← Chapters

(မှတ်ဉာဏ်များ)

Vol. 5 Ch. 65

(မှတ်ဉာဏ်များ)

Vol. 5 Ch. 65

“ငါ…”

ဟန်ကျောက်ဟာ အစမ်းရှင်သန်မှုမှ အချက်အလက်များကို ကြည့်ကာ အချိန်အတော်ကြာအောင် မတည်ငြိမ်နိုင်ပဲ ဖြစ်သွားခဲ့၏။ ဤသည်မှာ ဝတ္ထုတိုတစ်ခုအဖြစ် ရေးလျှင်တောင် အနည်းဆုံး စကားလုံး ၁မီလီယံလောက် ရမှာပါ။ ထို့အပြင် ဒီကျီပိုင်ဝေဟာ အမှန်တကယ်ကို ရူးလှ၏။

သူမ၏ အစောင့်အရှောက် ကျီကျုလင်မှာ သန်မာလွန်းလှသည်။ သို့ပေမယ့် သူမဟာ ကယ်တင်မှုမပြုပဲ သူက အပြစ်တင်ခံရသည်။ ထို့အပြင် ဒီကျီကျုလင်ဟာ အမှန်တကယ်ကို လူမဆန်ပေ။ ကျီပိုင်ဝေ၏ စိတ်ကို လေ့ကျင့်ပေးရန် သူမဟာ အမှန်တကယ်ကို ရက်စက်လှ၏။

ဤသည်က ဒီဗိုင်းလက်နက် မိသားစုဟု ခေါ်သည်မှ ဟာမများဖြစ်သလား။ ထိုနေရာတွင် ပုံမှန်လူ မရှိသည့်ပုံပါ။ (သို့) ပိုမိုလူမဆန်လေလေ ပိုမိုသန်မာလေလား မသိပေ။

ဟန်ကျောက်ဟာ ပြန်လည် တွေးတော၏။

ကျုခန်ရှန်းဟာ ကိုယ့်ကိုယ်ကိုယ် စတေးပြီး ဆေဘာနှင့်ဓါးတို့ကို လုပ်ခဲ့သည်။ အသိစိတ်တစ်ခု ရလာစေခဲ့၏။ နောက်ဆုံးတွင် သက်ခြွေဓါးဟာ သူ့အသက်၇၆နှစ်၌ ဓါးစိတ်ဝိညာဉ်တစ်ခုပင် ထုတ်လုပ်နိုင်ခဲ့သည်။ အဆင့်ကြီးတစ်ခု ပိုမိုမြင့်မားသည့် ဟန်မြောင်ကိုပင် ဖိနှိပ်နောင်အောင် ဖြစ်စေ၏။

ဖြစ်နိုင်တာက ဒီဗိုင်းလက်နက်များ ဆိုသည်မှာလည်း ထိုကဲ့သို့ပဲလေလား။

ခဏတာ စဉ်းစားပြီးနောက် ဟန်ကျောက်ဟာ အတွေးရပ်လိုက်သည်။ ယခုအချိန်၌ အရေးအကြီးဆုံးမှာ တကယ့်ပြင်ပတွင် ကျီပိုင်ဝေ၏ ကိစ္စအား ဖြေရှင်းရန်ဖြစ်သည်။ အနည်းဆုံးတော့ ကျီကျုလင်နှင့် သူမတို့ မိသားစုအစား သူက အပြစ်တင်ခံရလို့ မဖြစ်ပေ။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုက ကြီးမားရာ ပိုမိုများပြားသည့် လျော်ကြေးများကို ရရှိအောင် နည်းလမ်းရှာရပေမည်။

“ဒီတစ်ကြိမ်မှာ ငါအကြာကြီး ရှင်ခဲ့တယ်။ ကံဆိုးစွာပဲ ခွန်အားက သိပ်မရှိတော့ ငြိမ်းငြိမ်းချမ်းချမ်း မနေခဲ့ရဘူး”

ဟန်ကျောက်က နှလုံးသားထဲတွင် သက်ပြင်းချသည်။ စနစ်မျက်နှာပြင်ပေါ်တွင် လူတစ်ယောက်၏ ဘဝကို ကိုယ်စားပြုသည့် စာသားအချို့တို့ ရှိနေဆဲရှိ၏။ လုယင်ရွှမ်းဟာ ဒဏ်ရာဟောင်းတို့ ပေါ်လာပြီး သေဆုံးခဲ့ရသည်။

ဟန်ကျောက်ဟာ အသက်အရွယ်ကြီးရင့်စွာ သေဆုံးခဲ့သည်ဟု ဆိုနိုင်ရုံ ရှိ၏။ ရှလင်ဟာ အတွင်းပိုင်းခွန်အားကို ဖမ်းဆုပ်ရန် ကျရှုံးခဲ့ပြီး နောက်ဆက်တွဲ ဆိုးကျိုးများ ရလာခဲ့သည်။ နာမကျန်းဖြစ်ကာ စောစီးစွာလည်း သေခဲ့ရ၏။

ကျောက်ယွမ်ထုဟာ သူနှင့် ခမည်းခမက်များ ဖြစ်လာခဲ့သည်။ ကံဆိုးစွာပင် ခရီးတွင် မတော်တဆဖြစ်ကာ သေဆုံးခဲ့ရ၏။

အစမ်းရှင်သန်မှုအတွင်းတွင် သူဟာ ခွန်အားနည်းပါးနေပြီး ကိုယ်တွင်းအင်္ဂါ သန့်စင်မှုအဆင့်ကို ချိုးဖျက်နိုင်ခြင်း မရှိပဲ ဖြစ်ခဲ့၏။ သက်ရှည်ကျမ်းကြောင့်သာ မဟုတ်ပါက အသက်တစ်ရာပင် နေရမည်မဟုတ်ပေ။

ဘာပဲဖြစ်ဖြစ် သိုင်းပညာရှင်များ၏ ကျင့်ကြံမှုဖြစ်စဉ်ဆိုသည်မှာ ခန္ဓာကိုယ်ကို ညှစ်ထုတ်ခြင်း ဖြစ်သည်။ အဓိကအဆင့်ကြီး တစ်ခုကို ချိုးဖျက်နိုင်မှသာလျှင် သက်တမ်းကို ဆက်တိုက် ဆွဲဆန့်နိုင်၏။

သူ့ကို ပိုမိုအံ့ဩစေသည်ကား အကြီးဆုံးသမီး ဖြစ်သည်။ ဟန်နျန်ရွှမ်းဟာ အလွန် ပါရမီမြင့်မားကာ မိဘအပေါ် သိတတ်၏။ ချမ်းသာသည့် မိသားစုတစ်ခု၌သာ မွေးဖွားလာပါက ပိုမိုမြင့်မားသည့် အောင်မြင်မှုများကို ရရှိပြီး သူ၏ ပြဿနာကြောင့် ဘာမှန်းမသိပဲ သေဆုံးခဲ့ရမည် မဟုတ်ပါ။

ဟန်ကျောက်ဟာ ဝိညာဉ်အဆီအနှစ်လုံးနှင့် ပက်သက်ပြီး မြင့်မားနိုင်သမျှ မြင့်မားစွာ တွေးထားခဲ့ပြီး ဖြစ်၏။ သို့ပေမယ့် အထင်သေးမိဆဲ ဖြစ်နေတုန်းပင်။ ဖြစ်နိုင်တာက ၎င်းကို ပေးပစ်လိုက်ခြင်းက မှန်ကန်သည့် ရွေးချယ်မှု ဖြစ်ပေလိမ့်မည်။

“ဟန်.. ငါဘယ်လိုစိတ်ကူးတွေ တွေးနေရတာလဲ”

မကြာခင် ဟန်ကျောက်ဟာ သူ့စိတ်ထဲတွင် ပေါ်ထွက်လာသည့် အတွေးကြောင့် အံ့ဩသွား၏။ မနေနိုင်ပဲ ခိုင်မာကြမ်းကြုတ်သည့် အသွင်သို့ ပြောင်းလဲလိက်သည်။

“မင်းတို့က ငါ့ကို ငြိမ်းငြိမ်းချမ်းချမ်း မနေရစေမှတော့.. ငါကလည်း အကုန်လုံးကို သတ်ရတာပေါ့။ ငါ့ဘာသာနဲ့ ကိုယ်ပိုင် ထိပ်တန်းမိသားစုတစ်ခု ဖြစ်လာရမယ်”

ထိုကဲ့သို့ တွေးမိပြီးနောက် သူ၏နှလုံးသားထဲရှိ တုံ့ဆိုင်းမှုတို့ဟာ ချက်ချင်းပင် လွင့်ပါးသွားခဲ့သည်။ အစမ်းရှင်သန်မှုက အစမ်းရှင်သန်ခြင်း၊ တကယ့်လက်တွေ့က တကယ့်လက်တွေ့ ဖြစ်၏။ နိမ့်ကျသည့် ဘဝနှင့် နေထိုင်ရခြင်း၏ အဆုံးသတ်မှာ ဝိညာဉ်အဆီအနှစ်လုံးကို လိုချင်သူများကြောင့် လူတိုင်းအသတ်ခံရကာ မိသားစု ပျက်စီးသွားရခြင်း ဖြစ်သည်။ ထိုအရာအားလုံးကို တန်ပြန်စိန်ခေါ်ရပေမည်။ မည်သူက သူ့ကို ပြဿနာလုပ်ရဲသနည်း။

“အပြင်လောကမှာ မှန်မှန်လေး သွားတာက ရတယ်။ ဒါပေမယ့် အစမ်းရှင်သန်မှုထဲမှာတော့ အမှိုက်ဖြစ်မှာပဲ။ အဆင့်ချိုးဖျက်ဖို့နဲ့ အကျိုးအမြတ်တွေကို အများဆုံးရနိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် ချုပ်တည်းမထားပဲ စွန့်စားမှုတွေလုပ်ပြီး အခွင့်အရေး ရှာရမယ်”

ဟန်ကျောက်ဟာ ရုတ်တရက် နားလည်လာခဲ့၏။ တကယ့်ပြင်ပတွင် သူ့ဆီ၌ အသက်တစ်ချောင်းသာ ရှိသည်။ ထို့ကြောင့် သူဟာ လောင်းကြေးထပ်ရသည့် အလုပ်များ လုပ်ရန် အဆင်မပြေပါ။

သို့ပေမယ့် အစမ်းရှင်သန်မှုတွင်တော့ မည်မျှ သေဆုံးစေကာမူ သက်ရောက်ခြင်းမရှိပါ။ သူ့တွင် ပိုက်ဆံနှင့် စွမ်းအင်တို့သာ ရှိပါက ဆက်လက်အစမ်းရှင်သန်ကာ အန္တရာယ်အားလုံးတို့ကို ရှောင်ကျဉ်ရပေမည်။ ထို့နောက် အခွင့်အရေးများကို ဖမ်းဆုပ်ရမည်။

ခုနက အစမ်းရှင်သန်မှု မတိုင်ခင်တွင် သူဟာ ပိုမိုတည်ငြိမ်စွာ နေလိုခဲ့၏။ ထို့ကြောင့် နောက်ဆုံးတွင် အစမ်းရှင်သန်မှု အတွင်း၌ ငကြောက်ဘဝ ဖြစ်ခဲ့ရသည်။ မိသားစုနှင့် မိတ်ဆွေများကို အတူတူ ထိခိုက်စေခဲ့၏။ ထိုအချိန်၌ ဟန်ကျောက်ဟာ သူ၏ အတွေးတို့ ရှင်းလင်းလာသည်ဟု ခံစားရသည်။ ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးလာ၏။

“အစမ်းရှင်သန်မှု ပြီးဆုံးသည်။ သင်သည် အောက်ပါများထဲမှ တစ်ခုကို ရွေးချယ်နိုင်သည်”

“၁။ ပါရမီကို ရရှိခြင်း(ရွေးချယ်နိုင်)”

“၂။ စွမ်းရည်မှတ်ကို ရရှိခြင်း”

“၃။ ဘဝအတွေ့အကြုံကို ရရှိခြင်း”

“လက်ရှိကျန်ငွေ- ရွှေ၇လျန်”

သို့ရာတွင် စနစ်မျက်နှာပြင်ပေါ်ရှိ အချက်သုံးချက်ကို တွေ့ရပြီးနောက် မနေနိုင်ပဲ ခေါင်းရှုပ်သွားရသည်။ သူဟာ ပါရမီကို လိုချင်နေ၏။ ဘဝအတွေ့အကြုံမှာလည်း လိုအပ်နေ၏။ ဒီအစမ်းရှင်သန်မှုဟာ နှစ်ပေါင်းတစ်ရာနီးပါး မှတ်ဉာဏ်အသစ်များ ပါဝင်နေခဲ့သည်။ မှတ်ဉာဏ်တစ်စိတ်တစ်ပိုင်းလေးသာ ရလျှင်တောင် အရေးကြီးသည့် အချက်အလက်များစွာတို့ သေချာပေါက် ပါဝင်မှာပါ။

“ဒီအစမ်းရှင်သန်ခြင်း၏ နံပါတ်၁ကို နောက်တစ်ကြိမ်အတွင် ထိန်ချန်ထားနိုင်သည်။ သင်ဟာ ပါရမီကို သေချာပေါက် ရနိုင်မှာ ဖြစ်၏။ အဖြူ၊ အစိမ်း၊ အပြာနှင့် ခရမ်းရောင် ပါရမီတို့၏ ရနိုင်ချေမှာ ဒီအစမ်းရှင်သန်မှုအပေါ်တွင် မူတည်လိမ့်မည်”

“နံပါတ်၁ကို ချန်ထားရန် အပို ရွှေ၁လျန်အား လိုအပ်သည်။ အောင်မြင်သည့် ထိန်ချန်မှုများ ဆက်လက်လုပ်ရန် ရွှေဆယ်ဆကို ကုန်ကျလိမ့်မည်”

“လက်ရှိအဆင့်တွင် အများဆုံး ထိန်ချန်နိုင်သည့် အရေအတွက်မှာ သုံးကြိမ်ဖြစ်သည်။ ပိုမိုပိုက်ဆံထည့်လေလေ အရေအတွက် ပိုများစွာ ချန်ထားနိုင်လေ ဖြစ်၏”

ဟန်ကျောက်၏ ခံစားချက်တို့ကို ခံစားမိပြိးနောက် စနစ်က အချက်ပေးလာပြန်၏။

“ကောင်းလိုက်တဲ့စနစ်”

ထိုအချက်ပေးမှုကို တွေ့ရပြီးနောက် ဟန်ကျောက်၏ မျက်လုံးများက လင်းလက်သွားသည်။ စနစ်က ပိုက်ဆံလိုချင်တာ မှန်ကန်ပါသည်။ သို့ပေမယ့် ပိုက်ဆံတိုးမှုနှင်အတူ ဝန်ဆောင်မှုလည်း တိုးလာ၏။ ကြည့်ရတာ အရင်က သူဟာ အရမ်းဆင်းရဲခဲ့သည့် ပုံပါ။ စနစ်၏ ဝန်ဆောင်ချက်များကို လုံးတ ထုတ်ဖော်နိုင််ခြင်း မရှိခဲ့ပေ။

“နံပါတ်၁ကို ချန်ထားမယ်။ နံပါတ်၃ကို ရွေးမယ်”

ဟန်ကျောက်ဟာ တုံ့ဆိုင်းခြင်းမရှိပဲ ရွေးချယ်လိုက်သည်။ သို့ရာတွင် မြင်ကွင်းများဟာ အနည်းငယ် မြန်နေပြီး ရစ်ထားသည့်ပုံပါ။

ဟန်ကျောက်ဟာ ချက်ချင်းပင် အာရုံကို စူးစိုက်လိုက်သည်။ ထိုအချိန်၌ မြင်ကွင်းများဟာ ပိုမို၊ ပိုမိုကာ နှေးကွေးပြီး အသေးစိတ်ကျလာခဲ့သည်။ နောက်ဆုံးတွင် တည်ငြိမ်သည့် ပုံရိပ်များအဖြစ် ပြောင်းလဲသွားပြီး သူ့အတွက် ကောင်းမွန်စွာ စူးစမ်းလာနိုင်၏။ တောင်ခွဲဆေဘာအတတ်၏ တတိယအကွက်- တောင်ခွဲသူနှင့် သွေးချီလှည့်လည်ခြင်းပုံ၊ အခြေခံပုံတို့ဟာ သူ၏စိတ်ထဲတွင် ထွင်းလိုက်သကဲ့သို့ ရှိနေ၏။

“သိုင်းပညာများ- တောင်ခွဲဆေဘာအတတ် (တတိယအဆင့်၏ စတင်ခြင်းအဆင့် ၁၉%၊ အဆင့်မြှင့်တင်နိုင်)"

တတိယဓါးကွက်၏ မှတ်ဉာဏ်များ သူ၏စိတ်တွင်

အမြစ်တွယ်လာသည်နှင့် ဟန်ကျောက်၏ တောင်ခွဲဆေဘာအတတ်ဟာလည်း အနည်းငယ် တိုးတက်လာခဲ့သည်။ ထို့နောက် တတိယအဆင့်၏ ပြီးပြည့်စုံခြင်းအဆင့်ရှိသည့် သက်ရှည်ကျမ်း မှတ်ဉာဏ်များ ဖြစ်သည်။

မှတ်ဉာဏ်များကြောင့် အစစ်အမှန်ချီဟာ တိုးလာခြင်း မရှိပေမယ့် အောင်မြင်ခဲ့သည့် အတွေ့အကြုံများ ရလာခြင်းက သူ့ကို ပိုမိုနည်းပါးသည့် လမ်းကြောင်းရှာဖွေမှုကို ဖြစ်စေပြီး ကျင့်ကြံမှုကို မြန်ဆန်စေသည်။

ထို့နောက် ဟန်ကျောက်၏ အဆိပ်တစ်ရာလက်ဝါး ကျင့်ကြံခြင်း မှတ်ဉာဏ်များ ပေါ်လာခဲ့သည်။ သူဟာ ထိုလက်ဝါးသိုင်းကို တတိယဆင့်အထိ ကျင့်ကြံပြီးမှသာ လက်လျှော့ခဲ့၏။

သွေးချီလှည့်လည်မှု ပုံနှင့် အခြေခံပုံတို့မှာလည်း သူ၏ မှတ်ဉာဏ်အနက်ပိုင်းတွင် တံဆိပ်ရိုက်လာခဲ့သည်။ ဟန်ကျောက်ဟာ သူ၏မှတ်ဉာဏ်မှ အဆိပ်တစ်ရာလက်ဝါးသိုင်းကို ကျင့်ကြံရာတွင် အဆိပ်မသုံးခဲ့ပုံနှင့် ယင်စွမ်းအင်အား အသုံးပြုကာ အထူး ယင်စွမ်းအင်လက်ဝါးတစ်ခုကို ဖန်တီးခဲ့ပုံတို့ကိုလည်း တွေ့ရှိသွားသည်။

ကံဆိုးစွာပင် သူဟာ ကိုယ်တွင်းအင်္ဂါ သန့်စင်ခြင်း အဆင့်ကို ချိုးဖျက်ရန်သာ တာဆူနေခဲ့၏။ ထို့ကြောင့် ထိုလမ်းကြောင်းကို အဆုံးထိတိုင် လျှောက်လှမ်းခြင်း မပြုခဲ့ပေ။ ထိုအချိန်၌ သိုင်းပညာကော်လံဟာ ပြောင်းလဲသွားပြန်၏။

“သိုင်းပညာများ- ယင်ဖင်းလက်ဝါး(ပထမအဆင့်၏ စတင်ခြင်းအဆင့် ၁%၊ အဆင့်မြှင့်တင်နိုင်)”

“ယင်ဖင်းလက်ဝါးမှာ မူလလမ်းစဉ်မှ သွေဖယ်ပြီး အဆိပ်တစ်ရာ လက်ဝါးမှ ခွဲထွက်လာခဲ့သည်။ မူလကျင့်စဉ်၏ အားသာချက်အချို့ကို ထိန်းသိမ်းထားကာ အစွန်းရောက် ယင်နှင့် မကောင်းမှု၏ ယင်အတွင်းအားကိုလည်း ကျင့်ကြံနိုင်သည်။ သင်၏ အထူးသီးသန့် ကျင့်စဉ်တစ်ခု ဖြစ်လာခဲ့၏”

“သင်သည် ယင်စွမ်းအင်ကို အသုံးပြုကာ ဒီကျင့်စဉ်ကို ကျင့်ကြံမှုအား အရှိန်မြှင့်နိုင်သည်။ အလားအလာက မသေးပေ”

ဟန်ကျောက်ဟာ မှတ်ဉာဏ်များကို ပြန်ပြောင်းတွေးတောခြင်း မပြုခင်တွင် စိတ်အစဉ်ဟာ နွမ်းနယ်သွားကြောင်းကို ခံစားရသည်။

“ဖြစ်နိုင်တာက.. မှတ်ညာဏ်တွေအများကြီး ဖတ်ရင် စိတ်ခွန်အား ကုန်ဆုံးတာလား”

သူက စဉ်းစား၏။ ထို့နောက် အရေးမကြီးသည့် မှတ်ဉာဏ်များကို ကျော်ကာ အကောင်းဆုံး ကြိုးစားပြီး သိုင်းပညာ မှတ်ဉာဏ်များကို လက်ခံသည််။

ထို့အပြင် အရှိန်အဝါကို ဖုံးကွယ်နိုင်သည့် အထူးလျှို့ဝှက်အတတ်တစ်ခုလည်း ရှိသေးသည်။ ၎င်းကို စိတ်ဝိညာဉ်ပုန်းအောင်းခြင်းအတတ်ဟု ခေါ်ပြီး အဆင့်တစ်တစ်ခုသာ ရှိ၏။

“သိုင်းပညာများ- စိတ်ဝိညာဉ်ပုန်းအောင်းခြင်းအတတ်(ပထမအဆင့်၏ စတင်ခြင်းအဆင့် ၁%၊ အဆင့်မြှင့်တင်နိုင်)”

အရိုးကျုံ့ပညာက အသွင်အပြင်ကိုသာ ပြောင်းလဲနိုင်ကာ ဒီလျှို့ဝှက်ပညာက အငွေ့အသက်ကို ဖုံးကွယ်နိုင်သည်။ များစွာ ပိုမိုသာလွန်သည်။ ဟန်ကျောက်အတွက် အလွန်လည်း အသုံးဝင်၏။

All Chapters