(ရွာမှထွက်ပြေးခြင်း)
Vol. 5 Ch. 61
ခုနက ဟန်ကျောက်၏ စွမ်းဆောင်မှုတို့က သူ၏ ခွန်အားကို သက်သေပြခဲ့ပြီး ဖြစ်သည်။ အနိမ့်ဆုံး သွေးသန့်စင်ခြင်းအဆင့်တွင် ရှိမှာပါ။ အပြင်ဘက်တွင်သာ ဆိုပါက အသက်၁၉နှစ်နှင့် ယခုကဲ့သို့ အံ့ဩစရာကောင်းလှသည့် သိုင်းအဆင့်ရှိခြင်းအတွက် ဩချမိမှာပါ။
သို့ရာတွင် ဒီအချိန်၌ သူတို့၏ နှလုံးသားထဲတွင် နောင်တနှင့် အကြောက်တရားတို့သာ ရှိနေ၏။ အသက်ရှင်ချင်လိုစိတ်လည်း ပါဝင်သည်။
ညနေက ဟန်ကျောက်ပြောခဲ့သည့် စကားများကို ပြန်လည်စဉ်းစားသည်။ သူဟာ အမည်မသိ နေရာတွင် ညမအိပ်ရန်နှင့် ဟိုင်ဝါတို့မှ ကျွေးသည့် အစာများကို မစားးရန် သတိပေးခဲ့သည်။ မည်မျှ ဉာဏ်ပညာကြွယ်ဝသည့် အတွေးအခေါ် ဖြစ်သနည်း။
ရယ်ဖို့ကောင်းသည်ကား သူတို့အားလုံးဟာ ဟန်ကျောက်ကို လှောင်ပြောင်ခဲ့ကြခြင်း ဖြစ်သည်။ ယခုအချိန်၌ လူ၃၂တွင် တစ်ဝက်ကျော်တို့ သေဆုံးခြင်း(သို့) ဒဏ်ရာရခြင်းတို့ ဖြစ်ခဲ့ကြသည်။ ဟန်ကျောက်မှလွဲ၍ အခြားလူအားလုံး အနည်းနှင့်အများ ထိခိုက်ခဲ့၏။
ထို့အပြင် သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ အေးစက်သည့် အငွေ့အသက်မှာလည်း ပိုမိုသန်မာလာကြောင်းကို နားလည်လိုက်သည်။ လက်များ ခြေများဟာ အေးစက်နေပြီး ခန္ဓာကိုယ်က တောင့်တင်းအားနည်းသည်။
“ဟုတ်တယ်။ မြန်မြန်လေး ထွက်သွားကြရအောင်”
ဖုန်းရှောင်က ရင်ဘတ်ကိုဖိရင်းက ပြောသည်။ သူဟာ ဒေါ်လေးထော၏ လက်သည်းဖြင့် ထိမှန်ခံရပြီး ရင်ဘတ်ဟာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေ၏။ အသင်း၏ အသန်မာဆုံးဖြစ်သည့် ဖုန်းရှောင်က ဟန်ကျောက်၏ ဦးဆောင်မှုနောက်သို့ လိုက်မည့်ပုံပေါ်ရာ မည်သူကမှ ငြင်းဆန်ခြင်း မရှိပေ။
“သွားကြရအောင်”
ဟန်ကျောက်က ရှလင်ကိုဆွဲကာ ခြံဝန်းမှ ပြေးထွက်သည်။ သေခြင်းရှင်ခြင်း အခြေအနေတွင် ကိုယ်ပိုင် စွမ်းရည်ကိုသာ မှီခိုရမည် ဖြစ်၏။ ရှလင်မှလွဲ၍ အခြား မည်သူ့ကိုမှ သူဂရုမစိုက်ပါ။
ဟန်ကျောက်၏ ခြံဝန်းမှ ထွက်ခွာပုံကို တွေ့ရပြီးနောက် ဒဏ်ရာများနှင့် အားပြတ်နေကြသည့် သိုင်းသမားများဟာ ပြန်ကောင်းလာကြသည်ထင်ရ၏။ ကြုံးရုန်းထကာ နောက်မှ လိုက်ထွက်သည်။
“ကူညီပါဦး”
ခြံဝန်းမှ ထွက််လျှင်ထွက်ချင်း သူတို့ဟာ အော်သံများကို ကြားလိုက်ရသည်။ ခုနက ထွက်ပြေးသွားခဲ့သည့် သိုင်းသမားအချို့ဟာ သူတို့ဆီသို့ အခြေအနေဆိုးရွားစွာ ပြေးလာနေကြသည်။
သူတို့၏နောက်တွင် နေ့ဘက်က ကလေးနှင့် အမျိုးသမီးတို့ ရှိနေကြ၏။ ထိုအမျိုးသမီးနှင့် ကလေးများ၏ မျက်နှာများက ဖြူရော်ကာ အဝတ်များက စုတ်ပြဲနေသည်။ ဓါးနှင့် ဆေဘာတို့ဖြင့် ဖြတ်တောက်ခြင်း ခံထားရပုံပေါ်သည့် ဒဏ်ရာများကို တွေ့မြင်နိုင်၏။ သို့ပေမယ့် သူတို့၏ ပေါ်နေသည့်အသားများဟာ အစိမ်းနက်ရောင် ရှိနေကြသည်။
“သွေးအလောင်း- မကျေနပ်မှုနှင့် ယင်စွမ်းအင်တို့၏ ပေါင်းစပ်မှုတစ်ခု ဖြစ်သည်။ ၎င်းတို့ဟာ မိစ္ဆာအလောင်းများထက် အားနည်းပြီး ပုံမှန်နည်းလမ်းအတိုင်း သတ်ဖြတ်နိုင်သည်။ အတွင်းအားနှင့် ယန်အမျိုးအစား အစစ်အမှန်ချီတို့ကို ကြောက်သည်”
စနစ်၏ အချက်ပေးမှုက ပေါ်လာ၏။
ထိုပုံကို တွေ့ရပြီးနောက် ဟန်ကျောက်က ရှလင်ကို လက်လွှတ်ကာ ရှေ့သို့ ပျံသန်းသွားသည်။ ရှေ့ဆုံးရှိ အမျိုးသမီးကို လက်သီးဖြင့် ထိုး၏။ တစ်ဖက်လူဟာ နေ့အချိန်က သူနှင့် စကားပြောခဲ့သည့် မိန်းမငယ်ဖြစ်သည်။
“ဘုန်း”
ဟန်ကျောက်၏ လက်သီးက အမျိုးသမီးငယ်ကို ထိလိုက်သည်နှင့် ချက်ချင်းပင် ကျယ်လောင်သော အသံတစ်ခု ပေါ်လာခဲ့သည်။ တစ်ဖက်လူ၏ ရင်ဘတ်ဟာ ချိုင့်ဝင်သွားပြီး နေရာမှာတင် လဲကျသွားခဲ့၏။
ထိုအချိန်၌ များပြားလှသည့် မကောင်းဆိုးရွား သူတို့ကို ဝန်းရံလာခဲ့သည်။ သိုင်းသမားများဟာ ကိုယ့်ကိုယ်ကိုယ် အားတင်းကာ ရင်ဆိုင်တိုက်ခိုက်ရ၏။
“သေလိုက်တော့”
ဟန်ကျောက်၏ သွေးချီမှာ ပေါများလှသည်။ သူ၏ အတွင်းအားနှင့် အစစ်အမှန်ချီတို့က ခန္ဓာကိုယ်ကို ကာကွယ်ထား၏။ လက်သီးနှင့် ကန်ချက်စွမ်းအားတို့ဟာ ဆေဘာနှင့် ဓါးများထက် နိမ့်ပါးခြင်းမရှိပေ။
သို့ရာတွင် အခြား သိုင်းသမားများမှာမူ အတွင်းအားမရှိသလို သွေးသန့်စင်ခြင်းအဆင့်သို့လည်း မရောက်ကြသေးပါ။ မကောင်းဆိုးရွားများကို ရင်ဆိုင်ရချိန်၌ သူတို့၏ တိုက်ခိုက်မှုများဟာ ယားလို့ ကုပ်နေသည်နှင့်ပင် တူနေပါသည််။ အကြိမ်ကြိမ် အော်သံများကို ကြားနိုင်၏။
ဟန်ကျောက်၏ သက်ရှည်အစစ်အမှန်ချီဟာ ထိုမကောင်းဆိုးရွားများကို ရင်ဆိုင်ရာ၌ အလွန်သန်မာသည့် သက်ရောက်မှုရှိပုံပါ။ အခြားလူများ၏ ဓါးနှင့်ဆေဘာများက ထိုမကောင်းဆိုးရွားများကို သေစေလောက်အောင် ထိခိုက်မှုပြုနိုင်ခြင်း မရှိပေမယ့် ဟန်ကျောက်ကတော့ လက်သီးချက်နှင့် ကန်ချက်အချို့ကို သုံးကာ အလွယ်တကူ အနိုင်ယူနိုင်သည်။
လူတိုင်းဟာ ခါးသက်သည့် တိုက်ပွဲအတွင်းသို့ ကျရောက်သွား၏။ အန္တရာယ်၏ ဝန်းရံခြင်းကို ခံရသည်။
တစ်ဖက်ရှိ ဟန်ကျောက်ဟာ ရှလင်ကို ကာကွယ်ရင်းက တိုက်ခိုက်နေ၏။ လူအုပ်အတွင်းတွင် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ သရဲအားလုံးကို သတ်ဖြတ်နေပါသည်။ မကြာခင် သားရဲများ မြေပြင်ပေါ်သို့ လဲကျကုန်ကြသည်။ ဟန်ကျောက်၏ ပတ်ဝန်းကျင်တွင် နေရာတစ်ခုအဖြစ် ရှိလာ၏။
“ဒီနေရာကနေ မြန်မြန်ထွက်ကြမယ်”
သိုင်းသမားအချို့ ထပ်မံ ကျဆုံး၏။ ဟန်ကျောက်ကြောင့်သာ မဟုတ်ပါက ဒီနေရာတွင် အားလုံး သေကြလောက်မှာပါ။
“အသုံးမဝင်ဘူး.. ငါတို့တွေ ထွက်သွားလို့မရဘူး။ ဘယ်လိုထွက်ပြေးပြေး.. ဒီနေရာကိုပဲ ပြန်ရောက်တယ်” ထွက်ပြေးခဲ့သည့် သိုင်းသမားတစ်ယောက်က အလန့်တကြား အော်၏။
“ဘယ်လိုဖြစ်နိုင်မှာလဲ”
ဖုန်းရှောင်က အသံပြုသည်။
“ဝင်လာတဲ့ နေရာကနေ ပြန်ထွက်ပါ”
စနစ်၏ အချက်ပေးမှုက ပေါ်လာပြန်၏။
“ဒီလမ်း”
ဟန်ကျောက်က စိတ်ပိုင်းဖြတ်ကာ သူတို့၏အဝေးရှိ ရွာအဝင်ဝဆီသို့ လက်ညှိုးထိုးသည်။
“အဲ့မှာ မကောင်းဆိုးရွားတွေ ပိုများတယ်”
ဟန်ကျောက်က သူတို့ကို လစ်လျူရှုကာ ရှလင်ကို ဆွဲပြီး ရွာအဝင်ဝဆီသို့ သွား၏။ ထိုပုံကို တွေ့ရပြီးနောက် ဖုန်းရှောင်က နောက်မှလိုက်သည်။ အခြားလူများလည်း လိုက်ကြ၏။ ဘာပဲဖြစ်ဖြစ် ဒီနေရာတွင် အသန်မာဆုံးမှာ ဟန်ကျောက်ဖြစ်သည်။ သူ့နောက်မှ လိုက်သည်ကသာ ရှင်သန်နိုင်မည် ဖြစ်၏။
“ဟန်ကျောက်.. ငါတို့ကို စောင့်ဦး.. အား..”
“ကူညီပါဦး.. အား…”
“ငါမသေချင်ဘူး”
တိုတောင်းသည့် မီတာ တစ်ရာ၊ နှစ်ရာအတွင်းတွင် နှေးကွေးသည့် သိုင်းသမားများဟာ မကောင်းဆိုးရွားများကြောင့် နစ်ကျန်နေခဲ့၏။
သို့ရာတွင် အရင်ဦးဆုံး ရွာပြင်ပသို့ ပြေးနေကြသည့် ဟန်ကျောက်နှင့် ရှလင်တို့ဟာ… သူတို့၏ မြင်ကွင်းတို့ ဝေဝါးသွားသည်ဟု ခံစားလိုက်ရပြီး ရွာလယ်၌ ပြန်ပေါ်လာပြန်၏။
“ဘာဖြစ်တာလဲ”
ဟန်ကျောက်၏ ပုံစံက ပြောင်းလဲသွားသည်။ စနစ်၏ အချက်ပေးချက်က မမှားနိုင်ပေ။
“သွားပြီ”
“ငါတို့တွေ ဒီမှာ သေရတော့မယ်”
“ကူညီပါဦး”
ဟန်ကျောက်နှင့်အတူ ရွာမှ ပြေးထွက်ခဲ့ကြသည့် သိုင်းသမားများလည်း သူ၏ဘေးတွင် ပေါ်လာကြသည်။ အနီးရှိ သွေးအလောင်းများက သူတို့ကို ဝန်းရံလိုက်ပြန်၏။
ဟန်ကျောက်၏ သန့်စင်သောယန် အစစ်အမှန်ချီနှင့် သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်များမှ လွဲ၍ အချို့ အသတ်ခံခဲ့ရသည့် သွေးအလောင်းအချို့ ပြန်ပေါ်လာခဲ့သည််။ သို့ပေမယ့် သူတို့၏ လှုပ်ရှားမှုများဟာ များစွာ ပိုမိုနှေးကွေးသွား၏။ သို့ရာတွင် ထိုကြောက်စရာကောင်းကာ ထူးဆန်သည့် မြင်ကွင်းက လူတိုင်းကို မျှော်လင့်ချက်မဲ့စေသည်။
“ကျီကျီ”
ထိုအချိန်၌ မနက်က ဟန်ကျောက်လွှတ်ထားသည့် ယုနျန်က ပျံသန်းလာပြီး သူ၏ပုခုံးပေါ်တွင် သက်ဆင်းသည်။ “အစ်ကိုဟန်.. ရှင်ဘာလို့ ရွာကို အဝိုင်းပတ်သွားနေရတာလဲ”
သွေးဆက်နွယ်မှုမှတစ်ဆင့် ယုနျန်က ပြော၏။
ထိုစကားကို ကြားရပြီးနောက် ဟန်ကျောက်က မှင်သက်သွားသည်။ မနေနိုင်ပဲ မေး၏။
“ငါက အဝိုင်းပတ် သွားနေတာလား”
“ကျီ”
ယုနျန်က ခေါင်းညှိတ်သည်။
“ဒါက ပုံရိပ်ယောင်လား”
ဟန်ကျောက်၏ မျက်လုံးများက လင်းလက်သွားပြီး ယုနျန်ကို အမြန်ပြောသည်။
“ငါ့ကို ရွာပြင်ကို လမ်းပြပေး”
“ကျီ”
ယုနျန်က သူမ၏ တောင်ပံများကို ခပ်ကာ လေထဲသို့ ပျံသန်းသွားသည်။ ရွာပြင်ဆီသို့ ဦးတည်လိုက်၏။
ကံကောင်းစွာပင် သက်ရှည်ကျမ်းကြောင့် ဟန်ကျောက်၏ အကြည့်စွမ်းရည်ဟာ မြင့်မားလှသည်။ မဟုတ်ပါက ယုနျန်ကို ရှင်းရှင်းလင်းလင်း မြင်ရမှာမဟုတ်ပေ။
“သွားကြရအောင်”
ဟန်ကျောက်က ရှလင်ကို ဆွဲကာ ရွာအဝင်ဝဆီသို့ ပြေး၏။ ထိုပုံကို တွေ့ရပြီးနောက် အခြားလူများက အမြန်လိုက်သည်။ သို့ရာတွင် ဒီတစ်ကြိမ်တွင် ဟန်ကျောက်ဟာ လမ်းတစ်ဝက်၌ ရုတ်တရက် ညာဘက်သို့ ချိုးလိုက်ပြီး ရှေ့ရှိ ရွှံ့အိမ်နံကို ဝင်ဆောင့်၏။
“အားး”
ရှလင်က အသံပြုသည်။ သူမဟာ ကြောက်ရွံ့စွာဖြင့် မျက်လုံးများကို မှိတ်မိ၏။ သို့ပေမယ့် ဟန်ကျောက်နှင့် လိုက်ပြေးခြင်းကို ရပ်လိုက်ခြင်းမပြုပါ။
ဟန်ကျောက်နှင့် ရှလင်တို့၏ ရွှံ့နံရံအား ထိုးဖောက်ဝင်ရောက်သွားမှုကို တွေ့ရပြီးနောက် အခြားလူများလည်း တုံ့ဆိုင်းမနေကြတော့ပဲ အားကုန် ပြေးဝင်ကြ၏။
“ဘုန်း”
“အား”
ဦးဆောင်ကြသည့် လူအချို့ဟာ နာကျင်စွာ အော်ကြ၏။ မြေပြင်ပေါ်သို့ လဲကျကုန်သည်။ ရှေ့ရှိ နံရံဟာ မာကျောလှပါသည်။ သူတို့၏ ဒဏ်ရာများကို ပိုဆိုးလာစေ၏။
ရှလင်က မျက်လုံးများကို ပြန်ဖွင့်ချိန်၌ သူမနှင့် ဟန်ကျောက်တို့ဟာ ရွာအဝင်ဝ၌ ပေါ်လာပြီး ဖြစ်သည်။ ထိုအချိန်၌ အနက်ရောင် ပုံရိပ်တစ်ခုက ရုတ်တရက် ဖြတ်ကျော်သွား၏။ ဒီအချိန်တစ်ခုလုံးတွင် ပေါ်မလာခဲ့သည့် ချန်းလျှိုဟာ ရုတ်တရက် ပေါ်လာပြီး သူတို့ကို လမ်းပိတ်သည်။ လက်ထဲတွင်လည်း သွေးလွှမ်းသည့် လူခြေထောက်တစ်ချောင်းကို ကိုင်ထား၏။
ဒီအချိန်၌ ချန်းလျှိုဟာ ပိန်ပါးကာ အရပ်ပုသည့် အဖိုးအိုအဖြစ်မှ ကြွက်သားကြီးများဖြင့် ကြမ်းကြုတ်သည့် အသွင်သို့ ပြောင်းနေခဲ့ပါပြီ။
“မင်းတို့နှစ်ယောက်က ငါတို့ကို ဧည့်ဝတ်မကျေဘူးလို့ ထင်တာလား။ ဘာလို့ ညဘက်အချိန်မတော် ထွက်ခွာကြတာလဲ”
ချန်းလျှို၏ မျက်နှာပေါ်၌ ရက်စက်သည့် အပြုံးတစ်ခု ပေါ်လာ၏။
“စောက်စကားများတယ်”
ဟန်ကျောက်က ရုတ်တရက် အော်ကာ ချန်းလျှိုဆီသို့ ပြေးဝင်သွားသည်။
“ဘုန်း၊ ဘုန်း၊ ဘုန်း”
သူက အစစ်အမှန်ချီနှင့် သွေးချီတို့ကို လက်သီးသို့ ပို့ကာ သူ၏လက်များဟာ မြန်ဆန်စွာ ဝိုက်ထွက်သွားနေ၏။ ချန်းလျှိုသည့် မာကျောလှသည့် ခန္ဓာကို ဆက်တိုက်ထိမှန်သည်။
သူဟာ လက်သီးသိုင်းကို တစ်ခါမှ အထူးကျင့်ကြံမှု မပြုခဲ့ပေမယ့်… အစစ်အမှန်ချီ၏ အားဖြည့်မှုအောက်တွင် စွမ်းအားကြီးမားလှသည်။
“အားး.. ပူလိုက်တာ”
ချန်းလျှိုဟာ သူ၏ ခန္ဓာကိုယ်တစ်စိတ်တစ်ပိုင်း လောင်ကျွမ်သွားသည်ဟု ခံစားရ၏။ မနေနိုင်ပဲ ထူးဆန်းသည့် အသံဖြင့် အော်ညည်းသည်။