← Chapters

(လွတ်မြောက်ခြင်း)

Vol. 5 Ch. 63

(လွတ်မြောက်ခြင်း)

Vol. 5 Ch. 63

“ဟန်ကျောက်နဲ့ တတိယသခင်မလေးတို့က ဒီကအစာကို မစားခဲ့ကြဘူး။ သူတို့တွေ လွတ်မြောက်သွားလောက်တယ်မလား”

ဖုန်းရှောာင်က ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။ ထို့နောက် အော်၏။

“လာခဲ့.. မကောင်းဆိုးရွားကောင်တွေ.. မင်းတို့ကို ငါသေအောင်တိုက်ခိုက်မယ်”

သူက ပြောလိုက်ရင်းက နောက်ဆုံးအကြိမ် တောက်ပမည့် မီးရောင်အလား သွေးချီတို့ကို ထုတ်ဖော်လိုက်သည်။

ခွန်အားဟာ ကြီးစွာ မြင့်တက်လာ၏။ လက်ထဲရှိ ဆေဘာဓါးကို အလျားလိုက်ခုတ်လိုက်ချိန်တွင် သွေးအလောင်းသုံးကောင်တို့ဟာ တစ်ပြိုင်နက် ခေါင်းပြတ်သွားကြသည်။

ထိုပုံကို တွေ့ရပြီးနောက် သူ၏နောက်ရှိ သိုင်းသမားနှစ်ယောက်တို့၏ မျက်နှာများက ချက်ချင်းပင် တက်ကြွလာခဲ့သည်။ အသက်ရှင်ရန် မျှော်လင့်ချက်ကို တွေ့လိုက်ရသကဲ့သို့ ရှိ၏။ သူတို့ဟာ အမြန်နောက်မှလိုက်ရင်း ဖုန်းရှောင်၏ ဘယ်နှင့်ညာတွင် နေရာယူထားသည်။

“အား.. စွမ်းယွမ်.. ခွေးမသားကြီး”

သို့ရာတွင် သူတို့၏ အနောက်ဘက်မှ ဆိုးရွားသည့် အော်သံနှစ်ခု ပေါ်လာခဲ့သည်။

လက်စသတ်တော့ စွမ်းယွမ်ဟာ သွေးအလောင်းများစွာ၏ ဝိုင်းဝန်းမှုအောက်တွင် တောင့်ခံနိုင်ခြင်း မရှိတော့ပဲ နောက်သို့ ဆုတ်ခွာသွားရ၏။ သူ၏ အသက်ရှင်နိုင်ရေးအတွက် ဘေးရှိ အရိုးသန့်စင်ခြင်းအဆင့် သိုင်းသမားနှစ်ယောက်တို့ကို သွေးအလောင်းများအကြား တွန်းလွှတ်လိုက်သည်။

နှစ်ယောက်သားဟာ ချက်ချင်းပင် သွေးအလောင်းများ၏ ဝိုင်းဝန်းသတ်ဖြတ်ခြင်းကို ခံရပြီး ဆိုးရွားသည့် အော်သံများ ရပ်တန့်သွား၏။ နောက်ရှိ ထိုကြောက်စရာကောင်းလှသည့် မြင်ကွင်းက ဖုန်းရှောင်နံဘေးရှိ သိုင်းသမားနှစ်ယောက်တို့ကို ချက်ချင်းပင် ထိတ်လန့်သွားစေသည်။

“ဘုန်း”

ထိုအချိန်၌ ဖုန်းရှောင်ဟာ များပြားလှသည့် သွေးအလောင်းများ၏ ပိတ်ဆို့မှုကို ခံလိုက်ရသည်။ သူဟာ သွေးအလောင်း၏ ခေါင်းကို ဖြတ်တောက်လိုက်ပေမယ့် တန်ပြန်အားဖြင့် နောက်သို့ ဆုတ်သွားရ၏။

သို့ရာတွင် အမြန် ရှေ့သို့ပြေးတက်ပြန်ကာ ဖိအားကို ပုခုံးထမ်းထားသည်။ အခြား အရိုးသန့်စင်ခြင်းအဆင့် သိုင်းသမားနှစ်ယောက်တို့မှာတော့ ကံကောင်းခြင်းမရှိပေ။ သူတို့ဟာ အနောက်ဘက်မှ ပြေးလာကြသည့် သွေးအလောင်းများ၏ ဝါးမြိုခြင်းကို ခံလိုက်ရ၏။

“သွေးချီချိုးဖျက်မှု တတိယအဆင့်က သိုင်းသမားလို့ မပြောရဘူး”

ဟန်ကျောက်က ဖုန်းရှောင်၏ ပြင်းထန်သည့် ဆေဘာအတတ်ကို ကြည့်ကာ မနေနိုင်ပဲ လေးစားစွာ စုပ်သပ်သည်။ မိစ္ဆာအလောင်း၏ အသားကိုသာ မစားထားပါက တစ်ယောက်တစ်ယောက် ထိပ်တိုက်ရင်ဆိုင်ရလျှင် သူပင်လျှင် အနိုင်ရမည်ဟု မပြောရဲပေ။ ဓါးထုတ်ခြင်းအတတ်ကို သုံးမှသာ ရပေလိမ့်မည်။

ထို့အပြင် ဒီလူဟာ ယခုကဲ့သို့ အရေးကြီးသည့် အခြေအနေတွင် နောက်ရှိ လူနှစ်ယောက်ကို အသုံးပြုခြင်း မရှိခဲ့ပါ။ နှိုင်းယှဉ်ပါက စွမ်းယွမ်ကို အနည်းငယ် ကောက်ကျစ်သည်ဟု ဆိုနိုင်၏။

သို့ပေမယ့် စွမ်းယွမ်အနေနှင့် လူကြီးလူကောင်း ဆန်လှလျှင်တောင် ဟန်ကျောက်က ကယ်ပေးမည်မဟုတ်ပါ။

“အကြီးအကဲဖုန်း.. တောင့်ထားဗျ”

ဟန်ကျောက်က အော်လိုက်ပြီးနောက် သွေးအလောင်းအကြားသို့ အနောက်ဘက်မှ ပြေးဝင်လာခဲ့သည်။

“ဟန်ကျောက်လား”

ဖုန်းရှောင်က အံ့ဩစွာ ဝမ်းသာသွား၏။ စွမ်းယွမ်လည်း စိတ်လှုပ်ရှားလာခဲ့သည်။ သူက အော်လိုက်၏။

“မြန်မြန်လေး လာကယ်”

“ဘုန်း၊ ဘုန်း၊ ဘုန်း”

ဟန်ကျောက်ဟာ မီးရထားတစ်ခုကဲ့သို့ မကောင်းဆိုးရွားများအကြား ဝင်ရောက်လာခဲ့သည်။ သွေးအလောင်းများကို လွင့်စင်ထွက်သွားစေ၏။ သူ၏ သန့်စင်သောယန်အစစ်အမှန်ချီအောက်တွင် သွေးအလောင်းတစ်ကောင်ပင်လျှင် တစ်ချက်တိုက်ခိုက်မှုကို ခံနိုင်ရည်မရှိကြပါ။

အစက အုံခဲနေသည့် လမ်းကြားကို သူက အတင်းလမ်းပြန်ဖွင့်လိုက်၏။

ထိုအချိန်၌ စွမ်းယွမ်က လက်သီးကို အသည်းအသန်ဝှေ့ယမ်းကာ ဘေးရှိ သွေးအလောင်းများကို တွန်းလှန်ပြီး ဟန်ကျောက်ဆီသို့ ရွေ့လျားလာ၏။

တစ်ဖက်ရှိ ဖုန်းရှောင်မှာ ဖိအားကို တောင့်ခံရင်း ပိုမိုများပြားသည့် သွေးအလောင်းများ၏ ဝန်းရံခြင်းကို ခံလာရသည်။

“ငါ့ကိုပဲကယ်သွား.. ဖုန်းရှောင်က ကယ်လို့မရတော့ဘူး” စွမ်းယွမ်က ဟန်ကျောက်၏ဘေးသို့ အပြေးရောက်လာပြီးနောက် အမြန်အော်၏။

“ဖယ်စမ်း”

ဟန်ကျောက်၏ လက်သီးချက်က သူ့ကို စောင့်ကြိုနေလေသည်။

“မင်းရူးနေတာလား”

စွမ်းယွမ်က လန့်သွားပြီး လက်သီးဖြင့် အမြန်ခံသည်။

“ဘုန်း”

ထိုထိုးချက်ဖြင့် စွမ်းယွမ်၏ လက်ဟာ နာကျင်သွား၏။ ခန္ဓာကိုယ်ဟာ နံရံသို့ ဝင်ဆောင့်ကာ သွေးအလောင်းများ၏ ပြေးဝင်ဝိုင်းဝန်းခြင်းကို ခံရသည်။

ခန္ဓာကိုယ်အတွင်းသို့ ယင်စွမ်းအင် ဝင်ရောက်မှုကြောင့် သူဟာ အစကတည်းက ခွန်အားအပြည့်ကို ထုတ်ဖော်နိုင်ခြင်း မရှိပေ။ ထို့အပြင် သိုင်းအဆင့်မှာလည်း ပထမအဆင့် သွေးချီချိုးဖျက်မှု၌သာ ရှိ၏။

ယခု ဟန်ကျောက်၏ လက်သီးချက်ကြောင့် ဒဏ်ရာအပြင်းအထန် ရသွားရာ သွေးအန်ပြီး သက်လုံကိုပင် ကြီးစွာ လျော့ကျသွားစေသည်။ သွေးအလောင်းများ၏ သတ်ဖြတ်ခြင်းကို မြန်ဆန်စွာ ခံရ၏။

ဟန်ကျောက်က သူ့ကို လစ်လျူရှုကာ သွေးအလောင်းများအကြားသို့ ပြေးတက်သွားသည်။ ဖုန်းရှောင်ကို ကယ်တင်ရန် လမ်းကြောင်းတစ်လျှောက် အောင်မြင်စွာ သတ်ဖြတ်ခဲ့၏။ ပြန့်ကြဲနေသည့် ယင်စွမ်းအင်များကို ဝိညာဉ်အဆီအနှစ်လုံးက စုပ်ယူသည်။ အစက အနက်ရောင်ရှိနေသည့် အလုံးဟာ ခရမ်းရောင်သန်းလာခဲ့ပါပြီ။

“ဟန်ကျောက်… မင်းဘာလို့ ပြန်လာတာလဲ… တတိယသခင်မလေးရော”

ဖုန်းရှောင်က ဖြူရော်နေသည့် မျက်နှာဖြင့် မေးသည်။

“သူမ အပြင်ကို ရောက်နှင့်နေပြီ။ ခင်ဗျားကို လာကယ်ဖို့ တောင်းပန်လို့”

ဟန်ကျောက်က ဖုန်းရှောင်၏ လက်ကိုဆွဲကာ သူ့ကို အပြင်သို့ ခေါ်ခဲ့သည်။

ယုနျန်၏ ဦးဆောင်မှုဖြင့် သူတို့နှစ်ယောက်ဟာ နံရံတစ်ခု၏ ရှေ့သို့ ရောက်လာပြန်၏။ ပြီးခဲ့သည့် အတွေ့အကြုံကြောင့် ဖုန်းရှောင်ဟာ ချက်ချင်းကြီး ပြေးဝင်ဆောင့်မှု မပြုပါ။ အဲ့ဒီအစား အရင်ဆုံး ကန်ကြည့်၏။

“ဘုန်း”

တကယ့်ကို ခိုင်မာလှသည်။

“ကြည့်ရတာ မကောင်းဆိုးရွားအသားကို စားခဲ့လို့ ခန္ဓာကိုယ်ထဲမှာ ယင်စွမ်းအင်တွေ အရမ်းများနေတာ ဖြစ်မယ်။ အဲ့ဒါကို ရှင်းထုတ်ရမယ်”

ဟန်ကျောက်က သက်ရှည်ကျမ်းကို လှည့်လည်ကာ ဖုန်းရှောင်ဆီမှ ယင်စွမ်းအင်များကို ဖယ်ရှားရန် ပြင်ဆင်သည်။ ထိုအချိန်၌ ဖုန်းရှောင်က သူ၏ ဝမ်းဗိုက်အောက်ပိုင်းကို ရုတ်တရက် ရိုက်လိုက်၏။

“ဝေါ့”

များပြားလှသည့် သွေးများကို အန်ထုတ်သည်။ အနံ့ဆိုးတစ်ခုကို ထုတ်လွှတ်နေသည့် အနက်ရောင်အသား အများအပြားလည်း ရောထွေးပါလာ၏။

“ဘယ်လိုလဲ”

ဟန်ကျောက်က ရှေ့သို့တက်ကာ မေးသည်။

“မီးဓါတ်ကိုသုံးပြီး ခန္ဓာကိုယ်ထဲက သားရဲအသားကို တွန်းထုတ်လိုက်တာ။ သွားကြရအောင်”

ဖုန်းရှောင်က အားနည်းစွာ ပြောသည််။ ဒီတစ်ကြိမ်တွင် သူဟာ နံရံကို အောင်မြင်စွာ ဖြတ်ကျော်ခဲ့၏။

ဟန်ကျောက်လည်း နားလည်သွားသည်။ ကြည့်ရတာ ဖုန်းရှောင််တွင် မီးအမျိုးအစား အတွင်းအားရှိပုံပါ။ ထို့ကြောင့် ထောယွမ်ရွာမှ လွတ်မြောက်နိုင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

“မောင်လေးဟန်… အဖိုးဖုန်း”

ရှလင်၏ အကြည့်ဟာ ရွာအဝင်ဝတွင် စူးစိုက်စွာ ရှိနေ၏။ ဖုန်းရှောင်နှင့် ဟန်ကျောက်တို့၏ လုံခြုံစွာ ထွက်လာမှုကို တွေ့ရပြီးနောက် အမြန်မတ်တပ်ရပ်ကာ အပြေးသွားသည်။

“ဂျူနီယာမောင်လေးဟန်”

ရှလင်ဟာ သူမကိုယ်သူမ ဟန်ကျောက်၏ ရင်ခွင်အတွင်းသို့ ပြေးဝင်ပြီး တင်းကြပ်စွာ ဖက်ထား၏။

“စီနီယာအစ်မရှ.. အားလုံး အဆင်ပြေသွားပါပြီ”

ဟန်ကျောက်က သူမ၏ နောက်ကျောကို ပုတ်ကာ ညင်သာစွာ နှစ်သိမ့်သည်။ ရိုးရိုးသားသား ပြောရလျှင် ရှေ့သို့သာ ကြိုမမြင်ထားပါက သူ၏ ပြီးခဲ့သည့်ဘဝက သတ္တိနှင့် ယနေ့ညတွင် သေလောက်အောင် ကြောက်နေမှာပါ။

“အဟမျး..အဟမျး”

ဖုန်းရှောင်က ရုတ်တရက် ချောင်းနှစ်ကြိမ်ဆိုးသည်။ သူက တမင်လုပ်ခြင်း မဟုတ်ပါ။ ရင်ဘတ်က အလွန်နာသဖြင့် မနေနိုင်ပဲ ဆိုးရခြင်းဖြစ်၏။

“အဖိုးဖုန်း.. ဒဏ်ရာရလာတာလား”

ရှလင်လုည်း ဖုန်းရှောင်၏ ဖြူရော်နေသည့် မျက်နှာကို သတိထားမိသွားသည်။ ရင်ဘတ်တွင် သွေးများစွန်းနေရာ သူမ၏ အိတ်ကပ်ကိုနှိပ်ကာ ဒဏ်ရာကုသခြင်း ဆေးကို ရှာချင်နေ၏။ သို့ပေမယ့် အားလုံးတို့ကို ဟန်ကျောက်အား ပေးခဲ့ကြောင်းကို နားလည်လိုက်သည်။

“ဒဏ်ရာကုဆေးက ကျွန်တော့ဆီမှာ”

ဟန်ကျောက်က ကြွေပုလင်းကို ထုတ်ကာ ရှလင်ကို ပေးသည်။

ရှလင်က ဖွင့်ကာ သွန်လိုက်၏။ အဖြူရောင် ဆေးလုံးနှစ်ခုကို ယူကာ ဖုန်းရှောာင်ကို တိုက်လိုက်သည်။ တစ်လုံးကိုယူကာ ဟန်ကျောက််ကိုလည်း တိုက်၏။

“ကျွန်တော်တို့တွေ ဒီမှာ အကြာကြီးနေလို့ မရဘူး။ မြန်မြန်လေး ထွက်ခွာရမယ်။ အရင်ဆုံး နေရာတစ်ခုရှာပြီးမှ နားကြတာပေါ့”

ဟန်ကျောက်က လေးနက်စွာ ပြောသည််။

“အမှန်ပဲ။ ငါတို့တွေ သွားကြရအောင်”

ဖုန်းရှောင်က‌ ခေါင်းညှိတ်ကာ ထောယွမ်ရွာကို ကြည့်သည်။ အနက်ရောင် မြူများက သူ၏မျက်နှာကို ညို့မှိုင်းသွားစေ၏။

“ဒီတစ်ကြိမ် ငါတို့တွေ တကယ့်ကို ဆုံးရှုံးမှုကြီးခဲ့တယ်။ ဒီလို တောရွာလေးတစ်ခုက အရမ်းအန္တရာယ်များနေမယ်လို့ ဘယ်သူထင်မှာလဲဲ။ ဒီလောကကြီးမှာ ဒီလိုမကောင်းဆိုးရွားမျိုး အမှန်တကယ် ရှိနေတာပါလား”

ဟန်ကျောက်၏ နှလုံးသားက အခုန်မြန်သွား၏။ ဖုန်းရှောင်၏ စကားကို နားထောင်ရတာ မိစ္ဆာအလောင်းနှင့် သွေးအလောင်းတို့ကို ကြားဖူးထားသည့် ပုံပါ။ ပြီးမှ မေးမြန်းကြည့်ရန် ဆုံးဖြတ်လိုက်၏။

“သွားကြရအောင်.. အာ့”

ရှလင်က လျှောက်သွားကာ ဖုန်းရှောင်ကို ဆွဲသည်။ သို့ပေမယ့် ဒဏ်ရာရထားသည့် သူမ၏ ညာဘက်ပုခုံးကို ထိမိသွား၏။ နာကျင်မှုဖြင့် ချွေးစေးများ ထွက်လာခဲ့သည်။

“ကျွန်တော်တွဲလိုက်မယ်”

ဟန်ကျောက်က ဖုန်းရှောင်ကို တွဲသည်။ သုံးယောက်သားဟာ ထောယွမ်ရွာမှ ထွက်ခွာပြီး တောအတွင်းသို့ ဝင်ရောက်ကာ နေစရာ အဆောက်အအုံပျက် တစ်ခုကို ရှာသည်။

“အချက်ပေးအပိုင်းအစ ၄၀တို့ကို စုဆောင်းထားသည်။ သင်သည် ဝင်ရောက်ခွင့်တစ်ကြိမ်ကို ပေါင်းစပ်မည်လား”

“တစ်ကြိမ်ပေါင်းစပ်ခြင်း- အချက်ပေးအပိုင်းအစ ၃၀နှင့် ရွှေ၁၀လျန်…”

စနစ်၏ မျက်နှာပြင်ပေါ်တွင် အချက်ပေးမှုတစ်ခု ပေါ်လာ၏။ ထိုပုံကို တွေ့ရပြီးနောက် ဟန်ကျောက်က လူနှစ်ယောက်တို့ကို အနားယူရန် ပြောသည်။

“မင်းတို့နှစ်ယောက်.. ဒီကျောင်းပျက်မှာ နေခဲ့ဦး။ ကျွန်တော် မီးမွှေးဖို့ မီးစအချို့ သွားရှာဦးမယ်”

“ဂျူနီယာမောင်လေး.. သတိထားပါ”

ရှလင်က စိုးရိမ်စွာ ပြောသည််။

“စိတ်မပူပါနဲ့။ ခဏပဲ.. ကျွန်တော်ပြန်လာခဲ့မယ်”

ဟန်ကျောက်က ခေါင်းညှိတ်ကာ ဘုံကျောင်းပျက်အတွင်းမှ ပြေးထွက်သွား၏။

“ပေါင်းစပ်မယ်။ အစမ်းရှင်သန်မှု စတင်မယ်”

လမ်းတစ်ဝက်တွင် ဟန်ကျောက်ဟာ လမ်းလျှောက်ရင်းက နှလုံးသားထဲ၌ ရေရွတ်လိုက်၏။

“အသက်၁၉နှစ်တွင်..”

“ပြင်းထန်သည့် တိုက်ပွဲအပြီးတွင် သင်ဟာ ရှလင်နှင့် ဒဏ်ရာအပြင်းအထန် ရထားသည့် ဖုန်းရှောင်တို့နှင့်အတူ ရွာမှ လွတ်မြောက်လာခဲ့သည်။ တောတောင်အတွင်းသို့ ထွက်ပြေးကာ ပုန်းအောင်းနေ၏။ နေရာမှာတင် အနားယူသည်”

“နောက်တစ်နေ့ အာရုံဦးတွင် သင်သည် ရှလင်၊ ဖုန်းရှောင်တို့နှင့် ဆွေးနွေးကာ အကြောင်းပြချက်တစ်ခုကို ပေးသည်။ သူမတို့အား သင်၏အကြောင်းကို လျှို့ဝှက်ချက်အဖြစ် ထားရှိစေ၏။ ထို့နောက် ထောယွမ်ရွာသို့ တစ်ယောက်တည်း ပြန်ခဲ့သည်”

“ထောယွမ်ရွာသို့ အပြန်လမ်းတွင် ဝတ်စုံစိမ်းနှင့် အမျိုးသမီးအား ကြုံတွေ့ရ၏…..”

“ညအချိန်တွင် သင်သည် ထောယွမ်ရွာမှ နောက်ထပ် မကောင်းဆိုးရွားတစ်လှိုင်းကို သတ်ဖြတ်သည်…”

“တတိယမြောက်ညတွင် မကောင်းဆိုးရွားများကို သတ်ဖြတ်ပြီးနောက် သင်သည် ကျောက်နက်မြို့သို့ ပြန်ခဲ့သည်”

All Chapters