရှိတယ်။ ဒါကို ကျွန်တော်တို့ဘက်က မိတ်ဖြစ်ဆွေဖြစ် အမှတ်အသားအဖြစ် ပေးတာပါ”

ဖန်းလင်က ဗန်းကို ကျိုကျိုးရှေ့သို့ ကမ်းသည်။ ဒီသခင်မလေးကျီဟာ သိသာစွာပင် အုပ်စိုးသူ မိသားစုမှ ဖြစ်၏။

အုပ်စိုးသူ မိသားစုများ၏ ခွန်အားစနစ်ဟာ သိုင်းသမားများနှင့် လုံးဝ ခြားနားသည်။ သူမဟာ ဒီပစ္စည်းလေးလောက်ကို သေချာပေါက် ဂရုမစိုက်ပါ။ သို့ပေမယ့် သူမ၏ နောက်လိုက်မှာတော့ စစ်မှန်သည့် သိုင်းသမားတစ်ယောက် ဖြစ်၏။ သင်းရှုံမှာ အသက်၁၆၊ ၁၇လောက်သာ ရှိပါသေးသည်။

သို့ပေမယ့် သူဟာ သွေးချီချိုးဖျက်မှု ဒုတိယအဆင့်နှင့် နီးကပ်နေပြီး ဖြစ်၏။ ဖြစ်နိုင်တာက ကျီမိသားစုကဲ့သို့ အုပ်စိုးသူ မိသားစုတစ်ခုတွင် ဘာမှမဟုတ်တာ ဖြစ်နိုင်သည်။ နောက်လိုက်တစ်ယောက်သာ ဖြစ်နိုင်၏။

သို့ပေမယ့် သူတို့၏ ဖန်းမိသားစုအတွက်မှာ အနှိုင်းမဲ့သည့် ပါရမီရှင်တစ်ယောက် ဖြစ်သည်။ ထိုကဲ့သို့သော လူမျိုးအတွက် အနာဂတ်တွင် ခွန်အားသန့်စင်ခြင်း အဆင့်သို့ ရောက်ရန်မှာ ခက်ခဲခြင်းမရှိပါ။

ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း စစ်ဘုရင်အဆင့်အထိပင် ရောက်နိုင်၏။ ယနေ့တွင် ကုန်ဆုံးခဲ့သည့် ငွေ၃၀၀၀လျန်ဟာ အနာဂတ်တွင် ဆယ်ဆမက ပြန်လည်ရရှိစေမှာပါ။ ဘာပဲဖြစ်ဖြစ် ဒီငွေကို အသုံးပြုကာ ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ခြင်းမှာ မမှားပေ။

ဟန်ကျောက်က ပျော်သွား၏။ ချက်ချင်းပင် ကျီပိုင်ဝေကို ကြည့်သည်။ ကျီပိုင်ဝေက သူ့ကိုကြည့်ကာ ထူးမခြားနားစွာ လက်ကိုဝှေ့ယမ်းသည်။

“ကျေးဇူးတင်ပါတယ် သခင်မလေး၁၃”

ဟန်ကျောက်၏ ပုံက အလွန် စိတ်လှုပ်ရှားနေ၏။

“ကျေးဇူးတင်ပါတယ် စီမံသူဖန်း… ဖန်းမိသားစုရဲ့ ကြင်နာမှုကို ကျွန်တော် မှတ်သားထားမှာပါ”

ဖန်းလင်၏ မျက်နှာပေါ်တွင် အပြုံးတို့ ပြည့်နှက်လာ၏။ သူ၏ ပန်းတိုင်အောင် ပြီးမြောက်ခဲ့လေပြီ။

‘မြေခွေးအိုကြီး…’

ဟန်ကျောက်က ပြုံးကာ နတ်ဆိုးမြွေအသားကို ယူသည်။ သို့ပေမယ့် နှလုံးသားထဲ၌ ကျိန်ဆဲ၏။ တစ်ဖက်လူသာ အစကတည်းက ထိုကဲ့သို့ တွေးထားမည်ဆိုလျှင် အသားတုံးကို သေချာပေါက် တစ်ပါတည်း ယူခဲ့မှာပါ။

စမ်းသပ်ပြီးမှ မိတ်ဆွေဖွဲ့လိုခြင်း ဖြစ်ပေလိမ့်မည်။ ကံဆိုးစွာပင် သူတို့နှစ်ယောက်ဟာ အချိန်တိုအတွင်း ထပ်မံပေါ်လာမည် မဟုတ်တော့ပါ။ နောင်တွင် သိုင်းလောက၌ ကောင်းကင်ဆေဘာ၊ အကြွင်းမဲ့ခြောက်ချက်၊ ဓါးရူး၊ စိတ္တဇဆေဘာ.. စသည့် သိုင်းသမားတို့သာ ပေါ်လာလောက်သည်။

“သွားကြမယ်”

ကျီပိုင်ဝေက ဟန်ကျောက်၏ အကြည့်ကို သတိထားမိသည်။ ချက်ချင်း မတ်တပ်ရပ်၏။ ဖန်းလင်ကို ခေါင်းတစ်ချက်ညှိတ်ကာ လျှောက်ထွက်ခဲ့သည်။

“သွားလိုက်ပါဦးမယ်ဗျ”

ဟန်ကျောက်က လက်သီးနှစ်ဖက်ကို ဆုပ်ကာ ပြောသည်။ သူမနောက်မှ လျှင်မြန်စွာ လိုက်၏။ သူက လိုက်လံရင်းက ပြောလိုက်သေးသည်။

“သခင်မလေး၁၃.. ဆက်ပြီး အလောင်းကစား မလုပ်တော့လို မရဘူးလား.. ဒီပိုက်ဆံလေးက..”

“နင်က အရမ်းစကားများတာပဲ”

ကျီပိုင်ဝေက နှာခေါင်းရှုံ့၏။ တည်းခိုခန်းဆီသို့ ပြန်ပြီးနောက် ကျီပိုင်ဝေက ဟန်ကျောက်ကို မျှော်လင့်စွာ ကြည့်သည်။

“ဘယ်လိုလဲ ဟန်ကျောက်… ငါသရုပ်ဆောင်တာ ကောင်းလား”

‘တကယ့်ကို သုံးလို့ကောင်းတဲ့ ဟာမလေး’

ဟန်ကျောက်က သူမကို လက်မထောင်သည်။

“အရမ်းတော်တယ်”

ကျီပိုင်ဝေ၏ မျက်နှာပေါ်၌ အပြုံးတို့ ပွင့်လန်းလာ၏။ ထို့‌နောက် ကြောင်တောင်စွာ မေးသည်။

“ဒါနဲ့… ရှင်ဘာလို့ ကျွန်မကို သခင်မလေး၁၃လို့‌ ခေါ်တာလဲ”

‘နင့်ရဲ့ အသုံးဝင်မှုကြောင့် လျှော့လျှော့ပေါ့ပေါ့.. ဓါးနဲ့၁၃ချက်လောက်ပဲ ပြန်ထိုးတော့မလို့ပေါ့’

ဟန်ကျောက်က အသာပြောသည်။

“ဒီအတိုင်းပဲ စဉ်းစားလိုက်တာ.. နင်ဗိုက်ဆာပြီလား.. သွားစားရအောင်လေ”

“ရေး”

…

ငါးရက်ကြာပြီးနောက်.. ဟန်ကျောက်ဟာ အိပ်ယာပေါ်တွင် တင်ပျဉ်ခွေထိုင်နေ၏။ ငါးရက်တည်းနှင့် သူဟာ နတ်ဆိုးမြွေအသား ၈ကတ်တီမှ တစ်ဝက်ကျော်ကို စားခဲ့ပြီး ဖြစ်သည်။

“သိုင်းပညာများ- တောင်ခွဲဆေဘာအတတ်(တတိယအဆင့် စတင်ခြင်းအဆင့် ၃၄%(အဆင့်မြှင့်တင်နိုင်))၊ သက်ရှည်ကျမ်း( တတိယအဆင့်၏ အသေးစားကျွမ်းကျင်မှုအဆင့် ၁၈%(အဆင့်မြှင့်တင်နိုင်))”

စနစ်မျက်နှာပြင်ကို ကြည့်ကာ ဟန်ကျောက်ဟာ နှလုံးသားထဲ၌ သက်ပြင်းချမိ၏။

“ငါးရက်တည်းနဲ့ တောင်ခွဲဆေဘာအတတ်က ၁၅% တိုးလာခဲ့တယ။ သက်ရှည်ကျမ်းလည်း ၇%တိုးလာခဲ့တယ်။ နတ်ဆိုးသားရဲအသားလို့ မပြောရဘူး။ သရေစာလိုသာ စားနိုင်ရင် ငါ့ရဲ့ သွေးချီမြှင့်တင်မှု အမြန်နှုန်းက ဒုန်းပျံလို ထိုးတက်သွားမှာ”

ဤသည်မှာ စွမ်းရည်မှတ် ထည့်ပေါင်းမှုကို မယှဉ်နိုင်ပေမယ့် ယင်စွမ်းအင်ပမာဏမှာ အကန့်အသတ်ရှိပါသည်။ သူဟာ ဒီလောကသို့ ရောက်ရှိတာ သုံးနှစ်နီးပါး ကြာခဲ့လေပြီ။

ထောယွမ်ရွာသို့ မသွားခင်တွင် အစမ်းရှင်သန်မှု ဆယ်ကြိမ်သာ လုပ်နိုင်ခဲ့၏။ ပထမတွင် သူ့ဆီ၌ ငွေကြေးရှားပါးခဲ့သည်။ နောက်ပိုင််းတွင်တော့ ယင်စွမ်းအင်က ပိုမိုရှားလာ၏။

ဒီတစ်ကြိမ်တွင် ဝိညာဉ်အဆီအနှစ်လုံးဟာ လုံလောက်သည့် ယင်စွမ်းအင်တို့ကို စုပ်ယူခဲ့သည်။ အစမ်းရှင်သန်မှု ခုနစ်ကြိမ်၊ ရှစ်ကြိမ်လောက် လုပ်လို့ရသည့် ပုံပါ။

ဤသည်မှာ သူ၏ခွန်အားအဆင့် တိုးတက်လာသည်နှင့်အမျှ အချက်ပေးအပိုင်းအစ လိုအပ်မှုလည်း များပြားလာ၍ ဖြစ်၏။ မဟုတ်ပါက ဆယ်ကြိမ်ကျော်လောက် အေးအေးဆေးဆေး သုံးနိုင်လောက်ပါသည်။

ထို့အပြင် ယင်စွမ်းအင် ပိုမိုကုန်ကျလာမှုမှာ မကောင်းသည် မဟုတ်ပါ။ မဟုတ်ပါက သူ့အနေနှင့် အရည်အသေးမြင့်မားသည့် ပါရမီများကို မရနိုင်ပဲ ရှိနေမှာ ဖြစ်သည်။

လက်ဗလာသိုင်းသူတော်စင်၏ အမြင့်ဆုံး အကန့်အသတ်မှာ ခရမ်းရောင် အရည်အသွေး ဖြစ်သည်။ ဒီအတိုင်းဆက်သွားပါက လိမ္မော်(သို့) အနီရောင် ပါရမီတို့ကို ရလာနိုင်၏။

“ကြည့်ရတာ အရင်ဆုံး သွေးချီချိုးဖျက်မှု တတိယအဆင့်ကို တက်လှမ်းရမယ်ထင်တယ်။ အဲ့လိုဆို ကျောက်နက်မြို့မှာ လုံးဝ အန္တရာယ်ကင်းလောက်ပြီ။ ပြီးရင် ဗာဂျရာအတတ်ကို လေ့ကျင့်ပြီး ပါရမီကို မြှင့်တင်ပြီးရင် အခြား သိုင်းပညာတွေကို လေ့လာမယ်”

“ကျီပိုင်ဝေဆီက ငွေရှာတဲ့လုပ်ငန်းပြီးရင် ချက်ချင်း အိမ်ပြန်ရမယ်”

ဟန်ကျောက်၏ မျက်လုံးများက လင်းလက်သွား၏။

All Chapters