← Chapters

(ပြန်လည်ဝင်ရောက်ခြင်း)

Vol. 5 Ch. 62

(ပြန်လည်ဝင်ရောက်ခြင်း)

Vol. 5 Ch. 62

ခုနက ဟိုင်ဝါနှင့် ဒေါ်လေးထောတို့ အသတ်ခံရချိန်တွင် သူဟာ ထွက်ပြေးနေသည့် သိုင်းသမားများကို အပျော် လိုက်ဖမ်းနေခဲ့၏။ ထို့ကြောင့် ဟန်ကျောက်၏ တိုက်ခိုက်မှုကို လုံးဝ မမြင်ခဲ့ပေ။ မဟုတ်ပါက ဒီနေရာတွင် လာစနောက်နေမည် မဟုတ်ပေ။

“နပေါဦး…”

အကြိမ်အနည်းငယ် အပြီးတွင် ချန်းလျှိုဟာ ဆက်လက်ခံနိုင်ရည် မရှိတော့ပေ။ ချမ်းသာပေးရန် တောင်းပန်လို၏။

“သေလိုက်တော့”

ဟန်ကျောက်က ချန်းလျှိုကို လက်သီးတစ်ချက်ဖြင့် အလှဲထိုးပြီးနောက် တစ်ဖက်လူ၏ ပြန်ထနေချိန်ကို အခွင့်ကောင်းယူကာ အထက်သို့ ခုန်ပြီး အရှိန်ဖြင့် လက်သီးဖြင့် ထိုးချသည်။ အတွင်းအားနှင့် အစစ်အမှန်ချီတို့ကို အားကုန် သုံးလိုက်၏။

“ခွက်”

အရိုးအက်သံက ထွက်ပေါ်လာ၏။ ချန်းလျှို၏ ဦးခေါင်းတစ်ခုလုံးဟာ ပျောက်ကွယ်သွားပြီး ဟန်ကျောက်၏ လက်သီးဟာ ရင်ဘတ်အထိပင် ဆက်လက်တိုးဝင်သွားသည်။

“ဘုတ်”

ချန်းလျှို၏ အလောင်းဟာ မြေပြင်ပေါ်သို့ လဲကျသွားပြီး သေဆုံးသွားခဲ့သည်။

ဝိညာဉ် အဆီအနှစ်လုံးက ယင်စွမ်းအင်များကို ချက်ချင်း စတင်စုပ်ယူ၏။

ဟန်ကျောက်၏ လက်သီးကို ဆုပ်ထားပြီး နှလုံးသား၏ ခုန်နေမှုကို ခံစားရသည်။ ဤသည်မှာ ပထမဆုံးအကြိမ် သူ၏ မကောင်းဆိုးရွား များစွာတို့ကို ထိပ်တိုက် ရင်ဆိုင်ဖူးခြင်း ဖြစ်သည်။ လက်သီးနှင့် အသွေးအသားတို့ ထိမှန်ပြီး ခန္ဓာကိုယ်တစ်ခုလုံး သွေးဖြန်းခံရသသည့် ခံစားချက်က လူတစ်ကိုယ်လုံးကို ဆူပွက်နေစေသည်။

“ဘာကို စောင့်နေတာလဲ။ မထွက်ဘူးလား”

ဟန်ကျောက်က မှင်သက်နေဆဲရှိသည့် ရှလင်ကို ပြောရင်းက နောက်သို့လှည့်ကာ ဆွဲသည်။

ဒီတစ်ကြိမ်တွင် နှစ်ယောက်သားဟာ ဒီထူးခြားသည့် ထောယွမ်ရွာမှ အောင်မြင်စွာ ပြေးထွက်နိုင်ကြ၏။ ညနေပိုင်းက အသက်ဝင်စွာ ရှိနေခဲ့သည့် ဒီရွာဟာ ယခုအချိန်၌ အနက်ရောင်မြူလွှာ တစ်ခုဖြင့် လွှမ်းခြုံခံထားရသည့် ပုံပါ။ အပြင်ဘက်မှ ကြည့်ပါက ကြောက်ဖို့ကောင်းကာ ညို့မှိုင်းနေ၏။

“ဟူး”

ရှလင်က မြေပြင်ပေါ်တွင် ထိုင်ချကာ ရွာပြင်ပရှိ လန်းဆန်းသည့်လေကို ရှူရှိုက်သည်။ ကပ်ဘေးတစ်ခုမှ လွတ်မြောက်နိုင်ခဲ့သည့် ခံစားချက်က နှလုံးသားထဲတွင် မြင့်တက်လာ၏။

“အချက်ပေးအပိုင်းအစ ၃၀တို့ကို စုဆောင်းထားသည်။ သင်သည် ဝင်ရောက်ခွင့်တစ်ကြိမ်ကို ပေါင်းစပ်မည်လား”

“တစ်ကြိမ်ပေါင်းစပ်ခြင်း- အချက်ပေးအပိုင်းအစ ၃၀နှင့် ရွှေ၁၀လျန်တို့ကို အသုံးပြုပါ…”

ဟန်ကျောက်၏ မျက်စိရှေ့တွင် စနစ်၏ အချက်ပေးချက်က ပေါ်လာပြန်၏။

“ကျီ”

ယုနျန်က အတောင်ပံများကို ခတ်ကာ ဟန်ကျောက်၏ ပုခုံးတွင် ပြန်လာနားသည်။

“အားလုံးအတွက် နင့်ကို ကျေးဇူးတင်ပါတယ်။ နင်အများကြီး ကူညီခဲ့တာ”

ဟန်ကျောက်က ယုနျန်၏ အမွှေးများနှင့် ခန္ဓာကိုယ်ကို လက်ညှိုးဖြင့် တို့သည်။

“ဆောရီး… လက်ချော်သွားတာ..”

“အိုး.. မဟုတ်ဘူး.. အဖိုးဖုန်းထွက်မလာသေးဘူး”

ထိုအချိန််၌ ရှလင်က ရုတ်တရက် အသံပြုသည်။

ဟန်ကျောက်က မျက်မှောင်ကြုတ်သွား၏။ ခုနက ရှလင်နှင့် နံရံကို ဝင်တိုက်ချိန်တွင် ဖုန်းရှောင်လည်း နောက်မှလိုက်လာတာ ရှင်းလင်း၏။ သို့ပေမယ့် ယခုအချိန်အထိ ထွက်မလာသေးပေ။ ကြည့်ရတာ မိစ္ဆာအလောာင်းကို စားခဲ့သည့် သိုင်းသမားများအတွက် ဒီရွာမှ ထွက်ရန် အနည်းငယ် ခက်ခဲသည့်ပုံပါ။

“ငါဘာလုပ်သင့်လဲ။ သွားပြီ”

ရှလင်က အနက်ရောင်မြူများဖြင့် လွှမ်းခြုံနေသည့် ထောယွမ်ရွာကို မှင်သက်စွာ ကြည့်သည်။ ဖုန်းရှောင်ဟာ သူမကို အမြဲတမ်း ကောင်းခဲ့၏။ သူမ၏ နှလုံးသားထဲတွင် သူဟာ ကြင်နာတတ်သည့် အဖိုးတစ်ယောက်ကဲ့သို့ ရှိသည်။ စာရင်းသွင်းထားသည့် အကြီးအကဲတစ်ယောက်သက်သက် မဟုတ်ပေ။

သို့ရာတွင် သူမ၏ ခွန်အားနှင့် ပြန်လည်ဝင်ရောက်ပါက သေဖို့သာ ရှိပေလိမ့်မည်။

သွေးချီချိုးဖျက်မှု တတိယအဆင့်တွင် ရှိသည့် ထိပ်တန်းအဆင့် သိုင်းသမားတစ်ယောက်ဖြစ်သည့် ဖုန်းရှောင်တွင် အကောင်းအတိုင်း လွတ်မြောက်နိုင်ရန် အခွင့်အရေးတစ်ခု ရှိနေပါသေးသည်။ သူမဝင်သွားပြီး ပြဿနာဖြစ်စေပါက နှစ်ယောက်စလုံး ပိတ်မိရန် ပိုမိုလွယ်ကူမှာပါ။

ထိုအချိန်၌ သူမ၏ဘေးတွင် ဖုန်းရှောင်ကို ကယ်တင်နိုင်မည့် တစ်ဦးတည်းသော လူမှာ မောင်လေးဟန်ဖြစ်သည်။ သို့ရာတွင် မောင်လေးဟန်ကို အန္တရာယ်တောသို့ တစ်ဖန်ပြန်လည်ဝင်ရောက်စေရန် မည်ကဲ့သို့ သူမခိုင်းရက်မည်နည်း။ သူမကို ကယ်တင်ခဲ့သည်ကပင် ကြီးမားသည့်‌ ကျေးဇူးဖြစ်သည်။

ရှလင်ဟာ သူမ၏ လက်သီးများကို တင်းကြပ်စွာ ဆုပ်ထား၏။ ပုံမှန်အားဖြင့် သူမကိုယ်သူမ မဆိုးလှဟု အမြဲတွေးခဲ့သည်။ သို့ပေမယ့် ယခုတော့ အလွန်အားနည်းလှသည့် ကိုယ့်ကိုယ်ကိုယ်သာ မုန်းတီးမိ၏။

“စီနီယာအစ်မရှ.. ဒီမှာနေပြီး လျှောက်မသွားနဲ့။ ကျွန်တော် ဝင်သွားကူလိုက်မယ်”

ဟန်ကျောက်က စတင်ကာ ပြောသည်။ အတွင်းထဲတွင် သွေးအလောင်းများစွာ ရှိနေပါသေးသည်။ ဒီယင်စွမ်းအင်တို့ကို ဖြုန်းတီးလို့ မရပေ။

ခုနက တိုက်ပွဲတွင် သူဟာ အများကြီး ထိန်းချုပ်ထားသေး၏။ အစစ်အမှန်ချီ တစ်ဝက်ကျော် ကျန်နေပါသေးသည်။

သူဟာ တိုက်ခိုက်မှု ခွန်အားအရာတွင် သူဟာ ဖုန်းရှောင်ထက် ပိုမိုသန်မာခြင်း မရှိတာ ဖြစ်လိမ့်မည်။ သို့ပေမယ့် သန့်စင်သောယန် အစစ်အမှန်ချီမှာ ဒီမကောင်းဆိုးရွားများကို ရင်ဆိုင်ရာတွင် အလွန် သုံးဝင်၏။

ထို့အပြင် ဖုန်းရှောင်တို့ဟာ မိစ္ဆာအလောင်း၏ အသားကို စားထားခဲ့ ခွန်အားဟာ ကြီးစွာ လျော့ကျနေ၏။ ပြီးခဲ့တုန်းက အစမ်းရှင်သန်မှုအရ ဖုန်းရှောင်ဟာ ဒီတာဝန်မှ ရှလင်နှင့် အတူပြန်လာနိုင်ခဲ့သည်။ သူသွားမကူလျှင်တောင် အသက်ရှင်လျှက် ပြန်ထွက်လာနိုင်လောက်သည်။

သို့ရာတွင် ထိုအချိန်၌ တစ်ဖက်လူဟာ ဒဏ်ရာအပြင်းအထန် ရသွာားမှာဖြစ်၏။ ယင်စွမ်းအင်တို့ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ကာ ကျောက်နက်မြို့သို့ ပြန်ရောက်ပြီး မကြာခင် သေဆုံးခဲ့ရသည်။

ယခုအချိန်၌ ရှလင်ဟာ ဖုန်းရှောင်၏ လုံခြုံရေးအတွက် စိုးရိမ်နေပါသည်။ သူ့အနေနှင့် ပြန်လည်ဝင်ရာက်ရန် အကြောင်းပြချက် အသစ်ရှာရန်ပင် မလိုအပ်တော့ပါ။

ထိုစကားကို ကြားရပြီးနောက် ရှလင်၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုနှင့် စိုးရိမ်မှုတို့ ပြည့်နှက်သွား၏။ သူမ၏ ပုံက အလွန်ရှုပ်ထွေးနေပုံပါ။ နောက်ဆုံးတွင် ခေါင်းကိုယမ်းကာ ပြောသည်။

“ဂျူနီယာမောင်လေးဟန်.. အထဲမှာ အန္တရာယ်များလွန်းတယ်။ ငါ့အတွက် နင်စွန့်စားနေစရာ မလိုပါဘူး။ အဖိုးဖုန်း အဆင်ပြေလောက်မှာပါ..”

ဟန်ကျောက်ဟာ ရပ်တန့်သွား၏။ အစက ရှလင်၏ အကူအညီတောင်းမှုကို စောင့်ကာ အခွင့်အရေးယူပြီး လက်ခံလိုက်မည်ဟု စဉ်းစားထားခဲဲ့၏။ ဘာပဲဖြစ်ဖြစ် ဒီတာဝန်၏ ဆုံးရှုံးမှုများဟာ ကျန်းမိသားစု၊ ရှမိသားစုနှင့် စုမိသားစုတို့အတွက် ကြီးမားသည့် ထိုးနှက်ချက်ဖြစ်သည်။ ဆုံးရှုံးမှုအများဆုံးမှာ ရှလင်ဟု ဆိုနိုင်သေး၏။

သို့ရာတွင် သူ့ကို ထင်မထားစေသည်ကား ရှလင်ဟာ သူ့ကို တောင်းဆိုမှု မပြုခဲ့သလို စွန့်စားခိုင်းရဲခြင်းလည်း မရှိပေ။ ဤသည်က သူ၏အမြင်ကျဉ်းမှုကို ပြသနေ၏။ သူဟာ ရှလင်အပေါ် အထင်သေးခဲ့ရုံမက သူမ၏နှလုံးသားထဲရှိ သူ၏နေရာယူထားမှုကိုလည်း မထင်သေးခဲ့မိသည်။

“ကိစ္စမရှိဘူး”

ဟန်ကျောက်ဟာ လက်ကိုဆန့်ပြီး ရှလင်၏ ပါးပြင်ကို ပုတ်သည်။ ပြုံးကာ ပြော၏။

“စိတ်မပူနဲ့.. ကျွန်တော့ကိုသာ ယုံလိုက်”

ထိုစကားနှင့်အတူ သူဟာ တုံ့ဆိုင်းခြင်းမရှိပဲ ရွာဆီသို့ ပြေးဝင်သွား၏။

ရှလင်ဟာ သူ၏ ထွက်ခွာသွားသည့် နောက်ကျောကို ကြည့်ကာ အရေးကြီးသည့် လူတစ်ယောက်အား ဆုံးရှုံးရမည့်နှယ် ခံစားရသည်။ အသက်ရှူမှုပင် မွမ်းကြပ်လ၏။ ထိုခံစားချက်အောက်တွင် ညာဘက်ပုခုံးမှ ပြင်းထန်သည့် နာကျင်မှုဟာ ဘာမှမဟုတ်တော့သည့် ပုံပါ။ သူမဟာ အလိုလို လှမ်းအော်၏။

“မောင်လေးဟန်…"

ဟန်ကျောက်က ရပ်တန့်သွားသည်။ လှည့်ကြည့်လိုက်ပြီးနောက် လက်ကြားထဲမှ တစ်ခုခုကို ထုတ်ကာ အားကုန်ပစ်ပေးသည့် ရှလင်ကို တွေ့ရ၏။ သူက လက်ကိုမြှောက်ကာ ဖမ်းယူလိုက်သည်။ အဖြူရောင် ကြွေပုလင်းလေး တစ်ခုကို တွေ့ရ၏။

“ဒါက ဒဏ်ရာကုသခြင်းဆေးပါ။ ဂရုစိုက်”

ရှလင်က အော်၏။ ထိုစကားတွင် သူမဟာ အားအင်အားလုံးတို့ကို အသုံးပြုခဲ့သည့် ပုံပါ။

“ကောင်းပါပြီ”

ဟန်ကျောက်ဟာ လက်ခနဲဖြစ်သွာားပြီး အနက်ရောင်မြူအတွင်းတွင် ပျောက်ကွယ်သွား၏။

သူ၏ မြင်ကွင်းဟာ ဝေဝါးသွားသည်။ နောက်တစ်စက္ကန့်တွင် ရွာလယ်၌ ပေါ်လာ၏။ မလှမ်းမကမ်းတွင် ပြင်းထန်သည့် တိုက်ပွဲသံနှင့် သိုင်းသမားများ၏ အော်သံများဟာ ဆက်တိုက်ထွက်ပေါ်နေပါသည်။

“ယုနျန်.. လမ်းပြဖို့ပြင်”

ဟန်ကျောက်က ပုခုံးပေါ်ရှိ ယုနျန်ကို ညွှန်ကြားသည်။ ယုနျန်က သူမ၏ တောင်ပံများကို ခတ်ကာ ပုခုံးပေါ်မှ ပျံသန်းပြီး ဦးခေါင်းထက်တွင် ဝဲနေ၏။ ဟန်ကျောက်က တိုက်ပွဲဖြစ်ပွားသည့် နေရာဆီသို့ လျှင်မြန်စွာ သွာားသည်။

သူ၏ ရွာသို့ ပြန်ဝင်လာရသည့် ရည်ရွယ်ချက်က ရိုးရှင်းသည်။ သွေးအလောင်းများကို သတ်ဖြတ်ကာ ယင်စွမ်းအင်ကို စုစည်းပြီး ဖုန်းရှောင်ကို ကယ်တင်ရန်ဖြစ်သည်။

လဝက်ကြာ အတူတူ အချိန်ကုန်ပြီးနောက် ဒီလူကြီးဟာ မဆိုးလှကြောင်းကို ဟန်ကျောက်ခံစားရသည်။ ပြီးခဲ့တုန်းက အစမ်းရှင်သန်မှု အတွင်းတွင် ထောယွမ်ရွာသို့ သူမလိုက်စဉ်တွင် ဖုန်းရှောင်ဟာ ရှလင်ကို ကာကွယ်ကာ ထွက်ပြေးခဲ့၏။ နောက်ဆုံးတွင် ဒဏ်ရာအပြင်းအထန်ရပြီး သေဆုံးခဲ့သည်။ ဤသည်က သူ၏ ရှလင်အပေါ် မည်မျှကောင်းသည်ကို ပြသနေ၏။

ထို့အပြင် သူတို့အကြားတွင် အကျိုးအမြတ်အတွက် ဆန့်ကျင်စရာလည်း မရှိပါ။ အဲ့ဒီအစား တစ်ဖွဲ့တည်းဟု ဆိုနိုင်၏။

အခြားလူများကတော့ သေပါလေ့စေဟုသာ သူစဉ်းစားသည်။ ဘာပဲဖြစ်ဖြစ် သူက အကောင်းဆုံး လုပ်ပေးခဲ့ပြီးပြီ ဖြစ်၏။ အားနည်းကာ သတိမရှိပါက သေဖို့ ထိုက်တန်ပါသည်။

တိုက်ဆိုင်စွာပင် ဒီနေရာတွင် အသက်ရှင်ကျန်သူ အများကြီး မရှိတော့ပါ။ ဟန်ကျောက်ရောက်လာပြီးနောက် သူဟာ သွေးအလောင်း နှစ်အုပ်စုတို့၏ ဝန်းရံခြင်းကို ခံထားရသည့် သိုင်းသမားခြောက်ယောက်တို့ ကျန်နေသေးကြောင်းကို တွေ့ရသည်။

ရှမိသားစု၏ အကြီးကဲ ဖုန်းရှောင်နှင့် စွမ်းယွမ်တို့ နှစ်ယောက်လုံး ကျန်နေသေးသည်။ ကျန်ရှိသည့် လေးယောက်မှာ အမျိုးသားနှစ်ယောက်နှင့် အမျိုးသမီးနှစ်ယောက်တို့ ဖြစ်၏။ အားလုံးမှာ အရိုးသန့်စင်ခြင်း အဆင့်များ ဖြစ်၏။

ဖုန်းရှောင်နှင့် စွမ်းယွမ်တို့ဟာ အရိုးသန့်စင်ခြင်းအဆင့် သိုင်းသမား နှစ်ယောက်စီကို ဦးဆောင်ပြီး မြေမျက်နှာသွင်ပြင်ကို အသုံးချကာ လမ်းကြားတစ်ခုကို အမှီပြုရင်း သူတို့ကိုယ်သူတို့ ထောက်ပံ့ထားသည်။

မကောင်းဆိုးရွားများဟာ သူတို့လောက် သန်မာခြင်း မရှိကြပေမယ့် ကြေးကဲ့သို့ မာကြောလုနီးပါး ရှိနေပြီး သတ်ဖြတ်ဖို့ရာ ခက်ခဲလှသည်။

သို့ရာတွင် သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ အေးစက်သည့် ချီများမှာတော့ ပိုမို၊ ပိုမိုကာ ထူထဲလာခဲ့သည်။ ဖုန်းရှောင်၏ သွေးချီချိုးဖျက်မှု တတိယအဆင့်နှင့်ပင် သွေးချိတို့ တုံ့ဆိုင်းလာသည်ဟု ခံစားရ၏။ ဒီနေရာတွင် သေဆုံးဖို့ရာ အချိန်တစ်ခုသာ လိုပါတော့သည်။

All Chapters